MHP
20/08/2025
Hello
Jlpt 7လပိုင်းကဖြေခဲ့တဲ့ သူတွေ N1 ဆက်လုပ်နေမယ်လို့ ယုံကြည်ပါတယ်။ N1 ကို self study လုပ်မဲ့သူတွေအတွက် သိသင့်တဲ့ စာအုပ်တွေနဲ့ လေ့လာရမဲ့ you tube channel တွေကို မျှဝေသွားပါမယ်။ ခုလက်ရှိ ကျနော်လေ့လာလို့အဆင်ပြေနေတဲ့ channel တွေပါ။ N1 ဖြစ်တဲ့အတွက် ကိုယ်လေ့လာရင်လေ့လာသလောက် ခရီးရောက်ပါတယ်။ Online class join မဲ့သူအတွက်လဲ ဒါလေးတွေပြင်ကနေ ထပ်လေ့လာလို့အဆင်ပြေပါတယ်။ self study သမားတွေလဲ အဆင်ပြေပါတယ်။
ပထမဆုံး N1 မှာကိုင်သင့်တဲ့ စာအုပ်လေးတွေပါ
https://t.me/jpexamquiz/52/132 (ဒီ group ထဲမှာ Japan နဲ့ပတ်သတ်တဲ့ စာအုပ်အစုံလင်ရှိတာမို့ join ပေးဖို့ပြောချင်ပါတယ်)
Goi ကစပြောပါမယ် (tango)
https://youtube.com/?si=ByVI66-lVSLZGS4C (N1 skz goiပါရှိ)
(Standard 2800)
https://youtube.com/?si=0XyqE8_lJyogzGmI
(Mimikara)
https://youtube.com/?si=2HG56M5PgFRGX1E6
https://youtube.com/?si=o2aVjp11uZSl2RD1
https://youtube.com/-myanmar?si=mjA4fyWUsNfd7HmP
https://youtube.com/?si=2b8axD26-RZBTEx2 (somatome goi)
Grammar ပိုင်း
N1 ဖြစ်တဲ့တွက် ဂျပန်လူမျိုး ဆရာတွေသင်ပြတဲ့ channel တွေအရင်ညွှန်းပေးပါမယ်။ kanji အတွက်ပါအထောက်ကူဖြစ်ပါလိမ့်မယ်
https://youtube.com/?si=wKNZ7oyUg3x9Zqvz (jlpt N1 grammar)
https://youtube.com/?si=opBZPrcBE3piOdXx (skz grammar)
https://youtube.com/?si=0I_RBNCUzuQn3EbX
မြန်မာဆရာတွေ သင်ပေးထားတာပါ။
https://youtube.com/?si=fxYBxGbzJ6bklQ_d (try grammar) တော်ရုံ မြန်မာလိုရှင်းပြချက်တွေအကုန် အဲ့ channel ထဲမှာ ရှိပါတယ်။ အဲ့ channel ကအစုံဆုံးပါ။
Kanji ပိုင်း
https://youtube.com/?si=CRzMtli4cNhF4Sqa (skz kanji မြန်မာပြန်အစဆုံး)
https://youtube.com/?si=8l0dU2JTrYv06Wfv (skz kanji တစ်ခန်းစီရှင်းပြချက်)
https://youtube.com/-15?si=YmgS_ZGypafqf3LQ (skz kanji အကုန်မပြီးသေး)
https://youtube.com/?si=akmrEcTSatJ_cm43 (kanji master ရှင်းလင်းချက်နဲ့တကွ အကုန်တော့မပြီးသေးပါ။ ဒါပေမဲ့ ဆန်းဆေးက ခုနောက်ပိုင်း တင်ပေးနေပါတယ်)
https://youtube.com/?feature=shared (ကိုယ်ရပြီးသား kanji တွေ အချိန်တိုတွင်း ပြန်နွှေးချင်ရင် sensei tsukimi ကမပါမဖြစ်)
ဆန်းဆေးအေးချစ် you tube channel တော့ ရှာမတွေ့လို့မထည့်ထားသေးပါဘူး။
N1 old question
https://t.me/jpbookpdf/3301 (jlpt oq)
https://t.me/jpbookpdf/289 (mondai500)
https://t.me/jpbookpdf/402 (super moshi)
https://t.me/jpbookpdf/429 (kanzen moshi)
https://t.me/jpbookpdf/2100 (dekiru)
ဂျပန်စာ Exam Quiz N1 မှာ ကိုင်သင့်သည့်စာအုပ်များ Vocab ~ Tango 3000/Standard 2800/Mimikara Kanji ~ Kanji Master/Soumatome Grammar ~ Mimikara/Shinkanzen Reading ~ Shinkanzen/Speed Master Listening ~ Shinkanzen/Speed Master Practice ~ Mondai 500/Power Drill
28/11/2022
💫ဂျပန်တွင်မိမိ လုပ်ကိုင်နေသော အလုပ်အကိုင်အဆင်မပြေ၍အလုပ်မှ ထွက်ခြင်း(သို့) အလုပ်အရွေ့အပြောင်းခြားကာလတွင်အထောက်ပံ့ကြေးများအကြောင်း.💫
💁♀️ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူများ ကုမ္ပဏီဖက်မှကိစ္စကြောင့်ဖြစ်စေ၊မိမိဆန္ဒအလျောက်ဖြစ်စေ အလုပ်အပြောင်းအရွှေ့ကိစ္စကြုံလာပါက လစာမှ ဆောင်ထားသည့် အခွန်များထဲမှ အလုပ်အာမခံ နှင့် ၄င်းနှင့်ပတ်သက်သည့် ရပိုင်ခွင့် ထောက်ပံ့ငွေများရရှိနိုင်ပါတယ်ရှင်
💁♀️အာမခံအခွန်ငွေများ ဆောင်ရသည့်အနက် အလုပ်အကိုင်အတွက်အာမခံပေးဆောက်ထားရပါတယ် ၊ပုံမှန်အားဖြင့် တစ်လလျှင် ယန်း ၅၀၀ လောက်မှ ယန်း ၁,၀၀၀ ပတ်ဝန်းကျင်ခန့် ၊ပုံမှန်အဖြတ်ခံထားရပါတယ် ရှင်
💁♀️မိမိလုပ်ငန်းခွင်တွင် အလုပ်(အနားခံရ/ထွက်/ပြောင်း)သူတစ်ဦးအနေဖြင့်အလုပ်သစ်ရှာဖွေနေစဥ် 「失業手当」=အလုပ်လက်မဲ့ ထောက်ပံ့ကြေး「失業給付金」အလုပ်လက်မဲ့ထောက်ပံ့ကြေး , (ဂျပန်အခေါ်အဝေါ် နှစ်မျိုးလုံး အသုံးပြုနိုင်)ရရှိနိုင်ပါတယ်ရှင်
💁♀️အလုပ်အာမခံစနစ်မှသတ်မှတ်ထားသည့်အချက်အလက်များအတိုင်းလုပ်ဆောင်ပါက ထောက်ပံ့ကြေးငွေ ရရှိနိုင်ပါတယ် ရှင်
💁♀️အလုပ်လက်မဲ့ထောက်ပံ့ကြေးငွေ ရရှိရန်အတွက် လုပ်ဆောင်ရမဲ့ အစီအစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ် 👇👇
✅လုပ်ဆောင်ရမဲ့ စာရွက်စာတမ်းနှင့်အချက်အလက်များ ………………
၁။ အလုပ်လက်မဲ့အခြေအနေတွင်ရှိနေရမည်။အလုပ်ရှာဖွေနေသည့်အနေအထားရှိရမည်။
၂။ အလုပ်(အနားခံရ/ထွက်/ပြောင်း)သည့် နေ့မတိုင်မှီ ရှေ့ ၂ နှစ်အတွင်း၌ အလုပ်အာမခံဝင်ထားသည့်ကာလ ၁၂ လကျော်ရှိထားရမည်။(တစ်လတွင် အလုပ်လုပ်ရက် ၁၁ ရက်ကျော်ရှိလျင် အလုပ်လုပ်သည့် ၁ လ ဟုသတ်မှတ်နိုင်ပါသည်။)
(✴️အထူးကန့်သတ်ထားသူများ.......ကုမ္ပဏီဒေဝါလီခံ၊အလုပ်ဖြုတ်ခံ/နားခံရသူ၊အလုပ်စာချုပ်ပြည့်ပြီးသက်တမ်းဆက်တိုးလိုသော်လည်းအတိုးမခံရသူ၊ရောဂါသည်၊မီးဖွားသည်အိမ်ထောင်ဖက်၏အလုပ်အပြောင်းအရွှေ့ကြောင့်လိုက်ပါရသောကြောင့် အလုပ်လက်မဲ့ဖြစ်ရသူ တို့အဖြစ် အကျုံးဝင်နေပါက အလုပ်အာမခံထည့်ဝင်ငွေ ၆ လ ကျော်လျင်ပင် ထောက်ပန့်ငွေရနိုင်ပါသည်။✴️)
၃။ Hello Work(ハローワーク)အစိုးရအလုပ်အကိုင်ရှာဖွေချိတ်ဆက်ပေးသည့်ဌာန တွင် အလုပ်ရှာဖွေလျောက်ထားမှုကို လုပ်ဆောင်ထားရမည်။
✴️Hello Work(ハローワーク)မှပေးသော求職票=အလုပ်ရှာဖွေလက်မှတ် , တွင်အမည်၊လိပ်စာ၊အလုပ်အကိုင်ရာဇဝင်တို့ကိုဖြည့်စွက်ပြီးလျောက်ထားရမည်✴️
၄။ハローワークで求職の申し込み(離職票と求職票の提出)をする
✴️Hello Work(ハローワーク)တွင် အလုပ်ရှာဖွေလျောက်ထားခြင်းကိစ္စ၌(အလုပ်ပြောင်းလက်မှတ်နှင့်အလုပ်ရှာဖွေလက်မှတ်)တို့နှင့်အတူလျောက်ထားရသည်။
✴️အလုပ်ပြောင်းလက်မှတ်---လုပ်ကိုင်ခဲ့သည့်ကုမ္ပဏီမှမိမိအား အလုပ်အကိုင်အာမခံစနစ်မှ နှုတ်ပယ်ရန်ပြုလုပ်သောအခါHello Work နှင့် ကုမ္ပဏီတို့အကြားလုပ်ဆောင်သည့်စာရွက်စာတမ်းဖြစ်သည်။
၅။7日間の待期期間(လျောက်ထားပြီးနောက် ၇ ရက်တာစောင့်ဆိုင်းရမည်။)
၆ ။雇用保険受給説明会と失業認定日に出席(အလုပ်အကိုင်အာမခံထောက်ပံ့ကြေးရယူမှုဆိုင်ရာရှင်းလင်းဟောပြောပွဲ နှင့် အလုပ်လက်မဲ့ အသိအမှတ်ပြု နေ့ တို့တွင် သွား၍တက်ရောက်နားထောင်ပေးရမည်။
၇။その後1週間程度で初給付(ထို့နောက် ၁ ပတ်ခန့်အကြာတွင် ပထမဦးဆုံးအနေဖြင့် ထောက်ပန့်ကြေးရရှိမည်။)
၈။以降は毎月(4週間に一度)の失業認定日に出席、その後約1週間程度で給付(နောက်ဆက်လက်၍ လစဥ် ၄ ပတ်လျင် ၁ ကြိမ် အလုပ်လက်မဲ့ အသိအမှတ်ပြုနေ့တွင် သွားရောက်ပေးရပါမည် ထိုနောက် ၁ ပတ်ခန့်အကြာတွင် ထောက်ပန့်ကြေးထပ်ရမည်။(နောက်အကြိမ်များတွင်လည်းအလားတူ)
၉။Hello Work ကိုသွားရပါမည်။
✅လျောက်ထားမှုဆိုင်ရာစာရွက်စာတမ်းကိစ္စလုပ်ရပါမည်
👉離職票1、2
အလုပ်ပြောင်းလက်မှတ် ၁, ၂
👉雇用保険被保険者証
အလုပ်အကိုင်အာမခံလက်မှတ်
👉本人の住所・氏名・年齢を確認できる書類(運転免許証、マイナンバーカードなど)
ကာယကံရှင်၏လိပ်စာ၊အမည်၊အသက်ကိုသိနိုင်သည့်စာရွက်စာတမ်းတစ်ခုခု(ယာဥ်မောင်းလိုင်စင်၊My Number Card စသည်)
👉写真(たて3cm×よこ2.5cmの正面上半身のもの)を2枚
ဓါတ်ပုံ ၂ ပုံ ( ထောင်လိုက် ၃ စင်တီ၊ဘေးတိုက် ၂.၅ စင်တီ-ရှေ့တည့်တည့် အပေါ်ပိုင်းပုံ)
👉本人名義の普通預金通帳(郵便局は除く)
ကာယကံရှင်အမည်ပေါက် ဘဏ်စာအုပ် (စာပို့တိုက်ငွေစုစာအုပ်မရပါ။)
👉印鑑
တံဆိပ်တုံး
👉求職申込書
အလုပ်ရှာဖွေလျောက်လွှာ(Hello Work တွင်ရနိုင်မည်။)
👉個人番号確認書類(マイナンバーカード、通知カード、個人番号の記載のある住民票のいずれか1種類)
ကိုယ်ပိုင်နာပါတ် စာရွက်စာတမ်း(My Number Card, Notice Card, ကိုယ်ပိုင်အမှတ်ရေးဖြည့်ထားသော နေထိုင်ခွင့်လက်မှတ်(Resident's card) စသည်တို့ လိုအပ်ပါမည်။
💁♀️ရရှိနိုင်မည့်ထောက်ပန့်ကြေးပမာဏမှာ............
အလုပ်ရပ်ဆိုင်းသည့်နေ့မတိုင်မှီ ၆ လခန့် မှစ၍ ရရှိခဲ့သည့်အခြေခံလစာပေါ်တွင်မူတည်၍ ၅၀%~၈၀% အထိကွဲပြားနိုင်ပါသည်။
💁♀️ အကြမ်းဖျင်းအားဖြင့် ရက် ၁၈၀ (၆ လတာ) ရနိုင်ပါမည်။(အလုပ်သစ်ရသွားလျင်လည်းကောင်း၊၆ လတာရပြီးလျင်သော်လည်းကောင်း ပြီးဆုံးပြီဖြစ်သည်။)
💫ဂျပန်နိုင်ငံတွင် ဗဟုသုတများ၊အရေးပေါ်သတင်းအချက်အလက်များနှင့် ဂျပန်စာသိကောင်းစရာ မှတ်သားဖွယ်ရာများကိုမှ J-One Knowledge စဉ်ဆက်မပြတ် တင်ပြပေးသွားမည် ဖြစ်ပါသည် 💫
#အလုပ်အရွေ့ပြောင်းသိကောင်းစရာ
27/10/2022
အမေးများလို့ဖြေပေးပါမယ်💯
🔺WorkVisa ကခေါ်တာရှားလို့ ကိုယ်ဘာသာဘယ်လိုရှာပြီးလျောက်လို့ရမလဲ?ဆရာ
🔺ဘွဲ့တစ်ခုခုရထားပြီးဂျပန်စာ N3/2/1အောင်ထားရင် ဒီအောက်ကတိုက်ရိုက်ခေါ်တဲ့ linkတွေထဲမှာ လျောက်လို့ရပါတယ်၊ တချို့ဆို လေယာဉ်လက်မှတ်ကအစ ရေမီးအစုံ support ပေးပါတယ်👇🏾👇🏾
www.wantedly.com
www.connectjob.com
www.workjapan.jp
www.daijob.com
www.job.mynavi.jp/2023
www.robertwalters.co.jp
www.nipponshigoto.com
www.next.rikunabi.com
www.jobsinjapan.com
www.enetsc.com
Wantedly(ウォンテッドリー)「はたらく」を面白くするビジネスSNS Wantedlyは、運命のチームや仕事に出会えたり、人脈を広げ、ビジネスの情報収集に使えるビジネスSNSです。
20/10/2022
Leaving is hard
And sometimes it makes us feel guilty
But at some point life goes on
And we need to go
To places we've never been
To experience things we've never done
To experience life while we can
Click here to claim your Sponsored Listing.
Website
Address
Yangon
11201