TC Youth Program
17/04/2017
မင်္ဂလာနှစ်သစ်ပါ T Community မင်ဘာတို့ရေ
Volunteer Welcome 2017 မှာ လာတဲ့ လူငယ်တွေကို T Gift Coupon ပေးလိုက်တာ မှတ်မိတယ်ဟုတ် ???
အဲဒီ Coupon သုံးလို့ရမဲ့ Training လေးပြောပါရစေ။
(2) Months Training ဖြစ်ပါတယ်။
* စီမံကိန်းရေးဆွဲနည်း Training * ပါ
ခေါင်းစဉ်က တော့နည်းနည်းကြီးတယ်။ ခေါင်းစဉ်ကြီးသလို Training ထဲပါမဲ့ အကြောင်းလေးတွေကလည်း စိတ်ဝင်စားဖို့ ကောင်းတယ်။
သင်ခန်းစာလေးတွေကို ခွဲထားတာလေး ကြည့်ပါရစေအုံး
(1) Plan to Win
ဘ၀မှာ ဘာလုပ်လုပ် Plan လိုတာပေါ့။ Plan ထဲမှာမှ အောင်မြင်တဲ့ Plan ဖြစ်ဖို့ ဘယ်လို လုပ်ရမလဲ ဒါကို လေ့လာရမှာပါ
(2) Business Plan Basic
စီးပွားရေး ဘာသာရပ်ဆိုတော့ စီးပွားရေး ဘာသာရပ်ဆိုင်ရာ စီမံကိန်း ရေးဆွဲနည်း အခြေခံ ကို မြည်းရမှာ။ လုပ်ငန်းတစ်ခု စမယ်ဆို ဘယ်လိုစချင်လဲ ၊ ဘာတွေစမလဲ ဒါကို လေ့လာရမှာ. .
(3) Missions and Golas
ကိုယ်က ဘာတွေ မျှော်လင့်သလဲ၊ လုပ်ငန်းကရော ဘာတွေမျှော်လင့်သလဲ ဒါကသိပ်ကို အရေးကြီးပါတယ်။ မြန်မာပြည်ရဲ့ အနည်းငယ်သော လုပ်ငန်းကြီးတွေပဲ ရှိသေးတဲ့ Missions and Goals ကို ခုကတည်းက ချမှတ်ထားတော့ ပိုမိုအောင်မြင်မှာပေါ့
(4) Executive Summary and Business Strategy
ကိုယ်လုပ်နေတဲ့ Project ကို ပြပါဆိုရင်တော့ ဒီ Summary လေးကို ပြနိုင်မှ အခြား ပြင်ပအဖွဲ့တွေရော ၊ နိုင်ငံတကာ အဖွဲတွေနဲ့ပါ ပေါင်းစပ်လို့ရမှာလေ။ ဒါကြောင့် ဒီ အခန်းကလည်း မရှိမဖြစ်ပါဗျာ .
(5) Funding and Financials
လုပ်ငန်းလည်ပတ်ဖို့ အရင်းအနှီးဘယ်လိုရှာမလဲ၊ ငွေဘယ်လိုဝင်မလဲ ဆိုတာလေးကိုပြောပြနော်. ဒါဆိုရင် လုပ်ငန်းစ လို့ရပြီလေ..ဒါကို ဘယ်လို တွက်ချက်ထားသင့်လဲ ပြင်ဆင်ထားသင့်လဲဆိုတာသိရအောင်ပါ.
(6) Proposals.
ကဲ ကိုယ့် Plan ကို ကိုယ်တွေကြီး ဖတ်လို့မရဘူးလေ။ ကိုယ်နဲ့ချိတ်ဆက်မဲ့ သူတွေကို ပေးရအုံးမှာဆိုတော့ Proposals လေးကို ရေးနည်း တတ်မှရမယ်
ဒီ Training မှာ ဒီ Chapter 6 ခု နဲ့ ကိုယ်တိုင်လုပ် ကိုယ်တိုင် Project ဆွဲရမယ်။
Training ပြီးရင် ကိုယ့် ဘ၀ လမ်းကြောင်းအတွက်လည်း Plan ဆွဲတတ်မယ်
Business Plan နဲ့ Proposal အတွက်လည်း အဆင်ပြေသွားမယ်
Coupon ရှိသူတွေ အတွက်ကတော့ Free တက်လို့ရမယ်။
Volunteer ရွာထဲ နဲ့ T Community ထဲ က မိသားစုတွေကတော့ 2 months Training အတွက် 50 % ရပါမယ်။
1 သောင်းကျပ်ပဲ ကျသင့်မှာပါ။
T Community Only သင်တန်းဖြစ်တဲ့ အတွက် အပြင် စိတ်ဝင်စားတဲ့ သူတွေ အတွက်ကတော့ T Community က လူငယ်တွေရဲ့  Recommend လိုပါမယ်။
Trainer ကတော့ T Community သူကြီး ဦးရဲထက်ဦးပါ. .
(5) Business Plan Training (20000)
Start Date :6 May 2017
Day :Only Sun
Time :5:00PM-7:00PM
Period : 2M
Location: တာမွေ
Coupon ရှိသူများက CB ထဲ Coupon ပုံလေးပို့ပြီးတော့ နာမည်စာရင်းပေးထားပါ....
အသေးစိတ်ကိုလည်း 09 4200 12 412 ကိုဆက်မေးပေးပါနော့
ကျေးဇူးတင်ပါတယ်။
06/04/2017
T.Community ...... နာမည်ကြားဖူးနေပေမယ့် နည်းနည်းတော့အလှမ်းဝေးခဲ့တာပေါ့နော်......First Trip မှာစပြီး လိုက်ခဲ့ဖူးပေ့မယ့် မမေ့နိုင်စရာအမှတ်တရတွေ သူငယ်ချင်းတွေ အများကြီးရရှိခဲ့တယ်.....
ဂိမ်းတွေလဲ အများကြီးဆော့ခဲ့ရသလို Teamwork ဆိုတာကိုလဲ နားလည်သဘောပေါက်ခဲ့တယ်....လူကြောက်တတ်တဲ့ Social မကောင်းတဲ့ ကျွန်တော်အတွက်လဲ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်လာတယ် တခါမှ မမြင်ဖူးပေ့မယ့်လဲ အကိုတွေအမတွေက စိတ်ရင်းနဲ့သူငယ်ချင်းအရင်းတွေလို အချင်းချင်းရိုင်းပင်းကူညီပေးတာကိုလဲ တွေ့ရတယ်... မယုံမရှိနဲ့ ဗျ
ကျွန်တော်ဆို အဲ့တနေ့ တာ ခရီးတိုလေးရောက်မှ တွေ့ရတဲ့သူတွေနဲ့ ခုထိခင်နေတုန်းဗျ.....အဲ့တည်းက စိတ်ဝင်စားလွန်းလို့ နောက်ပွဲတွေမှာလဲ ပါလို့ရအောင် Volunteer form တင်ပြီးလို့ Interview တောင် ဖြေပြီးသွားပြီ.....အဲ့နေ့က လိုက်ဖို့ခေါ်ပေးတဲ့ သူငယ်ချင်း Aungg Minn Myattကိုလဲ ကျေးဇူးတင်ပါတယ် ခင်ဗျာ........
Acc ထဲမှာ ရှိတဲ့ သူငယ်ချင်းတွေလဲ စိတ်ဝင်စားတယ် ဆို ဆက်သွယ်လို့ရတယ်နော်......
စိတ်ဝင်စားတယ်ဆိုရင်ဆက်ဖတ်ကြည့်ပါဦး...
...........................................................
Yangon မြို့ ရဲ့  အကြီးဆုံး T Charity Event အတွက် Volunteer အဖြစ် ပါဝင်နိုင်မည့် အခွင့်အရေးလာပါပြီ။
၁၀ တန်းအခုမှ ဖြေထားတဲ့လူငယ်တွေ၊ တက္ကသိုလ်တက်နေတဲ့လူငယ်တွေ၊ နယ်ပယ်အသီးသီးက လူငယ်တွေအတွက် သတင်းလေးတစ်ခု ပြောပြချင်တာပါ။
May လ မှာ လူငယ်တွေ စုပေါင်းလုပ်မဲ့ Charity Event တစ်ခုရှိပါတယ်။
ဒီ Charity Event က လူငယ်တွေ စုစည်းလုပ်မှာမို့ ပျော်ဖို့လည်းကောင်းမယ်၊ သူငယ်ချင်းတွေလည်းတိုးမှာဖြစ်သလို၊ မိမိနဲ့  ၀ါသနာတူ ၊ စိတ်တူကိုယ်တူတွေနဲ့ အတွေ့အကြုံတွေအများကြီးရမှာကတော့ အသေအချာပါပဲ။
Volunteer လုပ်ရမှာဆိုတော့ လေ့ကျင့်မှု Training တွေလည်း ဆောင်ရွက်ပေးမှာပါ။
ဒီ Event မှာ
Game Show တွေ၊ Attraction တွေ၊ Celebrity တွေ ၊ အခြားစိတ်ဝင်စားဖို့ကောင်းတဲ့ နေရာပေါင်းများစွာမှာ တာဝန်ယူ လုပ်ကိုင်ရမယ်ဆိုတော့
လူငယ်တိုင်းအတွက် အလွန်စိတ်ဝင်စားဖို့ကောင်းမှာပါ
T Community က Volunteer တွေနဲ့ အတူတူ
Yangon Book Plaza ဖွင့်ပွဲ
Meet and Greet Event by Tharapar
Capacity Development ပွဲတွေ
ကလေးစာပေပွဲတော်တွေနဲ့  ပွဲပေါင်းများစွာတာဝန်ယူခဲ့တဲ့ အတွေ့အကြုံတွေနဲ့မို့
ဒီ Volunteer အခွင့်အရေးကလည်း ပိုပြီး စိတ်ဝင်စားမယ်ဆိုတာကတော့ အသေအချာပါပဲ
Volunteer တွေအနေနဲ့
- Certificate ( ဂုဏ်ပြုလက်မှတ်)
- Volunteer Fresher Welcome @ Central Hotel ( ကြိုဆိုပွဲ)
- Free Classes and Training by T Community အစရှိသဖြင့် Facility တွေလည်းရှိတာကြောင့် . .
စိတ်ဝင်စားမယ်ဆိုရင်တော့
Registration- 09 4200 12 412
ဒါမှမဟုတ်
Online Form
https://goo.gl/forms/cjLOq0OP0dYweq5h2
မှာဖြည့်ပေးနိုင်ပါတယ်။
လူဦးရေး ကန့်သတ်ထားတာဆိုတော့ အခုပဲ ဖြည့် အခုပဲ ဆက်သွယ်ပေးဖို့ အကြံပြုပါတယ်နော်။
သတင်းလေးကို Share ပေးပါအုံး. . .
ကျေးဇူးပါနော်။
02/04/2017

20/03/2017
T Community. . .
We do better
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Yangon