Eainchanmyay.com

Eainchanmyay.com

Share

27/02/2024

ကွန်ဒိုဆိုတာကတော့ လက်တင် (Latin) ဘာသာစကားဖြစ်တဲ့ ကွန်ဒိုမီနီယမ် (Condominium) ကနေ ဆင်းသက်လာတာဖြစ်ပြီး မြန်မာလိုကတော့ ပူးတွဲစီမံအုပ်ချုပ်ခွင့်ရှိခြင်းဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ကွန်ဒိုဟာ မြန်မာလိုဆို စုပေါင်းပိုင်အဆောက်အဦဆိုပြီး အဓိပ္ပါယ်ရတာကြောင့် အနည်းဆုံး ၆ ထပ်နှင့်အထက် မြင့်ရပါမယ်။

ကွန်ဒိုဆောက်လုပ်နိုင်တဲ့မြေတွေကတော့
✅အစိုးရက စုပေါင်းပိုင်မြေလို့ သတ်မှတ်ထားတဲ့‌ နေရာတွေနဲ့
✅အစိုးရခွင့်ပြုတဲ့ အစိုးရမြေတွေပေါ်မှာသာ ဆောက်လုပ်လို့ရနိုင်ပါတယ်။
အစိုးရခွင့်ပြုတဲ့ အစိုးရမြေကိုတော့ စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေပုဒ်မ (၁၅) ပိုဒ်ခွဲမှာ “ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော်ပိုင်မြေ သို့မဟုတ် နိုင်ငံတော်ကိုယ်စား အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ စည်ပင် သာယာရေးကော်မတီ၊ စည်ပင်သာ ယာရေးအဖွဲ့တစ်ခုခုက ထိန်းသိမ်း စောင့်ရှောက်ခွင့်ပြုထားသော မြေတစ်ခုခု” ဆိုပြီး ဖော်ပြထားပါတယ်။

ကွန်ဒိုဆောက်တဲ့အခါ ကွန်ဒိုမြေဧရိယာဟာ အနည်းဆုံး စတုရန်းပေ ၂၀,၀၀၀ နဲ့ အထက်(အနည်းဆုံး ပေ ၁၀၀ x ပေ ၂၀၀) ရှိဖို့လိုအပ်ပြီး လုပ်ငန်းလိုင်စင်အနေနဲ့ကတော့ ငါးနှစ်သက်တမ်းသတ်မှတ်ထားပါတယ်။ ဒါပေမဲ့ သက်တမ်းကုန်ဆုံးသွားတဲ့အခါမှာတော့ စီမံခန့်ခွဲရေး ကော်မတီထံ လျှောက်ထားပြီး ထပ်မံတိုးမြှင့်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။
ကဲ ဒီလောက်ဆိုရင်တော့ ကွန်ဒိုနဲ့ ပတ်သက်လို့ တော်တော်လေး သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။ နောက်လည်း အိမ်ခြံမြေကနေ ဒီလိုမျိုး ဗဟုသုတရဖွယ်ရာတွေကို အမြဲတင်ဆက်ပေးသွားမို့လို့ Page လေးကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်။
အိမ်ခြံမြေလောကမှာ ရင်းနှီးမြှုပ်နှံဖို့ပဲဖြစ်ဖြစ် ရောင်းဝယ်ငှားဖို့ပဲဖြစ်ဖြစ် လိုအပ်ချက်မှန်သမျှကို လက်တွဲဖြည့်ဆည်းပေးဖို့အတွက်လည်း EainChanMyay .com က အသင့်ရှိနေပါတယ်။
☎️ +95 9 755 262 520
☎️ +95 9 765 551 550
📩 [email protected]




#ရင်းနှီးမြှုပ်နှံမှု

16/01/2024

ရင်းနှီးမြှုပ်နှံ၊ စီးပွါးရေးလုပ်ကိုင်ဖို့ ရန်ကုန်မြို့နဲ့ မနီးမဝေးက “၁၂.၈၄ ဧက” မြေကွက်ကြီးကို ရောင်းချပေးနေပါပြီ❗️

📍မှော်ဘီမြို့နယ်ထဲက အမှတ် (၄) လမ်းမကြီးပေါ်မေးတင် “၁၂.၈၄ ဧက” ကျယ်ဝန်းတဲ့ မြေကွက်ကျယ်ကို ပိုင်ရှင်ကိုယ်တိုင် အရောင်းဖွင့်ထားပါတယ်။

B - Toll Gate နဲ့ ကပ်လျက်ဖြစ်တာကြောင့် မှော်ဘီမြို့နယ်ထဲမှာ ရင်းနှီးမြှုပ်နှံထားဖို့ အကောင်းဆုံးဖြစ်လာမယ့် မြေကွက်ဖြစ်သလို မြေဖို့၊ ခြံခတ် အ​ဆောက်ဦး​ဆောက်ဖို့ အဆင်သင့်၊ ဧကများများ​ ရင်းနှီးမြှုပ်နှံထားမယ် စိတ်ကူးထားရင်တော့ 💰သိန်း 𝟒𝟓,𝟎𝟎𝟎 (ညှိနှိုင်း) နဲ့ အမြန်ဆုံး ဝယ်ယူထားသင့်ပါတယ်။

🤝အကျိုးတူ ဆောင်ရွက်လိုတဲ့ အကျိုးဆောင်များကိုလည်း ဖိတ်ခေါ်လျက်ရှိပြီး အသေးစိတ်သိလိုရာတွေအတွက် Eainchanmyay .com ရဲ့ Message Box နှင့် Hotline Phone ☎️09 755 262 520 သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။



#အိမ်ခြံမြေ #မြေကွက် #အရောင်း #မှော်ဘီမြို့နယ်

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Address


Yangon
11121