The Irrawaddy - Burmese Edition
စစ်ဗိုလ်ချုပ်တွေကြောင့် နိုင်ငံကိုစွန့်ခွာရတဲ့ ပညာတတ်များ
ဧရာဝတီ၊ ဇူလိုင် ၉၊ ၂၀၂၆
အာဏာသိမ်းမှုတိုင်းမှာ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုက တိုင်းပြည်ရဲ့ ဦးနှောက်တွေ ဆုံးရှုံးသွားရတာပါ။ အပြည့်အစုံကို Comment Link ပါ Opinion Talk Episode “စစ်အာဏာရှင်စနစ်အောက် နိုင်ငံပျောက်သူများ” မှာ ကြည့်ရှုနိုင်ပါပြီ။
#မြန်မာ #နိုင်ငံသား #အာဏာသိမ်း #ဗိုလ်ချုပ် #စစ်တပ် #အာဏာရှင် #စစ်ဗိုလ် #မင်းအောင်လှိုင် #နေဝင်း #သန်းရွှေ
ဧရာဝတီရဲ့ YouTube membership ကို Support လုပ်ချင်တဲ့ပရိတ်သတ်တွေအနေနဲ့ ဒီ https://www.youtube.com/ Link လေးမှ join buttom ကို နှိပ်ပြီးတော့ ပါဝင်နိုင်ပါပြီ။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://www.irrawaddy.com/donation
09/07/2026
အိန္ဒိယရေကြီးမှု အနီရောင်အဆင့် သတ်မှတ်
ဧရာဝတီ၊ ဇူလိုင် ၉၊ ၂၀၂၆
အိန္ဒိယနိုင်ငံ ဒေလီမြို့နှင့် ဟာယာနာပြည်နယ်၏ မြို့နယ်တချို့တို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးလေဝသဌာနက ရေကြီးမှု အနီရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။
ဒေလီလေဆိပ်သွားရာ လမ်းအချို့တွင် ရေကြီးရေလျှံမှုကြောင့် ခရီးသည်များအား ခရီးသွားချိန်ကြန့်ကြာနိုင်ကြောင်း ဒေလီလေဆိပ်က သတိပေးထားသည်။
အိန္ဒိယတောင်ပိုင်း ကီရာလာပြည်နယ် ဝါယာနာ့ဒ်တွင် မြေပြိုမှုကြောင့် အနည်းဆုံး လူ ၄ ဦးသေဆုံးခဲ့ကြောင်း၊ အနောက်ပိုင်း မဟာရပ်ရှထရာပြည်နယ်၌ မိုးရွာသွန်းမှုနှင့်ဆက်စပ်သော ဖြစ်ရပ်များကြောင့် အနည်းဆုံး လူ ၁၃ ဦးသေဆုံးခဲ့ကြောင်း ဒေသမီဒီယာများက ဖော်ပြသည်။
အာဂရာမြို့နှင့် ဂူဂျာရတ်ပြည်နယ်ရှိ အဝေးပြေးလမ်းမကြီးများတွင်လည်း ရေလွှမ်းမိုးနေပြီး ဒေသခံများသည် ဒူးအထိ နက်သော ရေများထဲ ဖြတ်သန်းသွားလာနေရကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် အာဏာသိမ်း သမ္မတရာထူး ရယူပြီးနောက် မေလကုန်ပိုင်းတွင် ပထမဦးဆုံး သွားရောက်ခဲ့သော နိုင်ငံလည်း ဖြစ်သည်။
ဓာတ်ပုံ- The Hindustan Times, NDTV
Click here to claim your Sponsored Listing.
Category
Contact the business
Address
Yangon