Ye Man Aung - Gold Coach

Ye Man Aung - Gold Coach

Share

02/01/2024

2024 နှစ်သစ်အတွက် စကားလက်ဆောင်

- လမ်းတွေ့ရင်လျှောက်ပါ၊ လမ်းဆုံလမ်းခွတွေမှာ တွေဝေမိန်းမောပြီး ရပ်မနေပါနဲ့၊ တချို့လမ်းတွေဟာ ဝင်သွားမှ အောင်မြင်မှုဆိုတဲ့မှတ်တိုင်ဆီရောက်ရှိမှာပါ၊
အခက်အခဲဆိုတာတော့ နေရာတိုင်းမှာရှိတတ်ပါတယ်။ မိမိကသာ လုံလောက်တဲ့ အရည်အချင်းပြည့်မီအောင် တည်ဆောက်ထားဖို့အရေးကြီးတာပါ၊
ဒါကြောင့်မိမိလုပ်မည်ဟုဆုံးဖြတ်ထားခဲ့ရင် ရဲရဲသာရှေ့ဆက်ပါ၊ လုပ်ငန်းအတွေ့အကြုံဆိုတာဟာ လုပ်ငန်းစလိုက်သူများအတွက်ပဲ ရှိလာတာပါ။

- ဈေးကွက်အတွင်း အင်အားကြီးသူ (Giant) များကို ကြောက်ပြီး မလုပ်တော့ဘူးလို့ ဘယ်တော့မှမတွေးပါနဲ့၊ ဈေးကွက်တိုင်းမှာ ဝေစု (Share)တွေ ရှိနေတာကိုသတိပြုပါ။မိမိလုပ်စရာရှိတာသာအကောင်းဆုံးလုပ်ဆောင်ပါ၊ အချိန်တစ်ခုမှာ ဈေးကွက်ဝေစုတစ်ခု မုချရရှိလာမှာဖြစ်ပါတယ်။

- အရေးအကြီးဆုံးကတော့ မိမိကိုယ်မိမိရိုးသားပါ၊ လုပ်ငန်းကို စေတနာဖြူစင်စွာဖြင့်ပွင့်လင်းမြင်သာစွာတည်ဆောက်ပါ။ ယနေ့ခေတ်စီးပွားရေးလုပ်ငန်းတိုင်းမှာ
After Sale Service ကောင်းသူများသာ အအောင်မြင်ဆုံးဖြစ်ပါတယ်၊ မည်သည့်လုပ်ငန်းတွင်မဆို After Sale Service ဟာ အလွန်အရေးကြီးပါတယ်။

- အစစ်အမှန်တွေကိုသာရောင်းတဲ့ မိမိလုပ်ငန်းအပေါ် သိမ်ငယ်ခြင်းမျိုးမဖြစ်မိပါစေနဲ့၊ ယနေ့ကမ္ဘာမှာ အတုတွေ၊ First Copy တွေ Clone တွေတောင်
ထုတ်သလောက်ရောင်းရနေတာကို သတိရပါ။ ဘာမှ အားငယ်စရာမလိုပါ။

- လုပ်ငန်းတိုင်းရဲ့ အဓိကအောင်မြင်မှုသော့ချက်ဟာ အဆိုပါလုပ်ငန်းကို ဦးဆောင်လုပ်ကိုင်သူရဲ့ အာရုံစူးစိုက်မှုပေါ် 99% တည်မှီနေပါတယ်။
မိမိအလုပ်ကို အာရုံစူးစိုက်မှုအပြည့်ထားပါ၊ အားနည်းချက် အားသာချက်တွေကို Check & Balance အမြဲလုပ်ပါ၊ စီမံခန့်ခွဲမှုအကောင်းဆုံးဖြစ်အောင်
အမြဲတမ်းလေ့လာသင်ယူပါ၊ ဈေးကွက်သတင်းအချက်အလက် မျက်ခြည်မပြတ်ပါစေနဲ့။

- လုပ်ငန်းကြီးလာနိုင်ဖို့ သစ္စာရှိသော Business Partner သို့မဟုတ် ဝန်ထမ်း ရှိလာအောင် တည်ဆောက်ပါ၊ အရာရာတိုင်းဟာ မိမိကိုယ်တိုင်လုပ်ရမှဆိုတာမျိုးဟာ
လုပ်ငန်းအရွေ့ကို အကြီးအကျယ်နှောက်ယှက်နိုင်ပါတယ်။ အောင်မြင်တဲ့ လုပ်ငန်းကြီးတိုင်းမှာ ခိုင်မာတဲ့ အဖွဲ့လိုက်လုပ်ဆောင်မှု(Team Work) တွေ ရှိနေလို့ဆိုတာမမေ့ပါနဲ့။

စာပေသစ္စာဖြင့်

Ye Man Aung

Gold Coach & Corporate Trainer
Startup Consultant at Gold & Jewelry

-

20/12/2023

ဘဝမှာတိုးတက်အောင်မြင်ချင်ရင် မျဥ်းဖြောင့်တစ်ကြောင်းလိုကျင့်ကြံပါ။
ကိုယ်ယုံကြည်ရာလမ်းကြောင်းအတိုင်း တစိုက်မတ်မတ် အရှည်ဆန့်ထုတ်နိုင်အောင် အာရုံစိုက်ပါ။ ပြိုင်မျဥ်းတွေရှိလာခဲ့လို့ ကိုယ့်ထက်ပိုရှည်နေခဲ့ရင် သူတို့ရဲ့အားထုတ်မှုကိုအတုယူပါ။

ကိုယ့်မျဥ်းအရှည်ပိုထွက်ဖို့ သူ့မျဥ်းကိုတိုအောင် အားထုတ်ခြင်းဟာ Ethic မရှိတဲ့လူတွေရဲ့မစ္ဆရိယများတဲ့လုပ်ရပ်ပဲဖြစ်လို့ အောင်မြင်မှုနဲ့ဝေးကွာသွားလိမ့်မယ်။

ကုန်ပစ္စည်းရောင်းတဲ့အခါ ကိုယ်ရောင်းတဲ့ပစ္စည်းဘယ်လောက်ကောင်းကြောင်းညွှန်းပါ။ သူများရောင်းတဲ့ပစ္စည်းကိုမကောင်းကြောင်းပြောပြီး အောက်တန်းစားကုန်သည်ဘဝအရောက်မခံပါနဲ့။ သမုဒ္ဒရာကျယ်ပါတယ်။
နီတိပျောက်ရင် ပီတိပါတွဲပျောက်တတ်တယ်။

YMA(2021) memories

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Address


29th Street
Yangon