GREAT SEVEN Real Estate
10/05/2025
TikTok · 👉ဝေ ယံ👈 235.1K likes, 1793 comments. “ #တန်းဖိုးရှိလိုက်တာခွန်အားတွေလဲရပါတယ် ”
အကျိုးဆောင် နှင့် ပွဲခဆိုတာဘာလဲ
မြန်မာနိုင်ငံရဲ့ ဥပဒေတွေထဲမှာတော့ ပွဲခနဲ့ ပတ်သက်လို့ မရှိလောက်အောင် ရှားပါတယ်။
ဒါပေမဲ့ ၁၉၅၃ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာ၄၀မှာ တော့ ပေးစရာရှိလာရင် ပွဲခဆိုတာ ပေးရမယ်လို့ စီရင်ခဲ့ဖူးပါတယ်။
ပွဲခရဖို့ အမူဖွင့်၊ အယူခံတက်နဲ့ (၃)နှစ်လောက် ကြာပါတယ်။ ဒါပေမဲ့ ရခဲ့ပါတယ်။
ဒီစီရင်ထုံး အားကိုးနဲ့ပဲ ယနေ့အထိ ပွဲစားတွေက ပွဲခကို ရဲရဲကြီးတောင်းနေကြတာပါ။ ဖြစ်ပျက်ပုံက ၁၉၅၀ခုနှစ်မှာ ဒေါ်မက္ကင်းပိုင်တဲ့ မြေကိုပွဲစား ဒေါ်ဒီဇူဇာက ရောင်းပေးခဲ့ပါတယ်၊ ပွဲခပေးပါ့မယ်ဆိုတဲ့ ကတိလဲရှိခဲ့ကြပါတယ်။
ထုံးစံအတိုင်းပါပဲ အရောင်းဝယ်ဖြစ်ပြီးတဲ့ အခါမှာ မြေပိုင်ရှင်ဒေါ်မက္ကင်းက မုန့်ဖိုးလောက်ပဲ ပေးခဲ့ပြီး ပွဲခကို မပေးခဲ့ပါဘူး။
၁၉၅၀ ခုနှစ်မှာ တရားမ မူလမူအမှတ် ၅၂၂နဲ့ ရန်ကုန်မြို့ တော်တရားမရုံးမှာ အမူဖွင့်တောင်းဆိုခဲ့ပါတယ်၊ ပွဲစားဒေါ်ဇီဇာရူံးခဲ့ပါတယ်။
၁၉၅၂-ခုနှစ် ပထမတရားမအယူခံမူအမှတ် ၇၁-နဲ့ အယူခံဝင်ခဲ့ပါတယ်၊ ပွဲစားနိုင်သွားပြီး ပွဲခရခဲ့ပါတယ်။
၁၉၅၃- ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာ-၄၀မှာတော့ ပေးစရာအကြောင်းရှိလာရင် ''ပွဲခ''ဆိုတာ ပေးရမယ်လို့ စီရင်ချက်အပြင် ငွေပေးငွေချေ ခြင်းနှင့် စာချုပ်ချုပ်ခြင်းတို့မှာလဲ ပွဲစား၏တာဝန် မဟုတ်ကြောင်း ပါရှိနေပါသေးတယ်။
ဒါကြောင့်မိတ်ဆွေ တန်းဖိုးရှိတဲ့မိမိ၏ပိုင်ဆိုင်မူတွေကို ရောင်းမည် ဝယ်မည်ဆိုရင် တရားဥပဒေနာလည်းတဲ့ ရှေ့နေများနှင့်တိုင်ပင်ခြင်း ဥပဒေစာအုပ်များဖတ်ရူ လေ့လာခြင်းဖြင့် အလိမ်ညာခံရခြင်းက ရှောင်းရှာနိုင်မည်ဖြစ်ပါတယ်။
သို့မဟုတ် တရားရုံရောက်မှ အချိန်ကုန် ငွေကုန်
လူပင်ပန်းဖြစ်နိုင်ပါတယ်
အကျိုးဆောင်၏ တာဝန်မှာ မိတ်ဆွေရောင်းချင်လျှင် ဝယ်သူရှာပေးခြင်း၊ ဝယ်ချင်လျှင် အကျိုးမြတ်ရှိနိုင်မည့် နေရာ၊ ဈေးနူန်းသင့်နေရာ ရှာဖွေ အကျိုးဆောင်ပေးခြင်း ဖြစ်ပါတယ်၊ ကာလပေါက်ဈေး သိခြင်းလျှင် မေးမြန်နိုင်ခြင်းဖြစ်ပါတယ်၊
ဒါကြောင့် အရာအားလုံးက သူနေရာနှင့်သူ တာဝန်ယူနိုင်ပေမဲ့ သူတာဝန်ကို ကျော်ပြီး မည်သူမျှ လုပ်ဆောင်ပေးလို့မရပါ ဒါကြောင့် အကျိုးဆောင်ကို အကျိုးဆောင်လိုပဲမြင်ပါ သူအာမခံလို့၊ ဘုမသိ ဘမသိ ဝယ်ခြင်း မလုပ်ပါနှင့် ကျေးဇူးတင်ပါတယ် 👍👍👍👍
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
အမှတ် (၄၅၉)(ဒီ)၊တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဆရာစံရပ်ကွက်၊ ဗဟန်းမြို့နယ်၊ရန်ကုန်
Yangon