HAGL Myanmar
01/06/2026
ဇွန်လ(၁) ရက်နေ့မှာကျရောက်တဲ့ “အပြည်ပြည်ဆိုင်ရာ ကလေးများနေ့” ကို ကြိုဆိုသောအားဖြင့် ကျွန်ုပ်တို့ HAGL Myanmar မှဝန်ထမ်းမိသားစုများ၊ ကလေးများစုံညီစွာနဲ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 🌟
ဒီနေ့ကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်တော့ - ကလေးတိုင်း ကျန်းမာရေးစောင့်ရှောက်မှုတွေရရှိစေဖို့၊ ခေတ်မီတဲ့ ပညာရေးစနစ်နဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့အပါအဝင် ကလေးငယ်လေးတွေ အမြတ်ထုတ်ခံရမှုနဲ့ အကြမ်းဖက်ခံရမှုတို့မှ ကင်းဝေးပြီး လုံခြုံစိတ်ချစွာ နေထိုင်နိုင်စေဖို့အတွက် လူတိုင်းသိရှိပါဝင်လာနိုင်စေရေး အတွက် အလေးပေးပြုလုပ်တဲ့ campaign တစ်ခုအနေနဲ့ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ 🛡️📚🩺
ဒီနှစ်ရဲ့ “Together for every child” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ကလေးငယ်များအားလုံး တန်းတူညီမျှတဲ့အခွင့်အရေးတွေရရှိပြီး ၎င်းတို့ရဲ့စွမ်းဆောင်ရည်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးမယ့် အစီအစဉ်တွေကို စနစ်တကျ ထည့်သွင်းပြုလုပ်ပေးခဲ့ပါတယ်။ 🌱🤝
စွမ်းရည်ပြိုင်ပွဲမှာ ကလေးငယ်လေးတွေဟာ အက၊ ပန်းချီ၊ ဂီတတူရိယာတီးခတ်မှု၊ ပုံပြောခြင်း စတဲ့စွမ်းရည်တွေနဲ့ စင်မြင့်ထက်မှာ ရဲဝံ့စွာ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။ 🎨🎶
ဒါ့အပြင် ကလေးလေးတွေရဲ့စိတ်ကူးဉာဏ်တွေ ပိုမိုပွင့်လန်းစေမယ့် ဆေးရောင်ခြယ်ခြင်း၊ ပူဖောင်းအရုပ်ပုံဖော်ခြင်း၊ အသင်းအဖွဲ့နဲ့အတူ ပူးပေါင်းလုပ်ဆောင်တတ်စေဖို့အတွက် အဖွဲ့လိုက်ပူဖောင်းသယ်ပြိုင်ပွဲများကိုလည်း ထည့်သွင်းပြုလုပ်ပေးခဲ့ပါတယ်။ 🏆
ကလေးငယ်တစ်ဦးချင်းစီရဲ့ ဖြစ်တည်မှုတိုင်းကို တန်းတူညီမျှအသိအမှတ်ပြုတဲ့အနေနဲ့ HAGL Myanmar နှင့် Melia Yangon မှဝန်ထမ်းမိသားစုများရဲ့ ကလေးငယ်စုစုပေါင်း (၂၉၀)အတွက် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ပူးပေါင်းပါဝင်ဆောင်ရွက်မှုတိုင်းအတွက်လည်း အသိအမှတ်ပြုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ပါတယ်။ 🎁
HAGL Myanmar အနေနဲ့ နောင်အနာဂတ်မှာလည်း ကလေးငယ်တွေအတွက် လုံခြုံစိတ်ချပြီး သာယာလှပတဲ့ အသိုက်အဝန်းတစ်ခု ဖြစ်ထွန်းလာစေဖို့ ဆက်လက်ပံ့ပိုး ကူညီပေးသွားမှာပဲ ဖြစ်ပါတယ်။ ❤️
Celebrating International Children's Day 2026 with HAGL Myanmar 🎈
In celebration of International Children's Day on June 1st, HAGL Myanmar hosted a vibrant gathering for our employee families and their children. 🌟
This event was driven by a meaningful mission, acting as a dedicated campaign to raise awareness and ensure that every child enjoys quality healthcare, receives modern schooling, and lives securely, free from exploitation and abuse. 🛡️📚🩺
Aligned with this year's global theme, "Together for every child," we carefully curated activities to promote equal opportunities while fostering the children's individual capabilities and collaboration skills. 🌱🤝
• 🎤 Talent Show: The children confidently took the stage to express their unique creativity through dancing, painting, playing musical instruments, and storytelling. 🎨🎶
• 🎈 Creative & Interactive Games: A variety of engaging activities were organized to spark their imagination, including coloring sessions and balloon twisting, alongside team-based balloon carrying games aimed at building essential teamwork skills. 🏆
• 🎁 Celebrating Every Child: To honor each child's unique presence, we distributed special gifts to a total of 290 children from the employee families of HAGL Myanmar and Meliá Yangon, alongside recognition awards to applaud their wonderful participation. 📸
Moving forward, HAGL Myanmar remains deeply committed to supporting and building a safe, happy, and nurturing community where the next generation can truly thrive. ❤️
“Dream BIG, little ones ~ the future belongs to you.” ✨
💜 အသိသတိရှိခြင်းက အသက်ကို ကယ်တင်နိုင်ပါတယ် 💜
အခုကျရောက်တဲ့ ကမ္ဘာ့ကင်ဆာရောဂါအထိမ်းအမှတ်နေ့မှာ 'We Care, We Share' အဖွဲ့အနေနဲ့ ဦးလှထွန်းမေတ္တာရိပ်မွန် (ကင်ဆာ) ဖောင်ဒေးရှင်း ရဲ့ မွန်မြတ်တဲ့ လုပ်ငန်းစဉ်တွေမှာ တတပ်တအား ပါဝင်ကူညီခဲ့ပါတယ်။ ဒီဖောင်ဒေးရှင်းဟာ အဆင့် (၄) ကင်ဆာဝေဒနာရှင်တွေ သူတို့ရဲ့ နောက်ဆုံးအချိန်ကို အေးချမ်းစွာနဲ့ ဝေဒနာသက်သာစွာ ဖြတ်သန်းနိုင်ဖို့အတွက် ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးနေတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ကင်ဆာရောဂါ ကာကွယ်ရေးနဲ့ ကူညီဖေးမရေးအတွက် အားလုံးအတူတကွ လက်တွဲပြီး အသိပညာပေးသွားကြရအောင်ပါ။
💜 Awareness saves lives 💜
This World Cancer Day, the 'We Care, We Share' team visited the U Hla Tun Hospice Cancer Foundation to support their vital mission. This foundation provides compassionate, end-of-life care for Stage 4 cancer patients, ensuring they spend their final days in peace and comfort. Let’s keep sharing, caring, and raising awareness together.
#ကင်ဆာရောဂါ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
192, Kabar Aye Pagoda Road, Bahan Tsp
Yangon