Northern Medical

Northern Medical

Share

19/06/2026

💁First Aid Kit ထဲမှာ မရှိမဖြစ် ပါသင့်တဲ့ ပစ္စည်း ၃ မျိုးကိုကဘာလဲ❓

A. Gauze Pad, Gloves, Antiseptic Solution

B. Notebook, Pen, Stapler

C. Spoon, Cup, Plate

အဖြေလေးကို ဖြေပေးခဲ့ကြဦးနော် ။ သင့် First Aid Kit ထဲမှာ ဘာတွေ ထည့်ထားလဲ မျှဝေပေးခဲ့ပါဦးရှင့်။

18/06/2026

💁Mask နဲ့ လက်အိတ်တွေ ရှိပေမယ့်... 'ခြေလှမ်းတွေ' ကရော စိတ်ချရရဲ့လား❓

📌ဆေးရုံဝတ်စုံ၊ Mask နဲ့ လက်အိတ်တွေ ဘယ်လောက်ပဲ စုံလင်ပါစေ… "ခြေလှမ်းတွေ" ကို မေ့ထားခဲ့ရင်တော့ ဆေးရုံရဲ့ ဘေးကင်းမှုစံနှုန်းက ၁၀၀% မပြည့်စုံပါဘူး။

💁ကျွန်မတို့ Northern Medical မှ shoe cover များသည် -

🦠အပြင်က ပါလာတဲ့ ဖိနပ်အောက်ခြေက ဖုန်နဲ့ ရောဂါပိုးတွေ ခွဲစိတ်ခန်းနဲ့ ICU ထဲ ရောက်မသွားအောင် တားဆီးပေးလို့ ကိုယ်ခံအားနည်းနေတဲ့ လူနာတွေကို ထပ်ဆင့်ပိုးဝင်ခြင်းကို ကာကွယ်ပေးပါတယ်။

🩸ခွဲစိတ်/ကုသနေစဉ် ကြမ်းပြင်ပေါ် ဖိတ်စင်တတ်တဲ့ လူနာရဲ့ သွေး၊ ဆေးရည်နဲ့ ပိုးမွှားတွေ ဖိနပ်မှာ ပေကျံမှုကို ကာကွယ်ပေးလို့ ကုသသူရော ကုသမှုခံယူသူအတွက်ပါ စိတ်ချရတဲ့ အကာအကွယ်တစ်ခုပဲဖြစ်ပါတယ်။

✅Shoe Cover တွေသည် ဆရာဝန်ရော လူနာပါ နှစ်ဦးလုံးကို တစ်ပြိုင်တည်း ကာကွယ်ပေးတဲ့ လျှို့ဝှက်အကာအကွယ် Barrier တစ်ခုပဲဖြစ်ပါတယ်။💁

အသေးစိတ်ကို -
☎09 964 755 918 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

🚚Northern Medical မှ Medical Products များကို ရန်ကုန်နှင့် မန္တလေးမှ မှာယူပါက ဆေးရုံ၊ ဆေးခန်း၊ဆေးဆိုင်အရောက် ပို့ဆောင်ခ ''အခမဲ့"ပို့ဆောင်ပေးပါတယ်ရှင်။

17/06/2026

🚨 လူနာအိပ်ယာပေါ် အရည်စိမ့်ကျမှုကြောင့် သန့်ရှင်းရေးလုပ်ငန်းစဉ်တွေ ခက်ခဲနေပါသလား❓

🩸ဆီး၊ သွေး၊ ဆေးရည်နဲ့ အခြားအရည်များ စိမ့်ဝင်သွားခြင်းက အိပ်ယာခင်းများကို မကြာခဏ လဲလှယ်ရစေပြီး Infection Risk ကိုလည်း မြင့်တက်စေနိုင်ပါတယ်။

🏥 Northern Medical Use Back Sheet များသည်

✅ အရည်စိမ့်ဝင်မှုကို ထိရောက်စွာ ကာကွယ်ပေးနိုင်ခြင်း၊

✅ လူနာအိပ်ယာကို သန့်ရှင်းခြောက်သွေ့စွာ ထိန်းသိမ်းပေးနိုင်ခြင်း၊

✅ Infection Control လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စေခြင်း၊

✅ လူနာနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လုံခြုံသော Care Environment ဖန်တီးပေးခြင်းတို့အပြင်၊

💡 Hospital, Clinic, Nursing Home များအတွက် လူနာစောင့်ရှောက်မှုအရည်အသွေး မြှင့်တင်ရာတွင် မရှိမဖြစ်အသုံးဝင်သော Medical Consumable တစ်မျိုးဖြစ်ပါတယ်။

🚚သန့်ရှင်းမှုကို မြှင့်တင်ပြီး လူနာစောင့်ရှောက်မှုကို ပိုမိုထိရောက်စေဖို့ Medical Use Bed Sheet များကို
💁 ရန်ကုန်နှင့် မန္တလေးမြို့တွင်းများမှ မှာယူလိုပါက ဆေးရုံ၊ဆေးခန်း၊ဆေးဆိုင်အရောက် အခမံ့ ပိုါဆောင်ပေးပါတယ်ရှင်။
☎️အသေးစိတ်ကို -
09 964 755 918 သို့ဆက်သွယ်‌မေးမြန်းနိုင်ပါတယ်ရှင်။

16/06/2026

💁‍♀️Ultrasound စစ်ဆေးမှုဆိုတာဘာလဲ❓ဘယ်လိုအလုပ်လုပ်သလဲ❓

📌Ultrasound စစ်ဆေးမှု (Ultrasound Imaging) ဆိုတာ ခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းအင်္ဂါအစိတ်အပိုင်းတွေကို အသံလှိုင်းတွေအသုံးပြုပြီး ပုံဖော်ရိုက်ကူးတဲ့ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။

📌X-ray တွေလိုဓါတ်ရောင်ခြည် (radiation)ကို အသုံးပြုတာ မဟုတ်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကလေးငယ်တွေ အတွက်ပါ ဘေးအန္တရာယ်ကင်းပါတယ်။

📌ဒီနည်းပညာက Transducer လို့ခေါ်တဲ့ ကိရိယာလေးကနေ အသံလှိုင်းတွေကို ထုတ်လွှတ်ပြီး ခန္ဓာကိုယ်ထဲကို ပို့လွှတ်ပါတယ်။အဲ့ဒီ အသံလှိုင်းတွေက အတွင်းအင်္ဂါအစိတ်အပိုင်းတွေကို ထိပြီး ပြန်လာတဲ့အခါ Transducer ကနေတဆင့် ဖမ်းယူကာ ကွန်ပျူတာမှာ ပုံရိပ်အဖြစ် ပြောင်းလဲဖော်ပြပေးတာ ဖြစ်ပါတယ်။

✨Ultrasound Gel အရေးပါပုံ✨

✅Ultrasound စစ်ဆေးမှုပြုလုပ်တဲ့အခါ Gel က အရေးကြီးပါတယ်။
Ultrasound GelကိုTransducer နဲ့ အရေပြားကြားထဲမှာ လိမ်းပေးရတဲ့ အဓိက အကြောင်းအရင်းကတော့ Transducer ကနေထုတ်လွှတ်တဲ့ အသံလှိုင်းတွေဟာ လေထဲမှာ ကောင်းစွာ မဖြတ်သန်းနိုင်လို့ပဲ ဖြစ်ပါတယ်။

✅အရေပြားနဲ့ Transducer ကြားမှာလေဟာနယ် (air pockets)တွေရှိနေရင် အသံလှိုင်းတွေ အားပျော့သွားပြီး ပုံရိပ်တွေမှုန်ဝါးနိုင်ပါတယ်။ ဒါကြောင့် Gelက အသံလှိုင်းတွေ လွယ်ကူချောမွေ့စွာ ဖြတ်သန်းနိုင်ဖို့ လမ်းကြောင်းတစ်ခုအနေနဲ့ ကူညီပေးပါတယ်။

💁‍♀️အရည်အသွေးမြင့် Ultrasound Gel ကိုဘာကြောင့် ‌ရွေးချယ်သင့်သလဲ❓

✅Ultrasound စစ်ဆေးမှုတစ်ခုရဲ့ အောင်မြင်မှုဟာ ပုံရိပ်ရဲ့ ကြည်လင်ပြတ်သားမှုပေါ် မှုတည်ပါတယ်။
ပုံရိပ်ကြည်လင်ပြတ်သားဖို့အတွက် Gel ရဲ့အရည်အသွေးက အရေးကြီးပါတယ်။ Gelကကြည်လင်ပြီးချောမွေ့မှုရှိမှသာအသံလှိုင်းတွေ အပြည့်အဝ ဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။

📌ဥပမာအားဖြင့် Norhtern Medical Ultrasound Gel လို အရည်အသွေးမြင့် Gel မျိုးကို အသုံးပြုရင် အကောင်းဆုံး Ultrasound ပုံရိပ်တွေ ရရှိနိုင်ပါတယ်။

✅Ultrasound စစ်ဆေးမှုဟာ အသက်အန္တရာယ်ကင်းကင်းနဲ့ ခန္ဓာကိုယ်အတွင်းပိုင်းကို အသေးစိတ် စစ်ဆေးနိုင်တဲ့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပြီး ကောင်းမွန်တဲ့ ရလဒ်တွေရရှိဖို့အတွက် Ultrasound Gelလို အထောက်အကူပြုပစ္စည်းတွေရဲ့ အရည်အသွေးကလည်း အရေးကြီးတာဖြစ်လို့ ဗဟုသုတအနေနဲ့ မျှဝေ‌ပေးလိုက်ပါတယ်ရှင်။

🚚Northern Medical မှ Medical products များကို မှာယူလိုပါက ဆေးရုံ၊ဆေးခန်း၊ဆေးဆိုင်အရောက် "အခမဲ့" ပို့ဆောင်ပေးပါတယ်ရှင်။

📌အသေးစိတ်ကို -
☎️ 09 964 755 918 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

15/06/2026

💁ဒီအပတ်မှာတော့ Northern Medical မှ Medical Products တွေနဲ့ပတ်သတ်ပြီး အားလုံးသိချင်နေကြတဲ့ မေးခွန်းလေးတွေကို ဖြေကြားပေးလိုက်ပါတယ်ရှင်။✅

💁Northern Flow Regulator က ဆေးရည်စီးဆင်းမှုနှုန်း တိကျမှု ရှိပါသလား❓

ဟုတ်ကဲ့၊ အပြည့်အဝ ရှိပါတယ်ရှင်။ Northern IV Flow Regulator ကို Clinical Standards အညီ ထုတ်လုပ်ထားပြီး ဆေးရည်စီးနှုန်းကို 5ml / h မှ 250ml/h အထိ လူနာအတွက် ဆရာဝန်ညွှန်ကြားတဲ့အတိုင်း တိကျသေချာစွာ ထိန်းညှိပေးနိုင်ပါတယ်။

💁ဆေးသွင်းနေစဉ်အတွင်း Flow Rate ကမောက်ကမ ဖြစ်တာမျိုး ရှိပါသလား❓

လုံးဝမရှိပါဘူးရှင်။ ကျွန်မတို့ရဲ့ Flow Regulator တွေမှာ တည်ငြိမ်တဲ့ စီးနှုန်းထိန်းညှိစနစ် (Flow Stability) ပါဝင်တဲ့အပြင် ပိုက်လိုင်းကလည်း ခေါက်ခြင်း၊ လိမ်ခြင်းမရှိတဲ့ Kink-Resistant Tubing ဖြစ်လို့ ဆေးသွင်းနေစဉ် တစ်လျှောက်လုံး အနှောင့်အယှက်မရှိ တည်ငြိမ်စွာ စီးဆင်းစေပါတယ်။

💁Medical Bed Sheet က အရည်တွေကို တကယ်ပဲ အောက်ကို စိမ့်မကျစေတာလား❓

ဟုတ်ကဲ့ပါရှင်။ Northern Bed Sheet ရဲ့ အောက်ခံအလွှာကို အရည်အသွေးမြင့် PE Film (Waterproof Layer) နဲ့ ပြုလုပ်ထားလို့ ဆီး၊ ဝမ်း၊ သွေး နဲ့ တခြားအရည်တွေ အောက်ခံ အိပ်ရာမွေ့ရာပေါ်ကို လုံးဝ (လုံးဝ) စိမ့်ဝင်မသွားအောင် အပြည့်အဝ ကာကွယ်ပေးပါတယ်။

💁အိပ်ရာထဲလဲနေတဲ့ လူနာတွေ သုံးရင် အသားယားတာ၊ အနာဖြစ်တာမျိုး ရှိနိုင်မလား❓
မရှိနိုင်ပါဘူးရှင်။ အပေါ်ယံအလွှာက Soft Non-woven Fabric ဖြစ်လို့ အသားအရေကို မထိခိုက်စေဘဲ အရည်များကို မြန်မြန်ဆန်ဆန် စုပ်ယူပေးပါတယ်။ လူနာကို ခြောက်ခြောက်သွေ့သွေ့နဲ့ သက်တောင့်သက်သာ ရှိစေလို့ အစိုပြန်ပြီး အိပ်ရာနာ (Bedsores) ဖြစ်ခြင်းကိုပါ ကာကွယ်ပေးပါတယ်။

📌ဒါကြောင့် Northern Medical မှ Medical products များကို ယုံကြည်စိတ်ချစွာရွေးချယ်နိုင်ပါတယ်ရှင်။

🚚Medical product များကို ရန်ကုန်နှင့်မန္တလေး မြို့နယ်များမှ မှာယူလိုပါက ဆေးရုံ၊ ဆေးခန်း ၊ဆေးဆိုင် အရောက် ''အခမဲ့ '' ပို့ဆောင်ပေးပါတယ်ရှင်။

📌အသေးစိတ်ကို -
☎️09 964 755 918 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

14/06/2026

Blood Donor Day 🩸

ယနေ့ ဇွန်လ (၁၄) ရက်နေ့သည် ကမ္ဘာ့နေရာဒေသအသီးသီးမှ သွေးလိုအပ်နေသူများအတွက် ကိုယ်ကျိုးစွန့် လှူဒါန်းပေးကြသည့် သွေးအလှူရှင်များကို အသိအမှတ်ပြု ဂုဏ်ပြုသောနေ့လေးပဲ ဖြစ်ပါတယ်ရှင်။

ကျွန်မတို့ Northern Medical မိသားစုမှလည်း သွေးလှူဒါန်းသူများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုအသိအမှတ်ပြုလိုက်ပါတယ်ရှင်။🥰

ဒီနေ့လေးမှာ အတူတူ သွေးလှူဖူးတဲ့ သူငယ်ချင်းလေးတွေ ဒါမှမဟုတ် ပထမဆုံး သွေးလှူဒါန်းခဲ့ရတဲ့ အမှတ်တရ အတွေ့အကြုံလေးတွေကို Comment မှာ မျှဝေပေးခဲ့ဦးနော်။ 🥰👇

12/06/2026

💁‍♀️Insulin ထိုးသွင်းတဲ့အခါ တိကျမှန်ကန်ပြီး အဆင်ပြေစွာထိုးသွင်းနိုင်ဖို့ Syringe ရွေးချယ်မှုက အရေးကြီးတယ်နော်။
Northern Medical Insulin Syringe တွေက -
✔အရွယ်အစားသေးငယ်ပြီး အသုံးပြုရလွယ်ကူ။
✔တိကျတဲ့ Unit Scale ပါရှိလို့ Insulin ပမာဏ မှန်ကန်စွာထိုးနိုင်။
✔နာကျင်မှုဒဏ်နည်းပါးစေရန် သေးသွယ်တဲ့ Needle အရွယ်အစား။(ဆေးသွင်းနေစဥ် အပ်ကျိုးခြင်း လုံးဝ (လုံးဝ) မရှိ)။
✔Disposable ဖြစ်တဲ့အတွက် သန့်ရှင်းပြီး ဘေးအန္တရာယ်လျော့နည်းစေခြင်း။
စတဲ့ အချက်တွေအပေါ်အခြေခံပြီး အကောင်းဆုံး ထုတ်လုပ်ထားပါတယ်။
Available size,
Insulin syringe with fixed needle ,1ml,29G
အသေးစိတ်ကို-
☎️ - 09 964 755 918
💌m.me/northernmedical.nml မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

11/06/2026

🩺Ultrasound Gel ကျဲလွန်းတာကြောင့် စိတ်ညစ်နေရပြီလား❓

✨Ultrasound Gel ကျဲလွန်းသောအခါ လိမ်းပြီးမကြာခင်မှာ စိမ့်ဝင်မြန်ခြင်းကြောင့် အလွယ်တကူခြောက် သွေ့ နိုင်ပါတယ်။

✨အလွယ်တကူခြောက်သွေ့ နိုင်ခြင်းကြောင့် ပုံရိပ် အရည်အသွေးကျဆင်းခြင်း ၊ ပုံရိပ်မှုန်ဝါးခြင်း၊ အလင်းပြန်မှုများခြင်း စသဖြင့် ရလဒ်များရရှိနိုင်ပါတယ်။

Medical Ultrasound Gel သည် Medium Viscosity ဖြစ်တာကြောင့် ခြောက်သွေ့ခြင်းမဖြစ်အောင် ကာကွယ်ပေးပါသည်။
အသံလှိုင်း စီးဆင်းမှုကို အချိန်ကြာကြာ ထိန်းထားစေနိုင်ပါတယ်။

🩺သုံးစွဲသူဆရာဝန်ကြီးများအတွက်လဲ Gel အသုံးပြုရာတွင် ထပ်ခါထပ်ခါ အသုံးပြုရန်မလိုအပ်သောကြောင့် အချိန်ကုန်သက်သာပြီး Ultrasound စစ်ဆေးမှုကို အထူးအာရုံစိုက်နိုင်ပါတယ်။

Available Sizes,
Ultrasound Gel, 250ml 50 bottles/carton
Ultrasound Gel, 5L 4 barrels/ carton

🚚Northern Medical မှ Medical product များကို ရန်ကုန်၊မန္တလေး မည်သည့်မြို့နယ်မဆို မှာယူပါက ဆေးရုံ၊ဆေးခန်း၊ဆေးဆိုင်အရောက် "အခမဲ့"ပို့ဆောင်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။
အသေးစိတ်ကို-
☎️ - 09 964 755 918
💌m.me/northernmedical.nml မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

10/06/2026

💁အရေးကြီးတဲ့ ခွဲစိတ်မှုတိုင်းမှာ အာရုံစူးစိုက်မှု မပျက်စေဖို့... နားနောက်က နာကျင်မှုတွေကို အရင်ဆုံး ဖြေရှင်းလိုက်ပါ။✅

💁ဆရာဝန်ကြီးများနှင့် နပ်စ်များအတွက် Ear-loop Mask တွေရဲ့ တင်းကြပ်မှုဟာ အာရုံစူးစိုက်မှုကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် နားနောက်မှာ နာကျင်ခြင်း ၊ ခေါင်းကိုက်ခြင်း ဝေဒနာတွေကို ခံစားရစေပါတယ်။

