Solar/Battery/Inverter professional Service

Solar/Battery/Inverter professional Service

Share

17/02/2025

အခု နှစ် ၂၀၂၅ နှစ်ဆန်းပိုင်း က စပြီး လျပ်စစ် မီး ပျက်ချိန် များလာ ပါတယ် ခင်ဗျာ ။

အိမ်တွေ မှာ ဆိုလာ စနစ်တွေ တပ် လာ ကြ တာ များ လာ ပါတယ် ။
ကျွန်တော် က ဆိုလာ စနစ် လိုက် တပ်ပေး တဲ့ ၊ အင်စတော်လာ မဟုတ်သလို ၊ ဆိုလာ ပစ္စည်း ဖြန့်ဖြူး တဲ့ ၊ ကုမ္ပဏီ ပိုင်ရှင်လဲ မဟုတ်ပါ ။

ဆိုလာ ပစ္စည်း လဲ လက်လီ လက်ကား မရောင်းပါ ။ ပြီး ခဲ့တဲ့ ၃ နှစ် လောက် ကတဲက ၊ မီးပျက် လွန်း လို့ ဆိုလာ စနစ်လေး တခု အိမ်မှာ တပ်ထား ပါတယ် ။ ဒီနေ့ အထိ အသုံးတည့် နေ ပါတယ် ၊ ဘာ မှ အခက် အခဲ မရှိ ဘဲ ၊ လက်ရှိ သုံးလို့ ရပါတယ် ခင်ဗျ။

အခု အချိန် မှ ဆိုလာ စနစ် ၊ စတပ် မဲ့ သူ တွေ ၊ အကျိုး အကြောင်း နဲ့ ကုန်ကျ နိုင် မဲ့ ၊ စရိတ် စက လေး တွေ ၊ ကိုယ် တိုင် ခန့်မှန်း တွက် တတ် အောင် ၊ ကျွန်တော် သိ သမျ လေး ရေး ပြ လိုက် ပါတယ်

ခင်ဗျာ ၊

ဆိုလာ စနစ် တပ် တော့ တော့ မယ် ဆို ရင် ၊ အောက် မှာ ပြထား တဲ့ အတိုင်း ၊ အဆင့် လေးဆင့် တွက်ချက် ခန့် မှန်း ဘို့ လို ပါတယ် ခင်ဗျာ ။

အဆင့် ၁။ ပထမဉီးဆုံး အနေ ဖြင့် မိမိ အိမ် တွင် ၂၄ နာရီ အတွင်း အသုံးပြု နေ သော လျပ်စစ် ဓါတ်အား သုံးစွဲ မှာ KWH ကို ဉီး စွာ တွက် ရ ပါမည်။

မီးလုံး မီးချောင်း သုံး ချိန် ၊ ဒယ်နီ သုံး ချိန် ၊ ရေခဲသေတ္တာ သုံးချိန် ၊ အဲယားကွန်း သုံးချိန် ၊ စုစုပေါင်း တို့ ကို ပြည့်စုံစွာ တွက် ချက် ခန့် မှန်း ရ ပါမည် ။

တွက်ချက်ပုံ မှာ မိမိ အသုံပြုမည့် ပစ္စည်း ၏ ဝပ်အား ကို အသုံးပြု သည် အချိန် ( နာရီ ) ဖြင့် မြောက်ခြင်း ဖြစ် ပါသည် ။ အသုံးပြု ပုံ များ မှာ တဉီး နှင့် တဉီး မတူ ညီ ကြ သဖြင့် ၊ အသေးစိတ် တွက် မပြ တော့ ပါ ၊

မိမိ ၏ အသုံးပြု မှု ကို မိမိ ကိုယ် တိုင်သာ တွက် ချက် ကြစေ လို ပါသည် ။
(က)Air con - တကောင် ၁ X 746 = ၇၄၆ X 1.5 = 1၁၁0 watts ( ၃ နာရီ သုံး လျင် 3.3 KWH )
(ခ) Air con - တကောင်ခွဲ 1.5 X 746 = 1119 X 1.5 = 1700 watts ( ၃ နာရီ သုံး လျင် 5.1 KWH )

(ဂ)မီးဖို/ဒယ်နီ 2200 watts (2 နာရီ သုံး လျင် 4.4 KWH )

(ဃ)မီးသီး ၄ လုံး x 15 w = 60 watts ( 5 နာရီ သုံး လျင် 0.3 KWH )

(င)ရခေဲသေတ္တာ ၂၀၀ watts ( 8 နာရီ သုံး လျင် 1.6 KWH )

(စ)ရေတင်စက်-၁ ကောင် = ၇၄၆ ဝပ် ( 0.5 နာရီ သုံး လျင် 0.35 KWH ).
…...
ဉပမာ အား ဖြင့် ၊ တွက်ချက်မှု အရ စုစုပေါင်း သုံးစွဲမှု တနေ့ အတွက် ၁၅ KWH လိုမည် ဆို ပါစို့ ။ ကျန်တဲ့ အဆင့် တွေ ဆက်လက် တွက်ချက် ပ မယ် ။

အဆင့် ၂ ။ ထို လျပ်စစ်အား ကို ဆိုလာပြား မှ ထုတ်ယူရမည် ဖြစ် သဖြင့် ၊
လိုအပ်သော ဆိုလာပြား အရေ အတွက် တွက်ချက် ခန့်မှန်းရန်

Solar Power Capacity (kWp) ထုတ်ပေးနိုင်မှု သည် ( တနေ့ ၄ နာရီ ၊ နံနက် ၁၀နာရီ မှ နေ့လည် ၂ နာရီ အတွင်း ၄ နာရီ အတွက် )

= Daily Energy Usage (kWh) / ( Peak Sun Hours (PSH) X System Efficiency )
= 15 KWH / ( 4 hr X 0.8 )
= 4. 68 KWP ( ဆိုပါစို့ 5 KWP လိုပါမည် )
ထိုကြောင့် ဝပ် ၅၀၀ ထွက် ဆိုလာပြား ( ၁၀ ) ချပ် လိုပါမည် ။

အဆင့် ၃။ ဆက်လက်ပြီး အသုံးပြုရမည့် ဘက်ထရီ အရွယ် အစား ကို ခန့် မှန်း ပါမည် ။
Autonomy Days ၊ ဆိုသည် မှာ ၊ အကြောင်း တစုံ တရာကြောင့် နေ မသာ ၊ တိမ်ဖုံး ၊ မိုးရွာ ခြင်း ကိစ္စ များ ကြောင့် ဘက်ထရီ အား မသွင်း နိုင်ခြင်း ဖြစ်ခဲ့ လျင် ၊ ၂ ရက် အတွက် ၊ စိတ်ချ လက်ချ သုံးနိုင်ရန် ၂ နှင့် မြောက်ထား ပါသည် ။

မိမိ ၏ တည်နေရာ အခြေ အနေ အရ ၂ ဖြင့် မမြောက် လို လဲ ရ ပါသည် ။ မမြောက်လျင် အား ဘက်ထရီ အား ၊ ပမာဏ တဝက် လျော့ သုံး လို့ ရ ပါသည် ။

Depth of Discharge (DoD) = လစ်သီယမ် ဘက်ထရီ အတွက် ၀.၉ နှင့် အက်စစ်သုံး ဘက်ထရီ အတွက် ၀.၅ ယူဆလျင်
Battery Capacity (kWh)= ( Daily Energy Usage (kWh) X Autonomy Days ) / ( Depth of Discharge (DoD) )
ထိုကြောင့် ဘက်ထရီ လိုအပ်ချက် တွက်ချက် မှု အရ

= ( 15 KWH X 2 Days ) / ( 0.9 ) = 33.33 KWH ( လစ်သီယမ် ဘက်ထရီ ) လိုပါမည် ။
( သို့ တည်း မဟုတ် ) အက်စစ်အိုး သုံး လျင်
Battery Capacity (kWh)= ( Daily Energy Usage (kWh) X Autonomy Days ) / ( Depth of Discharge (DoD) )

= ( 15 KWH X 2 Days ) / ( 0.5 ) = 60 KWH ( အက်စစ်သုံး ဘက်ထရီ ) လိုပါမည် ။
အဆင့် ၄။ ဆက်လက်ပြီး ၊ အသုံးပြုရန် လိုအပ် မည့် အင်ဘတ်တာ အရွယ် အစား ကိုခန့်မှန်း တွက်ချက် ပါမည် ။

