ECG

ECG

Share

19/09/2023

#ကျောက်ကပ်သွေးသန့်စင်ခြင်း_Haemodialysis

Credit-

ပုံမှန်ကျန်းမာတဲ့ ကျောက်ကပ်များရဲ့ လုပ်ငန်းဆောင်တာများတွင် သွေးစစ်ထုတ်ခြင်းနဲ့ ဆီးပုံစံရှိတဲ့ ပိုလျှံနေတဲ့အရည်များကို ဖယ်ရှားခြင်းတို့ ပါဝင်ပါတယ်။ ပုံမှန်အတိုင်း ကျောက်ကပ် အလုပ်မလုပ်တဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ ကျောက်ကပ်လုပ်ငန်းဆောင်တာများကို အစားထိုးရန်အတွက် ဆေးဘက်ဆိုင်ရာ ပညာရှင်များအနေနဲ့ hemodialysis ကို အသုံးပြုပြီး ကုသဖို့ အကြံပြုထားကြပါတယ်။

Hemodialysis က သွေးထဲမှ အညစ်အကြေးများနှင့် ပိုလျှံနေတဲ့ အရည်များကို ဖယ်ရှားဖို့ hemodialyzer (ကျောက်ကပ်အတု) အသုံးပြုခြင်း ပါဝင်ပါတယ်။ ကျောက်ကပ်အတုမှတဆင့် သွေးများကို ခန္ဓာကိုယ်မှ စစ်ထုတ်ပေးပြီးနောက် ဒီလို စစ်ထုတ်ထားတဲ့ သွေးများကို dialysis ကိရိယာဖြင့် ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်ပေးခြင်း ဖြစ်သလို နာတာရှည် ကျောက်ကပ်ရောဂါ (CKD) ဝေဒနာရှင်များအတွက် အသက်ကယ်ဆေးသွင်းခြင်း ကုသမှုတစ်ခုဖြစ်ပါတယ် ။

#ကျောက်ကပ်ဆေးလူနာများအတွက်သတိပြုရမည့်အချက်များ

၁။ကျောက်ကပ်သန့်စင်ခြင်းကို အချိန်ဇယားအတိုင်းပုံမှန်လုပ်ပါ ။

၂။နေ့စဉ်စားသောက်မှုပုံစံကိုထိန်းညှိရန် ( အသားဓာတ် ၊Electrolytes၊ Sodium ၊ Potassium စားသုံးမှုများအားထိန်းညှိရန် )။

၃။ရေဓာတ်သောက်သုံးမှုကိုထိန်းညှိရန်။

၄။သွေးအားနည်းခြင်းရှိ၊မရှိ လစဉ် စစ်ဆေးရန်။

၅။ကျန်းမာရေးစစ်ဆေးမှုများအားလစဉ်ပြုလုပ်ရန်။

၆။ကျောက်ကပ်အတွက်လိုအပ်သောအားဖြည့်ဓာတ်စာများ၊ ဆေးများကိုပုံမှန်သောက်သုံးရန်။

၇။စိတ်ဓာတ်တတ်ကြွစွာနေရန် ( စိတ်ဖိစီးမှုမဖြစ်စေရန်ဂရုပြုပါ၊ပုံမှန်လမ်းလျှောက်ပါ၊အိပ်ချိန်ပုံမှန်ရှိရန်ဂရုပြုပါ) ။

Credit-

10/07/2023

#အုံးလွဲခြင်း

Credit-

#အုံးလွဲတယ်ဆိုတာဘာလဲ။
အုံးလွဲတယ်ဆိုတာက လည်ပင်းက နာကျင်နေပြီးတော့ တစ်ဖက်ကို လှည့်ဖို့ ခက်ခဲသွားတာမျိုး ဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ရောဂါမဟုတ်ပေမယ့် သိသာတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
အုံးလွဲခြင်းက လူငယ်တွေမှာ လည်ပင်းနာကျင်ခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ ယခင်က လည်ပင်းဒဏ်ရာ ရရှိခြင်းတွေနဲ့တော့ ဆက်စပ်မှုမရှိပါဘူး။

