TellUS Marketing Group

TellUS Marketing Group

Share

31/12/2023

✨Wishing you a joyous New Year Full of love, hope and
prosperity 💞

🎇လာမဲ့ 2024 နှစ်သစ်မှာ လူကြီးမင်းတို့ရဲ့
စီးပွါးရေးတွေဒီရေအလားတိုးတက်
အောင်မြင်ပြီး လာဘ်လာဘများပွင့်လန်းကြပါစေရန်
TellUS Marketing Group မှ တောင်းဆုပြုအပ်ပါတယ်။🙏



#2024

25/12/2023

🎅🎄May the Spirit of Christmas infuse your life and that of your family members with hope, positivity and joy. Merry Christmas to you all ❄️

✨ယခုနှစ် Christmas မှစ၍ လုပ်ငန်းရှင်တွေအနေနဲ့လည်းစီးပွားရေး
တွေ တရှိန်ထိုးတိုးတက်ပြီး လာဘ်လာဘများပွင့်လန်းနိုင်ကြပါစေရန် TellUS Marketing Group မှဆန္ဒပြုအပ်ပါတယ်ရှင်။💝☃️

31/08/2023

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ 🙏

မြန်မာ့ဆယ့်နှစ်လရာသီတွေထဲ ဝါခေါင်လဟာ
ပဉ္စမမြောက်လဖြစ်ပြီး ဝါခေါင်လပြည့်နေ့ကို
မေတ္တာအခါတော်နေ့အဖြစ် သတ်မှတ်ထားကြပါတယ်။

ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့တွင်
ဗုဒ္ဓဘာသာဝင်တို့ဟာ မေတ္တာအခါတော်နေ့ကျင်းပကြကာ ရှေးအစဉ်အလာအတိုင်း ဘုန်းကြီးကျောင်းကန်ပုထိုးသို့ သွားရောက်ပြီး စာရေးတံပွဲများဆင်နွှဲလှူဒါန်းကြခြင်း၊
ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ပြီး “ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့”ကို
ဆင်နွှဲပြုလုပ်လေ့ရှိကြပါတယ် 🤗

ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ အထွတ်အမြတ်ထားရာ
နေ့တွေထဲတစ်ရက်အပါအဝင်ဖြစ်တဲ့ ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့မှာ (၇) ရက်သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့်
ပြည့်စုံကြပါစေကြောင်း ကျွန်တော်တို့ TellUS မှ
ဆုတောင်းမေတ္တာပို့သလိုက်ပါသည် 🙏🙏🙏


#ဝါခေါင်လပြည့်
#မေတ္တာအခါတော်နေ့
#ဥပုသ်နေ့

01/08/2023

ဓမ္မစကြာတရားဟောတော်မူသော ဒုတိယဝါဆိုလပြည့် 🙏

ဂေါတမမြတ်စွာဘုရားရှင်ဟာ ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တောမှာ ပဉ္စဝဂ္ဂီ (၅) ဦးကို ဓမ္မစကြာတရားဦး ဟောတော်မူခဲ့ပါတယ်🙏🙏

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက် ဒီလိုရက်ကြီးအခါကြီးတွေမှာ ဘုန်းကြီးကျောင်းကန်ပုထိုးသို့ သွားရောက်ပြီး ဝါဆိုသင်္ကန်း ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ပြီး “ဝါဆိုလပြည့် ဓမ္မစကြာ
အခါတော်နေ့”ကို ဆင်နွှဲပြုလုပ်လေ့ရှိကြပါတယ်။

ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ အထွတ်အမြတ်ထားရာ နေ့တွေထဲတစ်ရက်
အပါအဝင်ဖြစ်တဲ့ ဒုတိယဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့မှာ (၇) ရက်
သားသမီးများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံ
ကြပါစေကြောင်း ကျွန်တော်တို့ TellUS မှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည် 🙏



#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့

Want your business to be the top-listed Advertising & Marketing Company in Yangon?
Click here to claim your Sponsored Listing.

Website

Address


No. 19, Bayintnaung Road, Hlaing Township
Yangon
11051