Myat Thu Aung
19/04/2024
🧱အုတ်ကိုရေစိမ်ခြင်း
🧱အုတ်ကိုရေစိမ်ရတာက ပန်းရံလုပ်ငန်းမှာ အဓိကအကြောင်းရင်းကြီး နှစ်ချက်ရှိတယ်။
🧱ပထမတစ်ချက်တော့ အုတ်ရဲ့မျက်နှာပြင်မှာ မြောက် များစွာ သော ဖုန်တွေဟာ လုံးထွေးနေတတ်တယ် ။တစ်ခါတစ်ရံမှာ ညစ်ပတ်ပေကျံတာမျိုးတွေလည်း ရှိတတ်တယ်။
🧱တကယ်လို့များ အဲ့ဒီဖုန်တွေ ညစ်ပတ်ပေကျံတာတွေကို တိတိကျကျ မှန်မှန်ကန်ကန် ဖယ်ရှားခြင်းမပြုဘူးဆိုရင် အုတ်နဲ့ မဆလာကြားမှာ စေးကပ်ခိုင်မြဲမှု တွဲကပ်မှုမရှိဘူး။
🧱 အကျိုးသက်ရောက် မှုကလည်း အားနည်းတယ်။ ဒါကြောင့်မို့လို့ ညစ်ပတ်ပေကျံနေတဲ့ အုတ်များကို အသုံးပြုပြီး တည်ဆောက်ထားတဲ့ နံရံတွေဟာ တောင့်တင်းကြံ့ခိုင်မာမှုမရှိဘူး။ မလိုအပ်ဘဲနဲ့သူ့မှာ အချိန်ကုန်၊ ငွေကုန်၊ ပစ္စည်းကုန်ပြီးတော့ အက်ရာတွေလဲပေါ်လာတတ်တယ်။
🧱နောက်ထပ်တစ်ချက်က အုတ်က မြေကြီးကိုဖုတ်ထားရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူက ရေစုပ်ယူမှုအားကောင်းတယ်။
🧱ခြောက်သွေ့ပြီးတော့ ပွတဲ့အပေါက်ငယ်လေးတွေပါရှိတဲ့ အုတ်ချပ်တွေက မဆလာထဲမှာပါတဲ့ရေကို အလျှင်အမြန် စုပ်ယူသွားတယ်။
🧱ဒါကြောင့််မို့လို့ ဘိလပ်မြေအိပ်စက်ဖို့အတွက် အရေးတကြီးလိုအပ်တဲ့ (water cement ratio ) ကျသွားတယ်။
🧱အဲ့ဒီအတွက်ကြောင့် ဘိလပ်မြေက သူဓာတ်ပြုရမည့်ဖြစ်စဥ် ၊ (Hydration) ဖြစ်စဥ် အနှောက်အယှက်ဖြစ်သွားပြီးတော့ သူက ကောင်းစွာဓာတ်မပြုနိုင်ဘူး။
🧱ပြီးတော့ သရိုးက အင်အားကျဆင်းလာတယ်။
🧱အဲ့ဒီအတွက်ကြောင့်မို့လို့ ကောင်းစွာဓာတ်ပြုနိုင်ဖို့အတွက် အစိုဓာတ် လုံလောက်စွာ သူ့မှာရှိဖို့လိုတယ်။
🧱ဒါ့ကြောင့်မို့လို့ အုတ်ကို ရေဝအောင်စိမ်ပြီးမှ မဆလာနဲ့ စီတဲ့လုပ်ငန်းကို လုပ်ဆောင်သင့်တယ်။
🧱အုတ်ရိုးအတွက် မဆလာဖျော်တဲ့အခါ ရေများလျှင်မဆလာကို ထိုးရကိုင်ရ လုပ်ကိုင်ရတာကောင်းတယ်။Workability ကောင်းတယ်။ဒါပေမယ်လို့ ရေကိုအများကြီးရောရလို့ ဘိလပ်မြေရဲ့ Strength ကို ကျစေတယ် ။
ပြီးတော့ သိပ်သည်းဆကိုလည်း လျှော့ကျစေတယ်။
🧱ဒါကြောင့်မို့လို့ Plaster ချောပြီးတဲ့အခါမှာ မျက်နှာပြင်မှာ အက်ရာလေးတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။
🧱ပန်ရံလုပ်ငန်းအတွက် ကောင်မွန်တဲ့မဆလာ ရရှိဖို့တွက်ဆိုရင် ရေရဲ့အရည်အသွေးဟာလည်း အရေးတကြီးထည့်သွင်းစဥ်းစားရမည့်အချက်ထဲမှာ ပါရှိပါတယ်။
🌺Construction လုပ်ငန်းတွေမှာ အသုံးပြုမည့်ရေဟာ ဘယ်လောက်တောင်မှ အရေးကြီးလဲဆိုရင် သူဟာ သန့်ရှင်းကြည်လင်တဲ့ရေ၊ အရသာသိသိသာသာ မရှိတဲ့ရေ၊ သဘာဝတိုင်းအားလုံးနည်းပါးဖြစ်တဲ့ရေကို အသုံးပြုရမယ်လို့ပြောထားပါတယ်။
🌺တကယ်လိုများ ကိုယ်က မဆလာဖျော်တဲ့ခါမှာပဲဖြစ်ဖြစ်၊ ကွန်ကရစ်ဖျော်တဲ့ခါမှာပဲဖြစ်ဖြစ် ေရကိုအသုံးမှုအတွက် ဒီရေဟာ သင့်တော်လား၊ မသင့်တော်ဘူးလားဆိုတာကို စမ်းသပ်ဖို့တွက်ဆိုရင်တော့ Drinking Water သောက်လို့ရတဲ့ရေ နဲ့ နမူနာကုဗတုံးတစ်တုံး စမ်းပြီးဖျော်မယ်။
🧱ပြီးတော့ ကိုယ်တကယ် လုပ်ငန်းခွင်ထဲမှာ အသုံးပြုမည့်ရေကိုယူပြီးတော့ နမူနာကုဗတုံးတစ်တုံးဖျော်မယ်။
🧱အဲ့ဒီ ကုဗတုံးနှစ်ခုကို ( ၇ ) ရက်နဲ (၂၈ ) ရက်ကြာတဲ့အခါမှာ အင်အားစမ်းသပ်မှုတွေလုပ်မယ်။သူတို့ရဲ့ psi စမ်းမယ် ။
🧱 သောက်ရေနဲ့ဖျော်တဲ့ ကုဗတုံးရဲ့ Strength နဲ့ ကိုယ် Site ထဲမှာသုံးမည့်ရေနဲ့ဖျော်တဲ့ ကုဗတုံးရဲ့ Strength ၊ ဒီနှစ်ခုကို နှိုင်းယှဥ့်တဲ့အခါမှာ သောက်ရေနဲ့ဖျော်ထားတဲ့ ကုဗတုံးရဲ့ Strength အတိုင်း အပြည့်မရရင်တောင်မှ သူ့ရဲ့ (၉၀ ) ရာခိုင်နှုန်းနီပါး strength ရ ရှိတဲ့ရေဆိုလို့ရှိရင် ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အသုံးပြုလို့ရတဲ့ရေဖြစ်ပါတယ်။
အိမ်ဆိုသည်မှာ.crd
two story home.🏘🏘🏘
14/02/2024
တိုင်နဲ့ ထိပ်တိုက် ညှပ်မစီရင်...
အခုလိုမျိုးတွေ ဖြစ်တက်ပါတယ်
အုတ်စီတဲ့အခါ...တိုင် သို့မဟုတ် ဘင့်တွေနဲ့ ညှပ်စီမှသာ
ခိုင်ခန့်မူရှိပါတယ်
အရေးကြီးဆုံးက အုတ်မစီခင် သန့်ရှင်းရေးပြုလုပ်ပါ
အုတ်တွေကို ရေဖြန်းပေးထားပါ
အုတ်တွေ ရေမဝရင် Crack ဖြစ်တက်ပါတယ်
လေးလွှာစီပီးတိုင်း ဂျာလီ ထည့်ပေးပါ
တိုင်တွေမှာ Dowel Bar တွေ ထည့်ခဲ့ရပါတယ်
Dowel Bar တွေသည် အုတ်စီရာတွင် အုတ်နံရံခိုင်ခန့်ရန်အတွက် Dowel Bar နှင့်ညှပ်စီခြင်း သို့မဟုတ် ကျောက်ထုတ်အသေးဖြင့် တွဲခြင်း ပြုလုပ်ပီး အုတ်စီနိူင်ပါတယ်
ပက်လက်ပဲ စီစီ မှောက်ခုံပဲ စီစီ နှာသပ် နှာသိပ်ရပါ့မယ်
အုတ်စီတိုင်း လိုင်းကြိုးဆွဲပေးရပါ့မယ်
ချိန်ကျမျဥ်းကျ Level မှန်မမှန် ပြန်စစ်ဆေးဖို့လိုပါတယ်
Joint ဆက် မိမိစီဖို့လိုအပ်ပါတယ်
သိသလောက် ပြောပြပေးတာပါ
ရေးတာရေးရတာ...ဆရာကြီးလား...
သူများအပြစ်တွေပဲ လိုက်ရှာနေတယ် အပြောခံရမှာလဲ စိုးရပါတယ်
မြန်မာနိူင်ငံက ပုံတွေ မသုံးပါဖူး
အကောင်းမြင်စိတ်ထက် အဆိုးမြင်စိတ်များကျလို့ပါ
ကျေးဇူးတင်ပါတယ်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon