Young Power

Young Power

Share

17/02/2022

Take care everybody

27/09/2020

နောက်ပိုင်းအရေးယူမှုတွေလာပါလိမ့်မယ် မသိသေးသူများ
Online ကတဆင့်လုပ်လို့ရပါတယ်

23/07/2020

အပိုင်း 5
Sales တိုင်းသိရမယ့်
မိမိ Target ကိုထိရောက်အောင်ဘယ်လိုရောင်းမလည်း???
1. Routing Plans or Way Plans ကိုတိတိကြကြ သိရပါမယ် ၊ရှိရပါမယ် ရုံးကစမထွက်မီကတည်းက ဆိုင်အရေအတွက်ဦးစားပေးနေရာဦးစားပေးရောင်းရမယ် Products ကိုယ်လျောက်မယ့်လမ်းဟာ လေ့လာပြီးမှထွက်ရပါမယ်။
1.Journey Plans
ကိုယ့်သွားမယ့်လမ်းကြောင်းကို အစဉ်ပြေချောမွေ့စေရန်
အရေးကြီးဆုံးကTime management ပဲ
ဥပမာ ဒီနေ့ဆိုင်30သွားရမယ် ရုံးကနေ 9:00 စထွက်မယ်ဆိုင်ရှေ့10:00 စရောက်ပြီဆိုရင် ရုံးချိန်ငါးနာရီမတိုင်မီ 4:30အထိ အလုပ်လုပ်ဖို့ 6နာရီနဲ့မိနစ်30အချိန်ရမယ်
နားချိန် မိနစ်30နှုတ်ရင် 6နာရီတိတိ အချိန်ရမယ် 360/30
တစ်ဆိုင်အတွက်ပျှမ်းမျှ ကုန်ချိန်ဟာ 12မိနစ်ပဲရမယ် တစ်နေရာကူးချိန် 60မိနစ်ထပ်ဖယ်ရင် 10မိနစ်ပဲ အချိန်ရှိတယ်
အဲ့မှာ အချိန်ပိုပေးရတဲ့ ဆိုင် မနက်စောစော၀င်ပေးရတဲ့ဆိုင်
နေ့တစ်ပိုင်းဖွင့်တဲ့ဈေးကဆိုင်တွေကိုချိန်မတွက်ပဲအေးဆေးလုပ်မယ်ဆိုရင် တစ်နေ့ဆိုင်20တောင် effectiveဖြစ်ဖို့မလွယ်ဘူး ဘုရားဖူးထွက်မယ်ဆိုပါတော့ sat ,sun နှစ်ရက်နဲ့လမ်းရှိဘုရားအစုံဖူးရဖို့ ဘယ်အချိန်လူစုမယ် ဘယ်နေရာမှာ နံနက်စာစားမယ် ၊နေ့လည်စာစားမယ် ဘယ်နေရာမှာအချိန်ဘယ်လောက်သုံးမယ် ကြိုတင်စီမံပြီသွားမှလိုရာခရီးရောက်ပါတယ် Journey plansရဲ့သဘောကလည်းဒါပါပဲ။
3 Planned calls
Plans call က outlet by outlet ကိုစနစ်တကျလေ့လာပြီး arrangements လုပ်ရတဲ့အပိုင်းဖြစ်ပါတယ် မနက်ပိုင်းဆိုဘယ်လမ်းကလမ်းကားချောင်နိုင်တယ် ဘယ်ဈေးကစောစောဆိုပိုရောင်းရတယ် ဘယ်ဆိုင်ကနောက်ကျရင် အ၀ယ်နည်းလေ့ရှိတယ် စတဲ့အချက်တွေကို အသုံချပြီး Customerကိုချည်းကပ်ရတဲ့ system plans ကိုခေါ်ဆိုခြင်းဖြစ်ပါတယ်။
4. Cycle Plans
မနက်‌လမ်းကြောင်းမသွားခင်ကတည်းက ကြိုတင်ပြင်ဆင်ရတဲ့အပိုင်းဖြစ်ပါတယ် product catelouges ,price list,
Sample, invoicesစသည်တို့ကိုပါအောင်ဂရုစိုက်ရမယ်
ဒါတွေကအရောင်းသမားတစ်ယောက်ရဲ့ လက်နက်ဖြစ်ပြီး
စစ်တိုက်ထွက်ရင် လက်နက်တော့မပါရင်တော့ ကိုယ်အရင်အသက်ခံရမှာပေါ့ ပြီးရင် ဘယ်ဆိုင်ကိုဘယ်ပစ္စည်အားပြုရောင်းမယ် Promotion product ကိုပိုပြီးအားပြုရောင်းရမယ် စသည်စီစဉ်ရတဲ့အပိုင်းဖြစ်ပါတယ်။
5.Historical Data
ဒီအပိုင်းကတော့နှစ်ပိုင်းရှိပါတယ်
1.Customer behavior
2.Drop size
1.ကတော့ CRM အပိုင်းဖြစ်ပြီး customerကိုဖြစ်နိုင်သမျှ
အကောင်းအဆိုးအချက်အားလုံးသိထားရပါမယ် တစ်ချို့တွေကအပြောအဆိုမတတ်သော်လည်းစိတ်ထားဖြူစင်တယ်တစ်ချိုတွေကအပြောကောင်းသော်လည်း လက်ပေါက်ကပ်တတ်
တယ်ဘယ်အချိန်မှာစကားပြောရင်အဆင်ပြေနိုင်တယ်
တစ်ချို့ကဘုရားတရားအကြောင်းပြောရင်ကြိုက်တယ်
တစ်ချို့ကဘောလုံး၊တစ်ချို့ကနိုင်ငံရေး၊တစ်ချို့ကအလှအပရေးရာစသည်ဖြစ်အကြိုက်ဆောင်ပြောခြင်း၊တစ်ချို့ကစကားနည်းလိုခြင်း၊အလုပ်ချိန်တွင်းဈေးမ၀ယ်လိုခြင်း စသည့်အချက်တွေကိုဂရုစိုက်ပြီးဆောင်ရရှောင်ရပါတယ်။
2.ကတော့သူ့ရဲ့တစ်နေ့တာ(သို့ )ကိုယ့်plansရက်ရဲ့အတွင်းအရောင်းရနိုင်တဲ့ Products demend ကိုသေချာစွာသိရပါမယ် လကုန်ရက်ဆို ဘယ်ပစ္စည်းအရောင်းသွက်တယ် လလည်ဆိုရင် ဘယ်လိုပစ္စည်းအရောင်းထိုင်းတတ်တယ် ဘယ်လောက်ထိထပ်တိုးရောင်းလိုရနိုင်တယ်စသည့် အချက်တွေလည်းသေချာစွာလေ့လာထားရပါမယ်။
ဒီအချက်တွေလေ့လာပြီး သေချာစွာဂရုစိုက်ရောင်းချပါကမိမိတို့လိုချင်သောTarget ကိုထိနိုင်ဖို့ ရာခိုင်နှုန်းပြည့်ယုံကြည်ချက်ရရှိပြီ ရယူနိုင်ပါလိမ့်မယ်။ Target ကတော့ Reasonable ဖြစ်ဖို့တော့ ‌မိမိကိုယ်တိုင် လေ့လာသင်ယူပြီးလိုအပ်ပါက Managementနှင့်Discussion လုပ်နိုင်ဖို့လိုအပ်ပါတယ်။
For beginner sales and marketing
Learning with create your opportunities 😊
Thanks
Young Power

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Website

Address


Paril 4 Street
Yangon