Ry-zen STORE II
10/09/2025
Specs နဲ့ ဈေးနှုန်းကိုကြည့်ပြီး တန်မတန်ဆိုတာကို ကိုယ်တိုင်ဆုံးဖြတ်နိုင်မယ်လို့ ယူဆတာမို့ Laptop နဲ့ပတ်သက်ပြီး အများကြီးလဲ မညွှန်းချင်တော့ပါဘူး။ ကျနော်တို့ Ry-zen Store II ကနေ ဝယ်ယူမယ့် Used Laptop တွေအတွက် အာမခံချက် ဘယ်လိုပေးတယ်ဆိုတာကိုပဲ အဓိက ရှင်းပြချင်ပါတယ်။
Warranty 1 Year ပေးပါတယ်။
ဝယ်ယူပြီး Error စမ်းသပ်ဖို့အတွက် အချိန် ၁ လ ပေးပါတယ်။ ၁လဆိုတာက Error ရှိမရှိ စစ်ဆေးနိုင်ဖို့ လုံလောက်တဲ့အချိန်ပါ။ ၁လအတွင်း Error ရှိခဲ့ရင် နောက်တလုံးပြန်လဲပေးတာ ဒါမှမဟုတ် Full Refund ပြန်တာ အဆင်ပြေရာ ရွေးချယ်နိုင်ပါတယ်။ ကျနော်တို့ Ry-zen Store II ကို ယုံကြည်လို့ ဝယ်ယူထားတဲ့ငွေက အလကားမဖြစ်စေရဘူးဆိုတာ 100% အာမခံပါတယ်။
Warranty စည်းကမ်းချက်တွေအနေနဲ့ကတော့ ရေဝင်တာ / ပြုတ်ကျထိခိုက်မိတာ / Shock ဖြစ်တာတွေ မဖြစ်ဖို့ပဲ လိုအပ်ပါတယ်။ ဒါတွေမဖြစ်ပဲ hardware error နဲ့ ပျက်တာမျိုးက အတော်ရှားပါတယ်။
Used Laptop ဖြစ်တာမို့ minor scratches, dents, or signs of wear အနည်းငယ် ပါဝင်ပါမယ်။ ဒါကတော့ ကြိုတင်ရှင်းပြထားတာပါ။ Condition ကတော့ 90% above ပါ။
စိတ်ဝင်စားမှုရှိလို့ ဝယ်ယူချင်တယ်ဆိုရင် 102 စကားဝါပင်လမ်း ကြည့်မြင်တိုင် ရန်ကုန်မှာ လာရောက်စစ်ဆေးပြီး ဝယ်ယူနိုင်ပါတယ်။ အသေးစိတ် သိချင်တာတွေကိုလဲ Phone or Viber 09 421004001 ကိုဆက်သွယ်ပြီး အားမနာတမ်း မေးမြန်းနိုင်ပါတယ်။
💻💻 Acer Predator Helios Neo 16 (2023) PHN16-71 (Obsidian Black) - 3,655,000 Ks (850 USD)
- Intel Core i5-13500HX (2.5~4.7GHz, 14Cores(6P+8E) 20Threads, L3 Cache 24MB)
- NVIDIA GeForce RTX 4050 (6GB GDDR6) TGP 120W
- 16" WQXGA (2560x1600) 16:10, IPS, 165Hz, 500nits, 100%sRGB, G-Sync
- 16GB (8GB x2) DDR5 4800MHz
- 512GB PCIe NVMe M.2 SSD
- HD Web Camera
- 4-cell 90 Wh Lithium Ion
- ENG Backlit Keyboard 4 Zone RGB
- 2.7 KG
💻💻 Asus ROG Strix G15 (2022) G513 (Gray) - 3,740,000 Ks (870 USD)
- Ryzen 9 6900HX (3.3~4.9GHz, 8Cores 16Threads / L3 Cache 16MB)
- NVIDIA GeForce RTX 3060 (6GB GDDR6) TGP 115W
- 15.6" WQHD (2560 x 1440) 16:9, IPS, 165Hz, 100% DCI-P3, Adaptive-Sync, Dolby HDR
- 16GB (8GBx2) DDR5 4800MHz
- 512GB PCIe 4.0 NVMe M.2 SSD
- 90WHrs, 4S1P, 4-cell Li-ion
- ENG Backlit Keyboard 4 Zone RGB
- 2.3 KG
05/07/2025
နယ်က ဝယ်ယူမယ့် customer တွေ စိုးရိမ်ကြတဲ့ အချက်ကတော့ ကိုယ်တိုင်လာမကြည့်နိုင်တော့ used laptop မို့ မသန့်မှာ စုတ်ပြတ်နေမှာ အနာဆာတွေရှိမှာ နွမ်းနေမှာ အစရှိတဲ့ စိုးရိမ်မှုတွေ ရှိကြပါလိမ့်မယ်။
ဒီ့တွက် ကျနော်တို့ အာမခံပေးနိုင်တာက ကျနော်တို့ရောင်းလိုက်တာ စုတ်ပြတ်နေတယ်လို့ ခံစားရရင် ပြန်ပို့ပေးနိုင်ပါတယ်။ အကြောင်းပြချက်မရှိ ငွေအပြည့် ပြန်အမ်းပေးပါ့မယ်။ ဒါလေးပါပဲ။
ဘာကြောင့် အခုလို အာမခံရဲတာလဲဆိုရင် ကျနော်ရောင်းတာ used ဆိုပေမယ့် condition 90% above ပဲမို့ပါ။
03/07/2025
Gaming Laptop တလုံးအတွက် ငွေအများကြီးလဲ မသုံးချင်ဘူး / ထိုက်သင့်တဲ့ Performance နဲ့အကြမ်းခံပြီး ရေရှည်တွက်လဲ စိတ်ချလက်ချ သုံးချင်တယ်ဆိုရင် ကျနော်တို့ Ry-zen Store II ကနေ Dell G15 5515 ကို recommend ပေးချင်ပါတယ်။ ဘာကြောင့် recommend ပေးတာလဲဆိုတာလဲ ရှင်းပြချင်ပါတယ်။
◾သုံးထားတဲ့ CPU က Ryzen 7 5800H (3.2~4.4GHz, 8Cores 16Threads / 16MB L3 Cache) ပါ။ 2021 က ထွက်ခဲ့တဲ့ CPU ဖြစ်တာမို့ အခု 2025 မှာ နိမ့်သွားပြီလို့ ပြောနိုင်ပေမယ့် CPU Heavy Task မရှိခဲ့ရင်တော့ Gaming နဲ့ Normal Productivity ပိုင်းအတွက် အဆင်ပြေပြေသုံးလို့ရနိုင်ပါတယ်။ သုံးထားတဲ့ GPU က RTX3060 (6GB GDDR6) ပါ။
◾Display ကတော့ 15.6-inch, 1920x1080 (FHD), 165Hz, 100%sRGB, brightness 300nits နဲ့မို့ Color Serious ရှိတဲ့ Creator တွေအတွက် သေချာပေါက် အဆင်ပြေစေပါတယ်။
◾Memory ကတော့ 16GB DDR4 3200MHz ဖြစ်ပြီး Storage က 512GB PCIe 3.0 NVMe M.2 SSD ကို သုံးထားပါတယ်။ ဈေးနှုန်းက 2,790,000 Ks ပါ။ တန်ပါတယ် အရမ်းကောင်းပါတယ်လို့လဲ မကြေငြာပါဘူး။ ကျနော်တို့ဆီက ၂၈သိန်းမှာရနိုင်မယ့် Specs နဲ့ တခြားမှာ ရနိုင်မယ့် Specs ယှဉ်ပြီး ဆုံးဖြတ်လိုက်ရင် အဖြေတခုတော့ ရလာပါလိမ့်မယ်။
Used Laptop ဖြစ်ပေမယ့် 1 Year Warranty ပေးထားပါတယ်။ Error စမ်းသပ်နိုင်ဖို့ ဝယ်ယူပြီးတဲ့နေ့ကစပြီး အချိန် ၁ လ ပေးထားတာမို့ စိတ်ချလက်ချ Heavy စမ်းသပ်နိုင်ပါတယ်။ Error ရှိခဲ့ရင် 100% Full Refund ဒါမှမဟုတ် နောက်ထပ်တလုံး ပြန်ယူတာ လုပ်နိုင်ပါတယ်။ ကျနော်တို့ Ry-zen Store II ကို ယုံကြည်ပြီး ဝယ်ယူထားတဲ့ငွေက အလကားမဖြစ်စေရဘူးဆိုတာ 100% အာမခံပါတယ်။ Warranty စည်းကမ်းချက်တွေအနေနဲ့ကတော့ ရေဝင်တာ / ပြုတ်ကျထိခိုက်မိတာ / Shock ဖြစ်တာတွေ မဖြစ်ဖို့ပဲ လိုအပ်ပါတယ်။
💻💻 Dell G15 5515 (Phantom Grey) - 2,790,000 Ks
- Ryzen 7 5800H (3.2~4.4GHz, 8Cores 16Threads / 16MB L3 Cache)
- NVIDIA GeForce RTX 3060 (6GB GDDR6)
- 15.6-inch, 1920x1080 (FHD), 165Hz, 100%sRGB, brightness 300nits
- 16GB (8GBx2) DDR4-3200MHz
- 512GB PCIe 3.0 NVMe M.2 SSD
- 86WHrs 6 Cell
- ENG Orange Backlit Keyboard with G-Key
- 2.57 Kg
ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြီးဝယ်ယူချင်တဲ့ Customer တွေအတွက် ဆိုင်လိပ်စာကတော့ 102၊ စကားဝါပင်လမ်း၊ ကြည့်မြင်တိုင်၊ ရန်ကုန်။ Phone or Viber : 09 421004001 ကိုလဲ ဆက်သွယ်နိုင်မေးမြန်းနိုင်ပါတယ်ခင်ဗျား
11/06/2025
Brand new only ပဲရောင်းခဲ့တဲ့ ကျနော်တို့ Ryzen Store အနေနဲ့ Used Laptop ရောင်းဖို့စဉ်းစားတဲ့အခါ ဈေးသက်သာဖို့အပြင် performance ပိုင်းကိုပါ ထည့်တွက်ရပါတယ်။ Ryzen Store ရဲ့ ထုံးစံအတိုင်း ပြီး ပြီးရောဆိုပြီးလဲ ရောင်းချင်တာမျိုးမဟုတ်တော့ Used ဖြစ်ပေမယ့်
◾ စုတ်ပြတ်နေတာမျိုးမဖြစ်ရဘူး
◾ Model နိမ့်တာမဖြစ်ရဘူး
◾ ထိုက်သင့်တဲ့ Performance နဲ့ ပေးရတဲ့ဈေး တန်ရမယ်
◾ Used ဝယ်တာဆိုပေမယ့် ခိုင်မာတဲ့ Warranty ရစေရမယ်ဆိုတဲ့အချက်တွေပေါ် အခြေခံပြီးရောင်းချမှာမို့ ကျနော့် policy နဲ့ ကိုက်ညီတဲ့ Acer Predator Helios Neo 16 2023 နဲ့ HP Omen 16 2023 ကို ဦးစားပေးရောင်းချဖို့ စီစဉ်ထားပါတယ်။
Omen တွေကတော့ စီစဉ်နေတုန်းဖြစ်ပေမယ့် Helios Neo တွေကတော့ လကုန်လောက်ဆို ၄လုံးလောက် ရောက်ဖို့ရှိပါတယ်။ လိုအပ်တဲ့သူတွေအနေနဲ့ ကြိုတင်ပြီး စဉ်းစားနိုင်အောင်ဆိုရင်
Acer Predator Helios Neo 16 PHN16-71 (Obsidian Black)
- Intel Core i5-13500HX (2.5~4.7GHz / 14Cores(6P+8E) 20Threads / L3 Cache 24MB)
- NVIDIA GeForce RTX 4050 (6GB GDDR6) TGP 120W
- 16.0" 2560x1600 (WQXGA), IPS, 165Hz, high-brightness (400nits), 100% sRGB
- 16GB (8GB x2) DDR5 4800MHz
- 512GB PCIe NVMe M.2 SSD
- HD Web Camera
- 4-cell 90 Wh Lithium Ion
- ENG 4 Zone RGB Backlit Keyboard
- 2.7 KG
HX series CPU ရယ် TGP မြင့်တဲ့ RTX4050 နဲ့ အဲ့ဒီ Specs ကို 6 months Warranty ပေးပြီး ၃၆-၃၇သိန်းဝန်းကျင်နဲ့ဆိုရင် Fair ဖြစ်တယ်လို့ ထင်ပါလား ?? အမြင်တွေ ပြောပေးခဲ့ပါဦးခင်ဗျား။ ဒါမှသာ ကျနော့်အနေနဲ့ ဆက်လုပ်သင့်မသင့် စဉ်းစားနိုင်အောင်ပါ။
ဘာကြောင့် Used ကို ရောင်းဖို့ စဉ်းစားလဲဆိုရင် Ryzen Store မှာ Gaming နဲ့ Productivity အတွက် သိန်း ၃၀~၃၅ ဝန်းကျင်လောက်ပဲ သုံးဖို့ မေးတဲ့သူတွေ အရမ်းများပါတယ်။ ပြောရရင် ၃၀ ဝန်းကျင်မှာဆိုရင် RTX2050 နဲ့ပဲ ရနိုင်မှာပါ။ 3050 တွေက ကျနော်မသွင်းတော့ 4050 ကို ညွှန်တဲ့အခါ ဈေးအနည်းဆုံး Ryzen 5 8645HS + RTX4050 နဲ့ HP Victus 15 က ၄၃သိန်းကျော်ပါတယ်။ ၄၃သိန်းကျော်သုံးရင် အသစ်ရတယ်ဆိုပေမယ့် Performance ပိုင်းနဲ့ Display ပိုင်းကြည့်ရင် Helios Neo 16 vs Victus 15 က အကွာကြီးပါ။ ဒီတော့ လိုအပ်သူတွေအနေနဲ့ Budget ပေါ်မူတည်ပြီး စဉ်းစားဖို့ပဲ လိုအပ်ပါတယ်။
Ry-zen STORE II က Ryzen Store အတိုင်းပဲ တာဝန်ယူမှု တာဝန်ခံမှုအပြည့်နဲ့ ရောင်းချပေးမှာဖြစ်တာမို့ စိတ်ချလက်ချ ဝယ်ယူနိုင်ပါတယ်ခင်ဗျား။ (ပုံကတော့ အသစ်ကို ပြထားတာပါ)
10/10/2023
လက်တလော Ryzen Store မှာ Instock ရနိုင်မယ့် Laptop / Monitor List ပါခင်ဗျား
🖥🖥 VIEWSONIC VA3209-MH - 31.5” IPS FHD 75Hz - 550,000 Ks
- Color gamut : 104% sRGB, 72% NTSC
- Color Support : 16.7 Million
- Response Time : 4 ms(GTG)
- Brightness : 250 Nits
- Aspect Ratio : 16:9
💻💻 MSI Modern 15 B7M-053TH (Classic Black) - 1,550,000 Ks
- Ryzen 5 7530U (2.0GHz up to 4.5GHz, 3MB L2 Cache / 16MB L3 Cache)
- AMD Radeon Graphics (Integrated Graphics)
- 15.6" 1920x1080 (FHD), IPS, 60Hz, 45% NTSC
- 8GB DDR4 3200MHz Onboard memory
- 512GB PCIe NVMe M.2 SSD
- HD type (30fps@720p) Web Camera
- 3 cell, 39.3Whr
- Windows 11 Home
- ENG/TH Backlit Keyboard Single Backlit (White)
💻💻 Asus Vivobook 16 X1605ZA-MB523W (Indie Black) - 2,080,000 Ks
- Intel Core i5-12500H (2.5GHz up to 4.5GHz, 18MB Intel Smart Cache)
- Intel Iris Xe Graphics (Integrated Graphics)
- 16.0" 1920x1200 (WUXGA), IPS, 60Hz, 300nits, Anti-glare, 45% NTSC
- 16GB DDR4 (8GB Onboard + 8GB SODIMM) 3200MHz
- 512GB M.2 NVMe PCIe 3.0 SSD
- 720p HD camera With privacy shutter
- 42WHrs, 3S1P, 3-cell Li-ion
- Windows 11 Home
- ENG/TH Chiclet Keyboard with Num-key
- 1.88 KG
💻💻 Gigabyte G5 GE-51TH263SH (Black) - 2,500,000 Ks (Gift - 8GB RAM)
- Intel Core i5-12500H (2.5GHz up to 4.5GHz, 18MB Intel Smart Cache)
- NVIDIA GeForce RTX 3050 (4GB GDDR6) Boost Clock 1500 MHz / Maximum Graphics Power 75 W
- 15.6" 1920x1080 (FHD), 144Hz, 250nits, 45%NTSC
- 8GB DDR4 3200MHz
- 2x Memory Slot 64GB Max
- 512GB PCIe 3.0 NVMe M.2 SSD
- 2x M2 SSD Storage Slot
- Lithium-Ion 54Wh
- Windows 11 Home
- ENG/TH full size keyboard 15 color illuminated with numeric pad
- 1.90 KG
💻💻 Acer Swift Go 14 SFG14-71-50S2 (Pure Silver) - 2,600,000 Ks
- Intel Core i5-13500H (2.6GHz up to 4.7GHz, 18MB Intel Smart Cache)
- Intel Iris Xe Graphics (Integrated Graphics)
- 14.0" 2880x1800 (2.8K), OLED, high-brightness (400 nits), 100% DCI-P3 (16:10)
- 16GB LPDDR5 Onboard memory
- 512GB PCIe NVMe M.2 SSD
- 3-Cell, 65Wh
- Windows 11 Home (Chinese Single Language Only)
- ENG only Backlit Keyboard
- Finger print Reader
- 1.32 KG
💻💻 Asus ROG Strix G15 GL543RM-HQ349W (Eclipse Gray) - 4,040,000 Ks
- Ryzen 9 6900HX (3.3GHz up to 4.9GHz , 4MB L2 Cache / 16MB L3 Cache)
- NVIDIA GeForce RTX 3060 (6GB GDDR6) Boost Clock - 1702MHz / TGP 115W
- 15.6" 2560x1440 (WQHD), IPS, 165Hz, 3ms, 300nits, Anti-Glare, 100% DCI-P3, Adaptive-Sync, MUX Switch + Optimus
- 32GB (16GB x2) DDR5 4800MHz
- 1TB PCIe 4.0 NVMe M.2 SSD
- Non Web Camera
- 90WHrs, 4S1P, 4-cell Li-ion
- Windows 11 Home
- ENG/TH Backlit Chiclet Keyboard 4-Zone RGB
- 2.30 KG
ပစ္စည်းတိုင်းကတော့ သက်ဆိုင်ရာ Center တွေရဲ့ 2-3 Years Warranty ပါပါတယ်။ Unboxing လုပ်မထားတဲ့ 100% Brand New တွေပါ။ Instock ရှိတာမို့ စောင့်ဖို့မလိုပဲ ချက်ခြင်းဝယ်ယူနိုင်ပါတယ်ခင်ဗျား။
26/09/2023
ကျနော်နဲ့ အကြိုက်တူတဲ့ Caterpillar Crazy တွေရှိရင် 40% Discount ပေးထားတာမို့
ဝယ်ချင်တယ်ဆိုရင် Tax 10% ကျနော်တို့ ယူတာမဟုတ်ဘူးနော် US မှာ ဝယ်တာနဲ့ Tax က ပေးရတာမို့ပါ။ သယ်ခ 1lb ကို 10$ နဲ့ ရန်ကုန်ရောက်ပါမယ်။ အမြတ်ကတော့ ကျနော်တို့ဆီကဝယ်ဖူးတဲ့သူတွေဆိုရင် တပြားမှမယူပါဘူး။ တန်မတန်ဆိုတာတော့ ကိုယ်တိုင်ပဲ စဥ်းစားပါ။ ရန်ကုန်မှာရော ထိုင်းမှာရော ဝယ်ရတာမလွယ်တဲ့ပစ္စည်းဖြစ်နေတာမို့ပါ။
https://www.catfootwear.com/US/en/fall-savings/
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No 49B, Ou Yin Street, Kyimyindaing Township
Yangon
11101