#အုံးလွဲခြင်း၏
#လက္ခဏာရပ်များကဘာတွေလဲ။
အုံးလွဲခြင်းက လည်ပင်းတစ်ဖက်ခြမ်း နာကျင်ခြင်းဖြစ်ပါတယ်။ လည်ပင်းအလယ်တည့်တည့်နှင့် ပုခုံးနှင့် ခေါင်းနေရာများမှာ နာကျင်မှုခံစားရနိုင်ပါတယ်။
နာကျင်မှု သက်သာစေဖို့ အဲဒီနေရာကို နှိပ်ပေးတဲ့အခါမှာ လည်ပင်းဟာ အထိမခံနိုင်လောက်အောင် နာကျင်နေပါလိမ့်မယ်။ လည်ပင်း သို့မဟုတ် ခေါင်းဟာလည်း တစ်ဖက်ကို လှည့်ဖို့ တော်တော်လေး ခက်ခဲနေပါလိမ့်မယ်။
လက္ခဏာများဟာ တစ်ပတ်အတွင်းမှာ လုံးဝသက်သာပျောက်ကင်းသွားနိုင်ပါတယ်။ ပုံမှန်အားဖြင့် တစ်ရက် နှစ်ရက်ကြာလျှင် သက်သာသွားတတ်ပါတယ်။( သင့်ရဲ့ လက္ခဏာက ကြာရှည်နေမယ်ဆိုရင်တော့ ဒါက ပုံမှန်လက္ခဏာမျိုး မဟုတ်တော့ပါဘူး)။

#ဘာကြောင့်အုံးလွဲတာလဲ။
ကလေးငယ်များနှင့် အရွယ်ရောက်သူအမျးစုမှာ လည်ပင်းကြွက်သားများ ဒဏ်ရာရရှိခြင်းကြောင့် ဖြစ်လေ့ရှိပါတယ်။ဒဏ်ရာက သင်သတိမထားမိသည့် ဒဏ်ရာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတရံ ဖြစ်ရသည့်အကြောင်းအရင်းမှာ လည်ပင်းတစ်ဝိုက် ရောင်ရမ်းနာကျင်မှုများကြောင့်လည်း ဖြစ်နိုင်ပါတယ်။
သင့်မှာ ကြွက်သားအားချို့ယွင်းခြင်းဟုခေါ်သည့် အာရုံကြောဆိုင်ရာပြဿနာများရှိလျှင်လည်း တစ်ခါတရံ အုံးလွဲခြင်း ဖြစ်စေနိုင်ပါတယ်။

#ဘယ်အချိန်မှာဆရာဝန်နဲ့ပြသင့်ပါသလဲ။
အောက်ပါအခြေအနေများ ဖြစ်လျှင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
•-နာကျင်မှုဟာ ပိုဆိုးရွားလာခဲ့လျှင်
-တစ်ပတ်အတွင်း နာကျင်မှု မသက်သာလာလျှင်
-လက်မောင်းနှင့် လက်ချောင်းများတွင် နာကျင်မှု၊ ထုံကျင်မှုများ ရှိလာလျှင်
-ဆီးသွားရခက်လျှင်/ ဝမ်းသွားရခက်လာလျှင်
-လည်ပင်းနာကျင်နေသည့်အပြင် အဖျားပါရှိနေလျှင်

#အုံးလွဲလျှင်ဘယ်လိုကုသကြမလဲ
ပုံမှန်အားဖြင့် ရေနွေးအိတ်ကပ်ပေးခြင်း၊ လည်ပင်းအား နှိပ်နယ်ပေးခြင်းဖြင့် ကုသနိုင်ပါတယ်။
သင့်ကလေးငယ်ဟာ အုံးလွဲနေလျှင် အိပ်နေစဉ်နှင့် အစာစားနေချိန်တွင် အနေအထားကို ပြောင်းလဲပေးဖို့ အကြံပြုချင်ပါတယ်။
သင်ဟာ အုံးလွဲနေတယ်ဆိုလျှင် တတ်နိုင်သမျှ တက်တက်ကြွကြွနေပြီး လည်ပင်းကို ပုံမှန်အတိုင်း လှုပ်ရှားပေးပါ။ လည်ပင်းကို တောင့်တောင့်ကြီး ဖြစ်မနေစေရန် ခေါင်းနှင့် လည်ပင်းကို ပုံမှန်အတိုင်း လှုပ်ရှားပေးရပါမယ်။
မသက်သာလာဘူးဆိုလျှင် သို့မဟုတ် အခြားသော လက္ခဏာများပါ ပြသလာလျှင် ဆရာဝန်နှင့် အမြန်ဆုံးပြသပါ။

#အုံးလွဲတာကပြင်းထန်တဲ့ရောဂါတစ်ခုရဲ့လက္ခဏာတစ်ခုလား။
လည်ပင်း၊ ခေါင်း စသည်တို့တွင် အကျိတ်တွေ့ခြင်း၊ လည်ပင်းဒဏ်ရာရှိခြင်း၊ ပြည်တည်နာ၊ ပိုးဝင်ခြင်း စသည့်ပြင်းထန်သည့်ရောဂါများ၏ လက္ခဏာတစ်ခု ဖြစ်နိုင်သော်လည်း ထိုအခြေအနေမှာ လွန်စွာဖြစ်ခဲလှပါတယ်။ အုံးလွဲခြင်းအပြင် အောက်ဖော်ပြပါ လက္ခဏာများ ပြသနေလျှင် ဆရာဝန်နှင့် ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။
•-ဖျားခြင်း
-ခေါင်းကိုက်ခြင်း
-အမြင်ဝေဝါးခြင်း
-အာရုံခံစားမှုနည်းလာခြင်း
-လမ်းလျှောက်နေစဉ် ဟန်ချက်ထိန်းရန် ခက်ခဲလာခြင်း
.gov
Credit-

06/07/2023

#သွေးတကယ်ဆုံးပြီလား

Credit-

အမျိုးသမီးတွေမှာ သွေးဆုံးတာနဲ့ ပတ်သက်ပြီး အဓိကအားဖြင့်
-𝗣𝗿𝗲-𝗺𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲 (သွေးမဆုံးခင် အချိန်)
-𝗣𝗲𝗿𝗶𝗺𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲 (သွေးဆုံးခါနီးအချိန်)
-𝗠𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲 (သွေးဆုံးချိန်)
-𝗣𝗼𝘀𝘁-𝗺𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲 (သွေးဆုံးပြီး အချိန်) ဆိုပြီး အဆင့် (၄) ဆင့် ရှိပါတယ်။

အပျိုဖော်ဝင်တဲ့အချိန်ကစပြီး သွေးဆုံးခါနီးအချိန်ထိကို သွေးမဆုံးခင်အချိန် (𝗣𝗿𝗲-𝗺𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲) လို့ ခေါ်ပါတယ်။ ဒီအတောအတွင်းမှာတော့ အမျိုးသမီးတွေမှာ ပုံမှန် ဓမ္မတာသွေးဆင်းမှုတွေရှိပြီး ကလေးယူမယ်ဆိုလဲ ယူလို့ရတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဓမ္မတာ လစဉ်ပုံမှန် ရှိနေတဲ့အတွက် ဓမ္မတာမလာခင်နဲ့ လာနေတုန်းမှာ ခံစားရလေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို ခံစားရလေ့ ရှိပါတယ်။ အဖြစ်များဆုံးကတော့ ဗိုက်တွေအောင့်တယ်၊ ခါးတွေ နာတယ်၊ ခေါင်းတွေ ကိုက်တယ်၊ ရင်သားတွေ တင်းပြီး နာတယ် စတဲ့ လက္ခဏာတွေကို ခံစားရလေ့ရှိပါတယ်။
𝗣𝗲𝗿𝗶𝗺𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲 အချိန်က သွေးဆုံးခါနီးအချိန်ပဲ ဖြစ်ပါတယ်။ ဒီအဆင့်ကတော့ ပုံမှန်အားဖြင့် အသက် (၄၀) အရွယ်လောက်မှာ စတင်လေ့ရှိပြီး ပျမ်းမျှအားဖြင့် (၄) နှစ်လောက် ကြာလေ့ရှိပါတယ်။ တချို့ အမျိုးသမီးတွေမှာတော့ (၁၀) နှစ်လောက်ထိ ကြာတတ်ပါတယ်။ ဒီအချိန်မှာ 𝗛𝗼𝗿𝗺𝗼𝗻𝗲𝘀 အပြောင်းအလဲ၊ အတက်အကျတွေ တအားဖြစ်လေ့ရှိတဲ့အတွက် သွေးဆုံးကိုင်လက္ခဏာတွေဖြစ်တဲ့ ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ ညမှာ ချွေးပြန်ခြင်း၊ စိတ်အပြောင်းအလဲ မြန်ခြင်း၊ ပုံမှန်မဟုတ်တဲ့ ဓမ္မတာတွေ ဆင်းခြင်း၊ မိန်းမကိုယ် ခြောက်သွေ့ခြင်း၊ လိင်စိတ်နည်းပါးခြင်း စတာတွေကို ပိုပြီး ခံစားရလေ့ရှိပါတယ်။
𝗠𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲 ဆိုတာကတော့ အမျိုးသမီးတွေမှာ (၁၂) လဆက်တိုက် ရာသီသွေး ဓမ္မတာ မလာတော့ရင် သွေးဆုံးပြီ၊ သွေးဆုံးတဲ့အချိန်လို့ ပြောလို့ရပါတယ်။
ဒီအချိန်မှာတော့ သားဥအိမ်က သားဥထုတ်လုပ်မှု ရပ်တန့်သွားပြီး 𝗘𝘀𝘁𝗿𝗼𝗴𝗲𝗻 ထုတ်လုပ်မှု နည်းပါးသွားပြီဖြစ်ပါတယ်။
ဒါကြောင့် 𝗣𝗲𝗿𝗶𝗺𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲အချိန်မှာ ခံစားရတဲ့လက္ခဏာတွေအပြင် နှလုံးခုန်နှုန်းမြန်လာတာ၊ ဆံပင်ပါးလာတာ၊ ဆီးမထိန်းနိုင်တာ စတဲ့လက္ခဏာတွေကို ခံစားရလေ့ ရှိပါတယ်။
ဒါတွေကို ကျော်လွန်ခဲ့ရင်တော့ 𝗣𝗼𝘀𝘁 𝗠𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲 (သွေးဆုံးပြီး အချိန်) ထဲကို ဝင်ရောက်လာပြီပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ သွေးဆုံးကိုင် လက္ခဏာတွေကို သိပ်ပြီး မခံစားကြရတော့ပါဘူး။ အမျိုးသမီးတွေဟာ ပုံမှန်အနေအထားကို ပြန်လည် ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း 𝗘𝘀𝘁𝗿𝗼𝗴𝗲𝗻 ဟော်မုန်းက နည်းပါးနေတာဖြစ်လို့ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ အရိုးပွ၊ အရိုးပါး၊ အရိုးကျိုးနဲ့ နှလုံးရောဂါဖြစ်နိုင်ချေတွေက ပိုများလာပါတယ်။
ဒါ့အပြင် သွေးဆုံးပြီးတဲ့နောက် သွေးပြန်ပေါ်လာတာက သွေးသစ်လောင်းတာ မဟုတ်ပါဘူး။ဒီလိုသွေးဆင်းတာက ပုံမှန်မဟုတ်တဲ့အတွက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကုသဖို့ သိပ်ကိုအရေးကြီးပါတယ်။

Credit-

01/07/2023

#ဆီးခဏခဏသွားခြင်းနှင့်ဆီးမထိန်းနိုင်ခြင်းရောဂါဆိုင်ရာသိမှတ်ဖွယ်ရာများ

Credit-

ပုံမှန်ဆီးသွားခြင်းဖြစ်စဉ်ဆိုတာ ဆီးအိမ်ထဲမှာ ဆီးတွေနဲ့ပြည့်လာတဲ့အခါ အာရုံကြောတွေကနေတဆင့် ဦးနှောက်ကိုအချက်ပေးပါတယ်။ထိုအချိန်မှာ ဆီးအိမ်ကညှစ်ပြီး ဆီးလမ်းကြောင်းရှိကြွက်သားတွေက ဖြေလျှော့ပေးခြင်းဖြင့် ဆီးသွားနိုင်တာပဲဖြစ်ပါတယ်။ဒါပေမယ့် လိုအပ်ရင် အခြေအနေပေါ်မူတည်ပြီး ဆီးထိန်းထား/အောင့်ထားနိုင်ကြပါတယ်။

𝐎𝐯𝐞𝐫 𝐀𝐜𝐭𝐢𝐯𝐞 𝐁𝐥𝐚𝐝𝐝𝐞𝐫 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞
#𝐎𝐀𝐁 (ဆီးခဏခဏသွားခြင်း နှင့် ဆီးမထိန်းနိုင်ခြင်း) ဆိုတာကတော့ ဆီးအိမ်နဲ့ဦးနှောက်အာရုံကြောစနစ်ကြား ချို့ယွင်းမှု့ဖြစ်လာတဲ့အခါမှာ ကြုံတွေ့ရတဲ့အခြေအနေတစ်ခုပါ၊ ဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေကတော့-
-အာရုံကြောဆိုင်ရာရောဂါများ (လေဖြတ်ခြင်း၊ ကျီးပေါင်းရောဂါ)
-အသက်ကြီးလာသောကြောင့် အာရုံကြောများအားနည်းလာခြင်း
-ဆီးချိုရောဂါရှိသူများ
-ဆီးအိမ်ထဲတွင် ပုံမှန်မဟုတ်သော
-အလုံးအကြိတ်ရှိခြင်း၊ ဆီးကျောက်တည်ခြင်း
-ဟော်မုန်းဆိုင်ရာအကြောင်းအရာများ (ကိုယ်ဝန်ဆောင်သည် နှင့် သွေးဆုံးပြီးအမျိုးသမီးများ)
-သောက်လက်စဆေးများရဲ့ ဘေးထွက်ဆိုးကျိုး တို့ကြောင့်ဖြစ်ပါတယ်။
ဒါတွေအပြင် တချို့သောသူတွေမှာ အကြောင်းအရင်းရှာမရပဲနဲ့လည်း 𝐎𝐀𝐁 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 ကိုခံစားရနိုင်ပါတယ်။

#ခံစားရသောရောဂါလက္ခဏာများ
(OAB Syndrome ကတော့ များသောအားဖြင့် အမျိုးသမီးတွေနဲ့ အသက်ကြီးတဲ့သူတွေ (၆၅နှစ်အထက်) မှာ ပိုပြီးအဖြစ်များတာတွေ့ရပါတယ်။စစ်တမ်းတွေအရလည်း မြန်မာနိုင်ငံမှာဖြစ်ပွားမှုနှုန်းများတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်)။
OAB Syndrome ခံစားနေရတဲ့သူတွေမှာကြုံတွေ့ရတဲ့လက္ခဏာတွေကတော့
-ဆီးမအောင့်နိုင်ခြင်း (Urgency)
-ဆီးမထိန်းနိုင်ခြင်း/ ဆီးယိုစိမ့်ခြင်း (Incontinence)
-ဆီးခဏခဏသွားရခြင်း (နေ့အချိန်တွင် ၈ကြိမ်ထက်ပိုပြီးဆီးသွားရခြင်း) (Frequency)
-ညအခါ နှစ်ကြိမ်ထက်ပိုပြီးဆီးသွားရခြင်း (Nocturia) တို့ပဲဖြစ်ပါတယ်။
ဒါပေမယ့် လူအများစုဟာ ဒီလက္ခဏာတွေကို သတိမမူမိတတ်ကြပါဘူး၊ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတယ်လို့ပဲ ယူဆကြပါတယ်။ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ကိုလည်း ရှက်ကြောက်ကြတဲ့အတွက် အချိန်ကြာလာတဲ့အခါမှာ သူတို့ရဲ့နေ့စဉ်ဘဝလုပ်ငန်းဆောင်တာတွေဆောင်ရွက်ရာမှာ အနှောင့်အယှက်ဖြစ်တာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာတာတွေကိုပါ ကြုံတွေ့ရပါတယ်။
ဒါကြောင့်မို့ ဆီးခဏခဏသွားခြင်း နှင့် ဆီးမထိန်းနိုင်ခြင်းရောဂါ (OAB Syndrome) ဟာဆိုရင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး ထိရောက်စွာကုသသင့်သော ရောဂါဖြစ်ပါတယ်။

#ဆောင်ရွက်ရမယ့်ရောဂါရှာဖွေစမ်းသပ်မှုများ
𝐎𝐀𝐁 လက္ခဏာတွေခံစားနေရပြီဆို လိုအပ်တဲ့စစ်ဆေးချက်တွေပြုလုပ်ရပါမယ်၊
-သွေးစစ်ခြင်း
-ဆီးစစ်ခြင်း
-ဆီးလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း
-အာထရာဆောင်း ရိုက်ခြင်း (𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝)
-ဆီးအိမ်နှင့် ဆီးလမ်းကြောင်းလုပ်ဆောင်မှုမှတ်တမ်း (𝐁𝐥𝐚𝐝𝐝𝐞𝐫 𝐃𝐢𝐚𝐫𝐲) ထားရှိခြင်း (တစ်နေ့တာသောက်သုံးသော အရည်ပမာဏ၊ ဆီးသွားသော ပမာဏနှင့် အကြိမ်ရေ၊ ခံစားရသော လက္ခဏာတို့ကို အချိန်နှင့်အလိုက် မှတ်သားခြင်း)

#သက်သာပျောက်ကင်း‌အောင်ကုသနိုင်မည့်နည်းလမ်းများ

(၁) နေထိုင်စားသောက်မှု့ပုံစံပြောင်းလဲခြင်း နှင့် အမူအကျင့်ဆိုင်ရာကုထုံး
ဆီးအိမ်လှုံ့ဆော်မှုများစေတဲ့အစားအစာများကို လျှော့စားခြင်း (ဥပမာ - ကော်ဖီ၊ လက်ဖက်ရည်၊ အရက်၊ ဂတ်စ်ပါသောအချိုရည်၊ အချဉ်ဓာတ်များသော အသီးအနှံများ)
-ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းထားခြင်း
-တစ်နေ့တာအတွင်း သင့်တော်သောရေပမာဏ (၁လီတာ - ၁လီတာခွဲ) သောက်သုံးပေးခြင်း
-ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ခြင်း
-ဝမ်းချုပ်သောအလေ့အထ မဖြစ်အောင် နေထိုင်ခြင်း
-စိတ်ဖိစီးမှုကို လျှော့ချခြင်း (တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း)

(၂) ဆီးအိမ်လုပ်ဆောင်မှုပြန်လည်လေ့ကျင့်ခြင်း (𝐁𝐥𝐚𝐝𝐝𝐞𝐫 𝐑𝐞𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠)

(၃) မိန်းမကိုယ်ကြွက်သားဆိုင်ရာ လေ့ကျင့်ခန်း (𝐏𝐞𝐥𝐯𝐢𝐜 𝐦𝐮𝐬𝐜𝐥𝐞 𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐞𝐱𝐞𝐫𝐜𝐢𝐬𝐞) များပြုလုပ်ခြင်း

(၄) ဆေးဝါးဖြင့်ကုသခြင်း (ဆီးအိမ်ကြွက်သားညှစ်ခြင်းကို ထိန်းပေးသောဆေးများ)

(၅) အာရုံကြောများလှုံ့ဆော်ခြင်းကုထုံး (𝐍𝐞𝐮𝐫𝐨𝐬𝐭𝐢𝐦𝐮𝐥𝐚𝐭𝐢𝐨𝐧 𝐓𝐡𝐞𝐫𝐚𝐩𝐲)

(၆) ခွဲစိတ်ကုသခြင်း
ဒီလိုနည်းလမ်းတွေနဲ့ သက်သာပျောက်ကင်းအောင်ကုသနိုင်တဲ့အတွက် 𝐎𝐀𝐁 ရဲ့လက္ခဏာတွေခံစားနေရပြီဆိုရင် ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ပြီး ထိရောက်စွာကုသရပါမယ်။
ဒါမှသာ ကြုံတွေ့နေရတဲ့ နေ့စဉ်ဘဝရဲ့ အဆင်မပြေမှု့တွေ ကင်းဝေးပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့ သက်တမ်းတစ်လျှောက်နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

Credit-

22/06/2023

#နှလုံးကိုထိခိုက်စေနိုင်တဲ့သတိမမူမိသောအပြုအမူ_၇_မျိုး

Credit-

-

- အထိုင်များခြင်း
(ကိုယ်လက်လှုပ်ရှားမှုနည်းပြီး တစ်နေရာထဲမှာကြာကြာထိုင်နေတတ်တဲ့အကျင့်ကလည်း သွေးလည်ပတ်မှုအားကို မကောင်းစေတဲ့အပြုအမူဖြစ်လို့ နှလုံးရောဂါနှင့်လေဖြတ်ခြင်းကိုဖြစ်ပွားစေနိုင်ပါတယ်)

- လေ့ကျင့်ခန်းများအလွန်အကျွံလုပ်ခြင်း
(လေ့ကျင့်ခန်းလုပ်တာကနှလုံးအတွက်ကောင်းပေမယ့် လေ့ကျင့်ခန်းကိုအလွန်အကျွံပြုလုပ်လိုက်ခြင်းက နှလုံးအပေါ်မှာဖိအားသက်‌ရောက်စေပြီး အခန့်မသင့်ရင် ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်နှုန်းတအားမြန်ခြင်းနှင့်ပုံမှန်မဟုတ်ခြင်း၊ အသက်ရှူမဝခြင်း၊ မူးမော်ခြင်းတို့ကို ဖြစ်စေတာကြောင့် လေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာ (အလွန်အကျွံနှင့်စိတ်ပါမှလုပ်ခြင်းမျိုးမဟုတ်ဘဲ) နေ့စဥ်ပုံမှန်လေးပြုလုပ်သင့်ပါတယ်)။

- ဆေးလိပ်သောက်ခြင်း (သို့) ဆေးလိပ်ငွေ့မကြာခဏရှူရှိုက်မိခြင်း
(ဆေးလိပ်သောက်ခြင်းကအဆုတ်တင်မက နှလုံးနှင့်သက်ဆိုင်သော နှလုံးသွေးကြောကျဥ်းရောဂါကဲ့သို့သောရောဂါများဖြစ်ပွားစေနိုင်ပါတယ်။ ဆေးလိပ်ကိုကိုယ်တိုင်သောက်မှမဟုတ်ဘဲ ဆေးလိပ်ငွေ့ကိုမကြာခဏရှူရှိုက်မိခြင်းကလည်း ကြာလာတဲ့အခါမှာ နှလုံးရောဂါဖြစ်ပွားနိုင်ချေများပါတယ်)။

- ခန္ဓာကိုယ်အတွင်းမကောင်းသော
ကိုလက်စထရောပမာဏများနေခြင်း
(ခန္ဓာကိုယ်အတွင်းမကောင်းသော
ကိုလက်စထရောပမာဏတွေများနေခြင်းကလည်းနှလုံးအတွင်းသွေးကြောများကျန်းမာရေးကိုထိခိုက်စေနိုင်တာမို့ အဝလွန်နေပါက ဝိတ်ကိုပုံမှန်အတွင်းဖြစ်နေအောင်ထိန်းသိမ်းသင့်ပါတယ်)။

- စိတ်ဖိစီးမှုများနေခြင်း
(စိတ်ဖိစီးမှုတွေများပြီး Stress တွေပိနေခြင်းကလည်း နှလုံးကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်စိတ်တွေတအားဖိစီးနေတာကိုသိရင် ကိုယ့်စိတ်ကိုတတ်နိုင်သမျှထိန်းချုပ်ဖို့လိုပါတယ်)။

- ညဘက်တွေမှာအအိပ်နောက်ကျခြင်း၊အိပ်ရေးပျက်များခြင်း
(ကောင်းမွန်သောအိပ်စက်ခြင်းကနှလုံးအပါအဝင်ခန္ဓာကိုယ်အစိတ်အပိုင်းများရဲ့လုပ်ဆောင်ချက်များကိုကောင်းမွန်စေပါတယ်။ ဒါကြောင့်လုံလောက်သောအိပ်စက်ချိန်မရခြင်းက နှလုံးရောဂါကိုဖြစ်ပွားစေနိုင်ရုံသာမက ကြာလာရင် စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေနိုင်ပါတယ်)။

- အစားအသောက်စားသုံးမှုပုံစံမှားယွင်းနေခြင်း
(ငန်လွန်း၊ချိုလွန်းသောအစားအစာများနှင့်အဆီအဆိမ့်များကို လိုအပ်တာထက်ပိုပြီးစားသုံးခြင်းက နှလုံးကိုလာရောက်ထိခိုက်နိုင်ပါတယ်၊ ဒါကြောင့် အစားအစာစားသုံးတဲ့အခါမှာလည်း အသင့်စားအစားအစာတွေကိုရှောင်ကျဥ်သင့်ပြီး နှလုံးကျန်းမာစေမည့် အစားအသောက်များဖြစ်တဲ့ အခွံမာသီးများ၊ အစေ့အဆန်များ၊ အဆီနည်းသော နို့ထွက်ပစ္စည်းများနှင့် ပရိုတင်းဓာတ်များကဲ့သို့သော အဆီပါဝင်မှုနည်းတဲ့အသားများကို ‌ရွေးချယ်စားသုံးသင့်ပါတယ်)။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon