Future Access Education Service Center
ကလေးတွေရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု၊ သင်ယူလေ့လာနိုင်စွမ်းနဲ့ စိတ်ပိုင်းဆိုင်ရာ နားလည်သိကျွမ်းမှု တွေက သူတို့လေးတွေရဲ့ အသက်အရွယ်အလိုက် ဖြည်းဖြည်းချင်း ပြောင်းလဲတိုးတက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့် ကလေးလေးတွေကို ပြုစုပျိုးထောင်တဲ့အခါမှာ သူတို့လေးတွေရဲ့ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်လာပုံတွေကို သိရှိထားရင် ကလေးတွေကို ပိုနားလည်နိုင်ပြီး လိုအပ်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ အထောက်အကူ အများကြီး ဖြစ်စေပါတယ်။ 🥰🥰
𝟏. 𝐍𝐞𝐰𝐛𝐨𝐫𝐧 (𝟎-𝟑 𝐦𝐨𝐧𝐭𝐡𝐬)
🤱 Newborn baby လေးတွေက မွေးကာစကနေ ၃ လအတွင်းမှာ Communication skill အတွက် အသံလာရာ ဘက်ကို ခေါင်းလှည့်ကြည့်နိုင်နေပါပြီ။ လူတွေကို ပြုံးပြတတ်လာပြီ ဖြစ်သလို မိဘတွေရဲ့ မျက်နှာကို စကြည့်ဖို့ ကြိုးစားနေချိန် ဖြစ်ပါတယ်။ Physical ပိုင်းအရ လက်မောင်းနဲ့ ခြေထောက်တွေကို သက်တောင့်သက်သာ စလှုပ်ရှားပါတယ်။
𝟐. 𝐈𝐧𝐟𝐚𝐧𝐭 (𝟑-𝟏𝟐 𝐦𝐨𝐧𝐭𝐡𝐬)
👶 ကလေးလေးတွေက ၄ လအရွယ်ကစလို့ သူတို့ဗိုက်ဆာတာ ၊ ဝမ်းနည်းတာ စတဲ့ မတူတဲ့ ခံစားချက်တွေကို မတူတဲ့ ငိုပုံငိုနည်းတွေနဲ့စတင် ဖော်ပြတတ်ပြီ ဖြစ်ပါတယ်။ Infant အရွယ်မှာ ကလေးတွေက လူစိမ်းကို ခွဲခြားတတ်ပြီ ဖြစ်သလို မိဘတွေနဲ့ ဆော့ကစားရတာကို ကြိုက်နှစ်သက်တတ်လာပါပြီ။၆ လအရွယ်မှာ ကလေးတွေက အကူအညီ မပါဘဲ စထိုင်တတ်ပါတယ်။ သူတို့ကိုယ် သူတို့ မှန်ပြန်ကြည့်ရတာကို သဘောတကျရှိတတ်ကြပါတယ်။ ၉ လအရွယ်ရောက်လာတာနဲ့ အသံတွေကို လိုက်တုတတ်လာသလို တခြားသူရဲ့ အမူအရာတွေကို လိုက်တုပ လာတတ်ပါြပီ။ လက်ချောင်းတွေကို သုံးပြီး အရာဝထ္ထုတွေကို ညွှန်ပြတတ် လာပြီ ဖြစ်ပါတယ်။ "No" ရဲ့ အဓိပ္ပါယ်ကို နားလည်စပြုလာပါပြီ။ တစ်ခုခုကို ကိုင်ပြီး မတ်တပ်ရပ် နိုင်သလို တွားသွား နိုင်ပြီ ဖြစ်ပါတယ်။
𝟑. 𝐓𝐨𝐝𝐝𝐥𝐞𝐫 (𝟏-𝟑 𝐲𝐞𝐚𝐫𝐬)
👶 ကလေးတွေက ၁ နှစ်အရွယ်ရောက်လာပြီဆိုရင် ရှက်တတ်တာ၊သူစိမ်းတွေနဲ့တွေ့ရင် ကြောက်တတ်တာ စတဲ့ ခံစားချက်တွေကို ခံစားတတ်လာပြီ ဖြစ်ပါတယ်။ Language ပိုင်းမှာ ဆိုရင် "mama" "dada" စတဲ့ စကားလုံးလေးတွေကို စတင်ပြောတတ်လာပါပြီ။ ခေါင်းခါတာ၊ လက်ဝှေ့ယမ်းပြီး နှုတ်ဆက်တာ မျိုးကို လုပ်နိုင်စပြုလာတဲ့အရွယ်ဖြစ်ပါတယ်။ခန္နာကိုယ် ဖွံ့ဖြိုးမှု အရ ဘာကိုမှ မကိုင်ထားဘဲ ခြေလှမ်းအနည်းငယ် စမ်းလျှောက်တတ်လာပါပြီ။ ကလေးလေးတွေက ၁ နှစ်ခွဲအရွယ်မှာဆိုရင် ကိုယ်တိုင် လမ်းလျှောက်နိုင်လာသလို ရေသောက်တာ၊ ဇွန်းကိုင်ပြီး ထမင်းစားတာ စတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာ တွေကို ကိုယ်တိုင်ဆောင်ရွက်နိုင်စွမ်းရှိပါတယ်။ သူတို့နဲ့ ရင်းနှီးတဲ့ အထိန်းတွေနဲ့ အနေနီးတဲ့သူတွေ အပေါ် သူတို့ရဲ့ တွယ်တာမှု ကိုပြတတ်လာကြပါတယ်။ Language ပိုင်းမှာ ဆိုရင် 'single words' တော်တော်များများ ကိုပြောနိုင်လာပြီ ဖြစ်ပါတယ်။ တခြားသူတွေအပေါ် စတင် အတုခိုးလာတဲ့ အရွယ်ကတော့၂ နှစ်အရွယ် ဖြစ်ပါတယ်။ လွတ်လပ်မှု နဲ့ မိမိကိုယ်ကို အားကိုးလိုမှု ကို ပိုပိုပြလာတဲ့အရွယ် ဖြစ်တဲ့ အတွက် မိဘတွေက မလုပ်ရဘူးပြောထားရင် ပိုလုပ်ချင်တဲ့ အရွယ်ဖြစ်တဲ့အတွက် မိဘအုပ်ထိန်းသူတွေ အတွက် စိန်ခေါ်မှု တွေများပြားလေ့ရှိကြပါတယ်။ ၃ နှစ်အရွယ် ကလေးတွေက ခံစားချက်မျိုးစုံကို ပြတတ်လာသလို သူငယ်ချင်းတွေကို စတင်တွယ်တာလာတတ် ပါပြီ။ အမေ၊ အဖေနဲ့ စတင်ခွဲနိုင်လာတဲ့ အရွယ်ဖြစ်ပါတယ်။ စာကြောင်း ၂ ကြောင်းကနေ ၃ ကြောင်းအထိ တောက်လျှောက်ပြောနိုင် စွမ်း ရှိလာပါပြီ။
𝟒. 𝐏𝐫𝐞𝐬𝐜𝐡𝐨𝐨𝐥 𝐚𝐠𝐞 ( 𝟑-𝟒 𝐲𝐞𝐚𝐫𝐬)
👧 Preschool age ရောက်လာတဲ့အရွယ်မှာ ကလေးလေးတွေက သူငယ်ချင်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာ၊ အသစ်အဆန်းတွေကို လုပ်ကြည့်ရတာ ကိုကြိုက်နှစ်သက်လာတာ၊ Pretend Play ကစားရတာကို အရမ်းသဘောကျတတ်လာကြပါတယ်။ Stories တွေစ ပြောတတ်လာသလို သူတို့ဘာတွေကို ကြိုက်ပြီး၊ ဘာတွေကို စိတ်ဝင်စားတယ်ဆိုတာကို ကောင်းစွာဖော်ပြနိုင်လာပြီ ဖြစ်ပါတယ်။ Take turns လုပ်နိုင် လာတဲ့အရွယ်ဖြစ်သလို သူငယ်ချင်းတွေနဲ့ လူကြီးတွေကို လိုက်လံ တုပ လေ့ရှိကြပါတယ်။ Step သုံးဆင့်လောက် ပါတဲ့ instructions တွေကို နားလည်နိုင်လာပြီ ဖြစ်ပါတယ်။
𝟓. 𝐒𝐜𝐡𝐨𝐨𝐥 𝐚𝐠𝐞 ( 𝟒-𝟔 𝐲𝐞𝐚𝐫𝐬)
🧒 ကျောင်းစတက်တဲ့ အရွယ်ရောက်လာချိန်မှာ ကလေးတွေက gender ကွဲပြားမှုကို နားလည်နိုင်လာပါတယ်။ Rules တွေကို လိုက်နာတတ်လာပြီ ဖြစ်သလို မိမိကိုယ်ကို အားကိုးလာနိုင်မှု ကိုပိုမို ပြသနိုင် လာပြီ ဖြစ်ပါတယ်။ စကားကို ကျွမ်းကျင် ရေလည်စွာပြောနိုင် လာသလို နာမည်တွေ လိပ်စာတွေကို မှတ်သားလာနိုင်ကြပါတယ်။ နေ့စဉ်ဘဝမှာ အသုံးပြုနေကြဖြစ်တဲ့ ပိုက်ဆံ၊ အစားအစာ စတဲ့ အရာတွေ အကြောင်းကို နားလည်စပြုလာတဲ့ အရွယ် ဖြစ်ပါတယ်။ ကျောင်းစတက်တဲ့ အရွယ်က ကလေးတွေကို 'safe touch' , 'good touch', 'bad touch' စတဲ့ sexual awareness ကို သေချာရှင်းပြ ပြောပြပေးဖို့ အချိန်ကောင်းဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေနဲ့ အတူ ပတ်ဝန်းကျင်မှာ observation အတူလိုက်လုပ်ပေးတာ၊ သူငယ်ချင်းတွေနဲ့ play date ခေါ်သွားပေးတာ၊ ကလေးတွေကို ကိုယ်တိုင်ရွေးချယ်ခွင့်ပေးတာ၊ မိဘရဲ့ သင့်တင့်လျောက်ပတ်တဲ့ အုပ်ထိန်းမှုအောက်မှာ လွတ်လပ်မှုပေးတာ၊ ပြသနာတစ်ခုကြုံလာရရင် ဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို စဉ်းစားတတ်အောင် လမ်းစဖွင့်ပေးတာမျိုး တွေ လုပ်ပေးခြင်းအားဖြင့် ကလေးတွေရဲ့ emotional quotient ကို ပျိုးထောင် မြှင့်တင်ပေးလို့ ကောင်းတဲ့ အရွယ် ဖြစ်ပါတယ်။
🏠 𝗠𝗼𝗻𝘁𝗲𝘀𝘀𝗼𝗿𝗶
မူကြိုရယ်လို့ ပြောလိုက်တဲ့အခါမှာ ဟိုးအရင့်အရင်က ကျောင်းကြီး "မူ"လတန်း မတက်ခင်မှာ abcd ကကြီးခခွေး "ကြို"သင်တဲ့နေရာလို့ အများစုက သတ်မှတ်တတ်ကြပါတယ်၊ ဒီဘက်ခေတ် မိဘတွေက ခေတ်မီပညာရေးစနစ်နဲ့ အကျွမ်းတဝင်ရှိလာတဲ့အခါမှာတော့ မူကြိုဆိုတာ စာကြိုသင်ဖို့မဟုတ်ဘဲ ကလေးတွေရဲ့ ကာယ၊ ဉာဏတိုးတက်မှုကို အထောက်အပံ့ဖြစ်စေဖို့ဆိုတာ နားလည်လာကြပါတယ်
တကယ်တမ်းတော့ မူကြိုပညာရေး (Early Childhood Education) ကို ချဉ်းကပ်ပုံ အမျိုးမျိုးရှိပါတယ်၊ Waldorf (Steiner)၊ Reggio Emilia၊ Montessori၊ Nature School (Forest School)တွေကတော့ လူသိများတဲ့ ချဉ်းကပ်ပုံတွေဖြစ်ပြီး နည်းလမ်းတိုင်းမှာ အားသာချက်၊ အားနည်းချက် ကိုယ်စီရှိကြပါတယ်။ ဥပမာအားဖြင့် Waldorf နည်းလမ်းက စိတ်ကူးဉာဏ်ကွန့်မြူးမှုကို အားပေးပြီး Reggio က အသင်းအဖွဲ့၊ လူမှုအသိုက်အဝန်းစိတ်ဓာတ်ကို အလေးပေးတဲ့ ပရောဂျက်အခြေခံ လေ့လာပုံမျိုး ဖြစ်ပါတယ်။
Montessori ချဉ်းကပ်ပုံဆိုတာကတော့ Maria Montessori ဆိုတဲ့ အီတလီနိုင်ငံရဲ့ အမျိုးသမီးဆရာဝန်တစ်ဦး တည်ထောင်ခဲ့တဲ့ ချည်းကပ်ပုံပါ၊ ၁၈၉၆ခုနှစ်မှာ ဆေးပညာဘွဲ့ရခဲ့တဲ့ Montessoriဟာ ၁၈၉၇ခုနှစ်မှာ ရောမတက္ကသိုလ် (University of Rome)ရဲ့ စိတ်ကျန်းမာရေးဆေးခန်းမှာ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ရောမမြို့က စိတ်ကျန်းမာရေးဆေးရုံလိုနေရာတွေကို လေ့လာခဲ့ပြီး ပညာသင်ယူဖို့ စိတ်ပိုင်းဆိုင်ရာ အခက်အခဲရှိတဲ့ ကလေးတွေကို စူးစမ်းဖြစ်ခဲ့တာဟာ အခုကျွန်မတို့သိတဲ့ Montessori မူကြိုပညာရေးချဉ်းကပ်ပုံရဲ့ ကနဦးအစဖြစ်ခဲ့တာပါပဲ။
ကလေးတွေ အဆင်ပြေပြေပညာသင်နိုင်ဖို့ အမြဲဦးဆောင်အသံထွက်ပေးတဲ့ Montessoriဟာ ၁၉၀၇ခုနှစ်မှာတော့ သူ့ရဲ့ ပထမဆုံးမူကြိုလို့ဆိုနိုင်မယ့် ကလေးတွေရဲ့ အသိုက်အမြုံတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ ကလေးတွေက ၂နှစ်၃နှစ်နဲ့ ၆နှစ်၇နှစ်ကြားတွေဖြစ်ပြီး အဲဒီကလေးတွေရဲ့ သင်ယူနိုင်စွမ်း၊ လေ့လာနိုင်စွမ်းတွေကို စနစ်တကျ မှတ်တမ်းပြုစုပြီး Montessori နည်းလမ်းကို ထူထောင်ခဲ့တာဖြစ်ပါတယ်။
ဒီအသိုက်အမြုံဟာ အထူးအောင်မြင်ခဲ့ပြီး ၁၉၀၉နောက်ပိုင်းမှာ Montessori နည်းလမ်းကို နိုင်ငံတကာမှာပါ လူသိများလာခဲ့ပါတယ်၊ သမားရိုးကျ မူကြိုပညာရေးနဲ့ Montessori ချဉ်းကပ်ပုံမှာ အဓိက ကွာခြားချက်တွေကတော့
🌱 ကလေးတွေကို အသက်နဲ့ အတန်းမခွဲဘဲ (၃နှစ်တစ်ဖြတ်) ရောထားပါတယ်
မွေးစကနေ ၃နှစ်တွေကို တစ်ဖြတ်၊ ၃နှစ်ကနေ ၆နှစ်ကို တစ်ဖြတ်၊ ၆နှစ်ကနေ ၉နှစ်ကိုတစ်ဖြတ် စသဖြင့် ရောထားပြီးတော့ Maria Montessori ပထမဦးဆုံး သုတေသနလုပ်ခဲ့တဲ့ အရွယ်ဖြစ်တဲ့ ၃နှစ်ကနေ ၆နှစ်မူကြိုတွေကတော့ နိုင်ငံတကာမှာ အရေအတွက်အားဖြင့် အများဆုံးပါပဲ။ ဒီလိုရောထားခြင်းအားဖြင့် ကလေးအငယ်တွေက အကြီးတွေဆီက သင်ယူနိုင်တာကြောင့် သင်ယူနှုန်း ပိုမြန်ပါတယ်။ အကြီးတွေကလည်း သူတို့ လုပ်တတ်ကာစအရာတွေကို အငယ်တွေရှေ့မှာ ထပ်ကာထပ်ကာလုပ်ပြချင်ကြတာကြောင့် ပိုကျွမ်းကျင်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု တိုးပါတယ်။
🌱 သင်ထောက်ကူတွေကို Montessori ပစ္စည်းသီးသန့် သုံးပါတယ်
Montessori ပစ္စည်းဆိုတာက Maria Montessori ကိုယ်တိုင် လေ့လာသုတေသန လုပ်ပြီး ထွင်ခဲ့တဲ့ သင်ကြားရေး ကိရိယာတွေကို ပြောတာပါပဲ၊ လူကြီးတွေအမြင်မှာ ဘာမှ ထူးခြားတဲ့ အရာတွေ မဟုတ်လှပေမဲ့ အတိုင်းအထွာ၊ အရောင်၊ နေအထား၊ အထိအတွေ့တွေအကုန်လုံးကို ကလေးတွေ အကောင်းဆုံးသင်ယူနိုင်အောင် တီထွင်ထားတဲ့ ပစ္စည်းတွေဖြစ်တာကြောင့် ကလေးတွေရဲ့ လေ့လာတိုးတက်မှုပုံစံက အထူးထိရောက်ပါတယ်
Montessori ပစ္စည်းတွေမှာ ဓာတ်ခဲသုံးရတာတွေ၊ မီးလင်းတာမျိုးတွေမပါဘဲ အတတ်နိုင်ဆုံး သစ်သား၊ စက္ကူ၊ အဝတ်စသဖြင့် သဘာဝပစ္စည်းတွေကိုပဲ သုံးပါတယ်။ (ကြားဖြတ်ပြောချင်တာက ဒီပစ္စည်းတွေကို အတိအကျ လိုက်နာပြီး သုံးစွဲရတာကြောင့် Montessori ကျောင်းတွေက ကုန်ကျစရိတ်ပိုများတတ်ပါတယ်)
🌱 ကလေးအားလုံးအတွက် တူညီတဲ့သင်ရိုးဆိုတာ မရှိပါဘူး
သမားရိုးကျ မူကြိုတွေမှာ သင်ခန်းစာအစီအစဉ် (lesson plan) တွေက ဒီနေ့ အားလုံး ဝလုံးရေးကြမယ်၊ ကကြီးရေးကြမယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ မောင်မောင်က ဒီနေ့ a နဲ့ b ရဲ့ အသံထွက်ကိုမှတ်တယ်၊ စုစုက ဒီနေ့ 1, 10, 100 ကွာခြားတာကို လေ့လာတယ်၊ နီနီက သော့ခလောက်တွေ အဖွင့်အပိတ်လုပ်ကြည့်တယ်၊ အောင်အောင်က ကမ္ဘာ့မြေပုံက တိုက်ကြီးတွေအကြောင်း စသင်တယ်၊ အဲဒီလို တစ်ယောက်ချင်းစီ ဒီနေ့အဖို့ စိတ်ဝင်စားရာကို လုပ်ကြတာပါ။
ကလေးတွေက စိတ်ဝင်စားတာကို လုပ်တာဖြစ်တဲ့အတွက် ပိုပြီး အာရုံစူးစိုက်မှုကောင်းပါတယ်၊ ဒီနေရာမှာ "သူတို့လုပ်ချင်တာပဲ လုပ်နေရင် စာဘယ်တတ်တော့မလဲ"ဆိုတဲ့ သံသယမေးခွန်းမျိုး ရှိလာနိုင်ပါတယ်၊ ဒီအတွက်အဖြေက အခန်းထဲက လမ်းညွှန် (guide) တွေရဲ့ လေ့လာမှုအားပါပဲ။ (Montessori အသုံးအနှုန်းအတိုင်း အတိအကျသုံးရင် teacher လို့ မခေါ်ဘဲ guide လို့ ခေါ်ရပါတယ်၊ မြန်မာလိုတော့ အားလုံးနားလည်အောင် လမ်းညွှန်ဆရာမလို့ပဲ သုံးလိုက်ပါမယ်) လမ်းညွှန်ဆရာမတွေဟာ ကျောင်းသားတစ်ယောက်ချင်းရဲ့ တိုးတက်မှုနှုန်းကို နေ့စဉ်မှတ်တမ်းတင်ပြီး သင်ခန်းစာတစ်ခု / ကိရိယာတစ်ခုကို ကျွမ်းကျင်ပြီလို့ သတ်မှတ်တဲ့အခါ နောက်တစ်ဆင့်ကို တက်ဖို့ ဖိတ်ခေါ်ရပါတယ်၊ အလွယ်ဆင့် အားလုံးကို တတ်ပြီးသားကလေးဟာ တစ်ချိန်ချိန်မှာ ပိုခက်တာတွေကို လုပ်ကို လုပ်ချင်လာပါတယ်၊ အဲဒီအချိန်မှာ မိတ်ဆက်ပြသပေးဖို့က လမ်းညွှန်ဆရာမတွေရဲ့ တာဝန်ဖြစ်ပါတယ်။
🌱 စာသင်ခန်းမှာ ကလေးဦးရေများပြီး ဆရာမဦးရေနည်းပါတယ်
Montessori နည်းစနစ်ကို အတိအကျ လိုက်နာမယ်ဆိုရင် AMI စံနှုန်းအရ စာသင်ခန်းတစ်ခန်းမှာ ကလေး ၂၄ယောက်ကနေ ၃၅ယောက်ကြားရှိရပြီး AMS စံနှုန်းအရ ကလေး၂၀ကနေ ၃၀ကြားရှိရပါတယ်။ လမ်းညွှန်ဆရာမနဲ့ လက်ထောက်လမ်းညွှန်ဆရာမတွေ ဦးရေက ၃ယောက်ထက် မပိုရပါဘူး။
ဒီစံနှုန်းက ကလေးနည်းနည်း၊ ဆရာမ များများမှ ကလေးတွေကို ဂရုစိုက်နိုင်တယ်လို့ ယူတဲ့ မိဘတွေအတွက်တော့ အဆင်မပြေလှပါဘူး။ Montessori ချဉ်းကပ်ပုံဘက်က အယူအဆကကျ ဒီလောက်များများရှိမှ ကလေးတွေဟာ လူမှုဆက်ဆံရေးဖွံ့ဖြိုးနိုင်တယ်လို့ ယူဆတာပါ။ နောက်တစ်ချက်က အခန်းထဲမှာ လူကြီးတွေများနေတာဟာ ကလေးတွေ အာရုံစူးစိုက်မှုအတွက် အနှောင့်အယှက်ဖြစ်တယ်လို့ Montessori နည်းစနစ်က ဆိုပါတယ်။
တခြားမတူတာလေးတွေရှိသေးပေမဲ့ ဒါကတော့ Montessori မူကြိုနဲ့ သမားရိုးကျ မူကြိုကြား အသိသာဆုံး ကွဲပြားတဲ့အချက်တွေပါ။ Montessori နည်းစနစ်ဆိုတာ မူကြိုပညာရေးကို ချဉ်းကပ်ပုံတွေထဲက တစ်ခုဖြစ်တာကြောင့် တခြားနည်းလမ်းတွေလိုပဲ အားသာချက်၊ အားနည်းချက်ရှိမှာပါပဲ။ ဒါကြောင့် Montessori နည်းလမ်းကို စိတ်ဝင်စားတဲ့ မိဘတွေအနေနဲ့ ဒီနည်းလမ်းက ကိုယ့်ကလေးအတွက် တကယ်အဆင်ပြေနိုင်မလားဆိုတာကို စဉ်းစားဆုံးဖြတ်ပြီးမှ Montessori မူကြိုတွေကို ပို့သင့်ပါတယ်။
18/07/2023
Edit....ဆရာမရသွားပါပြိရှင့်
ရက်မှန်....အချိန်မှန်ပြီး....International Schoolအတွေ့အကြုံရှိသောဆရာ...ဆရာမအလိုရှိပါသည်ရှင့်......စိတ်ဝင်စားပါကviberသို့လျှောက်လွှာများပေးပို့လျှောက်ထားနိုင်ပါသည်ရှင့်
17/07/2023
"ဟယ် သူ့ကလေးက ဆိုးလိုက်တာ"
"အမေက မသင်ပြပေးထားဘူးလား မသိဘူး" ဆိုတဲ့ နောက်ကွယ်က မိခင်ချင်းချင်း ဝေဖန်တဲ့ စကားတွေအတိုင်း ကိုယ့်ကလေးရဲ့ စိတ်ခံစားချက်လေးတွေ တကယ်များ ဖြစ်နေပြီလား?
ဒီလိုဆိုရင် ဒါ ကလေးရဲ့ အပြစ်လုံးဝမဟုတ်တော့ပါဘူး။ သူ့မှာ 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐐𝐮𝐨𝐭𝐢𝐞𝐧𝐭 ဆိုတဲ့ စိတ်ခံစားချက် ယဉ်ကျေးသိမ်မွေ့မှု လိုအပ်နေပါပြီ။
အဲ့ဒီလို EQ ကောင်းဖို့၊ စိတ်ခံစားချက် နူးညံ့ပြီး ရင့်ကျက်လိမ္မာတဲ့ လူကောင်းလူတော်ဖြစ်ဖို့ဟာ ကျွန်မတို့ မိဘတွေအကုန်လုံးရဲ့ တာဝန်ပါ။
တစ်ဖက်မှာ Intelligent Quotient(IQ) ဆိုတဲ့ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားထက်မြက်အောင် ပညာတွေသင်ကြားရတဲ့အပြင် Emotional Quotient(EQ) ဆိုတဲ့ စိတ်နေစိတ်ထား မှန်ကန်မျှတတဲ့ သူလေးတွေဖြစ်အောင် သူတို့ရဲ့ စိတ်လေးတွေကို စိတ်ပိုင်းဆိုင်ရာခွန်အားဖြည့်ပေးရ၊ ပုံသွင်းပေးဖို့ မေမေတိုင်းမှာတာဝန်ရှိပါတယ်နော်
Click here to claim your Sponsored Listing.
Category
Website
Address
No10 Building 60 Mingalartaungnyut
Yangon
165190