NEG Engineering & Construction
07/04/2026
NEG Engineering & Construction မှ Steel Structure အသုံးပြုပြီးတည်ဆောက်သော
စက်ရုံ ( Factory )
အလုပ်ရုံ ( workshop )
သိုလှောင်ရုံ ( Warehouse )
မွေးမြူရေးခြံများ ( Farm )
အရောင်းပြခန်း ( Showroom )
စျေးဝယ်စင်တာများ ( Supermarket )
အအေးခန်းအဆောက်အဦး ( Cold Storage Building )
စသည့် အဆောက်အဦးများကို One Stop Total Solution ဖြင့် တည်ဆောက်ပေးလျက်ရှိပါတယ်ခင်ဗျာ
အရည်အသွေးစိတ်ချရသော သံမဏိများကို အသုံးပြုကာ ကျွမ်းကျင် Designer များမှ design တွက်ချက်ပြီး NEG စက်ရုံတွင် Super Structureတလုံးလုံးကို Fabrication အသင့်တပ်ဆင်ရုံအနေအထားအထိ ထုတ်လုပ်ပါတယ်
NEG Company မှ တည်ဆောက်သော Steel structure အဆောက်အဦးများကို Pre-Engineering Building System အသုံးပြုပါတယ်ခင်ဗျာ
အသုံးပြုသော Materials Specification တွေကတော့
Build-up Section အတွက် ASTM A 572 / A36 အဆင့်ရှိ သံမဏိ steel plate
Minimum yield strength Fy = 34.5KN/cm² / Fy=23.5KN/cm² ကိုအသုံးပြုထားပါတယ်ခင်ဗျာ
Hot roll section အတွက် ASTM A36 အဆင့်ရှိ သံမဏိ steel ကို အသုံးပြုပါတယ်
A36 grade က America grade ဖြစ်ပြီး ပြည်တွင်းမှာ အသုံးများသော grade ဖြစ်ပါတယ်
ဗဟုသုတအနေဖြင့် အနီးစပ်ဆုံး တူညီတဲ့ Steel grade တွေကတော့
SS 400 Japan
Q235 china
S235 Europe
ST44-2 German
BS43 British
E28-2 France
FE430B Italy တို့ပဲဖြစ်ပါတယ်ခင်ဗျာ
Minimum yield strength ကတော့ Fy = 23.5 KN/cm² ကိုအသုံးပြုထားပါတယ်ခင်ဗျာ
Steel Structure Building တွေအတွက် အရေးကြီးသော Hollow Section Bracing ( X , K ) , Rods Bracing , Angle Bracing အတွက်ကိုလဲ ASTM A36 ကိုအသုံးပြုပေးထားပါတယ်ခင်ဗျာ
Anchor Bolts အတွက်ကိုလဲ ASTM A36 / A307
Minimum yield strength Fy = 23.5 KN/cm²
Tensile strength Fu = 40KN /cm² ကိုအသုံးပြုပေးထားပါတယ်ခင်ဗျာ
ကျွန်တော်တို့ Steel Structure အဆောက်အဦးတွေမှာ အရေးကြီးတဲ့ Connection Bolt & Nuts တွေကိုတော့ ASTM A325 ( Grade 8.8 ) high strength bolts
Tensile strength Fu = 72 to 83 KN / cm² ကိုအသုံးပြုပေးထားပါတယ်ခင်ဗျာ
Purlin ( မြှားတန်း ) , girt အတွက်ကို ASTM A653M / G450
Minimum yield strength Fy = 45 KN / cm² ကို အသုံးပြုပေးထားပါတယ်ခင်ဗျာ
အမိုး / အကာတွေအတွက်တော့ AZ 150 grade အကျယ် 1m ရှိသော သွပ်ပြား ကို အသုံးပြုပြီး 0.5 mm အထူရှိပါတယ်ခင်ဗျာ
ပြည်တွင်းမှာ အသုံးပြုတာ 4angle ဖြစ်ပေမဲ့ ကျွန်တော်တို့ သွပ်ကတော့ 5angle ဖြစ်ပါတယ်ခင်ဗျာ ( 5ribs )
Minimum yield strength Fy = 34 KN / cm² ကို အသုံးပြုပေးထားပါတယ်ခင်ဗျာ
ဒီတော့ခင်ဗျာ
မိတ်ဆွေတို့ လူကြီးမင်းတို့အနေနဲ့ Steel Structure အဆောက်အဦး တည်ဆောက်ဖို့ လိုအပ်ပါက
ရုံးဖုန်း - 09790880433 , 09790880488 , 09976412222 , 09976312222 ကိုဆက်သွယ်ပြီး အကောင်းဆုံး ဝန်ဆောင်မှု့များကို ရယူပါခင်ဗျာ
အီးမေး - [email protected] , [email protected] ကိုဆက်သွယ်နိုင်သလို
ရုံးလိပ်စာ အမှတ် ၁၁၈၃ , ဗိုလ်မင်းရောင်လမ်းမ , ၄၁ ရပ်ကွက် , မြောက်ဒဂုံ သို့လာရောက်ပြီး အသေးစိတ် စုံစမ်း မေးမြန်းနိုင်ပါတယ်ခင်ဗျာ
( ဗဟုသုတအနေဖြင့် ကျွန်တော် ရှင်းပြတဲ့ A 582 တို့ A 36 တို့လို steel grade တွေကတော့ သံမဏိ ထဲမှာ Carbon ပါဝင်မှုဖြင့်သတ်မှတ်ပြီး ခံနိုင်ရည် တနည်းအားဖြင့် Steel ရဲ့ မာကြောမှု့ကို ဆိုလိုခြင်းဖြစ်ပါတယ်
ကျွန်တော်တို့နိုင်ငံမှာက Holl Roll အသုံးပြုတာများတဲ့အတွက် SS400 တို့ A36 တို့နဲ့က ရင်းနှီးပြီးသားဖြစ်မယ်ထင်တယ်ခင်ဗျာ mild steel ( non high strength carbon steel )လို့လဲ ခေါ်ကြပါတယ်
သံမဏိ Steel တွေထဲမှာ carbon ပါဝင်မှုကို
Soft Steel - Carbon ပမာဏ 0.2% ထိအများဆုံးပါဝင်ပြီး
ကျွန်တော်တို့ အသိများတဲ့ mild steel မှာဆို Carbon ပမာဏ 0.15~0.25% ထိပါဝင်ပါတယ်
Medium steel - Carbon ပမာဏ 0.25~ 0.45% ထိပါဝင်တတ်ပြီး
Hard steel - Carbon ပမာဏ 0.45~0.85% အထိ ပါဝင်ပါတယ်ခင်ဗျာ )
29/01/2026
အိမ်မက်ထဲက အိမ်လေးကို လက်တွေ့အကောင်အထည်ဖော်ဖို့ စိတ်ကူးနေပြီလား? 🏠✨
"အိမ်တစ်လုံးဆိုတာ နံရံလေးဖက်တင်မကဘဲ...
ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်တွေ၊ နွေးထွေးမှုတွေနဲ့ လုံခြုံမှုတွေ ပေါင်းစပ်ထားတဲ့ နေရာတစ်ခုပါ။"
အခုခေတ်မှာ လူကြိုက်အများဆုံးဖြစ်နေတဲ့ Minimalist Modern Design တွေကနေစလို့ ခိုင်ခံ့မှုပိုင်းမှာ စိတ်ချရတဲ့ Smart Engineering Solution တွေအထိ
NEG Engineering & Construction က အကောင်းဆုံး တာဝန်ယူ တည်ဆောက်ပေးနေပါတယ်ခင်ဗျာ💯
ဘာကြောင့် NEG ကို ရွေးချယ်သင့်တာလဲ? 🤔
✅ Expert Engineering: ဝါရင့်အင်ဂျင်နီယာများကိုယ်တိုင် စနစ်တကျ တွက်ချက်ဦးစီးလုပ်ကိုင်ခြင်း။
✅ Trend & Style: ခေတ်နဲ့အညီ ဆန်းသစ်ပြီး လူနေမှုပုံစံနဲ့ ကိုက်ညီတဲ့ Design များ။
✅ Quality Materials: အရည်အသွေးပြည့်မှီတဲ့ ကုန်ကြမ်းများကိုသာ အသုံးပြုခြင်း။
✅ On-time Completion: သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း အပြီးသတ် အပ်နှံခြင်း။
ခိုင်ခံ့မှုမှာ "NEG"... သေသပ်လှပမှု့မှာ "NEG"...
စိတ်ချရမှု့အတွက် "NEG" ကို သတိရလိုက်ပါ။ 🤝
🏗 ကျွန်တော်တို့ NEG မှ ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများ -
-စက်မှု့လုပ်ငန်းများအတွက် ကြီးမားကျယ်ပြန့်သော စက်ရုံ ( factory ) , ဂိုထောင်ကြီးများ ( warehouse )
- Residential & Commercial Building
Construction
- Interior Design & Renovation
- Consultation & Project Management
⭐ အိမ်ဆောက်ဖို့ စိတ်ကူးရှိရင်ပဲဖြစ်ဖြစ်၊ ဆွေးနွေးတိုင်ပင်ချင်ရင်ပဲဖြစ်ဖြစ် Chat box မှာ အခုပဲ စာပို့လိုက်ပါ ဒါမှမဟုတ် ဖုန်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
☎ Contact: 09-790880433,
09-5109551 (viber only)
📍 Address: အမှတ်- ၁၁၃၈, ဗိုလ်မင်းရောင် လမ်းမကြီး, ၄၁ ရပ်ကွက်, မြောက်ဒဂုံမြို့နယ်
04/11/2025
မြန်မာလူမျိုးတို့ရဲ့ အထွဋ်အမြတ်ထားရာ သာယာအေးချမ်းတဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ချစ်မြတ်နိုးရတဲ့ မိသားစု၊မိတ်ဆွေများနဲ့အတူတူ ကုသိုလ်ကောင်းမှုများပြုလုပ်ရင်း ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့ NEG ENGINEERING မိသားစုမှ ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာ 🙏
29/10/2025
ဒီနေ့မှာတော့ အဆောက်အဦးတွေဆောက်တဲ့အခါ ကွန်ကရစ်လောင်းပြီး တစ်ခါတစ်ရံ ကြုံရတတ်တဲ့ "Concrete Segregation" အကြောင်းကို ဝေမျှပေးချင်ပါတယ်
Concrete Segregation ဆိုတာကတော့ မြန်မာလိုဆို ကွန်ကရစ်များ သီးခြားဆီ ကွဲထွက်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ ဆိုလိုတာကတော့ ကွန်ကရစ်အရောအနှောထဲမှာ ပါဝင်တဲ့ ဘိလပ်မြေ ၊ သဲ၊ ကျောက် တွေဟာ တစ်သားတည်းပေါင်းစပ်မှုမရှိတော့ပဲ သီးခြားဆီဖြစ်သွားခြင်း၊ လုံလောက်တဲ့ စေးကပ်မှုမရှိတော့ပဲ ကွန်ကရစ်ပျက်ဆီးသွားခြင်းကို ပြောတာပဲဖြစ်ပါတယ်။
Site တွေမှာ ကြားဖူးမြင်ဖူးကြတဲ့ ကွန်ကရစ်လောင်းပြီးရင် Honeycomb (မြေပဲယို) တွေ ဖြစ်တာဟာလည်း Concrete Segregation ကြောင့်ပဲ ဖြစ်ပါတယ်။
📌 ဒီလိုမျိုး Concrete Segregation ကို ဖြစ်စေတဲ့ အကြောင်းရင်းတွေနဲ့ ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးခြင်းပါတယ်ခင်ဗျာ
➡️ ပထမဆုံးတစ်ချက်ကတော့ Water Cement Ratio ကြောင့်ပဲ ဖြစ်ပါတယ်။ ကွန်ကရစ်ကို ဖျော်စပ်တဲ့အခါမှာ concrete mix design ကို strength အလိုက် သေချာတွက်ချက်ဖို့ လိုပါတယ်။ ကွန်ကရစ်ဖျော်ရာမှာ ရေအချိုးအစား များလွန်းတာပဲဖြစ်ဖြစ် နည်းလွန်းတာပဲဖြစ်ဖြစ် water cement ratio မမှန်တော့တဲ့အတွက် ကွန်ကရစ်ပုံပျက်ခြင်း Segregation ကို ဖြစ်ပေါ်စေပါတယ်။
➡️ ကွန်ကရစ်ထဲမှာ ထည့်တဲ့ ကျောက်(Aggregate) အရွယ်အစားဟာလည်း အရမ်းကြီးနေရင် သံဆင်ထားတဲ့ သံချောင်းတွေကြားထဲကို မဝင်ရောက်နိုင်တော့လို့ concrete ဟာ တစ်သားတည်း မဖြစ်တော့ပဲ honeycomb တွေ ဖြစ်လာတတ်ပါတယ်။ ထို့နည်းအတူ Rebar spacing တွေ အရမ်းစိပ်လွန်းပြီး ကျဉ်းလွန်းရင်လည်း ကျောက်တွေဟာ အတွင်းထိမဝင်နိုင်ပဲ ကွန်ကရစ်အရောအနှောကို ပျက်စီးစေတတ်ပါတယ်
➡️ ကွန်ကရစ်ဖျော်စပ်ရတဲ့ Mixing Time ဟာလည်း အရေးပါပါတယ် ဖျော်စပ်ရမယ့် mixer အိုး ဒါမှမဟုတ် batching plant တွေမှာ ဖျော်စပ်တဲ့အခါ သတ်မှတ်ထားတဲ့ mixing time အလိုက်ဖျော်စပ်ရပါတယ် ဖျော်ပြီး အသုံးပြုတဲ့အခါမှာလည်း ရာသီဥတုအခြေအနေပေါ် မူတည်ပြီး မိနစ်ကိုးဆယ်ထက် မကျော်စေပဲ အသုံးပြုရမယ်လို့ ASTM (American Society for Testing and Materials) မှာ ဖော်ပြထားပါတယ် ခင်ဗျာ
➡️ ကွန်ကရစ်လောင်းနေတဲ့ အချိန်မှာလည်း Vi****or ကို မဖြစ်မနေ သေချာထိုးရပါမယ်။ Vi****or မထိုးခဲ့ပါက ကွန်ကရစ်ဟာ သေချာနှံ့စပ်မှုမရှိတော့ပဲ ကွန်ကရစ်ကြားထဲမှာ လေခိုကာ ကျောက်သက်သက် ဘိလပ်မြေသက်သက်ဖြစ်သွားပြီး honeycomb လို ကျောက်တွေချည်းပဲ စုနေတတ်တာမျိုး ဖြစ်တတ်ပါတယ်ခင်ဗျာ။ Vi****or ထိုးတဲ့အခါမှာလည်း ကွန်ကရစ်ထဲသို့
vi****or rod(တုတ်တံ) ထိုးချိန်၊ ပြန်ထုတ်ချိန်ဟာလည်း မတိုလွန်း၊မကြာလွန်းဖို့ ဂရုပြုရပါမယ်။ Vi****or ထိုးချိန်ဟာ 5sec မှ 15sec အတွင်းသာ ရှိသင့်ပါတယ်ခင်ဗျာ
➡️ နောက်တစ်ခုကတော့ ကွန်ကရစ်လောင်းရာမှာ
အမြင့်ကနေ ပစ်ချပြီး လောင်းတာမျိုးလည်း ရှောင်ရပါမယ်။ ကွန်ကရစ်ကို အမြင့်ကနေ ပစ်ချပြီးလောင်းတဲ့အခါမှာ ပိုပြီးလေးတဲ့ ကျောက်တွေက ပေါ့ပါးတဲ့ ဘိလပ်မြေအနှစ်တွေကနေ သက်သက်စီကွဲထွက်သွားပြီး segregation ဖြစ်ကာ အောက်ခြေဘက်မှာပဲ ကျောက်တွေချည်း သီးသန့်စုသွားပြီး ကွန်ကရစ်ရဲ့ strength ကို အများကြီးထိခိုက်စေပါတယ်ခင်ဗျာ။
ကွန်ကရစ်လောင်းတဲ့အခါ လိုက်နာရမယ့် Rule of thumb ကတော့ ကွန်ကရစ်ကို 1.5metre အမြင့်ထက် ပိုပြီး မလောင်းသင့်ပါဘူးခင်ဗျာ။
အဲ့ဒီတော့ Concrete Segregation ဆိုတာ ကွန်ကရစ်ရဲ့ ဝန်ထမ်းနိုင်စွမ်း Strength ကို လျော့ကျစေရုံသာမကပဲ အတွင်းမှာရှိတဲ့ သံချောင်း rebar တွေကို သံချေးစားခြင်းဖြစ်စေနိုင်တဲ့ ရေနဲ့ oxygen များ ဝင်ရောက်စေနိုင်သည့် လမ်းကြောင်းပါဖြစ်စေနိုင်ပါတယ်။
ဒါကြောင့်မို့ Concrete Segregation မဖြစ်အောင် ကွန်ကရစ်လောင်းတဲ့အခါ သတ်မှတ်ထားတဲ့ rule တွေအတိုင်း စနစ်တကျလိုက်နာပြီး လောင်းမှသာ အရည်အသွေးပြည့်မှီပြီး ခိုင်ခံ့စိတ်ချရတဲ့ အဆောက်အဦးတွေကို ရရှိနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။
✨ မိတ်ဆွေတို့လည်း အဆောက်အဦးဆောက်ဖို့အတွက် အကြံဉာဏ်လိုချင်တာပဲဖြစ်ဖြစ်၊ အဆောက်အဦးရဲ့ ကြံ့ခိုင်ရေး အပိုင်း၊ အရည်အသွေးပိုင်းစိတ်ချရပြီး Design သေသပ်လှပသော အဆောက်အဦးတည်ဆောက်ချင်ရင်ပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ NEG ENGINEERING ကို လာရောက်ဖို့အတွက် ဖိတ်ခေါ်ပါတယ် ခင်ဗျာ
ဆက်သွယ်ရန်ဖုန်း
☎️𝟬𝟵 𝟱𝟭 𝟬𝟵𝟱𝟱𝟭
☎️𝟬𝟵 𝟳𝟵𝟬 𝟴𝟴𝟬 𝟰𝟯𝟯
☎️𝟬𝟵 𝟳𝟵𝟬 𝟴𝟴𝟬 𝟰𝟴𝟴
☎️𝟬𝟵 𝟵𝟳𝟲 𝟰𝟭𝟮 𝟮𝟮𝟮
☎️𝟬𝟵 𝟵𝟳𝟲 𝟯𝟭𝟮 𝟮𝟮𝟮
☎️𝟬𝟵 𝟰𝟮𝟬 𝟯𝟭𝟯 𝟲𝟴𝟴
ရုံး လိပ်စာ အသေးစိတ်ကတော့
𝐘𝐚𝐧𝐠𝐨𝐧 - အမှတ် (၁၁၃၈) ၊ ဗိုလ်မင်းရောင်လမ်း၊
၄၁ ရပ်ကွက် ၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 1138 , Bominyaung Street , 41 Yard , Northdagon Township , Yangon , Myanmar
Yangon
Opening Hours
| Monday | 09:00 - 18:00 |
| Tuesday | 09:00 - 18:00 |
| Wednesday | 09:00 - 18:00 |
| Thursday | 09:00 - 18:00 |
| Friday | 09:00 - 18:00 |
| Saturday | 09:00 - 00:00 |