Sharing by Lena
16/05/2025
စားကောင်းတာလေးဆို ချစ်တဲ့သူတွေပါ စားစေချင်လို့ ပြောပြအုံးမယ်။ 🫶🏻💓
ဒါလေး နံမယ် ဘယ်လိုခေါ်လဲတော့ ကျွန်မလဲ မသိဘူး
တျုတ်မုန့်ပဲ 𝐅𝐌𝐈 ရေကူးကန်နားက 𝐂𝐡𝐢𝐧𝐞𝐬𝐞 𝐒𝐧𝐚𝐜𝐤 တွေ
သီးသန့်ရောင်းတဲ့ 𝐌𝐢𝐧𝐢 𝐌𝐚𝐫𝐭 က ဝယ်ခဲ့တာ…
တထုပ် 𝟐,𝟎𝟎𝟎 ထင်တယ်။ အရသာက ကြက်ခြောက်စပ်လိုကိုမှ စပ်စပ်လေးနဲ့ အရမ်းစားကောင်း 😭
မာလာအရသာလိုလဲ အရသာ မပျင်းဘူး
စစချင်းစားတော့ စပ်တယ် ထင်ရပေမဲ့…စပ်”လေးနဲ့ စားပြီးရင်း ထပ်စားချင်ပဲ😭
ထမင်းနဲ့လဲ စားကောင်းမဲ့ အရသာလေး
အထဲမှာ အသားအပြင် ပဲစေ့လို 𝐤𝐨𝐫𝐞𝐚 𝐢𝐧𝐬𝐭𝐚𝐧𝐭 𝐧𝐨𝐨𝐝𝐥𝐞𝐬 မှာတဲ့ အသားဖတ်လေး တွေလိုလေးတွေလဲ ပါတယ်။
အဲ့လောက်ကောင်းမယ် မထင်လို့ တထုပ်ပဲ ဝယ်ခဲ့မိတာ နောင်တရမိတဲ့ အထိပဲ😾
စားဖူးသမျှ တျုတ်မုန့်ထဲ အကြိုက်ဆုံးပဲ နောက်နေ့ ထပ်သွားဝယ်အုံးမှာ
27/01/2025
အလှဓာတ်ပုံ အချို့
Dress - TRINKORA 🌟
30/09/2024
𝐇𝐞𝐥𝐥𝐨....𝐈𝐭’𝐬 𝐦𝐞 𝐋𝐞𝐧𝐚 𝐩𝐫 🎀 ྀིྀི
𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐛𝐲 𝐋𝐞𝐧𝐚 𝐏𝐚𝐠𝐞 ကနေ ပြန်လည် ကြိုဆိုပါတယ်ရှင့်…
𝐋𝐞𝐧𝐚 က ဒီနေ့မှာတော့ အားလုံးလဲ စိတ်ဝင်စားကြမယ်ထင်တဲ့ အကြောင်းအရာလေး တခုကို 𝐒𝐡𝐚𝐫𝐢𝐧𝐠 လုပ်ပေးချင်တယ်ရှင့်….
သူ့ရဲ့ ခေါင်းစဉ် လေးကတော့ -
“ 𝟏𝟎 𝐓𝐢𝐩𝐬 𝐟𝐨𝐫 𝐆𝐥𝐨𝐰𝐢𝐧𝐠 𝐒𝐤𝐢𝐧“ ပဲ ဖြစ်ပါတယ်။🎀✨💕
ဒီနေ့ခေတ်မှာ 𝐋𝐞𝐧𝐚 တို့တွေက 𝐌𝐚𝐤𝐞𝐮𝐩 တွေ လိမ်း
အပြစ်အနာဆာတွေ ဖုံးကွယ်တာထက် နဂို အသားရည်လေးကို ပိုကောင်းလာအောင်/ ပိုပြီး ကြည်လင်လာအောင် လုပ်ရတာ ပိုနှစ်သက် လာကြပါတယ်။
▫️အသားရည်လေး ပိုကောင်းလာဖို့
