Health's For Ladies II

Health's For Ladies II

Share

09/08/2024

👨‍⚕️👩‍⚕️👨‍⚕️👩‍⚕️👨‍⚕️
သားအိမ်အလုံးတည်ခြင်း ... ( Uterine Fibroids )

သားအိမ်အလုံးဆိုတာက သားအိမ်နံရံတခုခုကနေထိုးထွက်လာပြီး ကြွက်သားဆဲလ်တွေ တစ်သျှူးတွေနဲ့ဖွဲ့စည်းထားတဲ့အရာတစ်ခု ဖြစ်တယ်။ကင်ဆာအကျိတ်မဟုတ်လို့ အရမ်းကြီး စိုးရိမ်စရာမရှိပါ။(ကင်ဆာမဟုတ်ပါ။)
အမျိုးသမီးတစ်ယောက်မှာ သားအိမ်အလုံးတစ်လုံးကနေ အများကြီးအထိရှိနိုင်ပါတယ်။တစ်လုံး နဲ့ တစ်လုံးလည်းအရွယ်အစားချင်းမတူညီနိုင်ပါ။တချို့အလုံးတွေက သူ့အလိုလို ရှုံ့သွားပီး တချို့အလုံးတွေကတော့ပိုကြီးလာတတ်ပါတယ်။အဖြစ်များတဲ့အရွယ်ကတော့ အသက် (30) ကနေ သွေးမဆုံးခင် အသက် (45-50) အရွယ်တွေမှာ ဖြစ်နိုင်ခြေများပါတယ်။
အဓိကဖြစ်ရတဲ့အကြောင်းရင်းကတော့ အီစရိုဂျင်(Oestrogen)ဟော်မုန်းများတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အမျိုးသမီးအများစု သွေးဆုံးပီးနောက်ပိုင်းမှာ ဒီဟော်မုန်းနည်းသွားသည့်အတွက် သားအိမ်မှာတည်နေတဲ့အလုံးတွေက အရွယ်အစားသေးသွားတတ်ပါတယ်။

📌 သားအိမ်အလုံးတွေကို သားအိမ်ရဲ့နေရာအပေါ်မူတည်ပြီး အဓိကသုံးမျိုးခွဲထားပါတယ် ။
🔹1. သားအိမ်ရဲ့အပြင်နံရံမှာတည်ရင် (Subserosal fibroid)
🔹2. သားအိမ်ရဲ့ကြွက်သားနံရံထဲမှာတည်ရင် (Intramural fibroid)
🔹3. သားအိမ်ရဲ့အတွင်းနံရံမှာတည်ရင် (Submucosal fibroid) ဆိုပြီး ခွဲထားပါတယ်။တချို့သော သားအိမ်အလုံးတွေက သားအိမ်ကနေ အညှာတံလေးတွဲကျသလို ဖြစ်နေခြင်း (Pedunculated fibroid) မျိုးလည်းတွေ့ရတတ်ပါတယ်။

📌📌📌 သားအိမ်အလုံးတည်လျင် ဖြစ်နိုင်သော လက္ခဏာများ ...
🔹 ရာသီလာတဲ့အခါ ပုံမှန်ထက် သွေးအများကြီးဆင်းခြင်း / အတုံးအခဲများပါခြင်း ၊
🔹 သွေးဆင်းများတဲ့အတွက် အားအင်ကုန်ခမ်းပီး ဖြူဖတ်ဖြူ‌ရော်ဖြစ်ခြင်း ၊
🔹 ရာသီလာတဲ့အခါ ပုံမှန်ထက် ကိုက်ခဲနာကျင်ခြင်း ၊
🔹 ခါးကိုက်ခြင်း / ခြေထောက်ကိုက်ခြင်း ၊
🔹 လိင်ဆက်ဆံစဥ် နာကျင်ခြင်း ၊
🔹 ဆီးမကြာခဏသွားခြင်း ၊
🔹 သားအိမ်အလုံးက အူလမ်းကြောင်းကိုဖိတဲ့အခါ ဝမ်းချုပ်ခြင်း စသော လက္ခဏာများ ဖြစ်နိုင်ပါတယ်။
အလုံးကကြီးတဲ့အခါ ဗိုက်ကနေ အလုံးအကျိတ်စမ်းမိတာမျိုး ဖြစ်နိုင်ပါတယ်။ အလုံးရဲ့အလေးချိန်ကြောင့် သားအိမ်ကျတဲ့လက္ခဏာလည်း ဖြစ်တတ်ပါတယ်။တချို့တွေမှာတော့ လက္ခဏာပြလေ့မရှိဘဲ ကိုယ်ဝန်ရလို့ အာထရာဆောင်းရိုက်ကြည့်မှ သိရခြင်း /ရောဂါတခုခုရှာဖို့အတွက် အာထရာဆောင်းရိုက်မှ သိရသော အခြေအနေများလည်း ရှိပါတယ်။

📌🤰🤰🤰📌
သားအိမ်အလုံး နှင့် ကိုယ်ဝန်ဆောင် ...

သားအိမ်အလုံးရှိတဲ့သူတွေဟာ ကလေးရဖို့ အခက်အခဲရှိနိုင်ပါတယ်။
🔹 သန္ဓေတွယ်ကပ်မယ့် နေရာမှာ အလုံးဖြစ်နေရင် သန္ဓေတည်လို့မရတဲ့အခြေအနေ ၊
🔹 တချို့အမျိုးသမီးတွေမှာတော့ သားအိမ်အလုံးလည်းရှိတယ် ကိုယ်ဝန်လည်းရှိသော အခြေအနေလည်း ရှိပါတယ်။ ဒါကတော့ သားအိမ်အလုံးတည်တဲ့နေရာပေါ်မူတည်ပါတယ်။
🔹 တချို့‌သော အမျိုးသမီးများတွင် သားအိမ်အလုံး‌သည် သန္ဓေသားဝင်နေရာယူရမယ့် အမေ့သားအိမ်တွင်းက နေရာတစ်စိတ်တစ်ပိုင်းကို လုယူအပိုင်စီးထားလို့ ကိုယ်ဝန်ရပီးမှ ပျက်ကျခြင်း ၊ အချင်းအရှေ့ရောက်ခြင်း ၊ ကလေးအနေအထားမမှန်ခြင်း ၊ လမစေ့ဘဲစောမွေးခြင်း ၊ ပေါင်မပြည့်ခြင်း အခြေအနေများ ဖြစ်နိုင်ပါတယ်။
🔹 ကလေးမွေးဖွားတဲ့အချိန်မှာလည်း သားအိမ်မှာအလုံးရှိနေတဲ့အတွက် မိခင်ညှစ်အားမရှိခြင်း အခြေအနေကြောင့် ခွဲမွေးရနိုင်ပါတယ်။

📌 သားအိမ်အလုံးတည်လျင် ခွဲဖို့ လိုအပ်ပါသလား ... ?

သားအိမ်အလုံးရဲ့ အရွယ်အစားပေါ်မူတည်ပါတယ်။ အလုံးကသေးတယ် ဘာလက္ခဏာမှလည်း မပြဘူးဆိုလျင် ဘာမှလုပ်စရာမလိုပါဘူး။ကိုက်ခဲခြင်းရှိလျင် အကိုက်အခဲပျေက်ဆေးသောက်လို့ရပါတယ်။တခြားတား‌ဆေးတွေ ဟော်မုန်းထိန်းညှိပေးနိုင်သည့် ဆေးများဖြင့် အလုံးသေးအောင် ကုသနိုင်သလို့ သွေးဆင်းများတာ ကိုက်ခဲနာကျင်တာ သက်သာအောင်လုပ်လို့ရပါတယ်။ (ဆရာ၀န်ညွန့်ကြားချက်အတိုင်း လိုက်နာရန် အရေးကြီးပါတယ်။ )
သားအိမ်အလုံးက အရွယ်အစားကြီးမားပြီး လက္ခဏာများက မခံနိုင်အောင်နာကျင်ခြင်း ၊မိမိရဲ့ နေ့စဉ်လုပ်ဆောင်မူများကို ထိခိုက်လာလျင် ခွဲစိတ်ရပါမယ်။ခွဲစိတ်မူတွင် အလုံးကိုပဲထုတ်ပီး သားအိမ်ကို ချန်ထားခဲ့လို့ရပါတယ်။ သို့သော် သွေးမဆုံးသေးခင် အီစရိုဂျင်(Oestrogen)ထိတွေ့မှုရှိနေလျင် အလုံးပြန်တည်နိုင်ခြေ ရှိပါတယ်။ အလုံးအရွယ်အစား ကြီးမားပြီး သားအိမ်ကြွက်သားနံရံထဲ၀င်သည့် အခြေအနေမျိုးတွင် သားအိမ်တစ်ခုလုံး ထုတ်ပစ်ရနိုင်ပါတယ်။
အမျိုးသမီးတွေအနေဖြင့် သားအိမ်အလုံးတည်တဲ့လက္ခဏာများ ဖြစ်ပေါ်ခဲ့လျင် ရောဂါအခြေအနေ မပြန့်ပွားခင် သက်ဆိုင်ရာဆရာ၀န်ဖြင့် ပြသသင့်ကြောင်း အကြံပြု ဖော်ပြလိုက်ပါတယ်။
"အားလုံးကျန်းမာပျော်ရွင်သော ဘ၀တွေပိုင်ဆိုင်ကြပါစေ။"
(မှတ်ချက် - ပြန်လှန်ကူးယူဖော်ပြခွင့် "လုံး၀" မပြုပါ။)
📣📣
Booking တင်မည် လူနာများအနေဖြင့် အသေးစိတ် သိရှိလိုပါက " Clinic For Ladies II " Messager Chatbot တဆင့် မေးမြန်း (Booking)တင်နိုင်သလို့ ဖုန်းနံပါတ် 09- 774369161 ကို တိုက်ရိုက်ခေါ်ခြင်းဖြင့် Booking တင်၍ ဆွေးနွေးတိုင်ပင်နိုင်ပါပြီခင်ဗျာ ။

Dr. Kyaw Zin Latt
M.B.,B.S (MDY)
********************************************
အမျိုးမျိုးသော အခက်အခဲတွေကြားမှာ နှစ်ကြောင်းပြလို့ အဆင့်သင့်မဖြစ်သေးသူများ
ဆရာဆီဆွေးနွေးတိုင်ပင်ကာ အာမခံဖြင့် ဆေးမှာယူနိုင်ပါတယ်။
📲📲📲 - 09-983385616 (phone &Viber )

06/07/2024

👨‍⚕️👨‍⚕️👨‍⚕️👨‍⚕️
ကလယ်မိုင်းဒီးယားရောဂါပိုးအကြောင်း (Chlamydia Infection)
ကလယ်မိုင်းဒီးယားသည့် လိင်မှတဆင့် ကူးစက်‌တတ်သောရောဂါများထဲမှ အဖြစ်အများဆုံး ရောဂါထဲမှာ ပါပါတယ်။
ကလယ်မိုင်းဒီယားက အားပျော့သည့် ဘက်တီးရီးယား အမျိုးအစားထဲ ပါပါတယ်။မှီခိုတွယ်ကပ်စရာ ဆဲလ် (Cell) မရှိလျင် ပြင်ပလောကမှာ အသက်မရှင်နိုင်ဘူး။အရေပြား ဆဲလ်ကိုလည်း မတွယ်ကပ်နိုင်ခြင်းကြောင့် မျက်ခမ်းစပ် ၊ ဆီးလမ်းကြောင်း ၊ သားအိမ်ခေါင်းဝ ၊ စအိုတွင်း တွေထဲ ရွေးချယ်တွယ်ကပ်ရပါတယ်။
မျက်ခမ်းစပ်ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားနဲ့ မျိုးစုတူညီပြီး၊ မျိုးခွဲ အနည်းငယ် ကွဲပြားပါတယ်။
ဘက်တီးရီးယားရဲ့ အားပျော့တဲ့ သဘာဝကြောင့် ပွေ့ဖက်ခြင်း ၊ အိမ်သာတခုတည်း အတူအသုံးပြုခြင်း ၊ ရေကူးကန်တခုမှာ အတူကူးမိခြင်းက မကူးစက်နိုင်ပါ။
အဓိကအားဖြင့် လိင်ဆက်ဆံခြင်းကတဆင့် ကူးစက်ပါတယ်။

📌 ဒီရောဂါက မည်သို့ ကူးစက်နိုင်ပါသလဲ ... ?

🔹ရောဂါပိုးရှိသူဖြင့် လိင်ဆက်ဆံခြင်း (ပါးစပ် ၊ စအို အားလုံးပါ၀င်တယ်) ၊
🔹ရောဂါဖြစ်ဖူးပြီး ပျောက်ကင်းသွားသည့်တိုင် ရောဂါရှိသူဖြင့် လိင်ဆက်ဆံမိလျင် ရောဂါ ထပ်ဖြစ်နိုင်ပါတယ်။
🔹ရောဂါပိုးရှိသူ ကိုယ်၀န်ဆောင်မိခင်ဖြစ်လျင် ကလေးငယ်ဆီ မွေးဖွားချိန်မှာ ကူးစက်နိုင်ပါတယ်။

📌 ရောဂါဖြစ်ကြောင်း ဘယ်လိုသိနိုင်မလဲ ... ?
ဒီရောဂါသည် အမျိုးသားရော အမျိုးသမီးပါ ရောဂါကူးစက်နိုင်ပါတယ်။
🔷 လက္ခဏာများက
🔹 ဆီးပူဆီးကျင်ခြင်း ၊
🔹အဖြူဆင်းခြင်း ၊
🔹အမျိုးသားလိင်တံမှ အရည်ထွက်ခြင်း ၊
🔹ဝှေးစေ့တစ်ဖက် (သို့) နှစ်ဖက်စလုံး နာကျင်ခြင်း
🔹မိန်မကိုယ်မှ ပုံမှန်မဟုတ်သည့် အရည်များဆင်းခြင်း ၊
🔹ဆီးစပ်ကိုက်ခြင်း စသည့်လက္ခဏာများ ဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာ မပြခြင်းကြောင့် ရောဂါရှိမှန်း မသိလိုက်တာ များပါတယ်။

📌 ကလယ်မိုင်းဒီးယားရောဂါပိုးက စိုးရိမ်ရသပါလား ... ?

မိမိအနေဖြင့် အချိန်မှီ ရောဂါဖြစ်မှန်းသိလျင် ကုသမူအတွက် မစိုးရိမ်ရပါ။ရောဂါ ပျောက်ကင်းရန် လွယ်ပါတယ်။ ရောဂါဖြစ်ပြီးနောက်ပိုင်း ကုသမူနောက်ကျခဲ့လျင် ပိုးဝင်တဲ့ လမ်းကြောင်းတလျောက် ရောင်ရမ်းပိတ်ဆို့တတ်ပါတယ်။

🔷 အထူးသဖြင့် အမျိုးသမီးများတွင်

🔹သားသမီး မရနိုင်ခြင်း ၊
🔹 သားဥပြွန်သန္ဓေတည်နှုန်းမြင့်လာခြင်း ၊
🔹 ဆီးစပ်တဝိုက် နာကျင်ကိုက်ခဲခြင်း ၊
🔹တင်ပါးဆုံရိုးရောင်ရမ်းခြင်းရောဂါ ၊
🔹 ကလေးမရနိုင်ခြင်း အထိ ဖြစ်နိုင်ပါတယ်။

📌 ကုသမူများ ...

ရောဂါပိုးရှိကြောင်း သေချာလျင် ကုသမူ လွယ်ကူပါတယ်။ ရောဂါအခြေအနေအပေါ်မူတည်ပြီး ပိုးသတ်ဆေး တစ်ပတ် မှ
နှစ်ပတ် သောက်လျင် သက်သာပါတယ်။များသောအားဖြင့် ရောဂါလက္ခဏာ မရှိခြင်းကြောင့် ဘယ်သူမှ ရောဂါစစ်ဆေးမူအတွက် ဆေးရုံဆေးခန်း ရောက်ရှိခြင်း မရှိပါ။
ယနေ့ခေတ်တွင် လွယ်လွယ်စစ်ဆေးနိုင်တဲ့ test kit လေးတွေဖြင့် စစ်ဆေးမူ ပြုလုပ်နိုင်ပါပြီ။ဖွံဖြိုးပြီးနိုင်ငံများ အချို့တွင် ရောဂါလက္ခဏာရှိသည်ဖြစ်စေ ၊ မရှိသည်ဖြစ်စေ တနှစ်တခါလောက်တော့ ပုံမှန်စစ်ဆေးမှု ခံယူရန် တိုက်တွန်းထားပါတယ်။

📌 ကလယ်မိုင်းဒီးယားရောဂါကို ကာကွယ်ရန် ...
🔹 လိင်ဆက်ဆံမူတွင် (Condom) အကာအကွယ်အသုံးပြုရန် ၊
🔹လိင်ဆက်ဆံဖော်များခြင်းကို ရှောင်ကျဉ်ရန် ၊
🔹မိမိလိင်ဆက်ဆံဖော် ရောဂါအခြေအနေ သိရှိရန် စသည့်အချက်အလက်တွေကို သတိထားလျင် မိမိကိုယ်ကို ကာကွယ်နိုင်ပါတယ်။
ကလယ်မိုင်းဒီးယားရောဂါသည် စိုးရိမ်ရသည့် ရောဂါတစ်ခုမဖြစ်သော်လျင် ရောဂါဖြစ်မှန်သိပြီး ပေါ့ပေါ့ဆဆနေခဲ့လျင် စိုးရိမ်ပါတယ်။ ဒါကြောင့် မိမိအထက်ပါ ရောဂါလက္ခဏာများဖြစ်ခဲ့လျင် ပေါ့ပေါ့ဆဆ အနေသင့်ကြောင့် လိုအပ်သည့် စစ်ဆေးခံယူသင့်ကြောင်း အသိပေးလိုက်ပါတယ်။

"အားလုံးကျန်းမာပျော်ရွင်သော ဘ၀တွေပိုင်ဆိုင်ကြပါစေ။"
(မှတ်ချက် - ပြန်လှန်ကူးယူဖော်ပြခွင့် "လုံး၀" မပြုပါ။)
📣📣
Booking တင်မည် လူနာများအနေဖြင့် အသေးစိတ် သိရှိလိုပါက " Clinic For Ladies II " Messager Chatbot တဆင့် မေးမြန်း (Booking)တင်နိုင်သလို့ ဖုန်းနံပါတ် 09- 774369161 ကို တိုက်ရိုက်ခေါ်ခြင်းဖြင့် Booking တင်၍ ဆွေးနွေးတိုင်ပင်နိုင်ပါပြီခင်ဗျာ ။

Dr. Kyaw Zin Latt
M.B.,B.S (MDY)
********************************************
အမျိုးမျိုးသော အခက်အခဲတွေကြားမှာ နှစ်ကြောင်းပြလို့ အဆင့်သင့်မဖြစ်သေးသူများ
ဆရာဆီဆွေးနွေးတိုင်ပင်ကာ အာမခံဖြင့် ဆေးမှာယူနိုင်ပါတယ်။
📲📲📲 - 09-983385616 (phone &Viber )

Photos from Health's For Ladies II's post 26/06/2024

📌📌📌
ဒီလအစမှာ ထပ်မံပြီး အဆင်မပြေသေးတဲ့အခက်အခဲတွေအတွက် ဖြေရှင်းဆောင်ရွက်ပြီးတာအချို့နှင့် ထပ်မံပို့ဆောင်ထားတာတွေပါ။

📦 5.6.2024 👉 တောင်ကြီး
📦 8.6.2024 👉 ကျိုင်းတုံ
📦 10.6.2024 👉 ချောင်းသာ
📦12.6.2024 👉 ရွှေညောင်
📦 17.6.2024 👉 ရပ်စောက်
📦 24.6.2024 👉 မန်းလေး
📦 25.6.2024 👉 မန်းလေး

အကြောင်းအမျိုးမျိုး‌သောအခက်အခဲများကြောင့် မျည်းနှစ်ကြောင်းပြလို့ ကိုယ်၀န်ယူရန် အဆင့်သင့်မဖြစ်သူများအနေဖြင့် ဆရာဆီ ဆွေးနွေးတိုင်ပင်ပြီး အာမခံဖြင့် ဆေးမှာယူနိုင်ပါတယ် ...

Dr. Kyaw Zin Latt
☎️☎️ : 09-983385616 (Viber)

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon
11091