Pulse & Purpose

Pulse & Purpose

Share

21/05/2026

ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်တာ သက်သာအောင် သိထားရမယ့်အချက်များ 🥰✨
=====================================

ကိုယ်ဝန်ဆောင်ချိန်မှာ အနည်းငယ်ခေါင်းကိုက်တာမျိုးဟာ ဟော်မုန်းအပြောင်းအလဲ ဒါမှမဟုတ် ရေဓာတ်ခန်းခြောက်ခြင်းကြောင့် ဖြစ်တတ်ပြီးတော့ အဖြစ်များပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်တာကို ဘယ်လိုကုသမလဲ?💕

များသောအားဖြင့် ကိုယ်ဝန်ဆောင်အစောပိုင်းမှာ မကြာခဏ ခေါင်းကိုက်တာမျိုး ခံစားရတတ်ပြီးတော့ ကိုယ်ဝန်လရင့်လာတာနဲ့အမျှ သက်သာသွားတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ပါရာစီတမောကို သောက်နိုင်ပါတယ်။ ပါရာစီတမောနဲ့ မသက်သာဘဲ ခေါင်းကိုက်တာ ဆက်ဖြစ်နေရင် သားဖွားဆရာမ ဒါမှမဟုတ် ကျွမ်းကျင်ဆရာဝန်ကို ထပ်မံအကြံဉာဏ်တောင်းနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ မသောက်သင့်တဲ့ အကိုက်အခဲပျောက်ဆေးတွေ ရှိပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ ဆေးပြား သို့မဟုတ် ဆေးတောင့်တွေကို ရှောင်ကြဉ်ရပါမယ် -

🔹ကဖိန်းဓာတ် ပါဝင်တဲ့ဆေး (တစ်ခါတရံ အထုပ်ပေါ်မှာ 'extra' လို့ ရေးထားတတ်ပါတယ်)
🔹ကိုဒင်း ပါဝင်တဲ့ဆေး
🔹ရောင်ရမ်းမှုကို သက်သာစေတဲ့ဆေး (ဥပမာ - အိုင်ဘူပရိုဖန် သို့မဟုတ် အက်စပရင်)

အချို့အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်သွေးတိုး (pre-eclampsia) လိုမျိုး နောက်ဆက်တွဲပြဿနာဖြစ်နိုင်ခြေရှိရင် အက်စပရင်ကို သင့်တော်တဲ့ပမာဏအတိုင်း သောက်ဖို့ ဆရာဝန်က ညွှန်ကြားတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အက်စပရင်ကို ခေါင်းကိုက်ခြင်းလို အကိုက်အခဲပျောက်ဖို့အတွက် မသောက်သင့်ပါဘူး။

တချို့မှာ အိပ်စက်ခြင်း သို့မဟုတ် ငြိမ်ငြိမ်လေးလှဲနေခြင်းက ခေါင်းကိုက်တာကို သက်သာစေနိုင်တယ်လို့ တွေ့ရပါတယ်။ ရေအေးစိမ်ထားတဲ့ မျက်နှာသုတ်ပဝါကို နဖူးပေါ်တင်ပေးတာလည်း ခေါင်းကိုက်တာ သက်သာစေဖို့ အထောက်အကူပြု နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်တာကို ဘယ်လိုကာကွယ်မလဲ?💕

ခေါင်းကိုက်တာကို ကာကွယ်ဖို့ အောက်ပါအချက်တွေကို ကြိုးစားလုပ်ဆောင်နိုင်ပါတယ် -

🔹ရေဓာတ်ခန်းခြောက်ခြင်းကိုရှောင်ဖို့ ရေများများသောက်ပါ။
🔹လုံလောက်စွာ အိပ်စက်ပါ။
🔹ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့ အစားအစာကို စားသုံးပါ။
🔹Screen Time လျှော့ပြီး သေချာအနားယူပါ။
🔹တတ်နိုင်သမျှ အနားယူပြီး အပန်းဖြေပါ။ တရားထိုင်ခြင်း၊ လမ်းလျှောက်ခြင်း ဒါမှမဟုတ် အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းတို့ကို စမ်းကြည့်နိုင်ပါတယ်။

ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်းမျိုးက pre-eclampsia ရဲ့ လက္ခဏာ ဖြစ်နိုင်တဲ့အတွက် မပေါ့ဆသင့်ပါဘူးနော်။

ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine)💕

ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ အဖြစ်များတဲ့ ခေါင်းကိုက်အမျိုးအစားတစ်ခုပါ။ ခေါင်းတစ်ခြမ်းကိုက်သူအများစုမှာ အောက်ပါလက္ခဏာတွေ ရှိနိုင်ပါတယ် -

🔹ခဏခဏ ပြင်းထန်စွာ ကိုက်ခဲခြင်း၊
🔹ပျို့ခြင်း (နာမကျန်းဖြစ်ခြင်း)၊
🔹အလင်းရောင်နဲ့ အသံကို ပိုမိုအာရုံခံနိုင်ခြင်း၊

အရင်က ခေါင်းတစ်ခြမ်းကိုက်ခြင်းကြောင့် ဆေးသောက်ဖူးတယ်ဆိုရင် လက်ရှိ ပြသနေတဲ့ ဆရာဝန်ကို ပြောပြပါ။ ဘာလို့လဲဆိုတော့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ သောက်ရတဲ့ ဆေးအချို့မှာ ကိုဒင်း၊ အက်စပရင် သို့မဟုတ် အိုင်ဘူပရိုဖန် ပါဝင်နိုင်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာ သောက်သုံးဖို့ မသင့်တော်လို့ပါ။

ဒါ့အပြင် ဘာအကြောင်းအရင်းတွေက ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေသလဲဆိုတာ စဉ်းစားပြီး အဲဒါတွေကို ရှောင်ရှားဖို့ နည်းလမ်းရှာတာကလည်း အထောက်အကူပြုနိုင်ပါတယ်။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ -

🔹စိတ်ပိုင်းဆိုင်ရာအကြောင်းရင်းများ (စိတ်ဖိစီးမှု သို့မဟုတ် ပူပန်မှု)
🔹ခန္ဓာကိုယ်ဆိုင်ရာအကြောင်းရင်းများ (ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် အိပ်ရေးမဝခြင်း)
🔹အစားအသောက်ဆိုင်ရာအကြောင်းရင်းများ (ရေဓာတ်ခန်းခြောက်ခြင်း သို့မဟုတ် ကဖိန်းဓာတ်)
🔹ပတ်ဝန်းကျင်ဆိုင်ရာအကြောင်းရင်းများ (ရာသီဥတုပြောင်းလဲခြင်း သို့မဟုတ် အနံ့ပြင်းပြင်းများကို မခံနိုင်ခြင်း)

ရေများများသောက်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချရန် နည်းလမ်းရှာခြင်းတို့ဟာ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးပါ ကျန်းမာနေဖို့ အထောက်အကူပြုပါတယ်။

အခုဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကိုက်တာ သက်သာအောင် သိထားရမယ့် အချက်တွေကို သိသွားလောက်ပြီလို့ထင်ပါတယ်နော်။

နောက်ထပ်လည်း ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဒီလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်….

📌𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞

https://www.tommys.org/pregnancy-information/pregnancy-symptom-checker/headaches-pregnancy

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#ခေါင်းကိုက်ခြင်း #ကိုယ်ဝန်ဆောင်မိခင်

18/05/2026

အားလုံးပဲ မောနင်းးး…..😁😴

08/05/2026

𝐖𝐨𝐫𝐥𝐝 𝐑𝐞𝐝 𝐂𝐫𝐨𝐬𝐬 𝐃𝐚𝐲 ( ကမ္ဘာ့ကြက်ခြေနီနေ့)

ကြက်ခြေနီအသင်းကို စတင်တည်ထောင်သူ Henry Dunant ကိုဂုဏ်ပြုတဲ့အနေနဲ့ သူ့ရဲ့မွေးနေ့ဖြစ်တဲ့ မေလ(၈) ရက်နေ့ကို “ကမ္ဘာ့ကြက်ခြေနီနေ့” အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။

၂၀၂၆ခုနှစ်၊ မေလ (၈) ရက်နေ့မှာကျရောက်တဲ့ “ကမ္ဘာ့ကြက်ခြေနီနေ့”ကို ကြိုဆိုဂုဏ်ပြုရင်း မွန်မြတ်သောစိတ်ဓာတ်ဖြင့် စွန့်လွှတ်အနစ်နာခံကာ ကူညီဖေးမတတ်တဲ့ ကြက်ခြေနီအသင်းနှင့် ကြက်ခြေနီအဖွဲ့ဝင်များအား လေးစားစွာဂုဏ်ပြုအပ်ပါတယ်ရှင့်………

#ကမ္ဘာ့ကြက်ခြေနီနေ့

07/05/2026

ကလေးမွေးပြီးနောက် ဝမ်းဗိုက်ဖောင်းနေသေးတာ ပုံမှန်လား? 🙄🩵

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


#10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township
Yangon
11182