First Aid Educators

First Aid Educators

Share

Photos from First Aid Educators's post 28/12/2025

တုပ်ကွေးရောဂါကိုရှေးဦးပြုစုခြင်း
First aid for Influenza (The flu)
==========================
The Flu ဟုလူသိများသည့် တုပ်ကွေးရောဂါသည် အသက်ရှူလမ်းကြောင်းကိုကူးစက်သည့် ဗိုင်းရပ်စ်
ပိုးများကြောင့်ဖြစ်သည်။ ပုံမှန်တုပ်ကွေးရောဂါပိုးသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ နှာပိတ်ခြင်း၊ လည် ချောင်းနာခြင်း၊ ခေါင်းကိုက်
ခြင်း၊ ကြွက်သားများကိုက်ခဲခြင်းနှင့် မကြာခဏပင်ပန်းနွမ်းနယ်ခြင်းကဲ့သို့သော အသက်ရှူလမ်း
ကြောင်းဆိုင်ရာလက္ခဏာများဖြစ်သည်။

တစ်ခါတစ်ရံ တွင် ပျို့ခြင်း၊ အော့အန်ခြင်းနှင့် ဝမ်းပျက်ခြင်းတို့သည် တုပ်ကွေးရောဂါနှင့်တွဲနေသော်လည်း၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာလက္ခဏာများ သည် ထင်ရှားရှားရှားဖြစ်သည်။

ပုံမှန်တုပ်ကွေးရောဂါပိုးသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာရည်ယိုခြင်း၊ လည် ချောင်းနာခြင်း၊ ခေါင်း
ကိုက်ခြင်း၊ ကြွက်သားများကိုက်ခဲခြင်းနှင့် မကြာ
ခဏပင်ပန်းနွမ်းနယ်ခြင်းကဲ့သို့သော အသက်ရှူလမ်း
ကြောင်းဆိုင်ရာလက္ခဏာများကိုဖြစ်စေသည်။ တစ်ခါတစ်ရံတွင် ပျို့ခြင်း၊ အော့အန်ခြင်းနှင့်ဝမ်း
ပျက်ခြင်းတို့ သည် တုပ်ကွေရောဂါနှင့်တွဲနေသော်
လည်း၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာလက္ခ
ဏာများကို ထင်ထင်ရှားရှားရှားတွေ့ရသည်။

ပုံမှန်အားဖြင့် တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရသူအများစုမှာ ၁ ပတ်မှ ၂ ပတ်အထိကြာတတ်သော်
လည်း ပြင်းထန်သောကူးစက်မှုများမှာ အချိန်ပိုကြာနိုင်သည်။ အချို့တွင် အဆုတ်ရောင်ခြင်းကဲ့သို့ အသက်အန္တရာယ်ရှိသော ဆေးဘက်ဆိုင်ရာနောက်
ဆက်တွဲပြဿနာများပင် ဖြစ်ပေါ်လာတတ်သည်။

သွေးလွန်တုပ်ကွေးတွင် A , B နှင့် C ဟူ၍အမျိုးအစား ၃ မျိုးတွေ့ရသည်။ A နှင့် B တို့သည် ဆောင်း
ရာသီတိုင်းနီးပါးတွင် ဖြစ်ပွားလေ့ရှိသော်လည်း၊
အမျိုးအစား C သည် ရောဂါလက္ခဏာလုံးဝမပြဘဲ အလွန်ပျော့ပျောင်းသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါကိုဖြစ်စေသည်။

(မိမိကိုယ်ကိုယ်ကာကွယ်ရန်မှာ)
- ကာကွယ်ဆေးထိုးပါ။ များများအိပ်ပါ။
- ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်
ကို ပုံမှန်စားပါ။
- ဖျားနာနေမှန်းသိ သူများနှင့်ဝေးဝေးနေပါ။
- လက်ကိုမကြာခဏဆေးကြောပါ။
- မျက်နှာ မျက်စိများကိုလက်ဖြင့်ကိုင်တွယ်ခြင်း၊ ပွတ်ခြင်းမလုပ်ပါနှင့်။
- ဖျားနေပါက အိမ်မှာနေပါ။
- သုံးပြီးသားတစ်ရှူးများကို အမှိုက်ပုံးထဲ ချက် ချင်းလွှင့်ပစ်ပါ။
- ကြက်စွပ်ပြုတ်များများသောက်ပါ။
- ခန္ဓာကိုယ်ကဆုံးရှုံးသွားသော ဆိုဒီယမ်ကိုအစား
ထိုးပေးပါ။
- အဖျားကိုလျှော့ချရန် အပူကျဆေးသောက်ပါ။
- စိုးရိမ်ရလျှင်ဆရာဝန်နှင့်ပြသပါ။

Photos from First Aid Educators's post 10/12/2025

အလိုအလျောက်ပြင်ပနှလုံးနှိုးစက်
Automated External Defibrillation (AED)
============================
 နှလုံးထိခိုက်ခံရပြီးနောက် ပုံမှန်အတိုင်းပြန်လည်
ပတ်စေရန်အတွက် နှလုံးအားလျှပ်စစ်ရှော့ခ်ရိုက်
သောကရိယာဖြစ်သည်။
 နှလုံးခုန်ရပ်သွားသည့်အခါ နှလုံးဆီသို့ လျှပ်စစ်
သွေးခုန်နှုန်း (သို့) ရှော့ခ်ပေးပို့ခြင်းဖြင့် နှလုံးခုန်
နှုန်းကို နှိုးဆွပေးခြင်းကိုလုပ်ဆောင်သည်။
 နှလုံးခုန်နှုန်းမမှန်ခြင်း၊ နှလုံးခုန်နှုန်းမညီမညာ
ခြင်း၊ နှေးလွန်းခြင်း မြန်လွန်းခြင်းကိုလည်း ထိမ်း
ပေးသည်။
 AED များကို လူကြီး၊ ကလေးများတွင် အသုံးပြု
နိုင်သည်။

(အသုံးပြုပုံအဆင့်ဆင့်)
 AED စက်အဖုံးကိုဖွင့်ပါ။
 လျှပ်စစ်ကြိုးများကို AED တွင်ချိတ်ဆက်ပါ။
 ရင်ဘတ်မှကို အ၀တ်အစားများကိုချွတ်ပါ
(အဝတ်အစားတွင်မကပ်နိုင်ပါ အရေပြားဗလာ
ဖြစ်ရမည်)
 လိုအပ်ပါက ရင်ဘတ်ရှိအမွှေးအမျှင်များကိုရိတ်
ပါ။
 ရင်ဘတ်ကို အခြောက်ခံပါ။ (စိုမနေစေရပါ)
 လျှပ်ကူးပစ္စည်းကတ်ပြားများကို လူနာ၏ရင်ဘတ်
အပေါ်ပိုင်း ညှပ်ရိုးအောက်ဘက်နှင့် ဘယ်ဘက်
နို့သီးခေါင်းအောက်ရင်ဘတ်တွင် ကပ်ပါ။
 လူနာကို မည်သူမျှ မထိမိပါစေနှင့်။
 လူနာ၏နှလုံးခုန်နှုန်းကိုစစ်ဆေးရန် AED ခလုတ်
ဖွင့်ပါ။
 စက်မှညွန်ကြားသည့်အတိုင်းဆောင်ရွက်ပါ။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon
11211