Kenbo Service Center

Kenbo Service Center

Share

22/09/2017

ဖုန်းမှန်ကွဲတာကို ဆက်သုံးရင်ဖြစ်လာမယ့်ဆိုးကြိုးတွေ

------------------------------------------

စမတ်ဖုန်းကိုင်ဆောင်ရတဲ့သူတိုင်း အချိန်မရွေးကြုံတွေ့လာနိုင်တာကတော့

ဖုန်းမှန်သားပြင် ကွဲသွားခြင်းပဲဖြစ်ပါတယ်။ စမတ်ဖုန်းတစ်လုံးရဲ့တန်ဖိုးဟာ

နည်းပါးလွန်းတဲ့ပမာဏမဟုတ်တာကြောင့် အသစ်တစ်လုံးနှင့်ချက်ချင်းလဲဖို့

ဆိုတာလည်း သိပ်တော့မလွယ်ကူလှပါဘူး။ မိမိတို့ပတ်ဝန်းကျင်မှာလည်း

ဖုန်းမှန်ကွဲနေပေမဲ့ ဆက်သုံးတဲ့မိတ်ဆွေတွေရှိပါလိမ့်မယ်။ သူတို့ကိုလည်း

ဒီဆိုးကြိုးလေးတွေသိအောင်း ဝေမျှပေးလိုက်ပါဦး။

-ဖုန်းမှန်ကွဲရာကနေ စိစိညက်ညက်ကြေနိုင်။
(အက်ရာရှိနေတဲ့ ဖန်သားပြင်ဟာ ပြန်မကောင်းလာနိုင်တဲ့အပြင် ပိုဆိုးသွား ဖို့ပဲရှိပါတယ်။ဒီလိုမျိုး ပိုမိုအက်ကွဲလာတဲ့အချိန်မှာတော့ မသုံးသင့်ပါဘူး။)

-ဖန်သားစတွေဟာ အရေပြားနှင့်ပွတ်ရှမိရင် သွေးထွက်နိုင်ပါတယ်။
(ဒါက ပမာဏအခြေအနေပါ)

-ဖုန်းကပိုမိုပျက်စီးလာနိုင်။
(ဖုန်းရဲ့အပေါ်ယံမျက်နှာပြင်ကိုဖုန်းအုပ်ပေးတဲ့ ဖန်သားကွဲနေတာမို့ ဖန်သား ပျက်စီးတာနဲ့ ဖုန်းအထဲကလုပ်ဆောင်ပေးနေတဲ့ app တွေကိုပါ ထိခိုက်လာ စေနိုင်ပါတယ်။)

-ဖုန်းထဲကိုပြင်ပအညစ်အကြေးများဝင်ရောက်။
(ဖုန်းမှန်က ကွဲနေတော့ ရေ၊သဲ၊ဖုန်၊မိကပ် အစရှိတဲ့ အညစ်အကြေးနဲ့ ဖုန်းကို ပျက်စီးစေနိုင်တဲ့အရာတွေ ၀င်ရောက်နိုင်ပါတယ်။)

-ဖုန်းထဲကရေဒီယိုသတ္တိကြွလှိုင်းတွေ လူကိုကူးစက်။
(ဖုန်းထဲကရေဒီယိုလှိုင်းတွေကြောင့် စကားပြောလို့ရတာဖြစ်ပါတယ်။ ဖုန်းမှန်ကွဲခြင်းဟာ ဒီလှိုင်းတွေကို အပြင်ကိုပိုမိုပျံ့လွင့်စေတာကြောင့်
နားကိုထိခိုက်စေပါတယ်။မှန်ကွဲနေတဲ့ဖုန်းနဲ့ ဂိမ်းဆော့ရင်လည်း မျက်စိကို ပိုမိုထိခိုက်စေနိုင်ပါတယ်။)

# Kenbo Service Center # CreditEdited

05/07/2017

“နည်းပညာလုံခြုံရေးဆိုင်ရာ သိရှိထားသင့်သည်များ (၄)”

Online စနစ်တစ်ခုအား လုံခြုံစွာအသုံးပြုခြင်း Online websites များအသုံးပြုလာမှုကျယ်ပြန့်လာသည်နှင့်အမျှ နည်းလမ်းအမျိုးမျိုးဖြင့် လုံခြုံရေးဆိုင်ရာအချက်အလက်များခိုးယူမှုသည်လည်း ကျယ်ပြန့်လာနေပါသည်။ အထူးသဖြင့် Online တွင် ဈေးဝယ်ခြင်းများနှင့် Financial Transactions များပြုလုပ်ရာတွင် အများစုကြုံတွေ့ကြရသည်။
ထို့အတွက် အသုံးပြုသူ အနေဖြင့် မိမိအသုံးပြုမည့် Website တစ်ခု၏လုံခြုံမှုကို အထူးသတိပြုရမည်ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် မိမိအသုံးပြုနေသည့် Site တစ်ခုခုမှ အသုံးပြုသူနှင့်ပတ်သက်သည့် အချက်အလက်များကိုဖြည့်သွင်းပေးရန် တောင်းခံလာပါကလည်း အောက်ပါအချက်အလက်များကို ကြည့်ရှုခြင်းအားဖြင့် ၎င်း Site တစ်ခု၏ လုံခြုံမှုအဆင့်အတန်းကို သိရှိနိုင်ပါသည်။

https

Website တစ်ခု၏လုံခြုံမှုကို https: ခေါ် Hypertext Transfer Protocol Secure ဖြစ်၊ မဖြစ်ကို အကြမ်းဖျင်းကြည့်ရှုနိုင်ပါသည်။ ဥပမာအားဖြင့် ကုမ္ပဏီတစ်ခုမှ ၎င်းတို့၏ပစ္စည်းများကို Online Selling Sites များဖြစ်ကြသော eBay (သို့) Aamzon တွင် ရောင်းချသည်ဆိုပါကလည်း ၎င်းပစ္စည်းကို ကနဦးပိုင်ဆိုင်ထားသည့် ကုမ္ပဏီ၏ Website ကိုသွားရောက်ကာ Valid ဖြစ်၊ မဖြစ်ကိုကြည့်ရှုစစ်ဆေးနိုင်သည်။ သို့မှသာ မိမိမှာယူလိုက်သော ပစ္စည်းသည် အမှန်တကယ်ရောင်းချခြင်းရှိသောကုမ္ပဏီမှ မှာယူထားခြင်းဟုတ်၊ မဟုတ် သိရှိနိုင်ပါလိမ့်မည်။

Company or Owner Information

Company တစ်ခု၏ လုပ်ငန်းဆောင်တာများနှင့် ပတ်သက်လုပ်ဆောင်နေကြသူများအဖို့လည်း ၎င်း ကုမ္ပဏီပိုင်ဆိုင်ထားသည့် Website ကိုဝင်ရောက်ကြည့်ရှုပြီး အချက်အလက်များကိုရှာနိုင်သည်။ မှန်ကန်ကောင်းမွန်သော Site တစ်ခုတွင် Information အချက်အလက်များနှင့် ၎င်းတို့ကိုဆက်သွယ်နိုင်မည့် လိပ်စာ၊ Email၊ ဖုန်းနံပါတ်များပါရှိခြင်း ရှိ၊ မရှိနှင့် ရရှိလာသောအချက်အလက်များသည် မှန်ကန်ခြင်း ရှိ၊မရှိကို ကိုယ်တိုင်လေ့လာဆန်းစစ်နိုင်သည်။အချို့သော Online လုပ်ငန်းများသည် သတင်းအချက်အလက်အမှားများဖြင့် အသုံးပြုသူတို့ကို လိမ်လည်၍ အချက်အလက်ခိုးယူခြင်းများနှင့်ပုဂ္ဂိုလ်ရေးဆိုင်ရာသတင်းအချက်အလက်များကိုခိုးယူရာတွင် ၎င်းတို့၏ Websites များကို အသုံးပြုကြသည်။

Check for Security Certificate & Validate Domain Owner

အကယ်၍ ပိုမိုလုံခြုံစိတ်ချရသော Website တစ်ခုဖြစ်ခြင်း၊ မဖြစ်ခြင်းကိုသိရှိလိုပါက ၎င်း site ၏ Address bar တွင်ရှိသော https: ၏ဘေးရှိ Lock icon ကိုနှိပ်ပြီး Security Certificate ရှိ၊ မရှိကိုလည်း ကြည့်ရှုစစ်ဆေးနိုင်ပါသေးသည်။၎င်းအပြင် Web site တစ်ခု၏အချက်အလက်နှင့် Verify ဖြစ်၊ မဖြစ်ကိုကြည့်ရှုစစ်ဆေးနိုင်သော Website များစွာရှိနေပါသေးသည်။ ၎င်းတို့အထဲမှ www.mywot.com တွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်သလို၊ Domain owner များအနေဖြင့်လည်း မိမိ၏အချက်အလက်အမှန်ကိုထည့်သွင်းထားပြီး ယုံကြည် စိတ်ချရသော Site တစ်ခုဖြစ်ကြောင်းအထောက်အထားများကို ရယူနိုင်ပါသည်။

Pharming

အင်တာနက်ကိုအသုံးပြုနေသည့်သူများ၊အများအားဖြင့်ကြုံတွေ့ရသည့်အချက်မှာ Pharming ဟု ခေါ်သော Malicious code များပင်ဖြစ်ပါသည်။ ၎င်းတို့သည် ကွန်ပျူတာ (သို့) Server များကို Malicious codes များဖြင့်တိုက်ခိုက်ကာ website အတုယောင်များထံသို့ အလိုအလျောက်ခေါ်ဆောင်သွားခြင်းပင် ဖြစ်ပါသည်။
အသုံးပြုသူမှ Website Address များကိုမှန်ကန်အောင်ရိုက်ထည့်စေကာမူ ၎င်း site များသို့ရောက်ရှိနိုင်ခြင်းမရှိဘဲ Pharming attacker များမှရောက်ရှိစေလိုသည့် site များသို့ အလိုအလျောက်ရောက်ရှိသွား စေပါသည်။ ထို့အတွက် မလိုလားအပ်သော Data usage များဖြစ်ပေါ်စေသလို မိမိအလိုရှိသည့် Website တစ်ခုထံသို့ရောက်ရှိနိုင်ရန် အကြိမ်ကြိမ်ပြန်လည်ကြိုးစားနေရသည့် အဖြစ်များကိုဖြစ်ပေါ်စေကာ အသုံး ပြုသူများ ထံသို့ဆိုးကျိုးများကိုဖြစ်ပေါ်လာစေရန် ဖန်တီးထားသည်။ ၎င်းတို့ကို ကြော်ငြာများအဖြစ်လည်း တွေ့မြင်နေရသေးသည်။
အောက်ဖော်ပြပါ diagram ကို ကြည့်ရှုခြင်းအားဖြင့် Pharming တစ်ခု၏လုပ်ဆောင်ချက်ကို သိရှိနိုင်ပါသည်။

1. Attacker မှ DNS Server တစ်ခုရှိ Website ၏ IP Address ကို ၎င်းတို့ရောက်ရှိစေလိုသော site တစ်ခု၏ IP Address အဖြစ်သို့ပြောင်းလိုက်သည်။

2. User မှ မိမိအလိုရှိသည့် website address တစ်ခုကို မှန်ကန်စွာရိုက်ထည့်လိုက်သည်။

3. ထိုအခါ အသုံးပြုသူ၏ကွန်ပျူတာမှ ၎င်း Website တည်ရှိနေသော DNS Server ထံသို့ Website ၏ IP Address တောင်းခံသည်။

4. ၎င်း site ကို Pharming attack ပြုလုပ်ထားသဖြင့် fake website တစ်ခု၏ IP Address သာပြန်ရောက်လာသည်။

5. ထို့နောက် မူလသွားရောက်လိုသော Website မဟုတ်တော့ဘဲ Fake Website တစ်ခုဆီသို့သာဦးတည်သွားတော့သည်။

အထက်ပါလုပ်ဆောင်ချက်များသည် Pharming ၏ လုပ်ဆောင်ချက်များပင်ဖြစ်ပါသည်။
Content-Control Software များအထက်တွင် ဖော်ပြခဲ့သောအချက်များကိုကာကွယ်ရန်အတွက် Online အသုံးပြုသည့်သူများအနေဖြင့် လုံခြုံရေးဆိုင်ရာ အခြေခံဗဟုသုတများရှိထားရန် လိုအပ်သလိုသိရှိထားပြီးရုံဖြင့်လည်း မလုံလောက်သေးပါ။ ထို့အတွက် Content-control software များဖြင့်လည်း ကြိုတင်ကာကွယ်ထားရန် လိုအပ်ပါသည်။
၎င်းတို့ကို Censorware သို့ Web filtering software များဟုလည်းခေါ်ဆိုပြီး အသုံးပြုသူများအတွက် မည်သည့် Website သည် ယုံကြည်စိတ်ချရခြင်း ရှိ၊ မရှိကို Filter ပြုလုပ်ပေးနိုင်သည်။ ထိုသို့ Filter ပြု လုပ်ရာတွင် အောက်ပါအချက်များဖြင့် ပြုလုပ်ပေးပါသည်။

Client-side filters

၎င်းကိုအသုံးပြုမည်ဆိုပါက ကွန်ပျူတာအတွင်းသို့ Filter Software တစ်ခုခုကို ထည့်သွင်းထားရမည် ဖြစ်ပြီး မလိုလားအပ်သည့် Site များကို သွားရောက်ခြင်းမှကာကွယ်ပေးနိုင်သည်။ ၎င်းကို password အကူအညီဖြင့်စီမံထားနိုင်ပြီး များသောအားဖြင့် အရွယ်မရောက်သေးသူများအသုံးပြုပါက သွားရောက်ရန် မသင့်တော်သော site များကို စီမံရန်လည်းအသုံးပြုကြသည်။ Windows 7 မှစတင်ကာ ပါရှိလာသော Parental Control ကိုလည်းအသုံးပြုနိုင်သည်။
Browser-based filters
Browser-based filters များကိုမူ Plug-ins များအဖြစ်မိမိအသုံးပြုမည့် Browser ပေါ်မူတည်ပြီး ထည့်သွင်းထားနိုင်သည်။

Content-limited (ISPs sides)

အချို့သော Internet ဖြန့်ဝေပေးသည့် Internet Services Provider(ISP) များသည် ၎င်းတို့မူရင်း လိုင်းအတွင်းမှာပင် မလိုလားအပ်သော၊ မကြည့်ရှုစေလိုသောSiteများကိုကြိုတင်၍တားဆီးခြင်းများကိုလည်းပြုလုပ်ထားနိုင်သည်။

Search Engine Filters

Search Engines များဖြစ်သော Google, Yahoo စသည်တို့မှလည်း အသုံးပြုသူများအဆင်ပြေ လွယ်ကူစေရန်အတွက် Safety filter များကိုထည့်သွင်းပေးထားသေးသည်။ ၎င်းတို့ကို အသုံးပြု၍လည်း လုံခြုံစိတ်ချရသော Website များကို ရှာဖွေပေးနိုင်သေးသည်။
ဖော်ပြခဲ့သောအချက်အလက်များသည် Online အသုံးပြုသူများအတွက် ဗဟုသုတရရှိစေရန်နှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဖော်ပြပေးခဲ့ခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့်လည်း ဆက်လက်၍ လေ့လာသွားနိုင်ရန် အစပျိုးပေးလိုက်ခြင်းဖြစ်သည်။ IT-Security နှင့်ပတ်သက်သောစာမေးပွဲများကိုဖြေဆိုရန်လေ့လာနေသူများအတွက်လည်း အထောက်အကူပြုနိုင်မည်ဖြစ်ပါသည်။



☺️☺️☺️☺️

Want your hotel to be the top-listed Hotel in Yangon?
Click here to claim your Sponsored Listing.

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00