Cytopher hobbies

Cytopher hobbies

Share

23/10/2022

သိက္ခာရှိအောင်နေ

မေတ္တာရှိတဲ့သူတွေ
မင်းဘဝထဲရောက်လာလိမ့်မယ်။

တန်ဖိုးရှိအောင်နေ ၊

တန်ဖိုးမသိတဲ့သူတွေ
သူဘာသာ ထွက်သွားလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ်သာဂရုစိုက်

ရိုးသားခြင်းထက်ပိုပြီး
ချစ်မြတ်နိုးဖို့ကောင်းတဲ့အရာမရှိဘူး။

လောကသဘောက ရှင်းရှင်းလေး

ကိုယ်လုပ်တဲ့ ကောင်းကံ ဆိုးကံ
နောက်ဆုံး ကိုယ်ပြန်ခံရတာပဲ~။

#အရှင်ဇဝန(ရွှေလင်းယုန်)

မာနတွေ သိပ်မထားပါနဲ့ ...
မထားသင့်တဲ့ မာန်မာနက
သင့်ကမ္ဘာကို ကျဉ်းမြောင်းစေပါတယ်။

လူတွေကို အပြုံးနဲ့ စတင်နှုတ်ဆက်ဖို့
ဘယ်တော့မှဝန်မလေးပါနဲ့
အပြုံးတွေက
တစ်ဖက်လူကို ပျော်ရွှင်စေသလို
ကိုယ်တိုင်လည်း ပီတီ ဖြစ်စေတယ်။

လူတိုင်းမှာ ဝမ်းနည်းစရာဆိုတာ
အမြဲရှိပြီးသားပါ သင့်တစ်ယောက်တည်း
မပျော်ရွှင်ပဲ ဝမ်းနည်းနေရတာ မဟုတ်ဘူး။

ဘဝဆိုတာ ဒင်္ဂါပြားတစ်ခုလို့
မျက်နှာပြင်နှစ်ဖက် ခေါင်းနဲ့ ပန်းလို့ပါပဲ
အဆိုးတွေပြီးရင် အကောင်းဆုံးတွေ
တစ်ကျော့ပြန်လှည့်လာမှာပါ။

ဖြေရှင်းလို့ရတာတွေ ဆက်ဖြေရှင်းပါ
ဖြေရှင်းလို့မရတာတွေ ပစ်သာထားလိုက်ပါ
အချိန်တစ်ခုကြာတော့လည်း
အပြောင်းအလဲတွေနဲ့ သင်ကံကြမ္မာ
တစ်ခါပြန်ကံကောင်းလာမှာပါ။

အရေးကြီးတာက
ဘယ်အရာတွေကိုပဲဖြစ်ဖြစ်
ရင်ဆိုင်ရဲတဲ့စိတ်နဲ့
ရင်ဆိုင်ချင်စိတ်လေးရှိဖို့လိုတယ်။

တစုံတစ်ယောက်ဆီက
မျှော်လင့်ချက်တွေ
ထင်သလို ဖြစ်မလာတဲ့ အခါ
မျှော်လင့်ချက်တွေကို လျှော့ချပစ်ပါ

အကြိမ်များစွာ သင် မျှော်လင့်သလို
မတုန့်ပြန်တဲ့သူဟာ သင်လိုချင်တဲ့အရာ
သူ့မပေးနိုင်ဘူးဆိုတာ
သင့် နားလည်ထားဖို့ လိုတယ်။

သင့်ကို မနာလိုသူ ၊ မလိုလားအပ်သူ၊
သင့်ကို စွန့်ခွာသွားသူတွေကို မမုန်းတီးပါနဲ့
မတ်တောသာထားလိုကျပါ

မေတ္တာဆိုတာ ကျယ်ပြန့်တတ်သလို
ရောင်ပြန်ဟပ်စေပါတယ်
သင့်မျှော်လင့်ထားတဲ့သူဆီက မေတ္တာမရလဲ
အခြားလူတွေဆီက ချစ်ခြင်းမေတ္တာတွေ
အပြည့်အဝ ရစေနိူင်ပါတယ်။