💁Northern Medical မှ တင်သွင်းသော Medical Face Mask များသည် Surgical Standard အပြည့်ဖြင့် ထုတ်လုပ်ထားပြီး အဆင့်မြင့် Filter အလွှာ (၃) ထပ်ဖြင့် ဖွဲ့စည်းထားတဲ့အတွက် ရောဂါပိုးကူးစက်မှုကို 99.9 ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ခြင်း။

💁Surgical Grade ဖြစ်ပြီး လေဝင်လေထွက်ကောင်းမွန်သောကြောင့် တင်းကျပ်ပိတ်လှောင်ခြင်းကို လျှော့ချပေးခြင်း။

💁ခွဲစိတ်စဉ်အတွင်း ဖြစ်ပေါ်လာနိုင်သော အရည်စင်မှု (Body Fluid Splashes) များကို အလွှာလိုက် ကာကွယ်ပေးခြင်း။

💁ဒါ့အပြင် Bacterial Filtration Efficiency BFE ≥ 98%အထက်ရှိခြင်းကြောင့် အမှုန်အမွှားနှင့် ရောဂါပိုးမွှားများကို အထိရောက်ဆုံး စစ်ထုတ်ပေးနိုင်သည့် Facce Mask တစ်မျိုးဖြစ်ပါတယ်။
Available Colur ,
Surgical Face Mask , Ties , Adult, - Green

အသေးစိတ်ကို -
☎️09 964 755 918 သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

🚚Northern Medical မှ Medical Products များကို ရန်ကုန်နှင့် မန္တလေးမှ မှာယူပါက ဆေးရုံ၊ ဆေးခန်း၊ဆေးဆိုင်အရောက် ပို့ဆောင်ခ ''အခမဲ့"ပို့ဆောင်ပေးပါတယ်ရှင်။

09/06/2026

🧑‍⚕️ Healthcare Professionals များအတွက် — Northern Isolation Gown📌

💁Hospital, Clinic နဲ့ Operation Room တွေမှာ Protective Gown တစ်ထည်ရဲ့ Quality က Healthcare Team ရဲ့ Safety နဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်နော်။

💁ဒါကြောင့် Northern Isolation Gown တွေကို —
✔ သွေးနှင့် အရည်များ စိမ့်ဝင်မှုကို ကာကွယ်ပေးနိုင်သော Premium Non-Woven (PP+PE) Material ဖြင့် ထုတ်လုပ်ထားပါတယ်။
✔ ပေါ့ပါးပြီး လေဝင်လေထွက်ကောင်းမွန်သောကြောင့် တစ်နေ့လုံး ဝတ်ဆင်ရင်တောင် သက်သောင့်သက်သာ ရှိစေပါတယ်။
✔ အလွယ်တကူ မပြဲထွက်စေရန် ချုပ်ရိုးချုပ်သားပိုင်းကို အထူးခိုင်ခံ့စွာ ဖန်တီးထားပါတယ်။
✔ AAMI Level Standard ပြည့်မီသောကြောင့် Medical Use အတွက် စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။

💁 Healthcare Environment အတွက် လိုအပ်တဲ့ စံနှုန်းပြည့် Medical Product များကို "ရန်ကုန" နှင့် "မန္တလေး "မှ မှာယူပါက ဆေးရုံ‌၊ဆေးခန်း၊ဆေးဆိုင်အရောက် အခမဲ့ ပို့ဆောင်ပေးပါတယ်ရှင်။

အသေးစိတ်ကို -
09 964 755 918 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Address


Hta/214/1, Yarzaa Dirit Road, 41 Ward, North Dagon
Yangon
11421

Opening Hours

Monday 08:45 - 17:00
Tuesday 08:45 - 17:00
Wednesday 08:45 - 17:00
Thursday 08:45 - 17:00
Friday 08:45 - 17:00
Saturday 08:45 - 17:00