Mee Panyar

Mee Panyar

Share

01/04/2026

[English translation in the comment]

Solar energy နယ်ပယ်မှာ အမျိုးသမီးတွေအတွက်နေရာရရဲ့လားဆိုတဲ့ မေးခွန်းကို ဒီနယ်ပယ်ထဲ စတင်ခြေချချင်သူတိုင်း မေးမိကြမယ်ထင်ပါတယ်။​

မြန်မာနိုင်ငံမှာ တဖြည်းဖြည်း တိုးတက်လာနေတဲ့ solar energy နယ်ပယ် ထဲမှာ အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေဟာ အင်ဂျင်နီယာဖြစ်မှမဟုတ်ဘဲ အခွင့်အလမ်းကောင်းတွေအများကြီးရှိလာပါတယ်။

ရန်ကုန်အခြေစိုက် solar installation လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ မမေသက်မွန်က ဒီ solar energy knowledge နဲ့ပတ်သက်ပြီး အခြေခံနားလည်တဲ့သူ သင်ယူချင်စိတ်ရှိသူ ဘယ်သူမဆို ဒီနယ်ပယ်ထဲ ဝင်ရောက်လုပ်ကိုင်နိုင်တယ်လို့ ပြောပြပါတယ်။

“Engineer ဖြစ်မှ solar energy sector ထဲဝင်လို့ရတာမဟုတ်ဘူးနော်။ အမတို့ company မှာဆိုရင် အခြေခံရှိတယ်ဆိုရင်ကို ခန့်ဖြစ်တယ်။

သူမကိုယ်တိုင်လည်း အင်ဂျင်နီယာ မဟုတ်ပေမယ့် လက်တွေ့အလုပ်လုပ်ရင်းနဲ့ သင်ယူခဲ့တာပါ။

နည်းပညာပိုင်းမှာ စိတ်ဝင်စားတဲ့ အမျိုးသမီးတွေအတွက် installation တစ်ခုတည်းမဟုတ်ဘဲ maintenance၊ troubleshooting လုပ်တာတွေ၊ freelance အလုပ်အကိုင်တွေအထိ အခွင့်အလမ်းတွေရှိနေပါတယ်။

“Maintenance ဘက်မှာ error ဖြစ်တဲ့အခါ solutions ရှာပေးတာတွေ လုပ်လို့ရတယ်။ Company တစ်ခုမှာ အလုပ်လုပ်တာမျိုးမဟုတ်ဘဲ freelance တွေလည်းလုပ်လို့ရတယ်။”

Mee Panyar ကပေးတဲ့ solar energy နယ်ပယ်တဲ့စတင်ဝင်ရောက်သူတွေအတွက် အခြေခံသင်တန်းတွေ၊ online learning တွေကနေ စတင်ပြီး error code တွေကိုနားလည်လာတာနဲ့အမျှ အခွင့်အလမ်းတွေ ပိုပြီးရှိလာနိုင်ပါတယ်။

“Mee Panyar ကပေးတဲ့ အခြေခံ knowledge နဲ့ online learning တွေကနေ စတင်လို့ရတယ်။ တဖြည်းဖြည်းနားလည်လာပြီးတော့ တကယ်ကောင်းတဲ့အခွင့်အလမ်းတစ်ခု ဖြစ်လာနိုင်တယ်။”

မမေသက်မွန်ကတော့ renewable energy နယ်ပယ်ထဲ စတင်ဝင်ရောက်မယ့် အမျိုးသမီးတွေအတွက် အကြံဥာဏ်ပေးထားပါတယ်။

“မိန်းကလေးတွေ နေရာပိုရချင်တယ်ဆိုရင် ကိုယ်ကိုယ်တိုင် လုပ်နိုင်တာကို ပြနိုင်ဖို့လိုတယ်။”

17/03/2026

ဆိုလာသင်တန်းတွေကနေတစ်ဆင့် လက်တွေ့ ဆိုလာတပ်ဆင်ရေးနေရာတွေအထိ renewable energy sector မှာ အမျိုးသမီးတွေနေရာရလာကြပါပြီ။
မီးပညာရဲ့ ဆိုလာသင်တန်းတွေမှာ တက်ရောက်ခဲ့တဲ့ အမျိုးသမီးသင်တန်းဟောင်းတွေဟာ သူတို့ရဲ့ solar energy ကဏ္ဍကိုစတင်ဝင်ရောက်လာခဲ့ပုံ ခရီးလမ်းလေးတွေနဲ့ ဝင်ရောက်လာပြီးတဲ့နောက်မှာ ရရှိလာတဲ့ အတွေ့အကြုံတွေအကြောင်းကို အောက်ကဗီဒီယိုလေးမှာ ဝေမျှပေးထားပါတယ်။

မီးပညာဟာ မြန်မာနိုင်ငံဆိုလာစွမ်းအင်ကဏ္ဍမှ အမျိုးသမီးတွေ ပိုမိုပါဝင်နိုင်ဖို့အတွက် အားထုတ်ကြိုးပမ်းနေလိုတဲ့ ရည်ရွယ်ချက်နဲ့ အမျိုးသမီးအင်ဂျင်နီယာတစ်ယောက်ကနေ စတင်တည်ထောင်ခဲ့တာပါ။ မီးပညာအနေနဲ့ renewable energy ကဏ္ဍမှာတင်မကပဲ​ ကျန်တဲ့အလုပ်ခွင်တွေမှာပါ အမျိုးသမီးတွေပိုမိုပါဝင်လာနိုင်ဖို့အတွက် ဆက်လက်အားပေးထောက်ပံ့သွားမှာဖြစ်ပါတယ်။

From training rooms to solar sites, women are claiming their place in Myanmar’s energy sector. In celebration of the week of International Women's Day, female alumni from Mee Panyar share their heartfelt journeys: from gaining essential skills in the renewable energy sector to creating real impact with what they’ve learned.

Founded by a female engineer, Mee Panyar is working to increase women’s participation in Myanmar’s solar industry equipping women with essential skills and opening doors to meaningful job opportunities.
We continue to celebrate women’s roles in renewable energy and beyond.
🤝What you believe, you become🤝

08/03/2026

အရည်အချင်းရှိခြင်းမရှိခြင်းဟာ အမျိုးသား အမျိုးသမီးဆိုပြီး ကွာခြားတာမျိုးမရှိပေမယ့် အလုပ်အကိုင် အခွင့်အလမ်းတွေကတော့ ကျား/မ ခွဲခြားမှုတွေရှိနေပါတယ်။ အမျိုးသမီးတွေအတွက် အခွင့်အလမ်းဆိုတာ ကဏ္ဍတစ်ခုထဲကို ဝင်ရောက်ဖို့ သင်တန်းတွေဖွင့်ပေးတာမျိုးတင်မဟုတ်ဘဲ နည်းပညာဆိုင်ရာ အခန်းကဏ္ဍတွေမှာ ဆက်လက်လုပ်ကိုင်နိုင်ဖို့၊ အောင်မြင်စွာ ပါဝင်နိုင်ဖို့အတွက်ပါ လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။

ယနေ့ မတ်လ ၈ ရက်နေ့မှာကျရောက်တဲ့ International Women’s Day 2026 အထိမ်းအမှတ်အနေနဲ့ မီးပညာ (Mee Panyar) ကို တည်ထောင်သူ Natasha Allen နဲ့ အတူ မီးပညာကို စတင်တည်ထောင်ဖို့ ဖြစ်စေခဲ့တဲ့ ကြောင်းရင်းတွေ၊ renewable energy ကဏ္ဍမှာ အမျိုးသမီးတွေ ဘယ်လိုပါဝင်နိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ပါတယ်။

Q: Renewable energy ကဏ္ဍမှာ အမျိုးသမီးတွေအတွက် သင်တန်းတွေကို မီးပညာက ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းရင်းကိုပြောပြပေးပါ။
A: အကြောင်းအရင်းတစ်စိတ်တစ်ပိုင်းကတော့ ကိုယ်တိုင်ကြုံခဲ့ဖူးတဲ့အတွေ့အကြုံတွေကြောင့်ပါ။ အမျိုးသမီးအင်ဂျင်နီယာတစ်ယောက်အနေနဲ့ ဆက်လက်သင်ယူဖို့လမ်းကြောင်းတွေမှာ ပတ်ဝန်းကျင်က ဘယ်လောက်အရေးပါလဲဆိုတာကို ကိုယ်တိုင်သိခဲ့ရလို့ပါ။ တခြား အမျိုးသမီးတွေအတွက်လည်း supportive ဖြစ်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးချင်တာကြောင့်လည်းပါပါတယ်။
အမျိုးသမီးတွေက နည်းပညာနဲ့ဆိုင်တဲ့အလုပ်အကိုင်တွေကို စိတ်ဝင်စားကြပေမယ့် သင်တန်းတွေ၊ mentorship တွေ လက်တွေ့လုပ်ငန်းအတွေ့အကြုံတွေရရှိဖို့ အခွင့်အလမ်းတွေ နည်းပါးနေသေးတယ်လို့ ထင်ပါတယ်။ မီးပညာအနေနဲ့ အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ ဒီလို အခက်အခဲတွေကို ဖြေရှင်းပေးဖို့အတွက် တစ်ဆင့်ချင်း ကြိုးစားနေပါတယ်။ သင်တန်းတက်ပြီး energy sector ထဲ ဝင်ရောက်လာဖို့တင်မဟုတ်ဘဲ လက်တွေ့အတွေ့အကြုံတွေ ရရှိနိုင်ဖို့၊ အလုပ်ရှင်တွေနဲ့ ချိတ်ဆက်ပေးဖို့၊ နောက်ပိုင်းမှာ supervisory နဲ့ leadership ရာထူးတွေအထိပါရောက်ရှိဖို့အတွက် လိုအပ်တဲ့ support တွေဆက်ပေးသွားနိုင်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။​

Q: Solar workforce ထဲမှာ အမျိုးသမီးတွေ ပါဝင်နိုင်ဖို့ ဘာကြောင့် အရေးကြီးတယ်လို့ ထင်ပါသလဲ?
A: စွမ်းအင်ပြောင်းလဲမှု (energy transition) ဆိုတာ လူတွေကပဲပြုလုပ်ရတာပါ။ လူတွေနဲ့ပဲဆိုင်ပါတယ်။ ဒီစနစ်တွေကို ဘယ်သူတွေ တည်ဆောက်မလဲ၊ ဘယ်သူတွေ ထိန်းသိမ်းမလဲ၊ ကဏ္ဍတိုးတက်မှုကို ဘယ်သူတွေ ပုံဖော်မလဲဆိုတာတွေပါ။
အရည်အချင်းရှိခြင်းမရှိခြင်းဟာ အမျိုးသား အမျိုးသမီးဆိုပြီး ကွာခြားတာမျိုးမရှိပေမယ့် အလုပ်အကိုင် အခွင့်အလမ်းတွေကတော့ ကျား/မ ခွဲခြားမှုတွေရှိနေပါတယ်။ အမျိုးသမီးတွေအတွက် အခွင့်အလမ်းဆိုတာ ကဏ္ဍတစ်ခုထဲကို ဝင်ရောက်ဖို့ သင်တန်းတွေဖွင့်ပေးတာမျိုးတင်မဟုတ်ဘဲ နည်းပညာဆိုင်ရာ အခန်းကဏ္ဍတွေမှာ ဆက်လက်လုပ်ကိုင်နိုင်ဖို့၊ အောင်မြင်စွာ ပါဝင်နိုင်ဖို့အတွက်ပါ အားပေးကူညီနိုင်ဖို့လိုပါတယ်။
အမျိုးသမီးတွေ technician၊ engineer သို့မဟုတ် supervisor အဖြစ် ရာထူးတစ်ခုရရှိလာတဲ့အခါ energy sector အားကောင်းမှုတွေဖြစ်လာပါတယ်။ ဒီလိုအလုပ်တွေကို လုပ်ဖို့ စဥ်းတောင်မစဥ်းစားဖူးတဲ့ အမျိုးသမီးတွအတွက်ပါ ကောင်းမွန်တဲ့ စံပြဥပမာတွေဖြစ်လာနိုင်ပါတယ်။

Q: Solar energy ကဏ္ဍမှာ အလုပ်လုပ်ဖို့ စဉ်းစားနေတဲ့ အမျိုးသမီးတွေအတွက် ဘာစကားမျှဝေချင်ပါသလဲ?
A: ဘယ်သူမှ အစကတည်းက အရာအားလုံးကို သိပြီး စတင်တာ မဟုတ်ပါဘူး။ လေ့ကျင့်ခြင်းကတစ်ဆင့်၊ စူးစမ်းလိုစိတ်နဲ့ လက်တွေ့လုပ်ငန်းခွင် အတွေ့အကြုံတွေကနေ အချိန်ကြာလာတာနဲ့အမျှ ရလာတာပါ။ လုပ်ကြည့်ဖို့စိတ်ဝင်စားနေပြီဆိုရင် ပထမခြေလှမ်းတစ်လှမ်းသာစလှမ်းလိုက်ပါ။ Renewable energyကဏ္ဍမှာ လုပ်ငန်းနဲ့အတူ ဆက်စပ်နေတဲ့ community တွေကို အကျိုးပြုမယ့်သူတွေကိုပိုပြီးလိုအပ်နေပါတယ်။ အခုအချိန်မှာလည်း အမျိုးသမီးတွေအတွက် အခွင့်အလမ်းတွေ ပိုများလာနေပြီဖြစ်ပါတယ်။

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Address


Yangon