THIT Engineering

THIT Engineering

Share

13/08/2023

#ဖွဲနုဆီ (Rice Bran Oil)
********************
ဖွဲနုဆီ သည် နေ့စဉ်စားသုံးသည့် ဟင်းချက်ဆီများထဲတွင် စားသုံးမှုနည်းသည့် ဆီတစ်မျိုးအဖြစ် တွေ့ရှိရပါသည်။

စျေးကွက်အတွင်းတွင်တော့ ဖွဲနုဆီရောင်းချမှုကို အနည်းငယ်တွေ့ရှိရပါသည်။ သို့သော် ဖွဲနုဆီသည် ကောင်းကျိုးများစွာရှိသည့် စားသုံးရန်သင့်လျော်သည့် ဆီအမျိုးအစား ဖြစ်ပါသည်။

ဖွဲနုဆီထုတ်လုပ်နိုင်ရန် စပါးကို ဆန်အဖြစ်ကြိတ်ရာတွင် စပါး၏အပြင်ဘက်ဆုံး အညိုရောင်အခွံမာအလွှာအောက်ရှိ ဖွဲနုမှ ထုတ်ယူနိုင်ပါသည်။ စပါးမှ ဆန်ကြိတ်ရာတွင် ထွက်ရှိလာသည့် ဖွဲနုသည် ဆီထုတ်နိုင်ရန် ကောင်းမွန်သည့် အရည်အသွေးရှိသည့် ဖွဲနုဖြစ်ရပါမည်။ ၎င်းဖွဲနုကို Mechanical Expeller press ဖြင့် ဖိကြိတ်ပြီး ဆီထုတ်ယူနိုင်သည်။ ဖိကြိတ်စက်မှ ဆီထွက်လာပြီး ကျန်ရှိသည့် ဖွဲနုကြိတ်ဖတ်များတွင်ရှိသော ဆီကျန်များကို Solvent Extraction နည်းဖြင့် ထပ်မံထုတ်ယူနိုင်ပါသည်။

ဖွဲနုဆီသည် မြေပဲဆီကဲ့သို့ပင် မပြည့်ဝဆီများဖြစ်ကြသည့် Monounsaturated 38 % ရာခိုင်နှုန်း နှင့် Polyunsaturated 37% ရာခိုင်နှုန်းစီ ပါဝင်ပါသည်။

ထို့ကြောင့် မပြည့်ဝဆီ ၇၅ ရာခိုင်နှုန်းပါဝင်သည့် ဆီဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အထူးသင့်လျော်ပြီး စားသုံးရန်ကောင်းမွန်သည့် ဆီ ဖြစ်ပါသည်။

ထို့ပြင် ပြည့်ဝဆီ ပါဝင်မှု (Saturated Fatty acids) မှာ ၂၅ ရာခိုင်နှုန်း ပါဝင်သည်ကို တွေ့ရှိရပါသည်။

ဖွဲနုဆီတွင် Myristic acid 0.6%, Palmitic acid 21.5%, Stearic acid 2.9% , ပါဝင်ပြီး မပြည့်ဝဆီများဖြစ်ကြသည့် Oleic acid (omega-9 fatty acid) 38.4%, Linoleic acid (omega-6 fatty acid) 34.4%, α-Linolenic acid ( omega-3 fatty acid) 2.2% တို့ပါဝင်ကြပါသည်။

ဖွဲနုဆီတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်သည့် အိုရီဇန်နော (γ-oryzanol) သည် ဆီကြမ်း၏ ၂ ရာခိုင်နှုန်းပါဝင်သည့်အတွက် ခန္ဓာကိုယ်တွင်းရှိ ကိုလက်စထရော (cholesterol) ကိုလည်းကျစေ နိုင်ပါသည်။

ဖွဲနုဆီတွင် မပြည့်ဝဆီများဖြစ်ကြသည့် မိုနိုနှင် ပိုလီ အန်စကျူရိတ်တက် ဖက်တီးအက်ဆစ်များ (Mono & Poly unsaturated fatty acid) အမြောက်အများပါဝင်သည့်အတွက် နှလုံးကျန်းမာရေးအတွက်လည်း အလွန်ကောင်းမွန်ပါသည်။
ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidant) တစ်ခုဖြစ်သော Tocotrienols ပါဝင်သည့်အတွက်လည်း anticancer effect ကို ပေးပါသည်။

သို့သော် ဖွဲနုဆီ၏အားနည်းချက်မှာ အချို့သောသူများတွင် စားသုံးပါက ဓာတ်မတည့်မှုကို ပေးနိုင်ပါသည်။

ဖွဲနုဆီသည် ကျန်းမာရေးအတွက် ကောင်းမွန်သည့် အချက်များစွာပါဝင်သည့် ဆီဖြစ်သောကြောင့် ရွေးချယ်စားသုံးသင့်ပါသည်။

ဖွဲနုဆီသည် အသားအရည် အလှအပရေးရာအတွက်လည်း ကောင်းမွန် သည့်ဆီဖြစ်ပါသည်။

ထိုမျှသာမက ဖွဲနုဆီ ၏ Smoke Point သည် ၂၃၂ ဒီဂရီ စင်တီဂရိတ်ဖြစ်သည့်အတွက် အပူချိန်မြင့်မြင့်တွင် ကြော်ချက်ရန် သင့်တော်သည့် ဆီဖြစ်ပါသည်။

Reference : Orthoefer FT (2005). "Chapter 10: Rice Bran Oil". In Shahidi F (ed.). Bailey's Industrial Oil and Fat Products. Vol. 2 (6th ed.). John Wiley & Sons, Inc. p. 465

photo: from internet

bran oil


#ဖွဲနုဆီ

#ဆီအကြောင်းပြောကြမယ်

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


U Ba Oo Street, Quarter 2, Mayangone Township
Yangon