တနေ့ 15 KWH သုံး နေ ချိန် တွင် ၊ တပြိုင်နက် ပါဝါ အများ ဆုံး အသုံးပြု မှု Peak Load (kW) ကို ၃ ကီလိုဝပ် ဟု သတ်မှတ် ပါ က
Inverter Capacity (kW) = Peak Load (kW) × 1.2
Inverter Capacity (kW)= 3kW × 1.2 = 3.6kW
ဆိုပါစို့ ၊ ယခု ဈေးကွက်တွင် အလွယ် ရ နိုင် သော ၅ ကီလိုဝပ် အင်ဘတ်တာ ကို သုံး ပါမည် ။

အားလုံး ပြန်ချုပ်လိုက်ရင် ၂၄နာရီ အတွက် ၁၅ ကီလိုဝပ်နာရီ ၊ မီးအား ကို ၊ ကြိုက် တဲ့ အချိန် မှာ သုံးမယ် ဆို ရင် ၊ ဝပ် ၅၀၀ ထွက် ဆိုလာ ပြား ၁၀ချပ် ၊ ၃၀ ကီလိုဝပ် နာရီ ဘက်ထရီ တလုံး နဲ့ ၅ ကီလိုဝပ် အင်ဘတ်တာ တလုံး တို့ လိုအပ် ကြောင်း တွေ့ ရ ပါတယ် ။

ဒီနေရာ မှာ ဘက်ထရီ ပမာဏ သည် ၊ အဓိက အကျ ဆုံး ၊ အရေး အကြီး ဆုံး ၊ ဈေးအကြီး ဆုံး ဖြစ် ပါတယ် ။ ၂၄ နာရီ အတွင်း ၊ လျပ်စစ်မီး ကို စိတ်ချ လက်ချ လုံလုံ လောက်လောက် သုံး နိုင်ဘို့ ဆိုတာ ၊ ဘက်ထရီ ပမာဏ အပေါ် အဓိက မူတည် ပါတယ် ခင်ဗျာ။

ကျွန်တော် အခု တွက် ပြ ထား တဲ့အချက် တွေ က safty factor အပြည့် နဲ့ maximum estimate ဖြစ်ပါတယ် ။ အများဆုံး ဖြစ်နိုင် မဲ့ ၊ maximum တပ် ရ မဲ့ ခန့် မှန်း ချက် တွေ ပါ ။ အီးပီစီ မီး လာခြင်း / မလာခြင်း တို့ ကို မေ့ ထား လိုက် လို့ ရ ပါပြီ ။ အီးပီစီ က လုံးဝ ၊ မလိုအပ် တော့ ပါ ခင်ဗျာ ။

ကုန်ကျ စရိတ် ဈေးနှုန်းတွေ အနေ နဲ့ က တော့ ၊ ဆိုလာပြား တချပ် ကို အရည်အသွေး ပေါ် မူတည် ပြီး ၅ သိန်း မှ ၆သိန်း ရှိပါတယ် ။ ဘက်ထရီ ၃၀၀ အမ်ပီယာ-နာရီ တလုံး ကို အရည်အသွေး ပေါ် မူတည် ပြီး ၈၀ သိန်း မှ ၉၀ သိန်း ရှိပါတယ် ။

၅ (သို့ ) ၆ ကီလိုဝပ် အင်ဘတ်တာ တလုံး ကို အရည်အသွေး ပေါ် မူတည် ပြီး ၁၇ သိန်း မှ ၂၀ သိန်း ရှိပါတယ် ။

အခုလောလောဆယ် မှာ တော့ ၊ ဆိုလာ ၁၀ ချပ် ၊ ၅၂ ဗို့ ၃၀၀ အမ်ပီယာ နာရီ ( ၁၅ ကီလိုဝပ် နာရီ ) ဘက်ထရီ နဲ့ ၆ ကီလိုဝပ် အင်ဘတ်တာ ၊ အတွဲ လိုက် က ၊ လူသုံး အများ ဆုံး ဖြစ် နေ ပါတယ် ။ စံ ကိုက် အတွဲ လို ဖြစ် နေ ပါတယ် ။

ကုန်ကျ နိုင် မဲ့ ၊ တပ်ဆင်ခ ၊ လက်ခ တွေ က တော့ ၊ တကျောင်း တဂါထာ ၊ တရွာ တပုဒ်ဆန်း ပါ ဘဲ။ ပုံ မှန် အနေ အထား က တော့ ၊ ဆိုလာ ပြား မတပ်ဆင်ဘဲ ၊ အင်ဘတ်တာ နဲ့ ဘက်ထရီ အတွက် သာ ၊ တပ် ဆင် တာ ဆိုရင် ၃ သိန်း မှ ၅ သိန်း ဖြစ်ပါတယ် ။

တချို့ နာမည်ကြီး ဆိုလာ ကုမ္ပဏီ တွေ ဆို ရင် ၊ သူတို့ ဆီ က ဆိုလာ ပစ္စည်း အား လုံး ဝယ်ရင် တပ်ဆင်ခ ၊ လက်ခ အခမဲ့ ဖြစ် ပါတယ် ။

ဆိုလာပြား တပ်ခ က တော့ ၊ ပျန်းမျ ဆိုလာပြား တချပ် ကို ( ငါးသောင်း က နေ ခုနှစ် သောင်းကြား ) ယူ ကြ ပါတယ် ။ အချပ်ရေ များ ရင် ဈေးလျော့ ပေး ကြပြီး ၊ အင်ဘတ်တာ နဲ့ ဘက်ထရီ ၊ တပ်တာ အတွက် လက် ခ ၊ သပ်သပ် ထပ် ၊ မတောင်း ကြ တော့ ပါဘူး ခင်ဗျာ ။

ဆိုလာစနစ် တပ်ကြ မယ် ဆိုရင် အိမ်ရှင် နဲ့ အင်စတော်လာ အကြား ၊ အချက် အလက် ပြည့်ပြည့် စုံစုံ နဲ့ ၊ ဘယ် ဟာ က ဘယ်လောက် ကုန် ကျ တယ် ၊ ဘာ ကြောင့်ဒီ တန်ဘိုး သင့် တယ် ။

ဘယ် ပစ္စည်း ကို အချိန် ဘယ်လောက် ကြာ အောင် ၊ မီး အား သုံး နိုင် မယ် ဆို တာ ၊ အသေးစိတ် Quotation and Specification sheet သေချာ တောင်း ဘို့ လို ပ မယ် ။

ဒါ မှ မိမိ ရဲ့ ငွေကြေး နဲ့ ထိုက်တန် တဲ့ ဝန်ဆောင် မှု ကို ရ နိုင်မှာ ပါ ။
အိမ်ရှင်ဘက် က ထိုက်တန် တဲ့ ဝန်ဆောင်မှု ရ ချင် ရင် ၊ အင်စတော် လာရဲ့ အကျိုးသင့် အကြောင်းသင့် တွက်ချက် မှု တွေ က ၊ မှန် နေရင် ၊ အင်စတော်လာ ကို ဈေးနှိမ် ၊

ဈေး သွား မဆစ်ကြ ပါ နဲ့ ခင်ဗျာ ။ သူ တို့ လဲ အသက်မွေးရာ အလုပ် ကို လုပ် နေ ရရှာ တာ ပါ ။ တန်ရာ တန်ကြေး ဖြစ်ကြ ဘို့ လို ပါတယ် ခင်ဗျာ ။

မနက် က ဖေ့ဘုတ် ပေါ် မှာ ၊ တွေ့ လိုက် ရ တဲ့ ၊ ဆိုလာ အင်စတော် လာ က မသိ နား မလည် တဲ့ ၊ အိမ်ရှင် ကို ဂျင်း အကြီးကြီး ထည့် လိုက် တာ လို မျိုး လို ၊

လူ အချင်းချင်း ၊ လှည့် ပါတ် ခြင်း က အားလုံးဘဲ ကင်းဝေး ချမ်းသာ ကြ ပါ စေ ခင်ဗျာ ။

….

Credit - U Win Maw Tun

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00