Shwe Htoo
*Hot No...*
*222,447R,500,528,777,825,852*
108,115,324,357,507,573,684
28/03/2024
မြဝတီတက်ပြီး ကမ်းကူးမယ်ဆိုရင် ဒေါ်လန်းရွာမှာ ဒါမျိုးအရင် ကမ်းကူးရပါမယ်။
ဒေါ်လန်းရွာ (လှိုင်းဘွဲချောင်း)
ဖောင်တစ်စီးကို အိမ်စီးကား (၃)စီး တင်လို့ရပါတယ်။ ဖောင် အသွား/အပြန် ၂ စီး ရှိပါတယ်။ ဖောင်ပေါ်ကားတင်ပြီး ချောင်းကူးချိန်ကတော့ ၁၀မိနစ်ခန့် ကြာပါမယ်။ ကားများရင် များသလို ကြာချိန် အနဲဆုံး နာရီကနေ ၃နာရီလောက်အထိ တန်းစီစောင့်ရနိုင်ပါတယ်။
ဗဟုသုတရစေရန်အတွက် တင်ပြလိုက်ရပါတယ် ခင်ဗျာ။
ဘားအံ ခရီးသွား
Hpa An Traveller
18/02/2024
19 2 2024 MM2D
18/02/2024
သူဌေးဖြစ်ပြီ😜😜😜
25/12/2023
အပြောမကြီးနဲ့လေ...
ခရိုင် (၈) ခရိုင် နှင့် အသစ်ပြင်စင်ဖွဲ့စည်းလိုက်သည့်
" #ဧရာဝတီတိုင်းဒေသကြီး "
ဧရာဝတီတိုင်းဒေသကြီး (အင်္ဂလိပ်: Ayeyarwady Region သို့မတုတ် Irrawaddy) သည် မြန်မာနိုင်ငံအောက်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် တည်ရှိသည်။ အရှေ့ဘက်တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး၊ မြောက်ဘက်တွင် ပဲခူးတိုင်းဒေသကြီး၊ အနောက်မြောက်ဘက်တွင် ရခိုင်ပြည်နယ်၊အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်၊တောင်ဘက်တွင် ကပ္ပလီပင်လယ်တို့နှင့် ထိစပ်နေသည်။ဧရာဝတီတိုင်းဒေသကြီးသည် မြန်မာပြည်၏ ဆန်စပါးအဓိကထွက်ရှိရာ ဒေသဖြစ်သည်။ ဧရိယာစတုရန်းမိုင် ၁၃,၅၆၆ ကျယ်ဝန်းသည်။
#သမိုင်းကြောင်း
ဧရာဝတီတိုင်းဒေသကြီးသည် ရှေးအခါက ရာမညတိုင်းတွင်ပါဝင်ခဲ့သည်။ မွန်သုံးရပ်ဖြစ်သော မွန်တိ၊မွန်စ၊မွန်ညတွင် မွန်ညဒေသ၌ ပါဝင်ခဲ့သည်။ ကိုလိုနီခေတ် ၁၈၂၄ ဩဂုတ် ၁၃ရက်ဖြင့် ထုတ်ပြန်သော ပြန်တမ်းများအရ ပဲခူးတိုင်းကို ဟံသာဝတီ၊ဟင်္သတနှင့် ပုသိမ်ခရိုင်ဟူ၍ ဖွဲ့စည်းခဲ့သည်။၁၈၈၁တွင် ပဲခူးတိုင်းမှခွဲထုတ်၍ ဧရာဝတီတိုင်းဖြစ်လာမည့် ဧရာဝတီခရိုင်ကို ဖွဲ့စည်းခဲ့သည်။ ထိုစဉ်က ဒီဝိဇံ(Division ခရိုင်)ဟု ဘာသာပြန်ဆိုသည်။၁၉၄၇ အခြေခံဥပဒေအရ ဧရာဝတီတိုင်း ဒေသခရိုင်ကို ပုသိမ်၊ဟင်္သတ၊မြောင်းမြ၊မအူပင်၊ဖျာပုံခရိုင်များဖြင့် ဖွဲ့စည်းသည်။[၃]နောက်ပိုင်းတွင် အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ရာ ၂၀၂၀ပြည့်နှစ်တွင် ဧရာဝတီတိုင်း၌ ခရိုင် (၆)ခရိုင်၊မြို့နယ် (၂၆)မြို့နယ်၊ မြို့ (၄၅)မြို့၊ ရပ်ကွက်(၃၀၀)၊ကျေးရွာအုပ်စု (၁၉၁၄)၊ ကျေးရွာပေါင်း (၁၁၆၈၄)ရွာ ပါဝင်သည်။[၄]
#တည်နေရာနှင့်အကျယ်အဝန်း
ဧရာဝတီတိုင်းဒေသကြီးသည် ဧရာဝတီမြစ်၏ မြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီး မြန်မာပြည်၏ အနောက်တောင်ဘက်တွင် တည်ရှိသည်။ နယ်နိမိတ်ချင်း ထိစပ်နေသော ပြည်နယ်နှင့်တိုင်းများမှာ လက်ျာရစ်အားဖြင့် အနောက်မြောက်တွင် ရခိုင်ပြည်နယ်၊ မြောက်ဘက်နှင့် အရှေ့ဘက်တွင် ပဲခူးတိုင်းဒေသကြီး နှင့် အရှေ့ဘက်တွင် ရန်ကုန်တိုင်းဒေသကြီး တို့ဖြစ်သည်။ တောင်ဘက်နှင့် အနောက်ဘက်တွင် ဘင်္ဂလားပင်လယ်အော် ရှိသည်။ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၄၀ မိနစ် မှ ၁၈ ဒီဂရီ ၃၀ မိနစ် ကြား၊ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၁၅ မိနစ် မှာ ၉၆ ဒီဂရီ ၁၅ မိနစ် ကြားတွင်တည်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးသည် ၁၃,၅၆၇ စတုရန်းမိုင် ကျယ်ဝန်းပြီး မြေပြန့် မြေကျယ်ပေါများ၍ မြစ်ချောင်းများလည်း ကွန်ချာသဖွယ် ယှက်သန်းနေ ကြသည်။ သို့သော် ရခိုင်ကမ်းမြောင်ဒေသအောက်ပိုင်းနှင့် ရခိုင်ရိုးမတောင်ထိပ်ကြောင့်အရှေ့ ဘက်ပိုင်းတို့လည်း တစ်စိတ်တစ်ဒေသပါဝင်သည်။
#ရာသီဥတု
ပင်လယ်နှင့်နီးသောဒေသဖြစ်၍၊ မိုးများပြီးစွတ်စိုသော ရာသီဥတုရှိသည်။
#ဧရာဝတီတိုင်းဒေသကြီးမြို့တော်မှာပုသိမ်မြို့ဖြစ်သည်။
#ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့
ဧရာဝတီတိုင်းဒေသကြီးအား ဝန်ကြီးချုပ် အမှူးပြုသော တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အုပ်ချုပ်သည်။၂၀၂၁ခုနှစ် မှစ၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၊ ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီမှ အုပ်ချုပ်လျက်ရှိသည်။
#ဥပဒေပြုရေး
အခြားကြည့်ရန်။ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်
၂၀၁၁ခုနှစ်မှစတင်ကာ တိုင်းဒေသကြီးလွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ်များ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းကာ စတင်ကျင်းပခဲ့သည်။
#တရားစီရင်ရေး
အခြားကြည့်ရန်။ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်
ဧရာဝတီတိုင်း တရားလွှတ်တော်ကို တရားသူကြီးချုပ် (၁)ဦး၊ တရားသူကြီး (၄)ဦးဖြင့် ဖွဲ့စည်းထားသည်။ တိုင်းတရားလွှတ်တော်အောက်တွင် ခရိုင်တရားရုံး (၆)ရုံး၊ မြို့နယ်တရားရုံး (၂၆)ရုံးရှိသည်။
ဧရာဝတီတိုင်းဒေသကြီးအား ခရိုင် (၈) ခုဖြင့် ဖွဲ့စည်းထားသည်။
(1)ပုသိမ်ခရိုင်
(2)ကျုံပျော်ခရိုင်
(3)ဟင်္သာတခရိုင်
(4)မြန်အောင်ခရိုင်
(5)မအူပင်ခရိုင်
(6)မြောင်းမြခရိုင်
(7)ဖျာပုံခရိုင်
(8)လပွတ္တာခရိုင်
#ခရိုင်ရှိမြို့နယ်
(1)ပုသိမ်ခရိုင် -
(က)ပုသိမ်မြို့နယ်
(ခ) ကန်ကြီးထောင့်မြို့နယ်
(ဂ) ငပုတောမြို့နယ်
(ဃ)သာပေါင်းမြို့နယ်
(2)ကျုံပျော်ခရိုင်
(က)ကျုံပျော်မြို့နယ်
(ခ) ရေကြည်မြို့နယ်
(ဂ) ကျောင်းကုန်းမြို့နယ်
(3)ဟင်္သာတခရိုင်
(က)ဟင်္သာတမြို့နယ်
(ခ) ဇလွန်မြို့နယ်
(ဂ) လေးမျက်နှာမြို့နယ်
(4)မြန်အောင်ခရိုင်
(က)မြန်အောင်မြို့နယ်
(ခ) ကြံခင်းမြို့နယ်
(ဂ) အင်္ဂပူမြို့နယ်
(5)မအူပင်ခရိုင်
(က) မအူပင်မြို့နယ်
(ခ) ပန်းတနော်မြို့နယ်
(ဂ )ညောင်တုန်းမြို့နယ်
(ဃ)ဓနုဖြူမြို့နယ်
(6)မြောင်းမြခရိုင်
(က)မြောင်းမြမြို့နယ်
(ခ) အိမ်မဲမြို့နယ်
(ဂ) ဝါးခယ်မမြို့နယ်
(7)ဖျာပုံခရိုင်
(က) ဖျာပုံမြို့နယ်
(ခ )ဘိုကလေးမြို့နယ်
(ဂ )ကျိုက်လတ်မြို့နယ်
(ဃ) ဒေးဒရဲမြို့နယ်
(8)လပွတ္တာခရိုင်
(က) လပွတ္တာမြို့နယ်
(ခ) မော်လမြိုင်ကျွန်းမြို့နယ်
မြို့ပေါင်း (၄၅) မြို့၊ ရပ်ကွက်ပေါင်း (၃၀၀) ကွက်၊ ကျေးရွာအုပ်စု (၁၉၁၉) အုပ်စု၊ ရွာပေါင်း (၁၁၈၆၄) ရွာ ရှိပါသည်။
အခြား မြို့ များ -
(1) အိုင်သပြု မြို့
(2) ရွေးကုန် မြို့
(3) အသုတ် မြို့
(4) ဘော်မိ မြို့
(5) ဓမိ မြို့
(6) ကဒုံကနိ မြို့
(7) ခမောက်စု မြို့
(8) ကွင်းကောက် မြို့
(9) ကျိုက်လတ် မြို့
(10) ကျုံးဒါး မြို့
(11) ကျုံကဒွန်း မြို့
(12) ကျုံမငေး မြို့
(13) လူခေါင်းကျွန်း မြို့
(14) ဆကာကြီး မြို့
(15) တဂရက် မြို့
(16) မြို့ကွင်း မြိ
(17) နိဗ္ဗာန် မြို့
(18) အုန်းပင် မြို့
(19) ပသွယ် မြို့
(20) ပြင်ခရိုင် မြို့
(21) စက္ကော့ မြို့
(22) စက်ဆန်း မြို့
(23) ရှောပြာ မြို့
(24) ရွှေလောင်း မြို့
(25) ရွှေမြင်တင် မြို့
(26) ရွှေတောင်မှော် မြို့
(27) ဆင်မ မြို့
(28) တောင်ကလေး မြို့
(29} သစ်ပြုတ် မြိုဘ
(30) သုံးခွ မြို့
(31) ထူးကြီး မြို့
(32) အင်ပင် မြို့
(33) ရေလဲကလေး မြို့
(34) ဇီးချိုင် မြို့
(35) မဲဇလီကုန်း မြို့
(36) မြင်းကကုန်း မြို့
(37) ဒါးက မြို့
(38) တလုတ္ထော် မြို့
(39) သလပ်ခွာ မြို့
(40) ထန်းကုန်း မြို့
(41) လက်ပန် မြို့
(42) လိန်ကုန်း မြို့
(43) ကနောင် မြို့
(44) သီတာကုန်းပြင် မြိာ့
(45) ဘက်ရဲ မြို့ တို့ဖြစ်ကြပါသည်။
#လူဦးရေ
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၆.၁သန်းနေထိုင်ကြသည်။ အမျိုးသား ၃သန်းနှင့် အမျိုးသမီး ၃.၁သန်း ရှိသည်။၁၉၈၃ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၄% တိုးတက်လာခဲ့သည်။ ရန်ကုန်တိုင်းပြီးလျှင် ဒုတိယမြောက်လူဦးရေအများဆုံးဖြစ်ကာ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းပြီးလျှင် တတိယမြောက် လူဦးရေ အသိပ်သည်းဆုံးဒေသဖြစ်သည်။ဧရာဝတီတိုင်း၏ လူဦးရေ သိပ်သည်းဆမှာ တစ်စတုရန်းကီလိုမီတာတွင် ၁၇၆.၅ဦးဖြစ်သည်။ တိုင်းအတွင်း လူ၁၀၀လျှင် ၈၆ဦး ကျေးလက်တွင် နေထိုင်ကြသည်။ ပုသိမ်ခရိုင်တွင် ၁.၆သန်းဖြင့် အများဆုံးနေထိုင်ကြသည်။ မြို့နယ်အနေဖြင့် မြောင်းမြမြို့နယ်တွင် အများဆုံးနေထိုင်ကြသည်။
ဗမာနှင့်ကရင်လူမျိုးတို့ အဓိကအားဖြင့် နေထိုင်ကြပြီး အနောက်ဘက် ကမ်းရိုးတန်းတလျှောက် ရခိုင်လူမျိုးအနည်းငယ် နေထိုင်ကြသည်။ အများစုမှာ ဗုဒ္ဓဘာသာဖြစ်ကြပြီး ခရစ်ယာန်ဘာသာဝင်၊ အစ္စလာမ်ဘာသာဝင် အနည်းငယ် နေထိုင်ကြသည်။ ဗမာဘာသာစကားသည် အဓိကဘာသာစကား ဖြစ်သည်။
#ပညာရေး
ဧရာဝတီတိုင်းဒေသကြီးအတွက် ဒေသကောလိပ်ကို ပုသိမ်မြို့တွင် ၁၉၇၆ ခုနှစ်က စတင်ဖွင့်လှစ် ခဲ့ပြီးနောက် ၁၉၇၈ ခုနှစ်တွင် ဟင်္သာတမြို့၌ ဒေသကောလိပ်တစ်ခု ထပ်မံဖွင့်လှစ် ပေးခဲ့သည်။
(1) ပုသိမ်တက္ကသိုလ်
(2) ဟင်္သာတတက္ကသိုလ်
(3) မအူပင်တက္ကသိုလ်
(4) နည်းပညာတက္ကသိုလ် (ပုသိမ်)
(5) နည်းပညာတက္ကသိုလ် (ဟင်္သာတ)
(6) နည်းပညာတက္ကသိုလ် (မအူပင်)
(7) ကွန်ပျူတာတက္ကသိုလ် (ပုသိမ်)
(8) ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)
(9) ကွန်ပျူတာတက္ကသိုလ် (မအူပင်)
(10) ပုသိမ်ပညာရေးကောလိပ်
(11) မြောင်းမြပညာရေးကောလိပ်
(12) ဘိုကလေးပညာရေးကောလိပ်
(13) အစိုးရစက်မှုလက်မှုသိပ္ပံ (မအူပင်)
(14) အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်)
(15) အစိုးရစက်မှုလက်မှုသိပ္ပံ (လပွတ္တာ)
(16) မြောင်းမြစိုက်ပျိုးရေးသိပ္ပံ
(17) အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်)
(18) အစိုးရနည်းပညာအထက်တန်းကျောင်း
(ဟင်္သာတ)
(19) အစိုးရနည်းပညာအထက်တန်းကျောင်း (မအူပင်)
#စိတ်ဝင်စားဖွယ်နေရာများ
(1) ရွှေမုဋ္ဌောဘုရား
(2) ငွေဆောင်ကမ်းခြေ အပန်းဖြေစခန်း
(3) ချောင်းသာကမ်းခြေ အပန်းဖြေစခန်း
(4) မော်တင်စွန်းဘုရား
(5) ပြည်တော်ပြန်ဘုရား
(6) ပြည်လုံချမ်းသာ သာစည်ဘုရား
#လမ်းပန်းဆက်သွယ်ရေး
မြန်မာနိုင်ငံ၏မြောက်ပိုင်း ကချင်ပြည်နယ်၌ မြစ်ဖျားခံသော ဧရာဝတီမြစ်သည် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့ကို ဖြတ်သန်းကာ မြစ်ခွဲချောင်းခွဲများစွာ ယှက်ဖြာ ထွက်ပြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ဖြစ်ပေါ်စေလျက် ကပ္ပလီ ပင်လယ်ထဲသို့ စီးဝင်သည်။ သို့ဖြစ်၍ ရေလမ်းခရီးသည် ဧရာဝတီတိုင်းဒေသကြီး၏ အဓိက လမ်းပန်းဆက်သွယ်ရေး ဖြစ်သည်။ မီးရထားလမ်း ဟူ၍ ကြံခင်း၊ ဟင်္သာတ၊ ပုသိမ်တစ်လမ်းတည်းသာ ရှိသည်။
လမ်းပန်းဆက်သွယ်ရေး ပို၍ချောမောစေရန် ပုသိမ်အနောက် ရှောပြာချောင်းသာ ကားလမ်းမကြီးကို ဖောက်လုပ်ခဲ့သည်။ ပုသိမ်မုံရွာကားလမ်းမကြီးသည် ထက်အောက် မြန်မာနိုင်ငံ ကူးလူးဆက်ဆံရေးနှင့် ကုန်စည်ပို့ဆောင်ရေးတွင် အလွန်အသုံးကျ အရေးပါသည်။
#တံတားများ
(1) ဗိုလ်မြတ်ထွန်းတံတား (ညောင်တုန်း)
(2) ဧရာဝတီတံတား (ညောင်တုန်း)
(3) ဒေးဒလူတံတား (ဖျာပုံ)
(4) ဒေးဒရဲတံတား
(5) ဂုံညင်းတန်းတံတား
(6) ခတ္ထိယတံတား (မအူပင်)
(7) ဒါးကတံတား (ဒါးက)
(8) ကျောင်းကုန်းတံတား
(9) မအူပင်တံတား
(10) မြောင်းမြတံတား
(11) နတ်ချောင်းတံတား (ဘိုကလေး)
(12) ငဝန်တံတား (မြို့ကွင်း)
(13) ငါးသိုင်းချောင်းတံတား
(14) ဥတိုတံတား (ချောင်းသာ)
(15) ဝါးခယ်မတံတား
(16) ရာဇူဒိုင် အမှတ်-၁ (မော်ကျွန်း)
(17) ရာဇူဒိုင် အမှတ်-၂ (မော်ကျွန်း)
(18) ပုသိမ်ကြိုးတံတား
(19)ပုသိမ်တံတား အမှတ်-၂
#စီးပွားရေး
မြေဆီဩဇာကြွယ်ဝသော မြေနုကျွန်းပေါ်ဒေသဖြစ်၍ စပါး၊ မြေပဲ၊ ဂုန်လျှော်၊ ဆေး၊ ငရုတ်၊ ကြက်သွန်၊ ပဲမျိုးစုံတို့ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းသည်။ လယ်ယာလုပ်ငန်းသည် အဓိကစီးပွားရေးလုပ်ငန်း ဖြစ်၍ မြန်မာနိုင်ငံ၌ စပါးထွက်အကောင်းဆုံးသော တိုင်းဒေသကြီးတစ်ခု ဖြစ်သည်။ ဂုန်လျှော်အများဆုံး ထွက်သောတိုင်းလည်းဖြစ် သည်။ အုန်းသီး၊ ငှက်ပျောသီး အထွက်နှုန်းလည်း အလွန်ကောင်းသည်။ တိုင်းအတွင်း၌ ကျွန်းနှင့် သစ်မာထုတ်လုပ်မှု အတော်အသင့်ရှိ၍ သစ်နှင့် မီးသွေး ထုတ်လုပ်နိုင်သော လမု၊ ကနစို စသော ဒီရေတောများလည်းရှိသည်။
ဧရာဝတီတိုင်းဒေသကြီး၏ နာမည်ကြီးသော အခြားလုပ်ငန်းတစ်မျိုးမှာရေထွက်ပစ္စည်း လုပ်ငန်း ဖြစ်သည်။ မြစ်ချောင်းအင်းအိုင် အများအပြားရှိ၍ သားငါးပုစွန်ပေါပေါများများ ထွက်သဖြင့် ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်လုပ်ငန်းများလည်း အကြီးအကျယ် လုပ်ကိုင်ကြသည်။ ရေချိုငါးဖမ်းလုပ်ငန်းအပြင် ပင်လယ်ငါးဖမ်း လုပ်ငန်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ကြသည်။ ကြက်၊ ဘဲမွေးမြူရေး လုပ်ငန်းများလည်း ဖွံ့ဖြိုးသည်။ လပွတ္တာမြို့နယ်မှ ငါးပိ၊ငါးခြောက်၊ပုစွန်ခြောက်လုပ်ငန်းအပြင် ဆားလုပ်ငန်းကိုလည်း ကြီးကြီးကျယ်ကျယ်လုပ်ကိုင်ကြသည်။
ချည်ထည်လုပ်ငန်း၊ သင်ဖြူး၊ သင်ဖျာလုပ်ငန်းများလည်း ဧရာဝတီတိုင်းဒေသကြီးအတွင်း လုပ်ကိုင်ကြသည်။ ပုသိမ်မြို့မှ ပုသိမ်ထီးလုပ်ငန်းကလည်း နိုင်ငံခြားဧည့်သည်များ စိတ်ပါဝင်စားသော လုပ်ငန်းတစ်ခုဖြစ်သည်။ မြန်အောင်ရေနံလုပ်ငန်းနှင့် ကြံခင်းဘိလပ်မြေစက်ရုံစီမံကိန်းတို့သည် အောင်မြင်လျက်ရှိသည်။ ပုသိမ်မြို့တွင် မှန်ပြားစက်ရုံလုပ်ငန်း တည်ဆောက်ထားသည်။ တိုင်းအတွင်း စက်ရုံ၊ အလုပ်ရုံ ၅၀ နီးပါးရှိရာဆန်စက် နှင့် လျှပ်စစ်ဓာတ်အားပေးစက်များက အများစုဖြစ်သည်။
ကျွန်တော်ရဲ့ Account ကို Follow ထားပါ စိတ်ဝင်စားစရာအကြောင်းတွေ ထပ်တင်ပေးပါမည်။
Source - Google //
11/11/2023
ရေကလည်းကြည်တောက် ကျောက်တုံးတွေကလည်းဖြူဖွေးနေတာပဲ
သာယာလိုက်တာ😁😁
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Yangon
29/06/2026