Feeling For you

Feeling For you

Share

23/05/2025

ရှေ့ပဲဆက်တိုးရမလား
နောက်ပဲ ဆုတ်လိုက်ရတော့မလား
မသဲကွဲတော့ဘူး ။

သိပ်ချစ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့
ရှေ့ဆက်တိုးလိုက်ပြန်ရင်လဲ
မင်းရဲ့ ဂရုမစိုက်မှုတွေကြောင့်
နာကျင်ရပြန်ဦးမယ်

နောက်ဆုတ်လိုက်ဖို့ကျပြန်တော့လဲ
မင်းမရှိတော့ဘူးဆိုတဲ့ စိတ်နဲ့
နာကျင်ရပြန်ဦးမယ်

ဘယ်လမ်းပဲရွေးရွေး...
နာကျင်ရတာချင်းအတူတူတော့
မှန်ပါတယ်

ဒါပေမယ့်
ကိုယ့်အနားရှိနေပြီး
တခြားတစ်ယောက်ကို လွမ်းနေရတာတော့
ပိုပြီး နာကျင်ရတာပေါ့ ။

လောလောဆယ်တော့
နောက်ဆုတ်ဖို့လဲ မရွေးသေးဘူး
ရှေ့ဆက်ဖို့လဲ မတွေးသေးဘူး

ခံနိုင်ရည်ရှိသလောက်...
ခဏလောက် ဆက်ပြီး ရပ်နေချင်မိသေးတာ။

တစ်နေ့နေ့တော့
ဒီနာကျင်ရခြင်းတွေကို
စိတ်ကုန်သွားမှာပါ။

#ကျေးကို
(ရင်နှင့်ရင်း၍ ရေးသည်)

Want your business to be the top-listed Autos & Automotive Service in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Yangon