BRAC Myanmar

BRAC Myanmar

Share

15/06/2026

Vacancy Announcement

𝗕𝗿𝗮𝗻𝗰𝗵 𝗠𝗮𝗻𝗮𝗴𝗲𝗿 (𝗬𝗮𝗻𝗴𝝾𝗻, 𝗠𝝾𝗻 𝗮𝗻𝗱 𝗦𝗵𝗮𝗻 𝗿𝗲𝗴𝗶𝝾𝗻𝘀)

++++++++++++++++++++++

BRAC Myanmar မှ ရန်ကုန်၊ မွန် နှင့် ရှမ်းပြည်နယ်ရှိ ရုံးခွဲများတွင် ရုံးခွဲမန်နေဂျာ ရာထူးအတွက် စိတ်အားထက်သန်ပြီး ဦးဆောင်နိုင်စွမ်းရှိသူများကို ဖိတ်ခေါ်လျက်ရှိပါတယ်။

သင်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး ဦးဆောင်နိုင်တဲ့သူ၊ လူမှုအသိုင်းအဝိုင်းအတွက် အကျိုးသက်ရောက်မှုရှိတဲ့ လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်လိုသူဖြစ်ပါက အခုပဲ ဒီအခွင့်အရေးကို အရယူလိုက်ပါ။

စိတ်ဝင်စားပြီး လျှောက်ထားလိုသူများအနေနဲ့ –
• Motivation Letter (လျှောက်ထားရခြင်းအကြောင်းရင်းဖော်ပြစာ)
• CV အပြည့်အစုံ နဲ့
• မျှော်မှန်းလစာပမာဏ (MMK)
တို့ကို [email protected] သို့ ၂၀၂၆ ခုနှစ် ဇွန်လ (၂၈) ရက်နေ့ နောက်ဆုံးထား ပေးပို့လျှောက်ထားနိုင်ပါတယ်။ page messenger မှ တစ်ဆင့် လျှောက်လွှာတင်ခြင်းကိုတော့ လက်ခံသွားမည်မဟုတ်ပါ။

Branch Manager ရာထူးနှင့်ပတ်သက်တဲ့ လုပ်ငန်းတာဝန်များနှင့် လိုအပ်တဲ့ အရည်အချင်းများကို Comment မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

21/05/2026

Happy World Day for Cultural Diversity!

BRAC Myanmar က တိုင်းရင်းသားလူမျိုးစုတိုင်း၊ ယဉ်ကျေးမှုတိုင်း၊ ဘာသာစကားတိုင်းနှင့် လူမှုအသိုင်းအဝိုင်းတိုင်းမှ မတူကွဲပြားမှုများကို လေးစားတန်ဖိုးထားပါတယ်။ မတူညီတဲ့ မျိုးနွယ်အုပ်စုပေါင်းစုံကဖြစ်ကြပေမယ့် ကောင်းမွန်သော ပြောင်းလဲမှုများ ဖန်တီးနိုင်ဖို့ဆိုတဲ့ တူညီတဲ့ ရည်ရွယ်ချက်ဖြင့် အတူတကွ လုပ်ငန်းလည်ပတ်အောင်ဆောင်ရွက်ပေးနေကြသော ကျွန်ုပ်တို့ရဲ့ ဝန်ထမ်းများအတွက် ကျွန်ုပ်တို့ ဂုဏ်ယူရပါတယ်။



………………………………………………….

Happy World Day for Cultural Diversity!

BRAC Myanmar celebrates diversity by respecting and valuing every ethnicity, culture, language, and community. We are proud of our staff who come from different backgrounds, yet work together with a shared purpose to create meaningful and positive change in the communities we serve.

15/05/2026

တစ်ချိန်က မေနွယ်စိုးဟာ အမျိုးသားရဲ့ဝင်ငွေအပေါ်မှာပဲ မှီခိုနေထိုင်ခဲ့သူတစ်ဦးပါ။ တဖြည်းဖြည်းနဲ့ သားသမီးတွေ ကြီးပြင်းလာပြီး ‌ငွေကြေးကုန်ကျပိုများလာကာ အမျိုးသားရဲ့ကျန်းမာရေးကလည်း အားနည်းတဲ့အချိန်ကြုံတွေ့ခဲ့ရချိန်မှာတော့ မိသားစုစားဝတ်နေရေးအတွက် သူမကိုယ်တိုင်အလုပ်စလုပ်ဖို့ဆုံးဖြတ်ခဲ့တယ်။

သူမဟာ ၂၀၁၅ ခုနှစ်မှာ BRAC Myanmar မှ ပထမဆုံးချေးငွေကို ရယူပြီး ကုန်စုံဆိုင်သေးသေးလေးတစ်ဆိုင် စဖွင့်ခဲ့ပါတယ်။ COVID-19 ကာလမှာတုန်းက အခက်အခဲတွေကြောင့် ကုန်စုံဆိုင်ကို ပိတ်ခဲ့ရပေမယ့်လည်း ထမင်း၊ဟင်းချက်ရောင်းတဲ့ လုပ်ငန်းကို သူမစတင်လုပ်ကိုင်ခဲ့ပြီး online ကနေ Door to Door စနစ်နဲ့ ရောင်းခဲ့တာကြောင့် စီးပွားရေးပိုပြီး အဆင်ပြေလာခဲ့တယ်။ အခုလက်ရှိမှာတော့ မေနွယ်စိုးဟာ ပဲခူးတိုင်း ညောင်လေးပင်မြို့မှာ စားသောက်ဆိုင်နှင့် ဆေးဆိုင်တို့ကို သူမကိုယ်တိုင် ဦးစီးဦးဆောင်ပြုကာ လည်ပတ်နေပြီဖြစ်ပါတယ်။

“ချေးငွေထုတ်ပြီးတာနဲ့ တစ်ခုခုကို ဖြစ်ထွန်းအောင် သေချာလုပ်တယ်။ မလိုအပ်တာတွေ ဝယ်တာမျိုးမလုပ်ဘဲ လုပ်ငန်းတိုးချဲ့ဖို့အတွက်ပဲ အဓိကထားဖြစ်တယ်။ နောက်ပိုင်းမှာလည်း ထပ်ပြီးကျွန်မလုပ်ချင်တာလေးတွေရှိသေးတော့ BRAC Myanmar နဲ့ဆက်ပြီး လက်တွဲသွားဦးမှာပါ။” လို့ မေနွယ်စိုးက ပြောပါတယ်။

မေနွယ်စိုးဟာ BRAC Myanmar မှ အုပ်စုချေးငွေအဖွဲ့ဝင်အဖြစ်စတင်ခဲ့ပြီး ယခုလက်ရှိမှာတော့ လုပ်ငန်းငယ်ချေးငွေ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေပြီဖြစ်ပါတယ်။

…………………………

Back in the day, May Nwe Soe depended entirely on her husband’s income to provide for the family. As their children gradually grew older, household expenses increased, and there was a time her husband’s health became weaker. During that time, she decided to start working on her own to support her family’s livelihood.

In 2015, she took her first loan from BRAC Myanmar and opened a small grocery shop. During the COVID-19 pandemic due to various challenges, she had to close the shop but she did not give up. Instead, she started a home-cooked food business, selling meals online through a door-to-door delivery system, which helped her business become more successful and stable. Today, May Nwe Soe is proudly running a restaurant and a pharmacy in Nyaunglebin Township in Bago Region.

“When I receive a loan, I make sure to use it productively. I focus mainly on expanding my business instead of spending on unnecessary things. As I still have more dreams and plans for the future, I will continue working together with BRAC Myanmar,” said May Nwe Soe.

May Nwe Soe began her journey with BRAC Myanmar as a microfinance group loan client and has now progressed to becoming a small enterprise loan client, accessing larger loans to grow her business.

06/05/2026

BRAC Myanmar မှ Trainee/ Branch Accounts Officer နဲ့ Trainee/ Credit Officer ရာထူးအတွက် အလုပ်လျှောက်လွှာများကို စတင်လက်ခံနေပါပြီ။

လျှောက်လွှာများကို [email protected] သို့ပေးပို့၍ဖြစ်စေ၊ နီးစပ်ရာ ရုံးခွဲမှာ လူကိုယ်တိုင်သွားရောက်၍ဖြစ်စေ လျှောက်ထားနိုင်ပါတယ်။

လုပ်ငန်းဆောင်ရွက်ရမည့်နေရာများ- ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်

၁။ Trainee/ Branch Accounts Officer (ရုံးခွဲစာရင်းကိုင်)
ပညာအရည်အချင်း- LCCI Level 2
လုပ်ငန်းတာဝန်များ-
• ရုံးခွဲ၏ ငွေဝင်/ငွေထွက် လုပ်ငန်းများကို တာဝန်ယူစီမံခန့်ခွဲရမည်။
• Accounting system နှင့် စာရင်းစာအုပ်များတွင် နေ့စဉ် စာရင်း များ သွင်းရမည်။
လစာစတင်နှုန်း : 440,000 - 600,000 MMK

၂။ Trainee/ Credit Officer (ချေးငွေအရာရှိ)
ပညာအရည်အချင်း: အထက်တန်းအောင်မြင်ပြီးသူ
လုပ်ငန်းတာဝန်များ-
• နေ့စဉ်ရပ်ရွာထဲသွားရောက်လည်ပတ်ခြင်း
• ချေးငွေယူလိုသူများကို ရှာဖွေခြင်း
လစာစတင်နှုန်း : 360,000 – 500,000 MMK (အတွေ့အကြုံအပေါ်မူတည်သည်)

အကျိုးခံစားခွင့်များ (Benefits)-
• စနေ၊ တနင်္ဂနွေနှင့် အစိုးရရုံးပိတ်ရက်များတွင် နားရက်ရရှိမည်။
• နှစ်စဉ် ဘောနပ်စ် (၁လစာ) နှင့် ဆေးကုသမှုအကျိုးခံစားခွင့်များ ရရှိမည်။

အလုပ်လျှောက်ရန် စိတ်ဝင်စားသူများအနေဖြင့် အသေးစိတ်ကိုကောမန့်မှာ ကြည့်နိုင်ပါတယ်။

Want your organization to be the top-listed Non Profit Organization in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


No. (69/A), Old University Avenue, Shwe Taung Kyar (1) Ward, Bahan Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00