STP Research Myanmar
05/12/2025
AIDS Day 2025
26/09/2025
မေးခွန်းများ မေးမြန်းရာတွင် အဓိက မှတ်ရမည့်အချက်များ၊ (အရေအတွက်နှင့်ဆိုင်သော သုတေသန)
အပိုင်း (၂)
ဆက်သွယ်ရန်၊ comment တွင်ကြည့်ပါ။
19/09/2025
✨ ဖတ်ရှုသူတွေရဲ့ တုံ့ပြန်ချက်ကို သိချင်ပါတယ်! ✨
👉👉 STP Research Myanmar page မှာ ရေးသားထားတာတွေကို ဖတ်ရှုပြီး ကိုယ့်အတွက် အသစ်အဆန်း၊ စိတ်ဝင်စားစရာ ဒါမှမဟုတ် အသုံးဝင်တဲ့ အချက်တစ်ခုခုကို တွေ့ရှိခဲ့မယ်ဆိုရင် မှတ်ချက်မှာ ခေါင်းစဉ် (သို့) အဓိက အချက်လေးတွေကို ရေးသားခဲ့ပါ။ 👉👉
📚 ဒါ့အပြင် ကျွန်တော့်ရဲ့ သုတေသနစာအုပ် (၃) အုပ်ကို ဖတ်ပြီးသား ဖြစ်ပေမယ့် နားမလည်တာတွေ၊ ကိုယ်သိချင်တာတွေ ထပ်ရှိနေသေးတယ်၊ အဲ့စာအုပ်တွေထဲမှာလည်း ရှာဖွေ ဖတ်ရှုဖို့ အချိန်မရှိဘူးဆိုရင်လည်း၊ ဘယ်အကြောင်းအရာ (သို့) ဘယ်အချက်ကို သိချင်တယ်ဆိုတာကို အတိုချုံး ပြောပြပေးပါ။ နောက်ရေးမယ့် ပို့စ်တွေမှာ အဲဒါကို အလေးပေး ဖော်ပြပေးသွားမှာပါ။ 📚
💡 ဖတ်ရှုသူတွေရဲ့ အကြံပြုချက်တွေက သုတေသနကို စိတ်ဝင်စားသူအားလုံးအတွက် နောက်တင်မယ့်ပို့စ်တွေမှာ ပိုပြီး လက်တွေ့ကျ၊ အသုံးတည့်မယ့် ဗဟုသုတတွေကို မျှဝေပေးလို့ ရပါမယ်။ (Confidentiality အရ ဖော်ပြလို့ မရနိုင်တာတွေ၊ တကယ့်ဥပမာတွေကိုသာ ရေးပြ၊ ပြန်ပြောပြလို့မရနိုင်တာပါ)💡
18/09/2025
မြန်မာနိုင်ငံမှာ သုတေသနစီမံချက်များအား လုပ်ကိုင်မှုများကို ယေဘူယျနားလည်ခြင်း
မြန်မာနိုင်ငံတွင် သုတေသနနှင့်ပတ်သက်သည်များကို လုပ်ကိုင်နေကြသော ပုဂ္ဂလိကပိုင်းတွင်
(က) သုတေသနပညာရပ်ဆိုင်ရာ စာတမ်းများ (Academic Thesis)၊
(ခ) NGO၊ UN နှင့် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများအတွက် သုတေသနကုမ္ပဏီအဖွဲ့အစည်းများ (Research Agencies) ၏ သုတေသန စီမံချက် လုပ်ကိုင်နေမှုများ၊
(ဂ) သုတေသနမလုပ်ကိုင်ဖူးသော အဖွဲ့၊ ကုမ္ပဏီများ၏ သုတေသန စီမံချက် လုပ်ကိုင်နေမှုများ၊
(ဃ) ကုန်ပစ္စည်းထုတ်လုပ်သည့် ကုမ္ပဏီများ၏ ကိုယ်ပိုင်သုတေသနနှင့်ဖွံ့ဖြိုးမှုဌာန (R&D) များ ကြားတွင် ကွာခြားချက်များစွာ ရှိပါသည်။ ဤကွာခြားချက်များသည် မကြာခဏ သုတေသနလောကတွင် စတင်လေ့လာလုပ်ကိုင်နေသူများအပေါ် ရှုပ်ထွေး၊ မှားယွင်းမှုများ ဖြစ်နေစေပါသည်။ ထင်ရှားသော အချက်အချို့မှာ -
Research Tools များနှင့် အသုံးအနှုန်းများ၊ သုတေသနနည်းလမ်းများ မသိရှိခြင်း/ မှားယွင်းနေခြင်း၊
(၁) အရည်အသွေးနှင့်ဆိုင်သောသုတေသန (Qualitative Research) တွင် "Discussion Guide" (DG) (ဆွေးနွေးပွဲ လမ်းညွှန်) နှင့် အရေအတွက်နှင့်ဆိုင်သောသုတေသန (Quantitative Research) တွင် "Questionnaire" (မေးခွန်းလွှာ) ကို ရောထွေး/ မှားယွင်း သုံးစွဲခြင်း၊ (Qualitative Questionnaire ဟု မသုံးရပါ)၊ တချို့က Discussion Guideline ဟု သုံးနှုန်းနေကြပါသေးသည်။
(၂) Qualitative Research တွင် Study ဟု မသုံးနှုန်းပဲ “Survey” ဟု သုံးနှုန်းနေကြခြင်း၊
(၃) အသုံးအနှုန်း မှားယွင်းခြင်း - "Contact Sheet" (မြန်မာ သုတေသန ကုမ္ပဏီများအခေါ်အဝေါ်) နှင့် "Call Sheet" (နိုင်ငံခြားသားကုမ္ပဏီများ အခေါ်အဝေါ်)
(၄) KII ဆိုသော အသုံးအနှုန်းကို KII နှင့် IDI (၂) မျိုးလုံးအတွက် KII တခုထဲဖြင့် သုံးနှုန်းနေကြခြင်း၊
(၅) FGD/IDI/KII မှတ်တမ်းများမှ "Overview" (အဖြေအနှစ်ချုပ်) ရေးသားခြင်းကို Qualitative Research လုပ်ကိုင်သူများမှ မသိရှိခြင်း၊
(၆) Qualitative Research တွင် စုံစုံစေ့စေ့ မေးမြန်းခြင်း (Probing) ကို မသိရှိခြင်းနှင့် လိုအပ်ချက် များစွာရှိခြင်း၊
(၇) Projective Techniques များကို မသိရှိခြင်း၊ မသုံးနှုန်းကြခြင်း၊
(၈) သုတေသန ကျင့်ဝတ်များ (Ethical Rules)၊ Informed Consent သဘောတူ ခွင့်ပြုချက်၊ ကိုယ်ရေးကိုယ်တာ လုံခြုံမှုဆိုင်ရာ (Privacy) စသောအချက်များကို နားလည်မှု အားနည်းခြင်း၊
(၉) သုတေသန သင်တန်းပေးခြင်း (Training Vs Briefing), Practices, Pre-testing/ Piloting, Quality Control, Interviewer/ Moderator အရည်အချင်းမပြည့်မီသူများကို အသုံးပြုနေရခြင်း၊ Fieldwork Management (for data collection), Etc.
(၁၀) Cheating (လိမ်ညာခြင်း) - နမူနာရွေးချယ်သည့် နည်းလမ်းများ (Sampling Methods) အတိုင်း မပြုလုပ်ခြင်း (ဥပမာ-အိမ်ကျော် မှားခြင်း/ လိမ်ခြင်း၊ မိမိဖာသာ အဖြေများ ဖြည့်သွင်းခြင်း၊ Qualitative Research တွင်လည်း Probing ကို မသိရှိ၊ နားမလည်သောကြောင့် အကြောင်းပြချက်များ၊ ဥပမာများ မမေးမြန်းခဲ့ပဲ၊ အဖြေများကို မိမိဖာသာ ထည့်သွင်းခြင်း၊ စသဖြင့်၊
(၁၁) သုတေသန ဦးဆောင်လုပ်ကိုင်နေသူမှ သုတေသနအကြောင်း သေချာစွာ မသိရှိကြပဲ (သို့) သုတေသနအစီရင်ခံစာများ၊ Research Fieldwork များကို မဖတ်ဖူး၊ မလုပ်ကိုင်ဖူး၊ သင်တန်းမတက်ဖူးပဲ လုပ်ကိုင်နေကြခြင်း၊ (ဥပမာ-သုတေသန နည်းလမ်းများကို သေချာစွာ မသိရှိခြင်း၊ သေချာနားမလည်ခြင်း၊ Qualitative Research ကို မသိရှိခြင်း၊ မှားယွင်းစွာ လမ်းညွှန်၊ ခိုင်းစေမှုများ ဖြစ်ခြင်း အစရှိသဖြင့်)
(၁၂) မိမိကုမ္ပဏီ/ Organization မှ ထုတ်လုပ်သောပစ္စည်းများ/ ဝန်ဆောင်မှုများကို မိမိသုတေသနဌာနမှ လူများကသာ သုတေသနစီမံချက်များကို လုပ်ကိုင်သောကြောင့် ဘက်လိုက်မှု (Bias) များ ရှိနေခြင်း၊ (အချို့က အားနည်းချက်များ ဖယ်ထုတ်ခြင်း၊ ကောင်းသောအချက်များကို ပိုပိုသာသာ ဖော်ပြခြင်း၊ အချက်အလက်မကောက်ခင် ဖြေဆိုမည့်သူများကို ကြိုတင် သင်ပေးထားခြင်း၊ မေးမြန်းသူက မည့်သည့် ကုမ္ပဏီ/ Organization မှလာမေးသည်ကို ဖြေဆိုသူက သိရှိနေပါက အဖြေများ အမှန်မရနိုင်ခြင်း)
🌱 အရေးပါပုံ
ဤကွာဟချက်များကို ယေဘူယျအားဖြင့် ရှင်းလင်းစွာ နားလည်ခြင်းသည် မြန်မာနိုင်ငံ၏ သုတေသနလောက (သို့) မိမိ သုတေသနလုပ်ကိုင်နေမှု၊ လေ့လာနေမှုများအား အချက်အလက်အရည်အသွေး မြှင့်တင်ရန်နှင့် နိုင်ငံတကာလုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီစေရန် ကူညီပေးပါလိမ့်မည်။
မှတ်ချက်။ သုတေသနကျင့်ဝတ်များ၊ လျှို့ဝှက်ထားရမည့်အချက်များကြောင့် ဥပမာများဖြင့် ရှင်းလင်းစွာ အသေးစိတ်ရေးသားခွင့် မရှိပါသောကြောင့် ယခုယေဘူယျ သဘောတရားများကိုသာ သေချာစွာ ဖတ်ရှု၊ စဥ်းစားပြီး သုတေသနများကို လုပ်ကိုင်ကြပါရန်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |