To My Favorite Person

To My Favorite Person

Share

05/02/2024

ဘဝဆိုတာရထားလေးတစ်စင်းလိုပဲ .. တဲ့ ။

ခရီး အစမှာ လိုက်ပါလာတဲ့လူတွေ ရှိတယ် ။

လမ်းတစ်ဝက် ဘူတာငယ်လေးမှာ တက်လာသူတွေလည်း ရှိတယ် ။

ခရီးဆုံးထိ ကိုယ်နဲ့အတူ လိုက်ပါလာသူတွေလည်းရှိမယ် ။

အများစုကတော့ ခဏသာ တွေ့ဆုံခြင်းပါပဲ ။

ချစ်လို့ပဲ ဖြစ်ဖြစ် ...
မုန်းလို့ပဲ ဖြစ်ဖြစ် ....
တစ်နေ့တော့ ခွဲကြရတာပဲ ။

တစ်ယောက်ပြီး တစ်ယောက် ဝင်လာလိုက်
ပြန်ထွက်သွားလိုက်နဲ့ တားပိုင်ခွင့်မရှိတဲ့
ရထားလေးဟာ ဘဝပဲ ။

ဝဋ်ကြွေးတွေကြောင့် မုန်းတဲ့သူတွေ ကြုံရသလို
ရေစက်တွေကြောင့် ချစ်တဲ့သူတွေရော တွေ့ခဲ့ရတယ် ။

အရာရာဟာ ကံပါသလောက်ပေါ့ ...။

30/01/2024

We may not talk, But I still care. ❤️

30/01/2024

သတိရတယ်ဆိုတာမျိုးက
ငှက်ကလေးတွေ အော်မှ
လကလေးက သာမှ
သစ်ရွက်ကလေးတွေ ကြွေမှ
ရှုခင်းကလေးက လွမ်းစရာကောင်းမှ
သတိရတာ မဟုတ်ပါဘူးကွာ
သတိရချင်တဲ့အခါ ဘယ်လို
နေရာမှာဖြစ်ဖြစ် သတိရတာပါပဲ ။

#မင်းလူ


#3012024

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon