Julia's Language Club
22/08/2024
ကလေးတန်းလေး ဖွင့်ပေးပါလားလို့ မေးမေးနေကြတဲ့ မိတ်ဆွေတွေအတွက် ကလေး 9 နှစ်ကနေ 12 နှစ် အရွယ်ကြားကို ဦးတည်ပြီး သင်ခန်းစာ ပြင်ဆင်ထားတဲ့ အတန်းသစ်ကလေး September လမှာ စဖွင့်မှာ ဖြစ်ပါတယ်။
International school တွေမှာ သင်သလိုမျိုး activities တွေကို အခြေခံပြီးတော့ group work တွေ presentations တွေနဲ့ ကလေးရဲ့ စွမ်းရည်ကို လေ့ကျင့်မြှင့်တင်ပေးမှာပါ။ ပထမဆုံး အတန်းအနေနဲ့တော့ English ကို fluency မရှိသေးတဲ့ ကျောင်းစာအပြင် international curriculum နဲ့ မထိတွေ့ဖူးတဲ့ ကလေးတွေကို ရည်ရွယ်ပြီး ဖွင့်တာမို့လို့ Beginner Level/ Elementary Level လို့ ပြောလို့ရပါတယ်။
သင်တန်းကာလရယ်လို့ သတ်မှတ်ထားတဲ့ သင်တန်းမျိုးမဟုတ်ဘဲ proficiency လေ့ကျင့်တဲ့ သင်တန်းမျိုးဖြစ်တာကြောင့် ဘယ်နှစ်လပြတ်ရယ်လို့ မရှိပါဘူး။ ဘာသာစကားသင်ယူခြင်းဟာ သင်ယူရင်း လေ့ကျင့်ရင်း အဆက်မပြတ်လေ့ကျင့်ရင်းနဲ့ တိုးတက်မှုရှိလာတာမျိုးပါ။ fluency အထိုက်အလျောက်ရပြီးသား international school က ကလေးတွေအတွက်ကတော့ နောက်ထပ်အတန်းလေးတွေ အချိန်ထွက်လာရင် ထပ်ဖွင့်ပါ့မယ်။
သင်တန်းချိန်တွေက -
စနေ၊ တနင်္ဂနွေ 9.00-10.15 am
(ဝါတွင်း စနေကျောင်းတက်ရသူတွေအတွက်ကတော့ အချိန်ပြန်ညှိကြပါမယ်)
သင်တန်းကြေးက
တစ်ဦးလျှင် 80,000/- ကျပ်။ (စာအုပ်ဖိုး စာရွက်စာတမ်းဖိုး ထပ်ပေးစရာမလို)
လိပ်စာက
အမှတ် ၅၃၇ (ပထမထပ်)
ဝဏ္ဏသိင်္ဂီလမ်း
မေတ္တာညွန့်ရပ်ကွက်
တာမွေမြို့နယ်။
ဆက်သွယ်ရန်ဖုန်း 09674022838
Julia's Language Club ရဲ့ အတန်းသစ်အနေနဲ့ IELTS သင်တန်းလေး နှစ်တန်း ထပ်ဖွင့်ဖို့ရှိပါတယ်။ ဒီတစ်ခါကတော့ online မဟုတ်ဘဲ လူကိုယ်တိုင် သင်တန်းလာတက်ချင်သူတွေအတွက်ပါ။
IELTS Preparation Class က သင်တန်းကာလ ၃ လ ကြာမြင့်မှာ ဖြစ်ပါတယ်။ တစ်ပတ်ကို တနင်္လာ၊ သောကြာ နှစ်ရက်ဖြစ်ပြီး အချိန်ကတော့ ၂:၀၀-၃:၃၀ အထိ သင်တန်းကြာချိန် မိနစ်ကိုးဆယ် သင်မှာပါ။ သင်တန်းကာလ ၃ လ သင်ယူပြီးသူများ IELTS စာမေးပွဲကို ဖြေဆိုဖို့ ရည်ရွယ်ပါတယ်။
ဒီသင်တန်းကို တက်ရောက်လိုသူများအနေနဲ့က အနည်းဆုံး English proficiency က intermediate level ရှိသင့်ပြီး အတန်းတွင်းသင်ကြားမှုမှာ အဓိက English လို ပြောဆိုဆွေးနွေးမှာ ဖြစ်တဲ့အတွက် ထိုက်သင့်တဲ့ ဆက်သွယ်ပြောဆိုနိုင်စွမ်း ရှိဖို့ လိုပါတယ်။ သင်တန်းကာလ တစ်လစာ (၈ချိန်စာ) အတွက် သင်တန်းကြေး ၁၅၀,၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး သုံးလစာ သင်တန်းအပ်မယ်ဆိုရင်တော့ သင်တန်းကြေးက ၄၀၀,၀၀၀ ကျပ်ပဲ ကျသင့်မှာဖြစ်ပါတယ်။ စာရွက်စာတမ်းကြေး အပါအဝင် တခြားဘာမှ ထပ်ပေးစရာ မလိုပါဘူးရှင်။
သုံးလအတွင်း မဖြေသေးဘူးဆိုသူများ၊ သေချာအချိန်ယူလေ့ကျင့်ချင်သူများ၊ အခြေခံက ပြန်လေ့လာချင်သူများအနေနဲ့က Foundation Class မှာ သုံးလ အရင်လေ့ကျင့်ပြီးမှ Preparation Class ကို တက်ရောက်နိုင်ပါတယ်။ Foundation Class ကလည်း တနင်္လာ၊ သောကြာ တစ်ပတ်နှစ်ရက်ဖြစ်ပြီး အချိန်က ၁၂:၀၀-၁:၃၀ မှာ သင်ကြားမှာဖြစ်ပါတယ်။ ဒီသင်တန်းကတော့ proficiency လေ့ကျင့်တဲ့အတန်း (အများအခေါ် 4 skills အတန်း) ဖြစ်ပြီး IELTS စာမေးပွဲအတွက် ပြင်ဆင်ခြင်း အနည်းငယ်လည်း ပါပါမယ်။ ဒီသင်တန်းအတွက် သင်တန်းကြေးက တစ်လ (၈ ချိန်စာ) ကို ၁၃၀,၀၀၀ ဖြစ်ပြီး သုံးလတစ်ဖြတ်စာ သင်တန်းကြေးသွင်းမယ်ဆိုရင်တော့ ၃၅၀,၀၀၀ ကျသင့်မှာပဲဖြစ်ပါတယ်။
သင်တန်းတည်နေရာက အင်းစိန်လမ်းမပေါ်၊ စံရိပ်ငြိမ်ဂမုန်းပွင့်နဲ့ မျက်စောင်းထိုးမှာရှိတဲ့ The Nest ပါ။
သင်တန်းအပ်ဖို့ ဆက်သွယ်လိုရင် သို့မဟုတ် သင်တန်းကိစ္စ စုံစမ်းချင်တယ်ဆိုရင်တော့ ဒီ page messenger က ဖြစ်စေ၊ 09798877205 ကို ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
ပထမပို့စ်က သင်တန်းအကြောင်း သေချာမရေးလိုက်ရသေးလို့ပါ။ အခုမှ အားတာမို့ အများစုသိချင်ကြတဲ့ အသေးစိတ်လေး ပြောပါရစေ။
သင်မှာက online ကနေ zoom class ပါ။
Viber group ဖွဲ့ပြီး သင်ခါနီးမှာ zoom link ကို group ထဲ ပို့ပေးပါမယ်။ အဲဒီမှာ join ပြီး သင်ရုံပါပဲ။
အတန်းတလျှောက်လုံး record လုပ်ထားပါမယ်။ တကယ်လို့ အတန်းနောက်ကျတာ၊ မအားလို့ လွတ်သွားတာ၊ မတက်ဖြစ်တာရှိရင် recording ကို ပြန်ကြည့်၊ ပြန်နားထောင်ပေးစေချင်ပါတယ်။ ဒါမှ လွတ်သွားတာတွေကို ပြန်သိနိုင်မှာမို့ပါ။
လူကြီးတွေဖြစ်တဲ့အတွက် ကလေးတွေလို video ဖွင့်ထား အိမ်စာပြီးပြီလား စသဖြင့် တင်းကြပ်စွာ လိုက်မေးနေမှာ မဟုတ်ပါဘူး။ မိဘက ထားပေးလို့ တက်ရတဲ့အရွယ်မဟုတ်ဘဲ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် တက်တာမို့ စိတ်ဝင်တစား ပါဝင်မယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် camera ပိတ်ခြင်း ဖွင့်ခြင်းက ကိစ္စမရှိပါဘူး။ ကင်မရာပိတ်ထားလည်း သေချာနားထောင် ပါဝင် ဖြေဆိုနေရင် ရပါတယ်။
လောလောဆယ်တော့ အများစုရဲ့ လိုအပ်ချက်အရ pre-intermediate level လောက်ကို ယေဘုယျချပြီး သင်မှာပါ။ ဒါပေမယ့် လိုအပ်တဲ့ အခြေခံတွေလည်း အများစုမှာ မရှိရင် အခြေခံကနေ ပြန်စမှာဖြစ်တဲ့အတွက် intermediate နဲ့ အထက်ဆိုရင် သူများကိုစောင့်ရတာ အချိန်ကုန်တယ်ထင်ရင် မ join သေးဖို့ အကြံပေးပါရစေ။ intermediate level အတွက် လက်ရှိသင်နေဆဲ IELTS အတန်းတစ်ခုရှိပါတယ်။ စိတ်ဝင်စားရင် အဲဒီမှာ join နိုင်ပါတယ်။
စမယ့်နေ့က အင်္ဂါ-ကြာသပတေး နေ့လယ် 12.00 ကနေ 1.30 အတန်း တက်မယ့်သူတွေအတွက် လာမယ့် အင်္ဂါ 08.08.2023 စပါမယ်။ သောကြာ-စနေ ညနေ 6.00-7.30 အတန်း တက်မယ့်သူတွေအတွက်က လာမယ့်သောကြာ 11.08.2023 စပါမယ်။ စမယ့်ရက် မတိုင်ခင် Viber group ဖွဲ့ပြီး add လိုက်ပါ့မယ်။
သင်တန်းကြေးက တစ်ပတ်ကို နှစ်ချိန်နဲ့ ရှစ်ချိန်စာ တစ်ဖြတ်ကို ငါးသောင်းပါ။
တစ်တန်းကို ဆယ်ယောက်ခန့် ရှိပါမယ်။ လူအရမ်းများရင် speaking practice လေ့ကျင့်ရာမှာ လူကိုယ်တိုင်တက်ရောက်တဲ့အတန်းလိုမျိုး အဆင်မပြေနိုင်တဲ့အတွက် လူအရမ်းများလာရင်တော့ တန်းခွဲထပ်ဖွင့်ပါ့မယ်။
အသက် ဆယ့်ငါးနှစ်နှင့် အထက်များ ပါဝင်နိုင်ပါတယ်။ ဆယ့်ငါးနှစ်အောက် (ဆယ့်နှစ်နှစ်အထက်) အရွယ်အတွက်က ကြပ်ကြပ်မတ်မတ် ကိုင်တွယ်လိုခြင်း မရှိတာကြောင့် ကိုယ့်စိတ်ဝင်စားမှုနဲ့ကိုယ် လေ့လာလိုတယ်ဆိုရင်တော့ လာတက်နိုင်ပါတယ်။ မိဘက ထားလို့သာ လာတက်ရတယ်၊ စိတ်ဝင်တစားမရှိဘူးဆိုရင် camera ဖွင့်ဦး အိမ်စာရေးဦး စသဖြင့် မတွန်းချင်လို့ပါ။
သင်တန်းကာလ ကြာချိန်ရယ်လို့ မသတ်မှတ်ထားပါဘူး။ ဘာသာစကားလေ့လာရာမှာ အခြေခံတွေလည်းမတူကြ၊ အားထုတ်မှုတွေလည်း မတူကြလို့ သုံးလနဲ့ အပြီးပြတ်မယ်၊ ခြောက်လနဲ့ အကုန်ပြီးမယ်လို့ မရှိပါဘူး။ စာတွေအတူဖတ်ကြမယ်၊ ဖတ်တဲ့စာထဲ သိစရာ usage တွေ ရှင်းပြမယ်၊ grammar နဲ့ ပတ်သက်တဲ့ မှတ်စရတွေပြောမယ်၊ ရုပ်ရှင်၊ documentary၊ သီချင်း၊ ဆောင်းပါး စသဖြင့် အကြောင်းအရာအမျိုးမျိုးနဲ့ ထိတွေ့ပြီး လေ့လာနေမှာဖြစ်လို့ တက်ချင်သလောက်ထိ တက်လို့ရပါတယ်။ လုံလောက်ပြီလို့ ယူဆချိန်မှာ ရပ်လိုက်လို့ရပါတယ်။ ကိုယ့်ဖာကိုယ် ဆက်လက်လေ့လာဖို့ self-study လုပ်နည်းတွေလည်း အထိုက်အလျောက် ရသွားမှာမို့ နောက်ပိုင်း သင်တန်းဆက်မတက်ဘဲ ကိုယ့်ဖာကိုယ်လေ့လာမယ်ဆိုလည်း ဖြစ်ပါတယ်။
ဒါတွေက အမေးများတဲ့ မေးခွန်းတွေမို့ပါ။
Click here to claim your Sponsored Listing.
Category
Contact the school
Website
Address
Yangon