သင့်ကိုဂရုစိုက်သူ
အလေးထားသူတွေကိုပဲ
တတ်နိုင်သလောက်မမေ့လျော့ပါနဲ့ ...
သူတို့ရဲ့တန္ဖိုးထားမွုကို
အသိအမှတ်ပြုပြီး တုန့်ပြန်ပါ။

ဘာလို့လဲဆိုတော့
သူတို့က ကိုယ့်ရဲ့အသက်ရှင်
ရပ်တည်မှုကိုပိုပြီး အဓိပ်ပါယျရှိအောငျ
လုပ်ပေးတဲ့သူတွေမို့ပါ။

ဖြစ်ချင်တာတွေ
တစ်ထပ်ချင်းဖြစ်အောင်
ဖြည်းဖြည်းချင်းလုပ်ယူပါ
အရမ်းကြီး ဆန္ဒ သိပ်မစောပါနဲ့...
ဒီနေ့မဖြစ်လဲ နောက်နေ့ရှိသေးတာပဲ
နေ့တိုင်းအကျိုးရှိစွာ
လုပ်ဆောင်နေဖို့သာအဓိကပါ။

နေ့ရက်တိုင်းကစပြီး ဒီနေ့ထိ
သင့်စိတ်ညစ်နေရင်
ပျော်ရွှင်စရာလေးတစ်ခုခုတော့ရှာဖွေပါ။

ဥပမာ။ ။ ဟာသ VDယိုလေး၊
ရီမောစရာကာတွန်းလေးတွေ ၊
ရီစရာပြောတတ်သောသူငယ်ချင်းတွေ
အစရှိသဖြင့်
ပြုံးရီစရာလေးတွေနဲ့
အာရုံပြောင်းနိုင်အောင် ကြိုးစားပါ။

လူသားတိုင်း မပျော်ပဲ ပြုံးနေရတဲ့
ဘဝဆိုတာ အမြဲရှိပြီးသားပါ

တချို့လူတွေပျော်ရွှင်နေရတယ်ဆိုတာ
စိတ်ညစ်စရာလုံးဝမရှိလို့မဟုတ်ဘူး

သူတို့ကိုယ်တိုင်က
ပျော်ပျော်နေတတ်လို့ပါ
ပြီးတော့ ပျော်ရွှင်ခြင်းဆိုတာ
သင်ကိုယ်တိုင် ဖန်တီးယူရတာပါ။

ကိုယ့်ကိုယ်ကို ကံအဆိုးလို့
ဘယ်တော့မှမတွေးပါနဲ့
သင့်ဘဝ ဘယ်လောက်ဆိုးရွားပါစေ
ကိုယ့်ထက်ဆိုးရွားတဲ့လူတွေ
ကိုယ့်ထက်ကံဆိုးတဲ့သူတွေ
ဒီကမ္ဘာပေါ်မှာ တစ်ပုံကြီးပါ။

အတွေးလေးတစ်ခု
ပြောင်းလဲတွေးခေါ်တတ်ဖို့ပဲ လိုပါတယ်။

နောက်ဆုံးတစ်ခုကတော့

ကံဆိုတာအလုပ် အလုပ်ဆိုတာ ကံပါ။
ဆိုးတာတွေ လုပ်နေရင် အဆိုးတွေချည်းပဲ
ကြုံတွေ့နေရမှာပါ။

ဒါကြောင့် သင်အမြဲကောင်းတာတွေ
လုက်ကိုင် ကြံစည်လုပ်ကိုင်နေရင်
တနေ့တော့ သင်အမြဲ
ကံကောင်းလာမှာ ဧကန်မုချမလွဲပါပဲ ။ ။

Credit to the original uploader.of Photo

20/10/2022

"မခေါ်ချင်ဘူး" ဆိုမှတော့...
မျှော်လင့်ချက်နဲ့ လူလုံးသွားပြမနေပါ
နဲ့တော့။

မပြောချင်ဘူး ဆိုမှတော့...
အတင်းကြီး သွားနှုတ်ဆက်မနေပါနဲ့
တော့။

မဆက်ဆံချင်ဘူး ဆိုမှတော့...
ဇွတ်သွားမပတ်သက်ပါနဲ့တော့။

မချစ်ချင်ဘူး ဆိုမှတော့...
မာနကိုခဝါချပြီး တွယ်ကပ်မနေပါနဲ့
တော့။

မသိချင်ဘူး ဆိုမှတော့...
စိတ်ရော ကိုယ်ပါအပင်ပန်းခံပြီး ရှင်းပြ
မနေပါနဲ့တော့။

တစ်ခါတစ်လေ ကိုယ့်ကိုမလိုအပ်တော့
တဲ့သူဆီကနေ ပြတ်ပြတ်သားသား
ထွက်လာနိုင်ခဲ့တာ လောကရဲ့ပြောင်းလဲ
တတ်တဲ့နိယာမတရားကို ဆင်ခြင်နှလုံး
သွင်းနိုင်သွားသလို တဖက်သားရဲ့ ဆုံး
ဖြတ်ချက်ကို လေးစားလိုက်နာရာလည်း
ရောက်ပါတယ်။ဒီထက်ပိုအရေးပါတဲ့
အချက်ကတော့ ကိုယ့်သိက္ခာကိုကိုယ်
တန်ဖိုးထားပြီးသားလည်း ဖြစ်တာပေါ့။

မနောဖြူ..credit

20/10/2022

🌼 မျက်နှာဖုံးတွေ ခွာချလိုက်ပါ..။
​လူတိုင်းမှာ မျက်နှာဖုံးတွေ ကိုယ်စီ ရှိတတ်ပါတယ်..။ လူတွေရဲ့ ချစ်ခင်လေးစားမှုကို ရရှိနိုင်ဖို့အတွက်..အောင်မြင်မှုတွေ ရရှိဖို့အတွက်..ငွေကြေးချမ်းသာတွေ ပိုင်ဆိုင်ဖို့အတွက်..အင်မတန် လှပနှစ်သက်ဖွယ်ကောင်းတဲ့ မျက်နှာဖုံးတွေကိုယ်စီ တပ်ဆင်ထားတတ်ကြပါတယ်..။ ဒီ မျက်နှာဖုံးရဲ့အောက်မှာရှိနေတဲ့ ပကတိ မျက်နှာတွေကတော့ စိတ်ပျက်နာကျည်းမှုတွေ..မနာလို ဝန်တိုမှုတွေ..ငြူစူပြစ်တင်ကဲ့ရဲ့မှုတွေ..မာနတွေ ဒေါသတွေ စတဲ့အရိပ်တွေ အမျိုးမျိုး ဖုံးလွှမ်းလို့ ရုပ်ပျက်ဆင်းပျက် ဖြစ်နေတတ်ပါတယ်..။
တကယ်တမ်းကျတော့ မျက်နှာဖုံးတွေဟာ လေးလံကျဉ်းကြပ်လွန်းပါတယ်..။ တစ်ချိန်လုံး မျက်နှာဖုံးကြီးတပ်ထားရတာ ဘယ်လောက်များ မွန်းကြပ် ပင်ပန်းလိုက်မလဲ..။ ဒီ မျက်နှာဖုံးတွေကို အလေးခံပြီး ဘာကြောင့် တပ်ဆင်ထားရသလဲ..။ အဓိက အကြောင်းရင်းခံကတော့ ကျွန်မတို့ရဲ့ စိုးရိမ်ကြောက်ရွံ့မှုကြောင့်ပါပဲ..။ ကိုယ့်ကို သူများက အထင်သေးသွားမှာ ကြောက်တယ်၊ မချစ်ခင် မလေးစားတော့ မှာကို ကြောက်တယ်၊ ရရှိထားတဲ့ အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးလိုက်ရမှာကို ကြောက်တယ်၊ အောင်မြင်မှုတွေနဲ့ ဝေးကွာသွားရမှာကို ကြောက်တယ်၊ အဲဒီ ကြောက်ရွံ့မှုတွေရဲ့ ခြိမ်းခြောက်မှုကြောင့် ကျွန်မတို့က သိပ်လှပတဲ့ အထင်ကြီးစရာကောင်းတဲ့ လူတကာက လေးစားအားကျရတဲ့ မျက်နှာဖုံးတွေ တပ်ဆင်ထားမိကြတာပါပဲ။
​တချို့သော ဟန်ဆောင်ကောင်းတဲ့သူတွေကို မြင်ဖူးခဲ့ပါတယ်..။ ချစ်စရာအပြစ်ကင်းစင်တဲ့ သူကလေးတွေ..လေးစားအထင်ကြီးစရာကောင်းတဲ့ သူကြီးတွေ သူတို့တွေရဲ့ မျက်နှာဖုံးတွေ မတော်တဆ လှစ်ခနဲ ကွာကျသွားချိန်မျိုးမှာ မယုံနိုင်လောက်အောင် ရင်သပ်ရှုမော အံ့ဩရပါ တယ်။
​တကယ်တမ်းကျတော့ စစ်မှန်တဲ့ အရာတိုင်းမှာ ဆွဲငင်မှု ရှိစမြဲပါ..။ ဘယ်သူမဆို အစစ်ဆိုတဲ့ အရာကိုသာ တန်ဖိုးထား မက်မောလေ့ ရှိပါတယ်..။ ဘာပစ္စည်းကလေးပဲ ဝယ်ဝယ် ..Authentic ဖြစ်တယ်ဆိုတဲ့ အာမခံချက်လေးကို ဂရုတစိုက် ရှာဖွေတတ်ကြပါတယ်..။ Authenticity..ဆိုတဲ့ စစ်မှန်ခြင်းဟာ အရာဝတ္ထု ပစ္စည်းတွေမှာသာ တန်ဖိုးရှိတာ မဟုတ်ပါဘူး..။ လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေးမှာလည်း စစ်မှန်ခြင်းဟာ အဖိုးတန်လှပါတယ်။
​စစ်မှန်စွာ ရိုးသားပွင့်လင်းစွာ ဟန်မဆောင်စွာ မျက်နှာဖုံးမပါဘဲ ဆက်ဆံတတ်သူတိုင်းဟာ လူချစ်လူခင်လည်း များသလို လူတိုင်းရဲ့ လေးစားတန်ဖိုးထားခြင်းကိုလည်း ခံရပါတယ်..။ စစ်မှန်တဲ့သူဟာ ဘယ်အချိန်မှာမှ ဟန်ဆောင်စရာမလိုတဲ့အတွက် အမြဲ တစ်သမတ်တည်းသော ဆက်ဆံရေးမျိုး တည်ဆောက်နိုင်သူပါ..။
​လိုတစ်မျိုး မလိုတစ်မျိုး အပြောင်းအလဲ မြန်ခြင်းမျိုး မရှိတဲ့အတွက် သူနဲ့ ပေါင်းသင်းဆက်ဆံရသူတိုင်းကို စိတ်ချယုံကြည်ရသော နွေးထွေးမှုကို ပေးနိုင်စွမ်း ရှိပါတယ်။
​ကိုယ်က လူတိုင်းအပေါ် ဟန်ဆောင် မျက်နှာဖုံးမပါတဲ့ စစ်မှန်တဲ့ ဆက်ဆံရေး ပေးထားတဲ့အတွက် စိတ်နှလုံးလုံခြုံစွာ..နောင်တကင်းစွာ ပျော်ရွှင်ချမ်းမြေ့နေတတ်ပါတယ်..။ မစစ်မှန်သူတွေ အလိုလို ဝေးလွင့် ဖယ်ခွာသွားတဲ့အခါလည်း ဝမ်းမနည်းတတ်ပါဘူး။
​ဘဝမှာ စစ်မှန်သောအရာကို တန်ဖိုးထားတယ် ဆိုပါလျင် ကိုယ်ကစပြီး စစ်မှန်စွာ နေတတ်ဖို့လည်း အရေးကြီးပါသေးတယ်..။ ကိုယ်လိုချင်တဲ့ အရာကို ကိုယ်ကစပြီး ပေးမှသာ ပြန်ရတတ်တာမျိုး မဟုတ်လား။ လေးလံကျဉ်းကြပ်တဲ့ မျက်နှာဖုံးတွေကို ခွာချကြည့်လိုက်ပါ..။ လွတ်လပ်ပေါ့ပါးတဲ့ စစ်မှန်မှုကို ခံစားရပါလိမ့်မယ်..။ မျက်နှာဖုံး မပါတဲ့ ဘဝဟာလည်း သောကနဲ့ ဝေးရာဆီ လျှောက်လှမ်းနေရတဲ့ ဘဝတစ်ခု ဖြစ်ပါတယ်..။ မျက်နှာဖုံးကပေးတဲ့ သောကတွေ လေးလံမှုတွေ ကျဉ်းကြပ်မှုတွေအားလုံး မျက်နှာဖုံးနဲ့အတူ ခွာချလိုက်နိုင်တဲ့ တစ်နေ့မှာ ရိုးရှင်းတဲ့ ဘဝရဲ့ ဟန်ဆောင်မှုကင်းတဲ့ အရသာကို ပီပီပြင်ပြင် ခံစားရပါလိမ့်မယ်။ ဟန်ဆောင်ရတာ ပင်ပန်းလွန်းလို့ ရိုးရှင်းတဲ့ စစ်မှန်ခြင်းနဲ့သာ ပျော်ရွှင်ကြည့်စေချင်ပါတယ်။

#လွန်းထားထား
#သောကနဲ့ဝေးရာဆီ
#စိတ်ခွန်အားဖြည့်စာစုများ

19/10/2022

ဘဝမှာဘယ်လိုအိမ်ထောင်ရေးမျိုးကို
လိုချင်အားကျမိလဲဆိုရင်
ချမ်းသာဖို့မလိုဂုဏ်ပကာသနတွေမလို
ရိုးရိုးရှင်းရှင်းနဲ့နီးနီးဝေးဝေး
သစ္စာရှိရှိနားလည်မှုအပြည့်၊ကြားလူနှောင့်ယှက်မရတဲ့
အိမ်ထောင်ရေးမျိုးကိုပဲမက်မောတယ်
သူမှားတာတွေခွင့်လွှတ်ပေးပြီးကိုယ်မှားတာတွေ
တောင်းပန်တတ်မယ်
သူ့မိဘကိုယ့်မိဘလိုအိမ်ထောင်ရေးမျိုးပေါ့
သူ့အမေကိုယ့်အမေနေရတဲ့အိမ်ထောင်ရှင်မ
အခွင့်အရေး၊နေရာလုပ်ပိုင်ခွင့်တာဝန်တွေရချင်သလို
သူ့အဖေကိုယ့်အဖေထမ်းထားတဲ့
တာဝန်တွေကိုလည်းပေးအပ်ချင်ပါတယ်
အမှားတွေတူတူမှားကြချင်းတူလို့
အပြစ်ရကြေးဆိုတောင်
ကိုယ်ချစ်တဲ့သူရဲ့အမှားကအစ
တစ်ယောက်တည်းသဋအပြစ်တွေ
အကုန်ခံယူချင်သူပါကိုယ့်ဘဝသာယာအဆင်ပြေဖို့
တဖက်သားဘဝလေးချနင်းချေဖျက်စီးဖို့
ယုတ်မာစိတ်နဲ့တောင်မကြံစည်ရက်သလို
သူပျော်ရွှင်ဖို့မေတ္တာထားတတ်လာအောင်
ကိုယ့်ကိုကိုယ်ပြောင်းလဲဆင်ခြင်ရမှာပေါ့
ကြားအနှောက်ယှက်တွေဖိအားတွေကြောင့်
ကိုယ်ချစ်တဲ့သူကိုဖျက်စီးစွန့်လွှတ်ပါဆိုရင်တောင်
ကိုယ်ကတော့အသေပဲခံသွားလိုက်မယ်
ဘယ်တော့မှလူမပီသတဲ့စိတ်နဲ့ချစ်သူကို
နာကျင်စေမှာမဟုတ်ပါဘူးနော်
#အေးချမ်းတဲ့ချစ်ခြင်းမေတ္တာအကြောင်း
သိခွင့်ကြုံတွေ့ခွင့်ရဖို့ဘုရားသခင်ဆီက
ဉာဏ်အသိတရားအလင်းတန်းတွေခံယူရရှိခဲ့ခြင်းက
ထာဝရလူပီသဖို့အတွက်ပါဝမ်းမြောက်ဝမ်းသာ
လက်ခံပါတယ်🤲

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Website

Address


Yangon