▫️အဆီဖုနဲ့ ဝက်ခြံတွေ မဖြစ်ဖို့
▫️ချွေးပေါက်ပြသနာတွေ ကင်းဖို့
▫️အရွယ်တင် နုပျိုဖို့
𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 𝐏𝐫𝐨𝐝𝐮𝐜𝐭 ပေါင်း သောင်းခြောက်ထောင်
စျေးကွက်ထဲမှာ ရှိနေပါတယ်။
𝐋𝐞𝐧𝐚 အရင် 𝐏𝐨𝐬𝐭 တွေမှာ ပြောခဲ့သလိုပဲ
ကိုယ်နဲ့ ကိုက်ညီတာသာ သုံး ပြောင်းလဲမှု တခုတော့
ရကိုရပါလိမ့်မယ်။ 😘💕
🔺ဒါပေမဲ့ နည်းမှန် လမ်းမှန် သုံးရပါမယ်။
🔺နောက်တချက် - နေထိုင် စားသောက်ပုံ ပါ
ဂရုစိုက် ပေးရပါမယ်။
𝐒𝐤𝐢𝐧 𝐂𝐡𝐚𝐧𝐠𝐞𝐬 ဖြစ်ဖို့က 𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 အပြင်
𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐋𝐢𝐟𝐞 𝐒𝐭𝐲𝐥𝐞 လဲ လိုပါတယ်။
𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 လုပ်နေတာပဲ ဆိုပြီး ပြီး”ရော လုပ်ရင်
ကိုယ် 𝐜𝐚𝐫𝐞 သလောက် သူပြန် မ 𝐜𝐚𝐫𝐞 ပါဘူး 🥹
အဲ့တော့ 𝐋𝐞𝐧𝐚 ကို မေးကြတယ် - “𝐋𝐢𝐟𝐞 𝐬𝐭𝐲𝐥𝐞 𝐜𝐡𝐚𝐧𝐠𝐞
ရမယ်ဆိုတော့ ဘာတွေလုပ်ရမလဲပေါ့”
အခု 𝐋𝐞𝐧𝐚 ပြောပြမဲ့ 𝐓𝐢𝐩𝐬 လေးတွေက အရမ်းလဲလွယ်ပြီး ငွေလဲမကုန်ပဲ ထိရောက်တဲ့ နည်းလေးတွေ ဖြစ်လို့ လုပ်ဖြစ်အောင် လုပ်ပါလို့ 𝐋𝐞𝐧𝐚 ကတော့ အကြံပေးပါတယ်။
𝐓𝐢𝐩 𝐧𝐨.𝟏 - အိပ်ရေးဝဝ အိပ်ပါ။ 😴 💤
𝐋𝐞𝐧𝐚 တို့ရဲ့ အသားရည်လေး လှပဖို့/ အရွယ်တင်နုပျိုဖို့ အရေးကြီးဆုံး နှချက်ကလေ အိပ်ချိန်ပြည့်ဝ တာနဲ့ 𝐒𝐮𝐧𝐬𝐜𝐫𝐞𝐞𝐧 ပုံမှန် သုံးတာပဲ….
ဘယ်လောက်ပဲ 𝐀𝐧𝐭𝐢-𝐚𝐠𝐢𝐧𝐠 𝐏𝐫𝐨𝐝𝐮𝐜𝐭 တွေ သုံးသုံး
အပေါ်က နှချက် မလုပ်ရင် အလကားပါပဲ။ 😿
ဒါဆို တနေ့ အိပ်ချိန် ဘယ်လောက်ရှိရမလဲ?
တနေ့ - (၇ နာရီ) ကနေ (၉ နာရီ)ကြား ရှိရပါမယ်။
အဲ့လိုပြောလို့ နေ့လည် ၄ နာရီအိပ်….ည ၄ နာရီ
ခွဲအိပ်လို့ ရမလား မမေးရဘူးနော် 😾
ညဘက်ဆို ၁၁ နာရီ နောက်ဆုံးထား အိပ်ပါရှင့်
အချစ်ကလေးတို့ 💕
ဒုတိယ အချက်အနေနဲ့ - ရေ များ”သောက်ပေးပါ။
တနေ့ကို ရေ (၈ ခွက်) တော့ မဖြစ်မနေ သောက်ပေးပါ။ 𝐋𝐞𝐧𝐚 ကတော့ ရေသန့်ဘူးနဲ့ ၃ ဘူးကနေ ၄ ဘူးထိ သောက်ပါတယ်။
ရေသောက်တာကလဲ ငွေမကုန်ပဲ အသားရည်လေး ကြည်စေပါတယ်။
တတိယအချက် အနေနဲ့ - ဆေးလိပ် သောက်တာ ရှောင်ပေးပါ။ ❗️
𝐀𝐥𝐜𝐨𝐡𝐨𝐥, 𝐂𝐢𝐠𝐚𝐫𝐞𝐭𝐭𝐞𝐬 & 𝐜𝐚𝐟𝐟𝐞𝐢𝐧𝐞 တွေက အသားခြောက်တာ၊ ရောင်ရမ်းတာနဲ့ အဆီပို ထုတ်တာတွေ ဖြစ်တတ်ပါတယ်။
အိုမင်းလွယ်တာ/ အသားရည် ညစ်နွမ်းတာ/ အရေးကြောင်းနဲ့ 𝐁𝐫𝐞𝐚𝐤𝐨𝐮𝐭 တွေလဲ ဖြစ်လွယ်ပါတယ်။
အဲ့တာကြောင့် ရှောင်နိုင်ရင် အကောင်းဆုံးပါရှင် 💕
𝐓𝐢𝐩 𝐧𝐨.𝟒 ကတော့ - 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐅𝐨𝐨𝐝 လေးတွေ စားပေးပါ။ 🥗🥒🥑
အငံတွေ/ အစပ်တွေနဲ့ 𝐅𝐚𝐬𝐭 𝐅𝐨𝐨𝐝 တွေကို အများကြီး
မစားပဲ အသီးအရွက်/ အသီးအနှံ နဲ့ အသားငါး ကို
မျှတ ပြီး 𝐇𝐞𝐚𝐥𝐭𝐡𝐲 ဖြစ်အောင် ချက်စားကြည့်ပါ။
𝐓𝐢𝐩 𝐧𝐨.𝟓 ကတော့ - မနက် နဲ့ ည ကို မျက်နှာ သေချာသစ်ပေးပါ။ 😶🌫️🫧💫
မနက်ပိုင်းမှာတော့ သုံးနေကျ 𝐅𝐚𝐜𝐢𝐚𝐥 𝐅𝐨𝐚𝐦 လေး သုံးပြီး ညဘက်မှာတော့ 𝐃𝐨𝐮𝐛𝐥𝐞 𝐂𝐥𝐞𝐚𝐧𝐬𝐢𝐧𝐠 လေး ပုံမှန် လုပ်ပါရှင်…
𝐓𝐢𝐩 𝐧𝐨.𝟔 အရေးကြီးဆုံး အခရာ အချက် လာပါပြီ…
အဲ့တာကတော့ 𝐒𝐮𝐧𝐬𝐜𝐫𝐞𝐞𝐧 မဖြစ်မနေ လိမ်းပါ။❗️
အပြင်ပဲသွားသွား/ အိမ်ထဲပဲ နေနေ 𝐒𝐮𝐧𝐬𝐜𝐫𝐞𝐞𝐧 လိမ်းကို လိမ်းရပါမယ်။
𝐒𝐮𝐧𝐬𝐜𝐫𝐞𝐞𝐧 လိမ်းရင်လဲ “ 𝐓𝐰𝐨 𝐅𝐢𝐧𝐠𝐞𝐫 𝐌𝐞𝐭𝐡𝐨𝐝“ သုံးပါ။
𝐒𝐮𝐧𝐬𝐜𝐫𝐞𝐞𝐧 မသုံးရင် ဘာဖြစ်မလဲဆို
မြန်မြန် အို လိမ့်မယ်ကွယ်… ဒါပဲ😾
နောက်တခု 𝐓𝐢𝐩 𝐧𝐨. 𝟕 အနေနဲ့ -𝐃𝐨𝐮𝐛𝐥𝐞 𝐂𝐥𝐞𝐚𝐧𝐬𝐢𝐧𝐠 လုပ်ကို လုပ်ရပါမယ်။ 😶🌫️🫧
𝐌𝐚𝐤𝐞𝐮𝐩 မှမလူးတာ 𝐒𝐮𝐧𝐬𝐜𝐫𝐞𝐞𝐧 ပဲ သုံးတာ
လိုလို့လား ဆို…. လိုပါတယ်။
တနေ့တာလုံး လိမ်းထားတဲ့ 𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 တွေနဲ့
ထိတွေ့ထားတဲ့ ဖုန်နဲ့ အညစ်အကြေးတွေကို
မဖယ်ရှားရင် ဝက်ခြံနဲ့ အဆီဖုတွေ ပေါက်လာပါလိမ့်မယ်။
အဲ့တာကြောင့် 𝐃𝐨𝐮𝐛𝐥𝐞 𝐂𝐥𝐞𝐚𝐧𝐬𝐢𝐧𝐠 လုပ်ပေးပါ။
အဆီဖုတွက် စိတ်အေးရပါမယ်။ ✨
နောက်ပြီး 𝐋𝐞𝐧𝐚 တို့တွေ 𝐆𝐥𝐨𝐰𝐢𝐧𝐠 𝐒𝐤𝐢𝐧/ 𝐂𝐥𝐞𝐚𝐫 𝐒𝐤𝐢𝐧 လေး ရဖို့ဆို အမဲစက်/အမာရွတ်တွေ ကင်းရမယ်လေ…..ဟုတ်တယ်မလား ❔
𝐋𝐞𝐧𝐚 တို့ မျက်နှာလေးမှာ အမဲစက်လေးတွေ/ အမာရွတ်လေးတွေ မဖြစ်ဖို့/ ဝက်ခြံတွေ ပိုမဖြစ်လာဖို့ဆို
𝐋𝐞𝐧𝐚 တို့တွေ ခနခန မျက်နှာကို မထိသင့်ဘူး…
ပြီးတော့ ဝက်ခြံလေးတွေ ကို မညှစ်ပါနဲ့
မနေနိုင်လို့ ညှစ်ထုတ်ချင်ရင် 𝐀𝐜𝐧𝐞 𝐬𝐜𝐚𝐫𝐞 မကျန်စေမဲ့ 𝐀𝐜𝐧𝐞 𝐏𝐚𝐭𝐜𝐡 လေးတွေ ကပ်ပါနော် 💕✨
နောက်တချက်ကတော့ - 𝐌𝐨𝐢𝐬𝐭𝐮𝐫𝐢𝐳𝐞𝐫 ပါ။
𝐆𝐥𝐨𝐰𝐢𝐧𝐠 𝐒𝐤𝐢𝐧 ရဖို့ကလေ 𝐒𝐤𝐢𝐧 က ရေဓာတ် ပြည့်ဖို့ လိုပါတယ်။
အဲ့တာကြောင့် (အထူးသဖြင့်) 𝐂𝐨𝐦𝐛𝐢𝐧𝐚𝐭𝐢𝐨𝐧 𝐭𝐨 𝐎𝐢𝐥𝐲 𝐒𝐤𝐢𝐧 သမားတွေ အဆီပြန်လို့ ဆိုပြီး 𝐌𝐨𝐢𝐬𝐭𝐮𝐫𝐢𝐳𝐞𝐫 𝐒𝐭𝐞𝐩 ကို မကျော်ပါနဲ့….
နောက်ဆုံးတချက်ကတော့ -
ကိုယ့်အသားရည်နဲ့ အသင့်တော်ဆုံးဖြစ်မဲ့
𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 𝐏𝐫𝐨𝐝𝐮𝐜𝐭𝐬 လေးတွေပဲ ပုံမှန်လေး
သုံးပေးပါ။
𝐎𝐯𝐞𝐫𝐮𝐬𝐞 လဲ မဖြစ်အောင် လိုအပ်တဲ့ ပမာဏပဲ
သုံးပေးပါနော် ✨💕
ခု 𝐋𝐞𝐧𝐚 ပြောပြပေးသွားတဲ့ အချက်လေးတွေကို
အချစ်ကလေးတို့ ပုံမှန် လုပ်ကြည့်ရင်လေ
အသားရည် ကောင်းလာ ရုံသာမကပဲ
စိတ်ရော လူပါ ကျန်းမာ လာပါလိမ့်မယ်ရှင့်…
တကူးတကကြီးလဲ အချိန် ပေးစရာမလို
ငွေကုန်ကြေးကျလဲ မများပဲ
𝐏𝐡𝐲𝐬𝐢𝐜𝐚𝐥𝐥𝐲 / 𝐌𝐞𝐧𝐭𝐚𝐥𝐥𝐲 ကျန်းမာအောင် ကူညီပေးတဲ့ 𝐓𝐢𝐩𝐬 လေးတွေမို့ အားလုံးတွက် အထောက်ကူ ဖြစ်မယ်လို့လဲ ယုံကြည်ပါတယ်ရှင့် 🎀✨💕
အားလုံးပဲ ပိုမိုလှပတဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းလျက်…🧚🏻♀️🌷✨
Click here to claim your Sponsored Listing.
Category
Website
Address
Palae Street
Yangon