Go Go Marketing
14/03/2026
🌟 ၂၀၂၆ ခုနှစ်တောင်ရောက်လာပြီဆိုတော့ Marketing နည်းဗျူဟာတွေကလည်း ပြောင်းလဲ ဆန်းသစ်လာပါပြီခင်ဗျာ။ မြန်မာနိုင်ငံမှာရော ၂၀၂၆ မှာဘယ်လို Marketing တွေ ခေတ်စားလာမလဲ၊ ကိုယ့် Customer ကို ဘယ်လိုနည်းလမ်းတွေနဲ့ ချည်းကပ်သင့်သလဲ။ ကျွန်တော်တို့ Go Go Marketing က လေ့လာတွေ့ရှိထားတာတွေကို မိတ်ဆွေတို့အတွက် ဝေမျှပေးချင်ပါတယ်။
🔴 Attention ထက် ယုံကြည်မှုကို တည်ဆောက်ပါ။
“Attention is Cheap, Trust is Rare” အခုခေတ်မှာ လူတွေရဲ့ အာရုံစိုက်မှုကို ခဏတာရဖို့က လွယ်ကူပေမဲ့ ယုံကြည်မှုကိုရဖို့ကတော့ ခက်ခဲလာပါတယ်။ ခဏတာပဲခံတဲ့ အပေါ်ယံ ဆွဲဆောင်မှုတွေထက် မိတ်ဆွေတို့ Brand ရဲ့ စစ်မှန်တဲ့ တန်ဖိုးတွေကိုချပြပြီး ရေရှည်မှာယုံကြည်မှုရအောင် တည်ဆောက်ကြည့်ပါခင်ဗျာ။
🔴 Video Content Marketing
အခုခေတ်က TikTok Video တွေ၊ YouTube Short တွေကို လူတွေပိုကြည့်လာကြတာ အားလုံးလည်း သိကြမှာပါ။ Social Media Platform တွေကလည်း Short Video တွေကို Reach များများပေးတာတွေ ရှိပါတယ်။ ဒါကြောင့် ပုံနဲ့စာသားတွေထက် Short-form Video တွေကိုအသုံးပြုပြီး Customer တွေနဲ့ ပိုပြီးနီးကပ်အောင်လုပ်ပါ။ ပြီးရင် Live-streaming တွေ Long Form Video တွေနဲ့ Branding ကို ခိုင်မာအောင်တည်ဆောက်ပါ။ စိတ်ဝင်စားစရာ Storytelling တွေပါဝင်တဲ့ Video Content တွေက စျေးကွက်ကို စိုးမိုးလာပါလိမ့်မယ်။
🔴 Insight-Driven Marketing
ခန့်မှန်းချက်တွေနဲ့ လုပ်ဆောင်တဲ့ Marketing ခေတ် ကုန်သွားပါပြီ။ ကိုယ့်ရဲ့ Customer က ဘယ်သူလဲ၊ ဘာကိုနှစ်သက်တာလဲဆိုတဲ့ တကယ့် Insight Data တွေကို အခြေခံပြီး Strategy ချမှတ်ထားတဲ့ Marketing Campaign တွေပဲလုပ်သင့်ပါတယ်။ AI ကြောင့် Social Media Platform တွေမှာ ပိုပြီးတိကျတဲ့ Data တွေရှိနေပါပြီ။ မိတ်ဆွေတို့က ဒီ Data တွေကိုကောင်းကောင်းအသုံးချနိုင်မယ်ဆိုရင် Result ကောင်းတွေကို ရရှိမှာဖြစ်ပါတယ်။
🔴 Community Building
ရောင်းသူနဲ့ ဝယ်သူဆိုတဲ့ ဆက်ဆံရေးထက် ကိုယ့် Brand ကို ချစ်မြတ်နိုးတဲ့ Community တစ်ခု ဖန်တီးပါ။ Facebook Group တွေ၊ Telegram Group တွေ၊ Email list, Phone Number List တွေနဲ့ ကိုယ့်အမာခံဖောက်သည်တွေကို စုဆောင်းထာဖို့လိုပါတယ်။ အပြန်အလှန် အကျိုးပြုတဲ့ အသိုက်အဝန်းရှိနေတဲ့ Brand တွေဟာ ဘယ်လိုစီးပွားရေး အခြေအနေမျိုးမှာမဆို ခိုင်မာစွာ ရပ်တည်နိုင်ပါတယ်ခင်ဗျာ။
🔴 Social Commerce Mastery
လွယ်လွယ်ကူကူ Attention ရတတ်တဲ့ခေတ်မှာ မြန်မြန်ဆန်ဆန်ရောင်းဝယ်နိုင်ဖို့လည်းလိုပါတယ်။ Social Media ကြည့်နေရင်း တိုက်ရိုက်ဝယ်ယူနိုင်တဲ့ Social Commerce ဟာ ပိုမိုအရေးပါလာပါတယ်။ ကိုယ့် Product Video ကိုကြည့်နေရင်း Chat Box ကိုရောက်လာပေမဲ့ စာပြန်မယ့်သူမရှိလို့ ဝယ်မသွားတာတွေ လုံးဝအဖြစ်မခံသင့်တော့ပါဘူး။ အထူးသဖြင့် TikTok လို နေရာမျိုးတွေမှာ ဈေးရောင်းရတာ ပိုမိုလွယ်ကူမြန်ဆန်စေဖို့ Chat Bot တွေကို စနစ်တကျ ပြင်ဆင်အသုံးပြုသင့်ပါတယ်ခင်ဗျာ။
🔴 Influencer Marketing ကို စနစ်တကျ လုပ်ဆောင်ပါ။
Influencer တွေ၊ Creator တွေနဲ့ ပရောဂျက်တစ်ခုစာ ချိတ်ဆက်ရုံတင်မဟုတ်ဘဲ Brand ရဲ့ ရေရှည်ရည်မှန်းချက်နဲ့ ထပ်တူကျတဲ့ Creator တွေနဲ့ စနစ်တကျ လက်တွဲလုပ်ဆောင်ခြင်းက Branding အတွက်လည်းပိုပြီးကောင်းသလို ရေရှည်မှာပိုမိုခိုင်မာတဲ့ ရလဒ်တွေကိုလည်း ပေးစွမ်းနိုင်မှာပါ။
🔴 Facebook တစ်ခုတည်းမှာတင် ရပ်မနေပါနဲ့။
မြန်မာနိုင်ငံမှာ Facebook ကို အဓိကသုံးနေကြဆဲဆိုပေမဲ့ အခုနောက်ပိုင်းမှာ VPN ကိစ္စတွေကြောင့် TikTok နဲ့ အခြား Platform တွေကလည်း အသီးသီးနေရာယူလာကြပါပြီ။ ဒါကြောင့် တစ်ခုတည်းအပေါ်မှာပဲ ပုံအောပြီး ရင်းနှီးမြှုပ်နှံထားတာထက် TikTok၊ Telegram နဲ့ အခြား Social Media Platforms တွေမှာပါ လုပ်ငန်းရဲ့ ခြေလှမ်းတွေကို အမြန်ဆုံး ချဲ့ထွင်ထားသင့်ပါတယ်ခင်ဗျာ။
ဒါတွေကတော့ ၂၀၂၆ မှာ ပြောင်းလဲလာတဲ့ Marketing ခေတ်ရေစီးကြောင်းတွေပဲဖြစ်ပါတယ်။ ကျွန်တော်တို့ Go Go Marketing က ခေတ်နဲ့အညီ ပြောင်းလဲလာတဲ့ Marketing Trend တွေကို အမြဲတမ်း လေ့လာစောင့်ကြည့်ပြီး မိတ်ဆွေတို့လုပ်ငန်းအတွက် အနာဂတ်အထိ အလုပ်ဖြစ်စေမယ့် Marketing Solutions တွေကို ဖန်တီးပေးနိုင်ပါတယ်။
မိတ်ဆွေလုပ်ငန်းမှာ Marketing နဲ့ပတ်သက်ပြီး ဘာပဲလိုလို ကျွန်တော်တို့ Go Go Marketing ကိုသာဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့ဘက်က အကောင်းဆုံးဝန်ဆောင်မှုပေးသွားပါ့မယ်ခင်ဗျာ။ 🤝
☎️ ဆက်သွယ်ရန်
Messenger Link - m.me/116974621318794
Viber - +95 9780549190
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |