Kanaung Engineering
05/10/2025
မေး ။ ။ Australia မှာ Lightning Protection System အတွက် ဘယ် Standard ကိုသုံးကြ အကိုးအကားပြုကြပါလဲ။
ဖြေ ။ ။ လက်ရှိမှာတော့ AS 1768_2021 ကိုအသုံးပြုနေကြပါတယ်။
မေး ။ ။ AS 1768_2021 က စင်ကာပူ Code SS 555 IEC 62305 တို့နဲ့ ဘာကွာပါသလဲ။
ဖြေ ။ ။ AS 1768_2021 က (အရင် Code အဟောင်းကို 1991 ကို 2003 မှာ supersed လုပ်ပြီး IEC 62305 ကိုကိုးကားပြီး အသစ်ပြန်ရေးတယ်လို့သိထားပါတယ်။ စင်ကာပူ Code SS 555 ကတော့ IEC ကနေ 98% လောက်ထိကူးယူအသုံးပြုတာဖြစ်ပြီးတော့ AS 1768 ကတော့ IEC ရဲ့ Concept ကိုပဲယူပြီး locally suit ဖြစ်အောင်ပြန်ရေးထားတာလို့ယူဆရပါတယ်။
Risk Assessment ပိုင်းမှာတောင်မှပဲ အလုံးစုံကူးယူတာမျိုးမပြုပါဘူး။ ပုံ (1) ပုံ (2) တို့ကိုလေ့လာကြည့်ရင် IEC 62305 ရဲ့ RA နဲ့ အလုံးစုံမတူတာကိုသတိထားမိပါမယ်။
မေး ။ ။ AS 1768_2021 က လေ့လာဖို့ခက်ခဲအချိန်ယူရနိုင်ပါသလား။
ဖြေ ။ ။ Code တွေတိုင်းကတော့ အချိန်ပေးပြီးဖတ်မှ ဂဃနဏ နားလည်နိုင်တာမျိုးဖြစ်ပါတယ်။ IEC 62305 ကိုသေချာစွာလေ့လာထားရင် သူ့ကိုအကိုးအကားယူထားတဲ့ AS 1768_2021 က မခက်နိုင်ပါဘူး။
အချိန်လေးနဲနဲလောက်ပေးနိုင်မယ်ဆိုရင် မိမိသဘောတွေ့တဲ့ပိုစ့်လေးတွေကို public နဲ့ share တာ Page Review လေးတွေရေးပေးတာ Page ကို Follow လုပ်တာလေးတွေ အုပ်တစ်ချပ်သဲတစ်ပွင့်ကူညီပေးကြပါ။
Click here to claim your Sponsored Listing.
Category
Website
Address
Yangon