Golden New Age Myanmar Distribution
14/06/2026
"ခဲဖျက်သုံးမျိုးစလုံး နေရာမှန်မှန်သုံးတတ်ပြီလား"
Hello...
ပန်းချီကိုခုမှစဆွဲပြီးစလေ့လာနေတဲ့ Art Beginner တို့ အမြဲမေးတတ်ကြတဲ့ ဟိုဟာလဲခဲဖျက်ဒီဟာလဲခဲဖျက်ပဲတူတူပဲမဟုတ်ဘူးလားဘာကွာလို့လဲ ?
သိချင်ကြတယ်ဟုတ်... ဒါဆိုမင်မင်က Plastic Eraser / Kneaded Eraser / Electric Eraser ဒီသုံးမျိုးရဲ့ ဘယ်လိုနေရာမှာသုံးလဲဆ်ိုတာကို နဲနဲလေးပြောပြပေးချင်တယ်ဗျ
1).Plastic Eraser ( ရိုးရိုးခဲဖျက်)
ဒါကတော့ ပုံမှန်ကျောင်းသုံးခဲဖျက်အမျိုးအစားဆိုတာအားလုံးသိကြမယ်ထင်တယ်
ပုံမှန်ခဲသားနဲ့ရေးချယ်ထားတဲ့စာတွေ၊လိုင်းတွေ၊ပန်းချီမဆွဲခင်အခြေခံမျဥ်း၊sketchအကြမ်းဆွဲထားတာတွေကိုပြန်ဖျက်ချင်တဲ့အခါအသုံးပြုဖို့အကောင်းဆုံးပါ
2).Kneaded Eraser ( ပုံသွင်းခဲဖျက်ပျော့)
ဒီခဲဖျက်ကတော့ ကလေးတွေကစားတဲ့ရွံစေးနဲ့တူပြီးတော့ Charcoal၊ pastel၊ graphite ၊sketch ပန်းချီဆွဲရာမှာမဖြစ်မနေလိုအပ်တဲ့လိုသလိုပုံသွင်းလို့ရတဲ့ ခဲဖျက်တမျိုးပါ။
အလင်းအမှောင်(highlighting&lifting)၊ခဲရောင်အရမ်းရင့်သွားတဲ့နေရာတွေကို ဖွဖွလေးဖိပြီးပြန်ကြွပေးယုံနဲ့ခဲမူန်တွေကိုစုပ်ယူသွားပြီးခဲအရောင်ကိုပါးသွားစေလို့ တိမ်တောက်တာ၊အလင်းပြန်တာ စတာတွေကိုသဘာဝကျကျဖန်တီးနိုင်ပါတယ်။
အသေးစိတ်(detail)၊ ခဲဖျက်ထိပ်ကို ချွန်ချွန်လေးလုပ်ပြီး ဆံပင်အမျှင်တွေရဲ့အလင်းတန်း၊မျက်လုံးသူငယ်အိမ်ထဲကအလင်းစက် စတဲ့အသေးစိတ်နေရာလေးတွေကိုတိတိကျကျဖျက်နိုင်ပါတယ်။
သူက ပုံမှန်ခဲဖျက်လိုပွတ်တိုက်ပြီးဖျက်ရတာမဟုတ်ပဲ ပုံသွင်းပြီး ဖွဖွလေး ဖိကပ်လိုက်တာနဲ့ ခဲမူန်တွေကိုစုပ်ယူပြီးလိုချင်သလိုပျက်သွားစေလို့ ပန်းချီစာရွက်သားကိုထိခိုက်မူလဲမရှိ၊စာရွက်သားညစ်ပေခြင်းလဲမရှိ၊ခဲဖျက်အမူန်လဲမထွက်ပါဘူး
3).Electric Eraser(လျပ်စစ်ခဲဖျက်)
အထဲမှာမော်တာအသေးလေးပါဝင်ပြီးပန်းချီဆွဲတဲ့အခါ အားသာချက်ကတို့ထိလိုက်ယုံနဲ့ စက္ကန့်ပိုင်းအတွင်းခဲရောင်တွေကိုဖျက်ထုတ်ပစ်န်ိိင်တာပါ။ အချိန်ကုန်သက်သာစေပြီး တိကျပြတ်သားတဲ့ အလင်းအမှောင်(highlight)တွေဖော်ချင်တဲ့အခါသုံးပါတယ်။
မျက်လုံးအိမ်ထဲကအလင်းတန်း၊တရိစ္ဆာန်အမွှေးအမျှင်၊သစ်ရွက်ပေါ်ကျတဲ့နေရောင်အလင်းအစက်အပျောက်တွေ၊ဆံပင်အမျှင်၊မျဥ်းအဖြူလိုင်းတွေ၊... စတဲ့ လိုအပ်သလိုပုံစံမျိုးစုံကိုသဘာဝကျကျနဲ့အမြန်ဆုံးပြုလုပ်နိုင်ပါတယ်။
ကဲ...ဒီလောက်ဆို ခဲဖျက်တွေက်ိုဘယ်လိုနေရာတွေမှာသုံးလဲဆိုတာကို နဲနဲသိသွားလောက်ပြီထင်ပါတယ်ဗျ
ပန်းချီဆွဲရာမှာကိုယ်က Art Beginner ကနေ တဆင့်မြှင့်တော့မယ်ဆို ပိုမိုသေသပ်တဲ့လက်ရာကောင်းဖြစ်စေဖို့ Eraser တွေကိုနေရာမှန်သုံးတတ်မှဖြစ်မှာနော်။
လိုတဲ့ Eraser တွေဝယ်ချင်ပြီဆို ဒီ Eraser 3မျိုးစလုံးကို Mont Marte brand မှာဝယ်ယူရရှိနိုင်ပါတယ်ဗျ
—Marte
23/05/2026
သူတို့ဘယ်လိုဖြတ်သန်းခဲ့သလဲ?
Famous Artist Gustav Klimt
နာမည်ကျော် The Kiss ပန်းချီကားကို ရေးဆွဲခဲ့တဲ့ Famous Artist Gustav Klimt ဟာဆိုရင်တော့ 1862 ၊ July 14 မှာ သြစတြီးယားနိုင်ငံ၊ဘော်မ်ဂတ်တန် (Baumgaten) ဆိုတဲ့မြို့မှာ ဖခင် Ernst Klimt The Elder နှင့် မိခင် Anna Klimt တို့မှမွေးဖွားခဲ့ပါတယ်။ Klimt ရဲ့ဖခင်ကတော့ ရွှေပန်းတိမ်ဆရာတဦးဖြစ်ပြီး မိခင်ကတော့သာမန်အိမ်ရှင်မကောင်းတဦးဖြစ်ပြီး အနုပညာနှင့်ဂီတကိုအင်မတန်ရူးသွပ်ခဲ့သူတဦးပါ။Klimt ဟာ မွေးခြင်းမောင်နှမ 7ဦးအနက် ဒုတိယမြောက်သားကြီးဖြစ်ပါတယ်။ Klimt ဟာ သူ့၏အသက် 14 နှစ်မှာ Vienna School of Arts and Craft မှာတတ်ရောက်ဖို့ ပညာတော်သင်ဆု(Scholarship) ရရှိခဲ့ပါတယ်။ ထိုခေတ်က ဒီကျောင်းဟာ နာမည်ကြီးကျောင်းတခုဖြစ်ခဲ့ပြီး ပညာတော်ပြီးအရည်ချင်းရှိတဲ့ကလေးတွေကိုပဲရွေးချယ်တဲ့ကျောင်းတခုဖြစ်တာမို့ Klimt ဟာထူးချွန်သူတယောက်ဖြစ်တာမို့တတ်ရောက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
Klimt အသက် 21 မှာတော့ ညီဖြစ်သူ( Ernst)နဲ့ သူငယ်ချင်းဖြစ်သူ(Franz Matsh) တို့နှင့်အတူ အနုပညာရှင်များအဖွဲ့ကို(Kunstlercompagnie) တည်ထောင်ခဲ့ပြီး ပြဇာတ်ရုံတွေ၊နန်းတော်တွေရဲ့ နံရံကပ်ပန်းချီကားကြီးတွေကို ငှားရမ်းရေးဆွဲတဲ့ Professional Artist ဘဝကိုစတင်ခဲပါတယ်။ Klimt ဟာ 1900 ပြည့်နှစ်ဝန်းကျင်မှာ ဗီယင်နာတက္ကသိုလ်အတွက်ရေးဆွဲခဲ့တဲ့ ဆေးရေးပန်းချီပုံတွေမှာ "ညစ်ညမ်းတယ်၊သရုပ်ဖော်မူလွန်ကဲတယ်" ဆိုပြီး အနုပညာဝေဖန်ရေးသမားတွေနဲ့ပြည်သူအချို့က ထောက်ပြဝေဖန်မူဒဏ်ကို အပြင်းအထန်ခံခဲ့ရပြီး အဲ့ဒီအရူတ်အထွေးတွေကြောင့်ပဲ အကြပ်အတည်းနဲ့ရင်ဆိုင်ခဲ့ရပြီး အနုပညာဘက်မှာသူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ခဲ့ရပါတယ်။
.
အပြင်းအထန်ဝေဖန်ခံခဲ့ရတဲ့ Klimt ဟာ ပန်းချီအနုပညာဖန်တီးလိုစိတ်ကိုအရူံးမပေးဘဲ သူ၏အနုပညာပုံစံကိုပြောင်းလဲကာချပြဖို့ကြိုးစားခဲ့ပါတယ်။ 1903ခုနှစ်မှာ သူဟာအီတလီနိုင်ငံ၊ ရာဗင်နာမြို့ကို ခရီးထွက်ခဲ့ပြီးနောက် ထို မြို့က ဘုရားကျောင်းတွေမှာရှိတဲ့ (Byzantine) (Gold Mosaic) လက်ရာအနုပညာတွေကိုမြင်တွေ့ပြီးနောက် သူရဲ့ပြောင်းလဲချင်တဲ့အနုပညာလက်ရာအတွက်စိတ်ကူးရရှိခဲ့တယ်လို့ဆ်ိုပါတယ်။ သူ၏ ဖခင်ကလဲရွှေပန်းထိမ်ဆရာတဦးဖြစ်တာကြောင့် Klimt ဟာ သူ၏အနုပညာပြောင်းလဲချပြမူတွင် ရွှေပြားအစစ် (Gold Leaf) တွေကိုထည့်သွင်းအသုံးပြုတဲ့ နည်းစနစ်ကိုစတင်ခဲ့ပါတယ်။ ရွှေပြားအစစ် ထည့်သွင်းရေးဆွဲခဲ့တဲ့ Klimt ရဲ့ နာမည်အကြီးဆုံးပန်းချီကားကတော့ "The Kiss"(1907-1908) ဖြစ်ခဲ့ပါတယ်။ ဝေဖန်မူတွေပြင်းထန်စွာခံစားခဲ့ရတဲ့ Klimt ဟာ The Kiss ပန်းချီကားကိုချပြခဲ့ချိန်မှာတော့ ဝိုင်းဝန်းချီးကျူးမူကိုခံခဲ့ရပြီး ပန်းချီကားလက်စမသတ်သေးခင်မှာပဲ ဗီယင်နာမြို့ရှိ Belvedere ပြတိုက်မှ အစိုးရကိုယ်စား 25,000 Kronen နှင့်ချက်ချင်းဝယ်ယူခဲ့ပါတယ်။ အဲ့ဒီခေတ်မှာ ပုံမှန်ပန်းချီကားတကားကို(500kronen)ဝန်းကျင်သာရှိခဲ့လို့ The Kiss ပန်းချီကားရဲ့ပမာဏဟာ အဲ့ဒီခေတ်ကာလက စံချိန်တင်ရရှိငွေအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ဒီလိုဆန်းသစ်ပြီးအနုပညာကိုရွှေထည့်သွင်းပုံဖော်ခဲ့တာကို Klimt's Golden Phase ( ရွှေရောင်ခေတ်) လို့ခေါ်ဆိုခဲ့ကြပါတယ်။
သူ၏ရွှေရောင်ခေတ်မှ နာမည်ကျော်လက်ရာများကတော့
1). The Kiss (1907- 1908)
2) The Tree of Life (1905-1909)
3) Judith and the Head of Holofernes
4) Death and Life (1908-1915) ... တို့ဖြစ်ပါတယ်။
Klimt ဟာ အနုပညာမှာနာမည်ကြီးခဲ့သလောက် တဘက်မှာတော့ မိန်းမရူတ်ပွေသူတယောက်ဖြစ်ပါတယ်။ သူဟာတရားဝင်အိမ်ထောင်ပြုခြင်းမရှိခဲ့ပေမယ့် သူသေဆုံးပြီးနောက်မှာ သူ့၏သားသမီးတွေပါလို့ပြောဆိုကာ အမွေတောင်းခံခဲ့တဲ့ တရားမဝင်သားသမီး 14 ဦးထိရှိခဲ့ပါတယ်။ သူဟာ 1918, January 11 ရက်နေ့မှာ သူ၏စတူဒီယိုထဲမှာပဲ လေဖြတ်ပြီးဆေးရုံတတ်ခဲ့ရပြီးနောက် February 6 ရက်နေ့မှာတော့ အဲ့ဒီချိန်ကမ္ဘာအနှံဖြစ်ပွားနေခဲ့တဲ့ကပ်ရောဂါ စပိန်တုတ်ကွေးကူးစက်ကာ သူ၏အသက် 55နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။သူကွယ်လွန်သွားတဲ့နောက်မှာ ဆွဲလက်စပန်းချီကားအမြောက်အမြားကျန်ခဲ့တယ်လို့လေ့လာသူများကဆိုကြပါတယ်။ Klimt ဟာ သူ၏အနုပညာသက်တမ်းတလျောက်မှာ ပန်းချီကားပဲ 230 ကျော် 250 ကြားထိရေးဆွဲခဲ့တယ်လို့ ပန်းချီလေ့လာသူသမိုင်းပညာရှင်များကဆ်ိုကြပါတယ်။ ဒါကတော့ ကမ္ဘာကျော်အနုပညာရှင် အနုပညာကိုဝေဖန်မူကြားမှာအရူံးမပေးခဲ့တဲ့ Golden Phase ရဲ့ဦးဆောင်သူ Klimt ရဲ့ ဘဝဇာတ်ကြောင်းထဲကစိတ်ဝင်စားဖွယ်အကြောင်းအရာတချိူ့ကို မင်မင်ကအနှစ်ချုပ်တင်ပြပေးထားတာဖြစ်ပါတယ်ဗျ
Klimt လိုမျိုး Golden phase ပုံဖော်သလို ပန်းချီဆွဲချင်သူတို့အတွက် Mont Marte Brand ထုတ် Gold Leaf ၊ Sliver Leaf တွေနဲ့ မိမိအနုပညာကိုဆန်းသစ်လို့ရပါတယ်ဗျ။
မြန်မာ့ Artists တို့ရဲ့ ကမ္ဘာကျော်လက်ရာများအတွက် Quality ကောင်း Mont Marte ရဲ့ Acrylic 300 ml တွေစိတ်ကြိုက်ဝယ်ယူရရှိနိုင်ပါပြီဗျ။
ပစ္စည်းပျက်နေလို့စောင့်နေသူများ Mont Marte paint product အားလုံး instock ပြန်လည်ရရှိပါပြီဗျ။
—Marte
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Website
Address
No. 26, 94 Street, Thain Phyu Road, Mingalar Taung Nyount Township
Yangon
11221
Opening Hours
| Monday | 09:30 - 17:30 |
| Tuesday | 09:30 - 17:30 |
| Wednesday | 09:30 - 17:30 |
| Thursday | 09:30 - 17:30 |
| Friday | 09:30 - 17:30 |
| Saturday | 09:30 - 17:30 |