Oranjime
13/07/2023
Hello
မှာယူထားတဲ့ပစ္စည်းတွေ ရဖို့ ကြာနေပြီး အကျိုးအကြောင်း မသိရတော့တဲ့အတွက် Pgဘက်က ဆက်သွယ်လို့ရသမျှ customerတွေအကုန်လုံးကို refundငွေလွှဲ
ပြန်လွှဲထားပြီးပါပြီရှင့်
အဆက်အသွယ်မရသေးတဲ့ customer တွေလည်း ပုံလေးတွေ တစ်ချက် ဖတ်ပေးပြီး
ပြန်ဆက်သွယ်ပေးပါဦးရှင့်
အပြီးတိုင် နားတဲ့အတွက် ဒီpostကလွဲရင်
ကျန်တဲ့ postလေးတွေတော့
အကုန် deleteထားပါ့မယ်ရှင့် ငွေလွှဲကျန်တာပြန်မေးလွှဲပြီး တာဝန်ယူရမဲ့ကိစ္စလေးတွေ တာဝန်ယူမှာကလွဲရင်
လုံးဝupdateမရှိတော့ပါဘူးရှင့်
အဆက်အသွယ်ရပြီးတာကိုမှ
ကျန်ခဲ့တာရှိရင်လဲ ph, msg or telegram accကို ထပ်ဆက်သွယ်ပေးပါဦးရှင့် cbက
စာပြန်တာ မရလို့ပါရှင့်
part time adminတွေလုပ်တဲ့ order fileတွေမရှိတော့တာနဲ့ ပြန်စစ်ရတာ လူအရမ်းများလို့
ကျန်ခဲ့တာရှိရင်လဲ ထပ်တောင်းပန်ပါတယ်ရှင့်
ဒီကြားထဲမှာ 2020 Juneလကနေ
2022နှစ်ကုန် အထိ အားပေးခဲ့တဲ့
တစ်ယောက်ချင်းစီကို တကယ်
ကျေးဇူးအများကြီး တင်ပါတယ်ရှင့်
ဒီshopကြောင့် အဆင်မပြေဖြစ်ခဲ့ရတဲ့
နောက်ဆုံးbatch customer တွေရယ် တခြားbatchတွေရယ်မှာ
အဆင်မပြေမှုရှိခဲ့တာတွေအတွက်လည်း
အနူးအညွတ် တောင်းပန်ပါတယ်ရှင့်
ကောင်းသောနှုတ်ဆက်ခြင်း မဟုတ်တဲ့အတွက် အားနာရပေမဲ့ မနှစ်ကထိ စောင့်ကြည့်ပေးခဲ့ကြတဲ့ pg followerတွေရော မှာယူခဲ့တဲ့ customerတွေကိုရော လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရပြီး
နှုတ်ဆက်လိုက်ပါတယ်ရှင့် 🤍
04/02/2023
Hello ကြားထဲမှာ ဖြစ်သွားတာတွေအတွက်
ရှင်းပြချင်လို့ပါရှင့် 💗🥺
Cargo ပုံးမရတာလေးတွေ ရှိခဲ့တာမှာ
မဝယ်ပေးပဲ rfပြန်ရတယ်ဆိုပြီး ပြောနေကြလို့ပါ
accက ဟိုးအရင်ထဲက သုံးတဲ့
တစ်ခုကို ဝင်မရတော့တာနဲ့
proof အများကြီး ရှာမရတော့လို့
ဒီရက်ပိုင်းမှာပံ တွေ့သလောက်
ပြန်တင်ပေးပါ့မယ်နော်
ပုံးအများကြီးမရတာ နှစ်ခါ ဖြစ်ဖူးပါတယ်
တစ်ပုံးလောက်ကတော့ 4,5 ခါ ဖြစ်ဖူးပါတယ် ဖြစ်တိုင်း အစ်မ ကိုယ့်ဘာသာညည်းရုံကလွဲပြီး
cargo or supplier
ဘယ်သူ့မှ ပြဿနာမရှာထားတာကို
personallyသိတဲ့လူတွေဆို သိပါတယ် pgမှာလဲ မတင်ပါဘူး gpတွေမှာလဲ
နာမည်မပြောပဲ မပြေလို့ ပြေအောင် လုပ်ချင်တာလောက်ပဲ တစ်ခါနှစ်ခါ ပြောခဲ့တာပါ
အခုဆို မနှစ်က 7လပိုင်းထဲက မှာထားတဲ့ vitamin ဘူးတွေ ပုံးလိုက်ပြန်ရလာပါတယ်
Customမိနေတဲ့ပုံးပါ 😅
အဲ့လိုမျိုး မရတာတွေအတွက်ကျ အစ်မဘက်က
rf or orderပြန်တင်ပြှး တာဝန်ယူတာကလွဲ
ဘာမှ လုပ်မပေးနိုင်လို့ပါနော်
Korea Website တွေက Order Cancelများပါတယ်
အထူးသဖြင့် Shoopen, Spao, MC Watch Saleတွေ ရောင်းတဲ့ websiteပါ
stockမနိုင်ပဲ sale ပေးပြီး မရှိရင်
ဝယ်သူဘက်ကို cancel လိုက်တာမျိုးပါ
Spao Oh Vivi Edition ဆို
Navy, Dark Navy နှစ်ရောင်က ဝယ်ပြီးတိုင်း အမြဲ cancelခံရပါတယ် 9,10ထည် ဝယ်မှ 2ထည်က ကံကောင်းရင် ရတာပါ
တစ်ထည်တောင်
မရလိုက်တဲ့အခေါက်တွေလည်း များပါတယ်
သူတို့ဘက်က Cancelတာကို
ဘယ်တော့မှပြောလဲဆို ဝယ်ပြီး တစ်လကျော်လောက်မှပါ အဲဒီထက်ကြာတာလဲ ရှိပါတယ် !
အဲဒါကို သူတို့ဆီက cancelငွေလွှဲကလဲ ထပ်ပြန်စောင့်ရပါတယ် ရမရ ပြန်စောင့် ပြန်ဝယ်နဲ့
တော်တော်ပြဿနာတက်ခဲ့တာပါ
အဲဒါကြောင့် decထဲက kr preorderတွေကို ဖိနပ်တွေ 4,5ခါ preorderရောင်းတာကလွဲပြီး
နားပါပြီလို့ ပြောခဲ့တာပါ
ဒါပေမဲ့ ကိုယ့်ရဲ့tracking service အတော်လေး ညံ့ခဲ့တာအတွက်လဲ ထပ်တောင်းပန်ပါတယ်နော်
အဲဒီ websiteက orderဆို supplierအိမ်ကို
ရောက်ဖို့ကို တစ်ပြန်စောင့်ရပါတယ်
မြန်တဲ့အခါမြန်ပြီး မပို့ရင်လဲ လုံးဝမပို့တာမို့
ဒီဘက်က ဝယ်ပေးတဲ့ အစ်မကို စာပို့ခိုင်းပြီး
deliveryထိုင်စောင့်ရုံပဲရှိလို့ပါ
MCကတော့ deliတင် တစ်လ,
တစ်လခွဲကြာတာပါ ဒီအရောက်
wtဘယ်လောက်စောင့်ရလဲဆိုတာ
ပြောကိုမပြောချင်တော့တဲ့အထိကို
ကြာတာပါ ဝယ်နေကျ website က ဈေးဝယ်လို့ တန်ပြီးquality ကောင်းပေမဲ့ မကောင်းတာက cancel အရမ်းများတာ, ပစ္စည်းမှားထည့်ပေးတတ်တာနဲ့ refundမရတာပါ < ဒါကတော့ ရှားပေမဲ့ refundလုံးဝမရဖူးတဲ့ itemတွေ ရှိပါတယ် >
နာရီတွေ ဖိနပ်တွေဆို မမှာတဲ့ပုံတွေ
ပါလာဖူးပါတယ်
ဝယ်ပေးတဲ့အစ်မတွေမှာမှ ဖုန်းနဲ့ဝယ်တဲ့
အစ်မတွေနဲ့ ဝယ်တဲ့ orderတွေဆို cusတွေကို အစ်မတို့ဘက်က order receipt ပြန်ပို့ပေးပါတယ် ရှေ့မှာ custom မိတာor order cancelခံရတာမှာ ကိုယ်က မဝယ်ပေးထားပဲ ငွေပြန်လွှဲတယ်ဆိုပြီး
ခဏခဏဖြစ်ခဲ့တာကြောင့် itemများရင်ကလွဲပြီး ပြန်ပို့တာများပါတယ်
သတိထားပြီး receiptရတဲ့ဆီကို အဓိကဝယ်ပြီး ပြန်ပို့တာပါ မရတဲ့အစ်မတွေဆီကတော့
မရပါဘူး တစ်ခါတလေ receiptပို့ဖို့ကျန်ခဲ့တာရှိရင်လဲ ပစ္စည်းတော့ ရောက်အောင်
ပို့ထားပေးပါတယ်
cargo directယူမိတဲ့ orderတွေဆို ဝယ်တဲ့ supplierတချို့ဘက်က website က
cancelသွားလည်း လာမပြောပေးပါဘူး
*ပြောပေးတဲ့အစ်မတွေကိုတော့ မပြောပါဘူး ဒါက မပြောပေးတဲ့လူကို ပြောတာပါ
tracking noတောင် ပြန်မရှာပေးကြတာလည်း
ရှိပါတယ်
ပြဿနာမရှာချင်လို့ ကိုယ့်ဘာသာပဲ
အဆင်ပြေအောင် လုပ်ခဲ့တာပါ
သုံးနေကျ acc က log out လုပ်မိပြီး
ပြန်ဝင်မရတာ တအားကြာသွားလို့ ဖြစ်သွားတဲ့
ပြဿနာတွေ တော်တော်များသွားပါတယ်
ဒါပေမဲ့ ခုပြောနေကြသလို
ဘယ်cargoဆီကနေမှ bl ထဲ
အထည့်ခံထားရတာမျိုး မရှိဖူးပါဘူးရှင့်
ချိတ်ဖူးတဲ့ cargoဆိုလို့လဲ 3ခုပဲ ရှိတာပါ
ဘာတွေလဲလို့ လာမေးလို့ရပါတယ် 🙏🏻
ကျန်တဲ့ profitရတာကို သုံးတဲ့ကိစ္စနဲ့
ပတ်သက်ပြီးပြောကြတာလေးတွေလဲ
ရှိပါတယ် ဒါကတော့ ကိုယ့်profitကို
ကိုယ်အဆင်ပြေရာ သုံးတာမို့ပါ
နားလည်ပေးမယ်လို့တော့ မျှော်လင့်ပါတယ်
Pg နားတာကတော့ ကျန်းမာရေးကိစ္စတစ်ခုနဲ့ personal case တစ်ခု ရှိသွားလို့ အရင်လို တစ်ချိန်လုံး screentime အပြည့်နဲ့ လုံးဝနေမရတာနဲ့ noticeမတင် အသိမပေးမိပဲ
နားထားမိတာပါ အဲဒါကတော့
cusတွေအပေါ် တာဝန်ယူမှုမရှိပဲ
ပြီးစလွယ် လုပ်တာမျိုး ဖြစ်ခဲ့ပါတယ်
အခုလို အဆင်မပြေဖြစ်တာတွေများသွားတာရယ် အကြာကြီး မဖြေရှင်းမိတာအတွက်တော့ pg followerတွေရော cusတွေရောကို
ပါးစပ်ပြောမဟုတ်ပဲ စိတ်ရင်းနဲ့
တောင်းပန်ပါတယ်နော် 🙏🏻🤎
အခုကတော့ ဖြစ်ထားတဲ့ ပြဿနာတွေကို
ဖြေရှင်းတာပါရှင့်
ပုံကတော့ Sept 20ကျော်က မှာထားတဲ့ နာရီတွေရဲ့ receiptနဲ့ ygnက cargoရုံးကို
နောက်ဆုံးအသုတ် ရောက်တဲ့ dateလေးကို
ယှဉ် ပြထားတာပါ
အစ်မပဲ cargoကို ပြောရမလား
အိုင့်ပဲ ဒီတိုင်း personally မကျေနပ်တဲ့လူတွေဆက်ဆဲကြမလားကတော့ သဘောပါ 🥲
ခုက မဝယ်ထားဖူးပဲနဲ့ တကူးတက bad review ပေး, လာဆဲနေကြတာကျ
သိပ်အဆင်မပြေလို့ပါနော်
ကြားထဲ ပစ္စည်းရောက်ပြီးတာကို order လာ cancel တဲ့သူတွေပါ janထဲတင် 30လောက်အထိ ရှိသွားလို့ နောက်rfရစရာရှိတဲ့ cusတွေအနေနဲ့
ရက်အတော်လေး ကြာတာရှိပါတယ်
အစ်မလဲ incomeမရှိဖြစ်သွားတာနဲ့
ငွေပြန်လွှဲတာ ကြာတာပါ
ခုရက်တွေမှာတော့ အကုန်လုံးကို
အမြန်ဆုံး ပြီးအောင်ဖြေရှင်းပေးမှာမို့
ခဏလေးပဲ စောင့်ပေးပါဦးနော် 🙏🏻💗
သေချာပေါက် လူစေ့ပြန်လွှဲမှာပါ
နောက်ပြီးတော့ ငွေလွှဲကျန်တဲ့လူတွေကိုလဲ
အကူအညီတောင်းပါတယ်နော် လွှဲပေးပေးပါဦး
ဒီဘက်မှာ ပြန်ရှင်းစရာလေးတွေ အများကြီး
ရှိနေလို့ပါ 🥺🙏🏻🙏🏻
အခုက အဲဒါလေးတွေ အကုန်ကို
တောင်းပန်ရင်း ပြန်ရှင်းပြတာပါ
ကျေးဇူးပါနော် စာမပြန်ထားတာရှိရင်လည်း
ဒီည အကုန်ပြန်ထားပါ့မယ်ရှင့်
decတုန်းက ပစည်းမရောက်သေးလို့
မဖောက်လိုက်ရတဲ့ GA winner လဲ မနက်ဖြန်ညကျ ကြေငြာထားလိုက်ပါ့မယ်နော် 💖
14/12/2022
New Arrival itemလေးတွေပါရှင့် 📦
ဒီထဲမပါမှာ item 5မျိုးလောက်ပဲ ရှိမယ်နော်
ဒီအပတ်ထဲပဲ Spao နဲ့ နောက်ထပ် Preorder batchတွေ ထပ်ရောက်ဖို့လည်း ရှိပါသေးတယ်
အဲဒါလေးတွေကိုလည်း နောက်အပတ်မကူးပဲ
ဒီအပတ်ထဲ အိမ်အရောက်ပို့ပေးပါ့မယ်နော် 🧡🤍
ပစ္စည်းပို့တဲ့ Admin Move out လုပ်တော့မှာမို့လို့
ဒီလ16ရက်နေ့နောက်ပိုင်း ကစပြီး
deli addတာက ygnကနေပဲ
ဖြစ်ပါ့မယ်နော် 🧡 အဲဒါကြောင့်
Ygnချင်း cusတွေကတော့
နေ့ချင်းor ဒီနေ့ပို့ မနက်ဖြန်လေး
ရောက်ပါ့မယ်ရှင့် 💕
Delivery ကတော့ Mdyတုန်းကလိုပဲ
Wepozt or Arlupostနဲ့ပဲ ပို့မှာမို့
charges လေးတွေတိုးဖို့ မရှိပါဘူးရှင့် ~
ဒီနေ့ပစ္စည်းအပ်ရမှာရယ် move outရယ်
Delivery ပုံးလိုတာရယ်အတွက်
အလုပ်နည်း"များနေလို့
ph callလေးတွေ လက်မခံတော့ပါဘူးရှင့်
cbက rpပြန်ပေးတဲ့ adminနဲ့ပဲ
ပြောပေးလို့ရပါတယ်နော် 💓
Preorder adminက
တစ်ယောက်ထဲကိုမှ ဒီနေ့ arrival အတွက်ပါ
ပြန်ရမှာမို့ ပစ္စည်းရှာပေးတာလေးတွေ
new itemတွေ လက်မခံခိုင်းထားပါဘူးနော်
မကြာတဲ့ 15 ရက်နေ့ထိ ချတဲ့
Shoopen Sale onlyပဲ
လက်ခံခိုင်းထားပါတယ်ရှင့် 🧡
thankyuu so much for
purchasing here kub❣️
မှာယူပေးတဲ့ order 1ခုချင်းစီ အတွက်
ကျေးဇူးအများကြီးတင်ပါတယ် 🧡💕
အမြဲ စိတ်ရှည်ပေးကြတာကိုလည်း
တကယ်ကျေးဇူးများကြီးတင်ပါတယ်ရှင့် 🧡🙏🏻
11/12/2022
မင်္ဂလာမနက်ခင်းလေးပါရှင့် 💓
ဒီနေ့ကစပြီး Oranjime ကနေ
Korea Preorder saleလေးတွေကို
တစ်လမှ 3~4 timesလောက်ပဲ
ရောင်းပါတော့မယ်နော် 🧡
မျက်စိအခြေအနေက သိပ်မကောင်းတာရယ်
ဟိုဘက်မှာ လူမရှိလို့ အစအဆုံး
tracking မတိကျတာရယ် နောက်ပြီး
wt မတိကျပဲ ကြာတာတွေကိုရော အားနာလို့ပါ
အခုလုပ်နေတဲ့အစ်မတွေက အဆင်ပြေပေမဲ့
ရှေ့က ပြဿနာလေးတွေရှိခဲ့လို့
မတိကျပဲ ဆက်runနေတာ မဖြစ်ချင်တော့လို့ပါ 😄
Korea instock itemနဲ့
WT အဆင်ပြေတဲ့ CN preorder & instock
အဓိကကတော့ Instock ပဲ ရောင်းသွားတော့မှာမို့
သဘောကျတဲ့itemလေးတွေ ရှိရင်
အားပေးလို့ရပါသေးတယ်နော် 🧡
ဒါကတော့ Nov, Dec 2020မှာ
Korea preorder စရောင်းပြီး
2021 Janမှာ ရောက်တဲ့
ပထမဆုံး arrival လေးတွေပါ 🥳
Oranjimeမှာ Purchase လုပ်ခဲ့တဲ့
Item 1ခုချင်းစီအတွက်
အမြဲ ကျေးဇူးအများကြီး တင်လျက်ပါရှင် 🥰🧡
အဆင်မပြေမှုများရှိခဲ့ရင်လည်း
အနူးအညွတ် တောင်းပန်ပါတယ်နော် 🥺🤍
စရောင်းထဲက အရမ်းရောင်းကောင်းတဲ့
Shoopen Saleလေး ဒီနေ့တန်တာထပ်ရလို့
ရောင်းခဲ့ပါဦးမယ်ရှင့် 😆
အဲဒါလေးပြီးရင် ဒီလအတွက်
preorder နားပါပြီ ^^
အမြဲ reactပေးပြီး စောင့်ကြည့်ပေး
သဘောကျပေးတဲ့ page followerတွေကိုလည်း
Cusတွေနဲ့ ထပ်တူ ကျေးဇူးအများကြီး
တင်ပါတယ်ရှင့်🧡
26/10/2022
Pintuck Wide Denim Pants 60% off Sale 💙🖤
Sona ရဲ့ Must Buy Denim လေး
wardrobe ထဲမှာ must have item ပါနော် 💙
Now only ~ 31500 ks ✨
Blue, Deep Blue & Light Blue
Bright Feeling လေးပေးမဲ့ season မရွေးဝတ်လို့
ရတဲ့ Light Blue 🤍
Modern looks တွေနဲ့လည်း လှတဲ့ deep denim 🖤
အပေါ်က ဘယ်လိုtopနဲ့ နေနေ match
ဖြစ်တဲ့Blue 💙
3 ရောင်လုံး လှပါတယ်နော်
အယူအများဆုံးက deep blueလေးပါ
Available Size ~ S, M, L
Wide Fit မို့ cutting ကြီးပါမယ်
Size details in last pic !
Sale Deadline ~ 27.10.2022 9 PM
Preorder, Prepaid ✨
Waiting time ~ 1.5 months or above after domestic delivery 🚚
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
ဝဏ္ဏကျော်စွာလမ်း, ရွှေပေါက္ကံ
Yangon
Opening Hours
| Tuesday | 09:00 - 23:00 |
| Wednesday | 09:00 - 23:00 |
| Thursday | 09:00 - 23:00 |
| Friday | 09:00 - 23:00 |
| Saturday | 09:00 - 23:00 |
| Sunday | 09:00 - 23:00 |