Mechanic Auto Parts

Mechanic Auto Parts

Share

Photos from Mechanic Auto Parts's post 25/05/2026

မီးနဲ့ ဝိုက်ပါ မပါရင် မိုးအခါမှ သိမယ်
⛈️⛈️🌦️

ခုလို မိုးများတဲ့ရာသီမှာ ဝိုက်ပါက
အတော်လေး အရေးပါပါတယ်။
မြင်ကွင်းရှင်းမှ အန္တရာယ်ကင်းမှာမို့လား။
လေကာမှန်ကို လာရှုပ်တဲ့အရာ မှန်သမျှ ရှင်းဖို့က
ဝိုက်ပါရဲ့ အလုပ်ပါ။
မိုးရေ၊ မြူငွေ့၊ ဖုန်၊ အညစ်အကြေး
အားလုံးကို ခါချနေရတဲ့ ဝိုက်ပါ။

ဝိုက်ပါစနစ်မှာ ဘာတွေပါ ✅

1. ဝိုက်ပါမော်တာ 🚩

ဝိုက်ပါကိုင်းတွေ လှုပ်ရှားစေဖို့ လည်ပတ် လုပ်ဆောင်ပေးပါတယ်။

2. ဝိုက်ပါကိုင်းနဲ့ ဝိုက်ပါဆံ 🚩

ဝိုက်ပါကိုင်းရဲ့ ထိပ်မှာ ဝိုက်ပါဆံခေါ် ရာဘာချောင်းလေးတွေရှိတယ်။
ဝိုက်ပါကိုင်းကို ဝိုက်ပါမော်တာနဲ့ ဆက်ထားတယ်။ မော်တာလည်ရင်
ကိုင်းက ‌‌ရွေ့ပြီး ထိပ်က ဝိုက်ပါဆံက မှန်ကိုပွတ်ပေးမယ်။
ရိုးရှင်းပါတယ်။

3. ဝိုက်ပါ လင့် 🚩

မော်တာက တစ်ဖက်တည်းကို လည်နေချိန်
ဝိုက်ပါကိုင်းတွေ တစ်ဖက်တည်း လည်မနေဘဲ
အပေါ်အောက် လည်ဖို့ လုပ်ဆောင်ပေးပါတယ်။

4. ရေဖြန်းစနစ် 🚩

ဝိုက်ပါရေဘူး၊ ပန့်၊ နော်ဇယ် တွေပါပြီး
မှန်ကို ရေဖြန်းပေးပါတယ်။

5. အနှေးအမြန်ထိန်းချုပ်စနစ် 🚩

မိုးအနည်း အများပေါ်မူတည်ပြီး
ဝိုက်ပါကိုင်းတွေရဲ့ လှုပ်ရှားမှု
နှေး/မြန်ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။

6. ဝိုက်ပါဆင်ဆာ (ကားတိုင်းမှာမပါ) 🚩

တချို့ကားတွေမှာ မိုးရွာရင် ဝိုက်ပါ ပွင့်ဖို့
မိုးများရင် အရှိန်မြန်ဖို့ စတာတွေအတွက်
မိုးကို အာရုံခံနိုင်တဲ့ ဆင်ဆာစနစ်ပါပါတယ်။

ဝိုက်ပါ ဘယ်လိုအလုပ်လုပ် ☔

သိပ်မရှုပ်ပါဘူး။
ဝိုက်ပါ ခလုပ်ကိုဖွင့်လိုက်ရင် မော်တာ လည်မယ်၊
မော်တာနဲ့လင့်-လင့်နဲ့ ဝိုက်ပါကိုင်းချိတ်ထားတာမို့
ကိုင်းတံတွေ လှုပ်မယ်၊ ကိုင်းတဲ့မှာပါတဲ့ ရာဘာဆံက
မှန်ကိုသုတ်ပေးမယ်။ ခလုပ်ကိုဆွဲရင် ရေဖြန်းပေးမယ်။
ဒါပါပဲ။

ဘာတွေပျက်တတ်လဲ 💪
အဖြစ်များဆုံးက ရာဘာဆံ။ နေပူထဲရပ်တာကြာမယ်၊
ဝိုက်ပါသုံးရတာများမယ်ဆို ရာဘာဆံက ရေပြောင်အောင်
သုတ်မပေးနိုင်တော့ပါ။ အဆံလဲလိုက်ရင် ရပါတယ်။
ဝိုက်ပါကိုင်း ကျိုးတာ၊ မော်တာပျက်တာမျိုးတွေလည်း
ဖြစ်လေ့ရှိပါတယ်။

ပုံမှန်ချိန်ဆို ဝိုက်ပါက အရေးမပါဘူး ထင်ရပေမဲ့
မိုးတွင်းမှာတော့ မပါမဖြစ်ပါ။ မိုးရွာချိန်မှာ
ဝိုက်ပါ မကောင်းဘူးဆိုရင် မောင်းရတာ ခက်ပါတယ်။
ဒါ ယာဥ်မောင်းတိုင်းသိတာမို့ ထူးမပြောတော့ပါဘူးဗျ ☔☔

ကိစ္စဆိုတာ အချိန်မရွေးပေါ်လာနိုင်တာမို့
ခရီးဝေးသွားစရာ မရှိဘူး မလဲသေးဘူး
မပြင်သေးဘူးလို့ မတွေးစေချင်ပါဘူး။
ဒီရာသီမှာ ဒါလေးက ပြင်ကို ပြင်ထားရမှာပါ။

ချစ်မိတ်ဆွေအားလုံး အန္တရာယ်ကင်းဘေးရှင်းပြီး
လိုရာခရီး အေးဆေးသက်သာ သွားနိုင်ကြပါစေ 🤩
Crd King carspareparts

စာဖတ်သူများကျန်းမာချမ်းသာဘေးကင်းကွာကြပါစေခင်ဗျာ🙏🙏🙏

ချစ်ကိုကြီးတို့အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ

#ကားစက်ပြင်အခြေခံစာအုပ်ကြီး
♦️19000ကျပ်♦️
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz

#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

#ကားWiring&ECUစာအုပ်ကြီး
♦️20000ကျပ်♦️
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
♦️18000ကျပ်♦️
https://www.facebook.com/127119418075398/posts/1074605609993436/

#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz

EFi & Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
♦️19000ကျပ်♦️
https://www.facebook.com/100064755550366/posts/551421737026340/

မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏စာအုပ်တွေအားပေးတဲ့ထမင်းရှင်ချစ်ကိုကြီးများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

25/05/2026

📌ဝိုင်စီး (Oil Seal) အကြောင်း တစေ့ တစောင်း📌

မြန်မာနိုင်ငံမှာရှိတဲ့ လူတော်တော်များများက Quality(အရည်အသွေး) နဲ့ Quantity (အရေအတွက်) ဆိုရင် အရေအတွက်ကိုပိုမက်ကြ ပိုရွေးချယ်ကြပါတယ်။ မလိုအပ်ပဲ ပိုကုန်တာတွေက အဲ့ဒီကစတာပါပဲ။ ၅၀၀၀သုံးရမယ့် အရာကနေ ၅သောင်း ၅သိန်း သုံးရတာတွေဖြစ်ကုန်ပါတယ်။

ကာအပိုပစ္စည်းလောကမှာလဲဒီလိုပါပဲ Qualityနိမ့်ဝိုင်စီးတွေကို ငွေနည်းနည်း အချိန်မရွေးဝယ်လို့ရတယ်ဆိုပြီးဝယ်ကြတယ် တပ်ကြတယ် ။ တပ်တပ်ချင်းကတော့အဆင်ပြေနေမှာပဲ နောက်ဆက်တွဲပြသနာတွေက နောက်မှစလာတော့တာပဲ ရာဘာကွင်းလေး ဝိုင်စီးလေးတစ်ကွင်းက ဘယ်လောက်အရေးပါသလဲဆိုရင် ကားတစ်စီးလုံးကို ဒုက္ခကောင်းကောင်းကြီးပေးနိုင်တဲ့ထိကို အရေးပါ အရာရောက်ပါတယ်။
ဝိုင်စီးတွေကတော့ ကားမှာအများကြီးပါပေမယ့် အရေးအကြီးဆုံး အပိုင်းဖြစ်တဲ့ မိန်း ဝိုင်စီး (Main Oil Seal) အကြောင်းကိုအရင်ပြောပြပါမယ်။

📌မော်တော်ကားအင်ဂျင်ရဲ့ မိန်းဝိုင်ဆီးလ်ဆိုတာ ဖလိုင်းဝှီးဘက်ခြမ်း (Rear Main Oil Seal) က အင်ဂျင်ဝိုင်ဆီးလ်ကို ဆိုလိုပါတယ်။ ဝပ်ရှော့အခေါ်ကတော့ မိန်းဝိုင်ဆီးလ်ဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မိန်းဝိုင်ဆီးလ် ဆီယို (အင်ဂျင်ဝိုင်) တဲ့အခါ ပြုပြင်တဲ့ ကုန်ကျစရိတ်က များစွာကျစေပါတယ်။ ဘာကြောင့်လဲဆိုတော့ မိန်းဝိုင်ဆီးလ် ဆီယိုတဲ့အခါ အသစ်လဲဖို့အတွက် ဖလိုင်းဝှီးဖြုတ်ဖို့လိုအပ်ပါတယ်။
ဖလိုင်းဝှီးဖြုတ်ဖို့အတွက် မန်နူရယ်ဂီယာကားမှာ ကလပ်ပလိတ်၊ ကလပ်ဖင်းကားဖြုတ်ဖို့လိုအပ်သလို၊ အော်တိုဂီယာကားတွေမှာ သပိတ်သီး (Torque Converter) ဖြုတ်ဖို့လိုအပ်ပါတယ်။ အဲ့ဒါတွေဖြုတ်ဖို့ ဂီယာဘောက်ဖြုတ်ရပါတယ်။ ဂီယာဘောက်ဖြုတ်ရမယ်ဆိုတော့ ကားကနေ အင်ဂျင် + ဂီယာ တွဲပြီး ဖြုတ်လိုက်တာက ပိုအဆင်ပြေတဲ့အတွက် အတွဲလိုက်ဖြုတ်ချရတာကြောင့် အချိန်များစွာကြာမြင့်သလို လက်ခလည်း များစွာကုန်ကျပါတယ်။
မိန်းဝိုင်ဆီးလ် ပစ္စည်းဈေးနှုန်းက သိပ်မရှိပေမယ့် ပြုပြင်ခက ဈေးကြီးတာကြောင့် မိန်းဝိုင်ဆီးလ်လဲတဲ့အခါ အမျိုးအစားကောင်းတာကိုဘဲ လဲပေးသင့်ပါတယ်။ မိန်းဝိုင်ဆီးလ် အင်ဂျင်ဝိုင်ယိုစိမ့်မှုကို ကုန်ကျစရိတ်များတဲ့အတွက် မပြုပြင်ရင်လည်း အင်ဂျင်ဝိုင်နည်းနည်းချင်း ယိုစိမ့်ကာ အင်ဂျင်ဝိုင်လျော့နည်းမှုကို သတိမထားမိဘဲ အင်ဂျင်ကြီးမားစွာ ပျက်စီးစေနိူင်ပါတယ်။
မိန်းဝိုင်ဆီးလ် ဆီယိုစိမ့်ကို စစ်ဆေးဖို့အတွက် ကားကို Lift ဖြင့် မ ပြီး အင်ဂျင်နှင့် ဂီယာဘောက်အစပ်နေရာ အင်ဂျင်ဝိုင်ယိုစိမ့်မှုကို စစ်ဆေးပေးရမှာ ဖြစ်ပါတယ်။ ဆီယိုစိမ့်မှု တွေ့ရတယ်ဆိုရင်တော့ အဖြစ်အများဆုံးက အင်ဂျင်မိန်းဝိုင်ဆီးလ် အင်ဂျင်ဝိုင်ယိုစိမ့်နေတာဘဲ ဖြစ်ပါတယ်။ တကယ်လို့ ကားရပ်ထားစဉ် မိန်းဝိုင်ဆီးလ်နေရာက အင်ဂျင်ဝိုင်ယိုစိမ့်မှု များစွာတွေ့နေရပြီဆိုရင် ကားကို ချက်ချင်းပြုပြင်သင့်ပါတယ်။
ဒါ့အပြင် မိန်းဝိုင်ဆီးလ် အသစ်လဲလို့ တပ်ဆင်တဲ့အခါမှာလည်း သေချာတပ်ဆင်ဖို့လိုအပ်ပါတယ်။ မိန်းဝိုင်ဆီးလ်တပ်ဆင်စဉ် မိန်းဝိုင်ဆီးလ် နုတ်ခမ်းလိပ်ခြင်း၊ အထိုင်မကျခြင်း၊ စောင်းနေခြင်းတို့ကြောင့်လည်း အင်ဂျင်ဝိုင် ယိုစိမ့်စေနိူင်ပါတယ်။ တချို့အင်ဂျင်များအတွက် မိန်းဝိုင်ဆီးလ်ထည့်တဲ့အခါ စပါယ်ရှယ်တူး (Special Tool) လိုအပ်ပါတယ်။
မိန်းဝိုင်ဆီးလ် ဆီယိုစိမ့်မှုကြောင့် အင်ဂျင်ဝိုင်လျော့နည်းကာ ကားရဲ့ဒိုင်ခွက်မှာ အင်ဂျင်ဝိုင်မီး လင်းလာနိူင်ပါတယ်။ ဒါကြောင့် အင်ဂျင်ဝိုင်မီးလင်းတဲ့အခါ အင်ဂျင်ဝိုင်ယိုစိမ့်နိူင်တဲ့ အပိုင်းတွေကို သေချာစစ်ဆေးသင့်ပြီး အမြန်ဆုံး ပြုပြင်တာက အကောင်းဆုံးဖြစ်ပါတယ်။

စာဖတ်သူများကျန်းမာချမ်းသာဘေးကင်းကွာကြပါစေခင်ဗျာ🙏🙏🙏

ချစ်ကိုကြီးတို့အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ

#ကားစက်ပြင်အခြေခံစာအုပ်ကြီး
♦️19000ကျပ်♦️
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz

#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

#ကားWiring&ECUစာအုပ်ကြီး
♦️20000ကျပ်♦️
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
♦️18000ကျပ်♦️
https://www.facebook.com/127119418075398/posts/1074605609993436/

#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz

EFi & Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
♦️19000ကျပ်♦️
https://www.facebook.com/100064755550366/posts/551421737026340/

မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏စာအုပ်တွေအားပေးတဲ့ထမင်းရှင်ချစ်ကိုကြီးများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

24/05/2026

ဓာတ်ဆီ vs ဒီဇယ်
ဘယ်ကောင်ကို ပိုကြိုက်လဲဗျ။

မိမိ အမြင်လေးတွေကို
ဆွေးနွေးပေးသွားပါအုံး ချစ်ကိုတို့ 😍

20/05/2026

ကားစျေးတွေဘာလို့ထပ်တက်ရတာလည်း
******************************************

အရင်ကဆို ဒေါ်လာရွှေတက်မှ ကားစျေးတက်တတ်ပေ့မဲ့ အခုအခါမှာတော့ကားစျေးဟာ ရွှေဒေါ်လာငြိမ်နေရက်နဲ့ တရွေ့ရွေ့ကို စျေးပါလာနေခဲ့တာတွေ့ပါတယ်။

လွန်ခဲ့သော၃လက ၂၀၀၀တန်ကားဟာ ၂၂၀၀-၂၃၀၀
လွန်ခဲ့သော၃လက၂၆၀၀တန်ကားဟာ ၂၈၀၀-၂၉၀၀
သိန်း၄၀၀၀တန်ကားဟာလည်း သိန်း၅၀၀၀အထိအတက်ပြထားပြီး
ဂျပန်ကားတွေမှာဆိုလည်း ဆီစားနှုန်းသက်သာပြီး
၂၀၀၈ မော်ဒယ်အထက်ကားတွေဟာ စျေးနှုန်း
သိန်းရာဂဏန်းကျော်ထိ တက်လာတာကိုတွေ့ရပါတယ်။

အခုလိုဖြစ်ရတဲ့ အကြောင်းအရင်း အခံတွေကတော့
စက်သုံးဆီဝယ်တဲ့အခါဝှီးတက် ခွဲတမ်းအရ
ဝှီးတက်Scanရခြင်း Wများအဖမ်းစီးအားကောင်းလာခြင်း ကြောင့် နယ်ဝယ်လိုအားတက်လာခြင်း
စုံ မစနစ်နဲ့ ဆီစျေးကြောင့် EVများအဝယ်လိုက်လာခြင်းပိုလျံငွေရှိသူများက စုံကားတစီးရှိရင် မကားတစီးထပ်ဝယ်ယူခြင်းကြောင့် ဝယ်လိုအားတက်လာခြင်း
ကျောင်းဖွင့်ရက်များနီးလာခြင်းကြောင့် ဝယ်လိုအားများလာခြင်း ထုတ်လုပ်တပ်ဆင်ကားများ ပြည်ပတင်သွင်းEVများ ထုတ်လုပ်မူ့ ထင်သလောက် များမလာခြင်း End Userဆီ တိုက်ရိုက်မစီးဆင်းတဲ့ စျေးကွက်အခြေနေ စတဲ့အချက်လက်တွေ ပေါင်းစုံသွားတာကြောင့် ကားစျေးဟာ ဆက်လက်မြင့်တက်လို့လာခဲ့ပါတယ်။

သတိပြုရမဲ့ တချက်က မြန်မာပြည်ကားလောကဟာ အင်မတန်မှအပြောင်းလဲမြန်တတ်သလို ပေါ်လစီတခုကြောင့်ပဲ ထိုးတက် ထိုးကျသွားလေ့ရှိပါတယ်
ဘတော့ပြန်ကျမယ်ဆိုတာပြောရခက်ပေ့မဲ့ ပူဖောင်းတလုံးလ်ိုပဲ အရမ်းတင်းမာလာရင်တော့ ပေါက်ကွဲတတ်တာကို အစီးသမားများ စတင်သတိပြုမိဖို့လိုပါတယ်ခမျာ။

စာဖတ်သူများကျန်းမာချမ်းသာဘေးကင်းကွာကြပါစေခင်ဗျာ🙏🙏🙏

ချစ်ကိုကြီးတို့အားလပ်ချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၆) အုပ်၀ယ်ဖတ်လို့ရပါတယ်🙏
ပေးရတဲ့ငွေကြေးတန်းဖိုးထက်10ဆမကတန်ဖိုးရှိသောလက်တွေ့အသုံး၀င်တဲ့ကားပြင်စာအုပ်တွေဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျာ

#ကားစက်ပြင်အခြေခံစာအုပ်ကြီး
♦️19000ကျပ်♦️
https://m.facebook.com/story.php?story_fbid=766847602150418&id=100064755550366&mibextid=Nif5oz

#အော်တိုဂီယာဗားဘော်ဒီစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

#ကားWiring&ECUစာအုပ်ကြီး
♦️20000ကျပ်♦️
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲဓာတ်ဆီအင်ဂျင်စာအုပ်ကြီး
♦️18000ကျပ်♦️
https://www.facebook.com/127119418075398/posts/1074605609993436/

#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်ကြီး
♦️20000ကျပ်♦️
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz

EFi & Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်ကြီး
♦️19000ကျပ်♦️
https://www.facebook.com/100064755550366/posts/551421737026340/

မြန်မာလိုကားစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်📞09796756476 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏စာအုပ်တွေအားပေးတဲ့ထမင်းရှင်ချစ်ကိုကြီးများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

Want your business to be the top-listed Equipment Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

အမှတ်450 ခေမာသီလမ်းမကြီးပေါ် ညရပ်ကွက် မဥကလာ
Yangon