Hoodie Express
24/05/2024
အလုပ်က ပြန်လာတဲ့ ဖခင်ဖြစ်သူကို သူ့သားကမေးတယ်။
"ဖေဖေ သား တခုလောက် မေးပါရစေ။ "
"အင်း မေးလေသား"
"ဖေဖေ၊အလုပ်လုပ်တာ တရက်ကို ဘယ်လောက်ရလဲ"
"သားလေး။ ဒါ လူကြီးကိစ္စလေ။ သားနဲ့ မဆိုင်တာတွေ ဘာလို့မေးနေရတာလဲ"
"သားသိချင်လို့ပါ။ တရက်ဘယ်လောက်ရလဲ ပြောပြပါ"
သူ့သားက ထူးဆန်းနေတယ်လို့တွေးမိတယ်။
"တရက်ကို တသောင်း ရတယ်"
"အိုး " သားဖြစ်သူက ခေါင်းငုံ့သွားတယ်။
"ဖေဖေ၊ ကျေးဇူးပြုပြီး သားကို ၅၀၀၀ချေးလို့ရမလား"
ဖခင်ဖြစ်သူက ဒေါသတကြီးနဲ့
"သား မေးတဲ့ တစ်ခုတည်းသော အကြောင်းပြချက်က အရုပ်တစ်ရုပ်ဝယ်ဖို့ ပေါက်ကရလုပ်ဖို့ အတွက် ပိုက်ဆံချေးဖို့လား။ သွား အခုအခန်းထဲသွား အိပ်။မင်းဘာလို့ တစ်ကိုယ်ကောင်းဆန်နေရတာလဲ ။
ကလေးဆန်တဲ့ အပြုအမူတွေထပ်မလုပ်နဲ့။
ငါ နေ့တိုင်း အလုပ်ကြိုးစားလုပ်ရတယ်။ပင်ပန်းတဲ့ကြားကကွာ"
ကောင်လေးက သူ့အခန်းထဲကို တိတ်တဆိတ်သွားပြီး တံခါးကိုပိတ်လိုက်တယ်။
ဖခင်ဖြစ်သူက ထိုင်လိုက်ပြီး သူ့သားရဲ့ မေးခွန်းကိုတွေးကာ ပိုပြီး ဒေါသထွက်လာတယ်။ ပိုက်ဆံနည်းနည်းလောက်ရဖို့အတွက် သူဒီလိုမေးခွန်းတွေမေးဖို့ ဘယ်လိုသတ္တိရှိလဲပေါ့။
တစ်နာရီလောက်ကြာပြီးနောက်မှာတော့ ဖခင်ဖြစ်သူဟာ ငြိမ်သက်သွားပြီးတော့ စတင်စဉ်းစားလာတယ်။
သားမှာ အဲဒီ ငွေ ၅၀၀၀နဲ့ ဝယ်ဖို့ လိုအပ်တာ တစ်ခုခု ရှိကောင်းရှိနိုင်တယ်။ ပြီးတော့ သားက ပိုက်ဆံကို မကြာခဏ မတောင်းတတ်ပါဘူး။ ကောင်လေးရဲ့အခန်းတံခါးကိုသွားပြီး ခေါက်လိုက်တယ်။
တံခါးဖွင့်ပြီး ဝင်လိုက်တယ်။
"သားလေး အိပ်ပျော်နေပြီလား"
"မအိပ်သေးဘူး အဖေ"
"ဖေဖေ ခုနက အော်မိတာ တောင်းပန်တယ်နော်။
တနေကုန် အလုပ်လုပ်လာတော့ ပင်ပန်းနေတာလည်းပါတယ်။ရော့ ဒီမှာ သားတောင်းတဲ့ငွေ ၅၀၀၀"
"အိုး ကျေးဇူးပါ ဖေဖေ"
ကောင်လေးက မတ်တတ်ထရပ် ယူပြီး ပြုံးနေတယ်။
ပြီးတော့ ကောင်လေးက သူ့ရဲ့ ခေါင်းအုံးအောက်က
ငွေစက္ကူအချို့ကို ထုတ်ယူလိုက်တယ်။
ကောင်လေးမှာ ပိုက်ဆံရှိပြီးသားကို ဖခင်က မြင်ပြီး ဒေါသထွက်ရပြန်တယ်။ ကောင်လေးက သူ့ပိုက်ဆံကို ဖြည်းဖြည်းချင်း ရေတွက်ပြီး သူ့အဖေကို မော့ကြည့်တယ်။
"သားမှာ ပိုက်ဆံရှိရဲ့သားနဲ့ ဘာလို့ ပိုက်ဆံထပ်လိုချင်ရတာလဲ။ "
"ဘာလို့လဲဆိုတော့ သားမှာရှိတာနဲ့ မလုံလောက်လို့ပါအဖေ။ ဒါပေမယ့် အခုတော့ လုံလောက်ပြီ"
"ဖေဖေ၊ အခုသားမှာ ၁၀၀၀၀ ရှိတယ်။ အဖေ့ရဲ့ အချိန်တရက် ဝယ်လို့ရမလား၊ မနက်ဖြန် အဖေနဲ့ ကစားချင်တယ်"
အဖေက စိတ်မကောင်းဖြစ်သွားတယ်။ သူ့သားငယ်ကို ဖက်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်တယ်။
ဘဝမှာ အရမ်းကြိုးစားလုပ်ကိုင်နေသူတိုင်းအတွက် သတိပေးချက်တိုလေးပဲ ဖြစ်ပါတယ်။ဘဝအတွက်
တကယ်အရေးပါတဲ့သူ၊ နှလုံးသားချင်းနီးတဲ့သူတွေအတွက် အချိန်ပေးဖို့လိုပါတယ်။
#ဟမ်စိုင်း(ဆေး-မန်း)
ဘာသာပြန်
23/03/2024
ဒါကတော့ ကလေးရှေ့ရေးနဲ့မဆိုင်ပေမယ့်
နို့ဖြတ်တဲ့အခါ
ကလေးကော အမေကော အရမ်းမခံစားရဖို့
နည်းလမ်းကောင်းဖြစ်ပါတယ်
👉နို့တိုက်တာ တိခနဲ ချက်ချင်းရပ်လိုက်ရင်
* နို့ထုတ်လုပ်နှုန်းက ချက်ချင်း မလျော့သေးတဲ့အတွက် မေမေက နို့တင်းပြီး နာပါတယ်။ ညှစ်ထုတ်ရင် ပြန်ထွက်မှာမို့လို့ မညှစ်ဘဲ အနာခံရကြပါတယ်။ အနာသက်သာအောင် ရေနွေးနဲ့အုံပေးတော့ နို့ထွက်နုန်းကို အားပေးတဲ့အတွက် ပိုနာပါတယ်။ တစ်ချို့လည်း ဂေါ်ဖီရွက်ကပ်ကြပါတယ်။ သနပ်ခါးလိမ်းကြတယ်။ ၃ ရက်မှ တစ်ပါတ်အထိ နာတတ်ပါတယ်။
* ကလေးကလည်း သူ့သောက်နေကျ နို့ ချက်ချင်းပျောက်သွားတော့ ကမ္ဘာပျက်လောက်အောင် ငိုတယ်။ ကလေးငိုတာ သနားပြီး ပြန်တိုက်မိလို့ နို့မဖြတ်နိုင်တဲ့ မေအေတွေ ရှိပါတယ်။
ဒါဟာ ကျမ ပထမကလေးတုန်းက ရခဲ့တဲ့အတွေ့အကြုံပါ။ ဒုတ်ယကလေးကျတော့ ဂျာမနီက ကလေးမိဘတွေ၊ သားဖွါးဆရာမတွေ မေးမြန်းပြီး သူတြိုလုပ်တဲ့အတိုငါး လိုက်လုပ်တာ။ နို့လည်း မတင်း/မနာ၊ ကလေးလည်း မငိုရတဲ့ နည်းလေး။ မိုက်တယ်။
✅ ကလေး တစ်နှစ်မှာ နို့စဖြတ်တယ်။ အဲ့ဖြတ်တဲ့အချိန်မတိုင်မီ ကလေး ထမင်းကောင်းကောင်းစားတတ်အောင်ကျင့်ပေးတယ်။ နို့တိုက်ချိန် တစ်ရက် တစ်ကြိမ်နှုန်း လျှော့ချတာ တဖြည်းဖြည်း နေ့ပိုင်း လုံး၀မတ်ုက်တော့တဲ့အထိပေါ့။ နေ့ပိုင်း နို့တောင်းတဲ့အချိန် စားစရာ/သောက်စရာ တစ်ခုခုပေးလိုက်တယ်။ ငိုတော့မယ်ဆို ကစားစရာနဲ့ အာရုံပြောင်းတယ်။ မွန်းလွှဲအိပ်ရင် ချီပြီးသိပ်တယ်။
ညအိပ်ယာ၀င်ချိန်တော့တိုက်တယ်။ တစ်ရေးနိုးထသောက်ရင်လည်း တိုက်တယ်။
နေ့လည်ပိုင်း နို့တင်းရင် ညှစ်ပစ်တယ်။ အစပိုင်းပါပဲ၊ နောက်ပိုင်း ကလေးစိုးတာ နည်းတော့ နို့က တဖြည်း ဖြည်း ခမ်းသွားတယ်။ (၆) လလောက်အဲလိုလုပ်တယ်။ ပြီးတော့ နို့သီးထိပ်ကို plaster အမဲနဲ့ အမြောက်ပုံကပ်ပြီး "နာတယ်၊ သောက်လို့မရဘူး" ဆိုပြီး စဖြတ်တယ်။ ၂ ရက်တည်းပဲ၊ လုံးလုံးပြတ်သွားတယ်။ ကလေးလုံး၀မငိုဘူး။ နို့လည်း လုံး၀မတင်းဘူး၊ မနာဘူး။
အမေအတွက်ရော ကလေးအတွက်ပါ အရမ်း အဆင်ပြေတယ်။ စမ်းကြည့်ပါ။ ..............
အဆင်ပြေကြပါစေ။ ..............
ကလေးရှေ့ရေး မိဘများပြင်ဆင်ပေး
crd
26/02/2024
👩👧👦ကိုယ့်သားသမီးပေါ် တာ၀န်ကျေတယ်ဆိုတာ ရော့ပိုက်ဆံဆိုပြီး ပစ်ပေးလိုက်လို့ ပြီးတာမဟုတ်။
👩👧👦သူတို့လေးတွေ မေတ္တာဆိုတာကို ခံစားတတ်စေဖို့လည်း တာ၀န်ကျေရတယ်။
👩👧👦မေတ္တာကို ပြန်ပေးတတ်ဖို့လည်း တာ၀န်ကျေရတယ်။
👩👧👦စိတ်နှလုံး လုံခြုံစေမှုအတွက်လည်း တာ၀န်ကျေရတယ်။
👩👧👦ကိုယ်ကျင့်တရား ကောင်းအောင် တည်ဆောက်တတ်ဖို့အတွက်လည်း တာ၀န်ကျေရတယ်။
👩👧👦အသက်ရှင် ကျန်းမာအောင် လမ်းပြပေးရင်းနဲ့လည်း တာ၀န်ကျေရတယ်။
👩👧👦အခက်အခဲတွေ ကြားထဲမှာ ရုန်းကန်တတ်စေဖို့ တာ၀န်ကျေရတယ်။
👩👧👦လဲကျ ရှုံးနိမ့်မှုတွေကြားထဲမှာ နစ်မြုပ်မသွားစေဖို့ တာ၀န်ကျေရတယ်။
👩👧👦ကောင်းမွန်တဲ့ အသက်မွေး၀မ်းကြောင်းမှု ဖြစ်စေဖို့လည်း တာ၀န်ကျေရတယ်။
👩👧👦 စိတ်ဒဏ်ရာ တွေ၊ နာကျည်းချက်တွေနဲ့ အဆိုးမြင်တတ်တဲ့ ကလေးတွေ မဖြစ်အောင် ပြုစုပေးရင်း တာဝန်ကျေရတယ်
👩👧👦သူတို့လေးတွေ အရွယ်ရောက်လို့ ကိုယ့်ရဲ့ နေ၀င်ချိန်ကို ပြန်ကြည့်သည်ဖြစ်စေ၊ မကြည့်သည်ဖြစ်စေ၊ ကိုယ့်ဖက်က လိပ်ပြာလုံလုံ စိတ်အေးအေးနဲ့ သူတို့တွေကို ထားခဲ့နိုင်ဖို့က အရေးအကြီးဆုံးပဲ။
👩👧👦ငါမွေးလိုက်တဲ့ သား၊ ငါမွေးလိုက်တဲ့သမီး၊ ငါမပါဘဲ ရပ်တည်နိုင်ပြီ လို့ စောစောသေချာတဲ့လူတွေက စောစောအေးချမ်းတာပဲ။
-------------------
အလုပ်အကိုင် လုပ်ငန်းများ အောင်မြင်တိုးတက်ကြပါစေ။
💯💯💯👍👍👍💓💓💓
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |