Aka Hoshi Japanese Language Class
30/10/2023
Happy Thadingyut ပါ မိနစံလေးတို့ရေ🪄🎇🎆
သီတင်းကျွတ်ပိတ်ရက် မိနစံတို့ ဘယ်သွားကြလဲဟင် ???
ခုတလောပိတ်ရက်ရောက်တိုင်း ပြေးမြင်မိနေတာ ပင်လယ်ကမ်းခြေပဲမို့
ဒီတခါ ပင်လယ်ကမ်းခြေနဲ့ဆိုင်တဲ့
အသုံးနှုန်းလေးတွေနဲ့
အသုံးဆောင်လေးတွေကို
မျှဝေပေးမယ်နော် 😊
အားလုံးလည်းသီတင်းကျွတ်ပိတ်ရက်မှာ မိသားစုနဲ့ အတူပျော်ပျော်ရွင်ရွင်နဲ့ အချိန်တွေ ကုန်လွန်ဖြတ်သန်းနိုင်ကြပါစေနော် 😊
08/09/2023
💢September လထဲမှာ သင်တန်းjoin ချင်တဲ့ ကျောင်းသားကျောင်းသူများအတွက် အတန်းသစ်ဖွင့်မှာကိုအသိပေးအပ်ပါတယ်။
💢N3 (Online Class Only)
Starting Date - 18 Sept 2023
Day - Mon, Tue, Wed
Time - 10:30 AM to 12:30 PM
Duration - 4 months
Fees - 100,000 MMK
💢Speaking Class (Online Only)
Starting Date - 18 Sept 2023
Day - Mon, Tue, Wed
Time - 3:00 PM to 5:00 PM
Duration - 4 months
Fees - 180,000 MMK
💢💢💢15 ရက်နေ့ နောက်ဆုံးထားစာရင်းပေးသွင်းပေးပါရန်။
💁🏻♀️ Akahoshi မှသင်တန်းသားများအား ဂျပန်စာကိုထိရာက်စွာသင်ယူနိုင်စေရန်အတွက်လူဦးရေ ကန့်သတ်ထားလို့ မြန်မြန်လေးစာရင်းပေးသွင်းကြပါနော်😊
16/08/2023
ခုရက်ပိုင်း ဂျပန် မှာမုန်တိုင်းရှိနေတယ်နော်။
自然災害 (しぜんさいがい) Shizensaigai လို့ခေါ်တဲ့ သဘာဝဘေးအန္တရယ် ဒဏ်ကို အနဲနဲ့အများတော့ လူတိုင်း ကြုံဖူးကြမယ်ထင်ပါတယ်။
ဒီတခါတော့ sensei က သဘာဝဘေးအန္တရယ်နဲ့ပတ်သတ်တဲ့ ဝေါဟာရလေးတွေကို sharing လေးလုပ်ပေးချင်တဲ့အတွက် မိနစံတို့လည်း လိုက်မှတ်ထားပေးပါဦးနော် 😊
13/08/2023
မိနစံတို့ရေ ဒီနေ့ဟာ ဂျပန်မှာဆိုရင်တော့ obon ပွဲတော်ရက်လေးပေါ့နော် Aug13 ရက်ကနေ Aug16 ရက်နေ့အထိ Obon yasumi အိုဘွန်းပိတ်ရက်လေးရှိပါတယ်။
ပိတ်ရက်လေးမှာတော့ Obon matsuri လို့ခေါ်တဲ့ပွဲတော်လေးလည်းးကျင်းပကြပါတယ်။
နွေရာသီစဝင်ခါစမှာ လုပ်တဲ့ပွဲလေးဖြစ်တဲ့အတွက်
Natsu matsuri လို့လဲခေါ်ကြပါတယ်။
Obon ပွဲတော်က တရုတ်ရိုးရာ တရုတ်တစ္ဆေပွဲတော်ကနေဆင်းသက်လာတာဖြစ်ပါတယ်။ Obon ဖြစ်လာရတဲ့အကျဉ်းချုပ်ဇာတ်လမ်းလေးကတော့-
ဗုဒ္ဓဘာသာဝင်ဘုန်းကြီးတစ်ပါးမှ
တမလွန်ဘဝရောက်နေတဲ့မိခင်ကို ကြည့်ရှူရန်
အတွက် သူရဲ့ဘုန်းတန်ခိုးကိုအသုံးပြုပြီးကြည့်ရှူတဲ့အခါ မိခင်ဖြစ်သူကဆာလောင်ပြီး ဒုက္ခဝေဒနာတွေခံစားနေရသော သရဲတစ္ဆေတွေရဲ့လောကဘုံကိုရောက်ရှိနေတာကို ရှူမြင်ခဲ့ရပါတယ်။
မိခင်ဖြစ်သူရဲ့ အဖြစ်အပျက်ကို သိမြင်ပြီး စိတ်မကောင်းကြီးစွာဖြင့်ဘုရားရှင်ထံမှာမိခင်ရောက်ရှိနေတဲ့ ဘုံလောကကနေလွတ်မြောက်နိုင်မယ့်နည်းလမ်းကို မေးမြန်းခဲ့ပါတယ်။ မြတ်စွာဘုရားမှ သတ္တမလတစ်ဆယ့်ငါးရက်နေ့တွင် သီတင်းသုံးပြီးတဲ့ ရဟန်းသံဃာတွေကိုသေဆုံးပြီးတဲ့သူတွေတွက်ရည်စူးပြီးဆွမ်းကပ်ရန် မိန့်ကြားခဲ့ပါတယ်။ မြတ်စွာဘုရား မိန့်ကြားတော်မူတဲ့အတိုင်းပြုလုပ်ခဲ့ပြီးနောက် မိခင်လည်းအပ္ပာယ်ဘုံဘဝကနေလွတ်မြောက်သွားခဲ့ပါတယ်။
ဒါလေးကိုအစွဲပြုပြီး မိသားစုထဲမှာသေဆုံးပြီးသားဘိုးဘေးတွေရဲ့ဝိညာဉ်တွေကို ကြိုဆိုဧည့်ခံပြီး ကွယ်လွန်သွားတဲ့သူတွေရဲ့ စိတ်ဝိညာဉ်တွေ ငြိမ်းချမ်းစေဖို့အတွက်ဆုတောင်းပေးလေ့ရှိပြီးနောက် ဝိညာဉ်များကိုပြန်လည်ပို့ဆောင်တယ်လို့ပြောကြပါတယ်။
Muromachi ခေတ်ကနေစပြီး Obon ပွဲတော်တွေမှာရိုးရာ ဗုံ ပလွေတွေနဲ့အတူ တီးမှုတ်ကကြတဲ့ Obon အကလေးတွေပေါ်ထွက်လာခဲ့ပါတယ်။
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
No. 145, 8B, Bo Aung Kyaw Street, Kyauktada
Yangon