AOT Computer

AOT Computer

Share

Photos from AOT Computer 's post 18/09/2023

ကိုယ်သုံးနေတဲ့ကွန်ပျူတာက date time တွေမမှန်ဘူးဆိုရင်သုံးရတာအဆင်ပြေမှာမဟုတ်ပါဘူး။အဲ့တာကြောင့် date time ချိန်နည်းလေးကိုမျှဝေပေးလိုက်ပါတယ်။

17/09/2023

Second laptop💻တစ်လုံးဝယ်တော့မယ်ဆိုရင်
==================================
ဒီနေ့မှာတော့ Second laptop တစ်လုံးဝယ်တော့မယ်ဆို
ရင်ဂျင်းထည့်မခံရအောင်ဘာတွေစစ်ရမလဲဆိုတာကိုပြောပြပေးချင်ပါတယ်📄
✅ပထမဆုံးအနေနဲ့ကိုယ်ဝယ်တော့မယ် Laptop ရဲ့ Body damage ကိုသေချာစစ်ပါ❗Second laptop မလို့နဲနဲပါးပါးအဆင်းရာပါတာက ကိစ္စမရှိပေမယ့်အဖွင့်အပိတ်ထောက်တွေကျိုးနေရင်တော့ယူသင့်တဲ့ထဲမှာမပါပါဘူး။ဘယ်လိုအခြေနေမှာအဖွင့်အပိတ်ထောက်တွေကျိုးနေနိုင်လဲဆိုရင် ပိတ်ဖွင့်လုပ်တဲ့အခါကြပ်နေတာမျိုး ဒါမှမဟုတ်အဲ့ဒီထောက်နေရာတွေကဟနေတယ်ဆိုရင် ထောက်တွေကျိုးနေနိုင်ပါတယ်။
✅နောက်တစ်ချက်ကတော့ Screen ပေါ့💻 ကိုယ်ဝယ်
မယ့် Laptop computer ရဲ့ Screen မှာ အလင်း
ပေါက်တွေပါနေလားအမဲစက်တွေပါနေလားသေချာစစ်ပါ။
✅ပြီးရင်တော့ Keyboard ပါ Keyboard ⌨ ကောင်းမကောင်းကို Keyboard စစ်တဲ့ Software ဒါမှမဟုတ် Notepad ကနေစစ်ဆေးကြည့်သင့်ပါတယ်။
✅Body ပိုင်းစစ်ဆေးပြီးရင်တော့ ကိုယ်ဝယ်မယ့် Laptop ရဲ့ Hardware ပိုင်းကိုစစ်ဆေးသင့်ပါတယ်။Hardware ကို Task manager မှာဝင်ပီးစစ်ပါ။Task managerကို Ctrl + Shift + Esc နဲ့သွားလို့ရပါတယ်။ Hardware ပိုင်းမှာဆိုရင်တော့ အရင်ဆုံး CPU ကဘာလဲဆိုတာကိုကြည့်ပါ။ i3 လား၊ i5 လား၊ i7 လားဆိုတာကိုကြည့်ပါ။ လွယ်လွယ်ပြောရရင် ဂဏန်းကြီးတာကပိုကောင်းပြီးစျေးပိုကြီးပါတယ်။ကိုယ်ကငွေအများကြီးမသုံးဘူးဆိုရင်တောင်အနိမ့်ဆုံး i3 ကိုမှ 6thလောက်တော့ဝယ်သင့်ပါတယ်။Pentium တို့ Celeron တို့မဝယ်ပါနဲ့❌
✅ပြီးရင် Ram ကဘယ်လောက်သုံးထားလဲဆိုတာကိုကြည့်ပါ။အနဲဆုံး 8 GB လောက်မှဝယ်ပါ။Ram များများသုံးချင်းဟာ Software တွေ အများကြီးပြိုင်သုံးတဲ့အခါမျိုးမှာပေါ့ပါးစေပြီးတော့တစ်ချို့Software ကြီးတွေကိုသုံးဖို့အထောက်အကူဖြစ်စေပါတယ်။
✅Ram ကိုစစ်ပြီးရင်တော့ HDD လား SSD လားဆိုတာကိုစစ်ပါ။ Windows 10 သုံးမယ်ဆိုရင်တော့ SSD မဖြစ်မနေသုံးရပါမယ်။ Windows 7 or 8.1 ဆိုရင်တော့ HDD လောက်နဲ့ရပါတယ်။ ဒါပေမယ့်တက်နိုင်ရင် SSD ဘဲသုံးပါ။
✅ပြီးရင်တော့ Battery စစ်ပါ Battery အားခံမခံကိုသေချာလေးစစ်ပေးပါ။Battery စစ်နည်းကို pageမှာတင်ပေးထားပါတယ်။ Battery မကောင်းဘူးဆိုရင်တော့အဲ့Laptopကိုမယူသင့်ပါဘူး။
✅ Hardware ပိုင်းပြီးရင် Software ပိုင်းကိုစစ်ရပါမယ်။Software မှာဆိုရင် Camera ကောင်းမကောင်း Speaker အသံကောင်းမကောင်း Mic ကောင်းမကောင်းစစ်ကြည့်သင့်ပါတယ်။
ဒီလောက်စစ်တတ်တယ်ဆိုရင်တော့သင့်အနေနဲ့ ဂျင်း
ထည့်ခံရဖို့တော့မလွယ်တော့ပါဘူး။🤩

Photos from AOT Computer 's post 14/09/2023

Windows 10 မှာ This Pc icon ပျောက်နေရင်ဖော်တဲ့နည်းလေးပါ။

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon