LUNALIGN
16/04/2026
Moon Musing 🌙
New Moon in Aries ♈️
မြန်မာနှစ်ဆန်းတစ်ရက်နေ့ . . astrological year တစ်ခုရဲ့ စစခြင်းလ . . လစက်ဝန်းတစ်ခု၏အစ . . . စသည်ဖြင့် “စတင်ခြင်း” new beginnings အများကြီးတွေ ပေါင်းစည်းထားတဲ့ နေ့လေးတစ်နေ့အဖြစ် မနက်ဖြန် April လ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၁၈:၂၁ မှာ Aries ရာသီခွင်၌ new moon ဖြစ်ပေါ်မှာ ဖြစ်ပါတယ်။
Mars ဂြိုလ်ရဲ့ လွှမ်းမိုးမှုနဲ့အတူ တဟုန်းဟုန်းထနေတဲ့ fire energy ရှိတဲ့ Aries ရဲ့ energy ဟာ အမြဲပဲ ဦးဆောင်ဦးရွက်ပြုမှု၊ passion၊ action တွေကို ကိုယ်စားပြုပါတယ်။ နှစ်သစ်လိုအချိန်မှာ ဒီလိုအင်အားတွေက နိုးကြားတက်ကြွတဲ့ မီးလျှံ တစ်ခုကို ပေးစွမ်းနေသလိုပါပဲ။ အရှိန်အဟုန်နဲ့ ရှေ့သို့တိုးနိုင်စေဖို့၊ စိတ်ကူးတွေကိုလက်တွေ့အကောင်အထည်ဖော်နိုင်စေဖို့ ထောက်ပံ့ပေးနေပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ တစ်ချို့ vision တွေ ပုံပေါ်လာဖို့ဆိုတာ ကိုယ့်ကိုယ်ကို အတွင်းကျကျ သိရှိနားလည်ပြီး သိလည်းသိ၊ ကျင့်လည်းကျင့်သုံးတဲ့ (Embodied Knowing) မှတစ်ဆင့် လုပ်ဆောင်နိုင်ဖို့တော့ လိုပါတယ်။ ဘယ်လိုမျိုး အာဟာရပြည့်ဝစွာ စားသုံးရမလဲ သိတယ်၊ လေ့ကျင့်ခန်းကို ဘယ်လို ထိရောက်စွာလုပ်ရမလဲ technique တွေကို သိတော့သိတယ်၊ ဒါပေမယ့် မစားဘူး၊ လက်တွေ့မလုပ်ဘူးဆို သိထားတဲ့အသိက အသိဆ်ိုတဲ့ အဆင့်မှာသာရပ်ပြီး manifested ဖြစ်မလာနိုင်တော့ပါဘူး။
ဒီ လကွယ်နေ့လေးအတွက် အောက်ကမေးခွန်းလေးကို journaling လုပ်ကြည့်ပါ။ “အကယ်၍ လောကကြီးမှာ စည်းမျဉ်းစည်းကမ်းတွေ၊ ရိုးရာထုံးတမ်းတွေ၊ သူများတွေရဲ့ ကိုယ့်အပေါ်ထားတဲ့ မျှော်လင့်ချက်တွေနဲ့ တခြား limitation တွေသာ မရှိခဲ့လျှင်၊ ကိုယ် အခုချက်ချင်း ဘာလုပ်ချင်သလဲ” ? ဒါကို ဦးနှောက်နဲ့ စဉ်းစားတာထက် ကိုယ့်ခန္ဓာကိုယ်ရဲ့နက်ရှိုင်းတဲ့ နေရာတစ်ခုက ပေါ်ထွက်လာတဲ့ wisdom တစ်ခု၊ သိစိတ်တစ်ခု၊ a whisper from your soul တစ်ခုအဖြစ် "ခံစား" ကြည့်ပြီး journaling လုပ်စေချင်ပါတယ်။ တော်တော်များများအတွက် ကိုယ်မေ့လျော့နေခဲ့တဲ့အိပ်မက်ဟောင်းတစ်ခု ပြန်လည်နိုးထလာမယ်လို့ ယုံကြည်မိပါတယ်။
မြန်မာနှစ်သစ်နဲ့အတူ ကျောက်သင်ပုန်းအသစ်ဖြင့် ဘဝခရီးသစ်တစ်ခုကို အစပျိုးနိုင်တဲ့ new moon in Aries လေး ဖြစ်ကြပါစေ။
Journey to Aligned Living, One Moon Phase at a Time! 🌙
Sat Nam,
LUNALIGN
01/04/2026
Moon Musing 🌙
မနက်ဖြန် April လ ၂ ရက်နေ့၊ မြန်မာစံတော်ချိန် မနက် ၀၈:၄၁ မှာ Libra ရာသီခွင်ထဲ၌ Full Moon အဖြစ် ကျရောက်မှာဖြစ်ပါတယ်။ 🌸⚖️ April လမှာ ကျရောက်တဲ့ လပြည့်ကို "Pink Moon" လို့ခေါ်ကြပြီး Libra ရာသီခွင်ဟာ ဟန်ချက်ညီမှု (balance) ၏ သင်္ကေတဖြစ်ပါတယ်။
မှတ်မှတ်ရရဆို မနှစ်ကလည်း ဒီလိုအချိန် မန္တလေးငလျင်ဒဏ်ကြောင့် လူအများ စိတ်ရောလူရော ပင်ပန်းနေကြပါတယ်။ ဒီနှစ်မှာလည်း လက်ရှိကြုံတွေ့လျက်ရှိတဲ့ ကမ္ဘာ့ geopolitical ပြသနာတွေ၊ ဆီပြတ်လပ်မှု ပြသနာတွေကြောင့် လူအများ collective အနေနဲ့ ကိုယ်ရောစိတ်ပါ balance out နေတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ Libra ရာသီခွင်ဟာ အလှအပ၊ ချစ်ခြင်းမေတ္တာ၊ ငွေကြေးတို့ကို ကိုယ်စားပြုတဲ့ Venus ဂြိုလ်က စိုးမိုးပြီး air element လည်းဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုအချိန်မျိုးမှာ ပထမဆုံး သတိရဖို့က ချစ်ခြင်းမေတ္တာ (love) ဆို အမြင့်ဆုံး vibration ပါ။ ဒီလပြည့်ရက်ပိုင်းလေးမှာ ကိုယ်တိုင် self-love ၊ self-care လေး သတိထား လုပ်ပေးပြီး grounded ပြန်လုပ်တာကနေ စသင့်ပါတယ်။ 💕
လက်ရှိမှာ ကောင်းကင်ယံမှာ planets တွေ အားလုံးကလည်း direct motion ဖြစ်နေတာမို့လို့ ဒီအရှေ့ကိုသွားနေတဲ့ energy လေးက April လအတွက် ရေးပေးထားတဲ့ wargara medicine energy လေးနဲ့လည်း ကိုက်ညီနေပါတယ်။ ကိုယ်ဘာပဲ လွှတ်ချချ၊ ဘာပဲ ရှင်းလင်းအောင်လုပ်နေနေ၊ ဘာစကားတွေ ၊ ဘာ action တွေလုပ်လုပ် the Universe is moving with you ဆိုတဲ့ သဘောလေးကို ခံစားနေရသလိုပါပဲ။ 🏹
Libra က relationship တွေနဲ့ဆိုင်တာကြောင့် ဒီလပြည့် လေးမှာ partnership တွေ၊ relationship တွေ နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ ဘာတွေ ဟန်ချက်မညီ ဖြစ်နေသလဲ သုံးသပ်ကြည့်ပါ။ ဒီနေရာမှာ ကျွန်မရဲ့ stuck ဖြစ်နေ၊ control အရမ်းလုပ်ချင်စိတ် ဖြစ်နေခဲ့ဖူးတဲ့ relationship တစ်ခုကို တိုးတက်ပြောင်းလဲသွားစေတဲ့ စာသားလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ တစ်နေ့ reels လေးတစ်ခုမှာ တွေ့လိုက်တဲ့ “we are thinking about a relationship rather than being in it” ဆိုတဲ့ စာသားလေးက ကျွန်မကို အလင်းရသွားစေခဲ့ဖူးပါတယ်။ ✨ ပစ္စုပ္ပန်မှာ အရှိအတိုင်း enjoy လုပ်ပြီး present ဖြစ်ဖြစ် နေထိုင်မယ့်အစား ငါ့ကိုချစ်ရဲ့လား၊ ငါဂရုစိုက်သလို မစိုက်ဘူးလား၊ မှားနေလား၊ မှန်နေလားတွေ အတွေးများနေတာတစ်မျိုး၊ constant reassurance လို့ခေါ်တဲ့ တစ်ခုခုကို အမြဲသက်သေပြချင်နေတာမျိုး၊ “ဒါမျိုးဖြစ်ရမှာ ဒီလိုဖြစ်သင့်တာတွေ” နဲ့ အနာဂတ်ကိုလှမ်းဗျာများပြီး တွေးပူနေတာတွေက ဘယ် relationship မျိုးကိုမဆို ဟန်ချက်ပျက်စေကာ စိတ်ပင်ပန်းမှုနဲ့ emotional distance ကို ပိုရစေပါတယ်။
ဒါကြောင့် ဒီ full moon လေးမှာ အိမ်ထောင်ဖက်၊ သူငယ်ချင်း၊ မိသားစု၊ ကိုယ်တိုင်နဲ့ ပက်သတ်ပြီး resolve လုပ်စရာတွေရှိရင် အေးဆေးတည်ငြိမ်စွာ grounded ဖြစ်စွာ ချဉ်းကပ်ကြည့်ပါ။ ပတ်ဝန်းကျင်မှာ အလှပန်းအိုး၊ ပန်းချီ၊ အိမ်အထားအသိုနေရာ ပြောင်းတာမျိုးလေးတွေလည်း လုပ်သင့်ပါတယ်။ ငွေကြေးနဲ့ ပတ်သတ်ပြီး စာရင်းချုပ်တာ၊ ဝင်ငွေထွက်ငွေ စီစစ်တာ၊ financial goals အသစ်ချတာမျိုးလည်း လုပ်ဖို့ကောင်းပါတယ်။ 🌼
ဘယ် moon phases၊ ဘယ် planet transits မဆို ဖြစ်ပေါ်နေတဲ့ energy နဲ့ လုပ်သင့်တဲ့ ဆောင်ရန်ရှောင်ရန် rituals လေးကို ဖုန်းထဲ ၊ tablet ၊ laptop ထဲကနေ လွယ်လွယ်ကူကူ သိချင်ရင်တော့ LUNALIGN ရဲ့ digital calendar လေးကိုလည်း subscribe လုပ်ထားလို့ရပါတယ်။
ဒီလပြည့်လေးကစ aligned living တစ်ခုကို ပြန်လည်တည်ဆောက်နိုင်ကြပါစေ။
Journey to Aligned Living, One Moon Phase at a Time! 🌙
Sat Nam,
LUNALIGN
Click here to claim your Sponsored Listing.
Contact the business
Website
Address
Yangon