Mr Hemp
16/10/2019
ဆေးခြောက်ပင်အနွယ်ဝင်လျှော်ပင် H**p
Cannabis (ဆေးခြောက်ပင်) ဟာ အမျိုးအနွယ်တူ H**p နဲ့ Ma*****na ဆိုပြီး ဗီဇကွဲ ၂ ခုရှိပါတယ်။
အဲဒီ ၂ မျိုးလုံးဟာ လွန်စွာအသုံးဝင်တဲ့သဘာဝရဲ့လက်ဆောင်တွေဖြစ်တယ်လို့ ကမ္ဘာ့နိုင်ငံကြီး တွေက နားလည်လက်ခံလာနေကြပြီး တရားဝင် စိုက်ပျိုးထုတ်လုပ်နေကြပြီ ဖြစ်ပါတယ်။
Ma*****na ကိုတော့ ဆေးဖက်ဆိုင်ရာအသုံးပြု သဘာဝဆေးဝါး အနေနဲ့သော်လည်းကောင်း၊ အပန်းဖြေဇိမ်ခံပစ္စည်းတစ်ခု အနေနဲ့အသုံးပြုဖို့ထုတ်လုပ်ပေမယ့် H**p ကတော့ လူသုံးကုန် ပစ္စည်းအမျိုးမျိုး၊ အစားအစာနဲ့ ဆေးဝါးတွေမှာသာမကပဲ အခုဆိုရင် လောင်စာအဖြစ်ပါ
စမ်းသပ် ထုတ်လုပ် အောင်မြင်နေပြီဖြစ်ပါတယ်။
H**p စိုက်ပျိုးရေးဟာ အကုန်အကျ စရိတ်စကသက်သာပါတယ်။ ဘာလို့လဲဆိုတော့ h**p ကို သာမာန်မြေပြင်ထွန်ယက်ပြီး အစေ့ကြဲပက်ချိန်ကနေ လေးလဆို ရိတ်သိမ်းရုံပါပဲ။ ဓာတ်မြေသြဇာ မလို၊ အပင်ဆေး ပိုးဆေးတွေမလို၊ နောက်ဆုံးကုန်ကုန်ပြောရရင် ရေတောင်မလိုတဲ့ အပင်မျိုးတွေ ဖြစ်ပါတယ်။
သူ့ရဲ့အရိုးတွေမှာ fibre ဓါတ် ၈၀% ကျော်ပါဝင်လို့ ချည်မျှင်နဲ့အထည်ထုတ်လုပ်လို့လည်း အင်မတန် ကောင်းပါတယ်။
ဝါးကနေ စက္ကူ ထုတ်ယူနိုင်သလို၊ H**p ကနေလည်း စက္ကူ ထုတ်ယူနိုင်ပါတယ်။ ဒါပေမယ့် H**p က ဝါးထက်သာတဲ့ ထွက်နှုန်းနဲ့ စက္ကူများများကို ထုတ်ယူနိုင်သလို H**p စက္ကူရဲ့ အရည်အသွေးဟာ ဝါးစက္ကူ ထက်သာပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့
လွတ်လပ်ရေး ကြေညာစာတမ်းကိုတောင် H**p Paper နဲ့ရေးသားထားတာ
လေ့လာ တွေ့ရှိရပါတယ်။
H**p ရဲ့အစေ့ဟာလည်း ဆေးဘက်ဝင်ပါတယ်။ H**p Oil ဟာဆိုရင် နှလုံးရောဂါသမား၊ လေဖြတ်ရောဂါသမားနဲ့၊ အစာအိမ်ရောဂါ၊ အတက်ရောဂါသမားတွေအတွက် အလွန်အသုံးဝင်တဲ့ ဆေးဝါးတစ်ခုပါ။
နောက်တစ်ခုက H**p ကရတဲ့ fibre ကနေ Bio plastic ထုတ်ကုန်တွေ ထုတ်လို့ရပါတယ်။
ပလပ်စတစ်တွေဟာ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေပေမယ့်၊ H**p plastic ကတော့
မြေကြီးပေါ်ရောက် မြေစာဖြစ်၊ ရေထဲကျအရည်ပျော်သွားစေမယ့်၊ 100% eco friendly product ပါ။ H**p plastic ဟာ ဝါးစားပြီး မျိုချရင်တောင် ဘေးမဖြစ်စေပဲ ဆေးတောင်ဖြစ်ပါသေးသတဲ့။
Credit : MLMM
လေ့လာ တွေ့ရှိရပါတယ်။
Credit : MLMM
14/10/2019
ဟမ့်လျှော်ကနေထုတ်တဲ့ အဝတ်အထည်ဝတ်ဆင်သူတွေဟာ အားသာချက်အမျိုးမျိုးရမှာ ဖြစ်ပါတယ်။ အောက်မှာ ဖော်ပြပေးထားတာတွေကတော့ ဟမ့်အဝတ်အထည်တွေသုံးရင် ရလာမယ့် အကျိုးတချို့ဖြစ်ပါတယ်။
တာရှည်ခံခြင်း
ဟမ့်လျှော်အဝတ်အထည်ရဲ့ အထင်ရှားဆုံးအရည်အသွေးတခုကတော့ တာရှည်ခံတာဖြစ်ပါတယ်။ ဟမ့်ဟာဝါချည်ထက် ၄ ဆပိုပြီး ခိုင်ခံ့ပါတယ်။
အသားအရေကိုကာကွယ်ပေးသည်
ဟမ့်လျှော်မျှင်ဟာ ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ပေးတဲ့ သဘာဝပစ္စည်း ဖြစ်ပါတယ်။ မကောင်းတဲ့ ရောင်ခြည်ဓာတ်တွေက ကိုယ်ခံအားစနစ်ကိုဖျက်ဆီးတာ၊ စောစောစီးစီးအိုတာနဲ့ အရေပြားကင်ဆာ အမျိုးမျိုးဖြစ်စေပါတယ်။ ဒါတွေကို ကာကွယ်ဖို့အတွက် ဟမ့်လျှော်ကနေထုတ်တဲ့ အဝတ်အထည်တွေ ဝတ်ဆင်သင့်ပါတယ်။
သက်တောင့်သက်သာရှိခြင်း
ဟမ့်ရဲ့ ချောမွတ်တဲ့ အမျှင်တွေကြောင့် အဝတ်အထည်တွေဟာ ဝတ်ဆင်ရတာ သက်တောင့်သက်သာ ရှိစေပါတယ်။ လျှော်တာနဲ့အမျှ ပိုပိုပြီး ပျော့ပြောင်းလာတာကြောင့် လျှော်လေလေ ပိုပြီး ဝတ်ဆင်ရတာကောင်းလေပါပဲ။
ပိုးမွှားအန္တရာယ်ကာကွယ်ခြင်း
ဟမ့်လျှော်ဟာ ပိုးမွှားတွေကို သဘာဝအတိုင်း ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေကို ပိုင်ဆိုင်ထားပြီး သူကိုယ်တိုင်ကလည်း မှိုနဲ့ ပိုးမွှားဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ ပြီးတော့ ဝတ်ဆင်တာကြာပေမယ့်လည်း အနံ့အသက်ဆိုးတွေ မဖြစ်စေပါဘူး။
လေဝင်လေထွက်ကောင်းခြင်း
ဘယ်လိုရာသီဥတုမှာဖြစ်ဖြစ် ဟမ့်အဝတ်အထည်တွေကြောင့် သက်သောင့်သက်သာရှိစေပါတယ်။ ဆောင်းတွင်းမှာဆိုရင် နွေးစေပြီး နွေရာသီမှာတော့ အေးနေစေမှာပါ။ ဒါကတော့ လျှော်မျှင်ရဲ့ ထူးခြားတဲ့ဖွဲ့စည်းပုံကြောင့်ပဲ ဖြစ်ပါတယ်။
သစ်လွင်ခြင်း
လျှော်ရဲ့ စုပ်ယူနိုင်စွမ်းကောင်းတာကြောင့်လည်း အချိန်ကြာပေမယ့် အရောင်တွေ မလွင့်ဘဲ သစ်လွင်နေမှာ ဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်ခြင်း
ဟမ့်လျှော်ပင်ဟာ သဘာဝအားဖြင့် ပိုးမွှားဒဏ်ကိုခံနိုင်ရည်ရှိတာကြောင့် ပိုးသတ်ဆေးတွေ သုံးစရာမလိုပဲ စိုက်ပျိုးနိုင်ပြီး အော်ဂဲနစ်စစ်စစ်တွေပဲ ဖြစ်ပါတယ်။
Credit : usalab.com
တာရှည်ခံခြင်း
သစ်လွင်ခြင်း
Credit : usalab.com
Click here to claim your Sponsored Listing.
Category
Website
Address
Yangon
11221
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |