May Online Book Store

May Online Book Store

Share

17/04/2023
19/03/2023

်ပြိုလဲရတဲ့အကြောင်းရင်း

SVB (Silicon Valley Bank) ဆိုတာ Silicon Valley ဒေသမှာ လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်က တည်ထောင်ခဲ့တဲ့ ဘဏ်တစ်ခုဖြစ်တယ်။ Silicon Valley ဒေသဆိုတာ ကာလီဖိုးနီးယားမြောက်ပိုင်း၊ San Francisco Bay Area မှာရှိပြီး Microsoft, Amazon, Google, Apple, Facebook (Meta) စတဲ့ အဆင့်မြင့်နည်းပညာကုမ္ပဏီတွေရှိကြတဲ့ နေရာပါ။ SVB ဟာ တစ်ကမ္ဘာလုံးက နည်းပညာကုမ္ပဏီတွေအတွက် ငွေကြေးအကူအညီပေးရင်း အမေရိကန်နိုင်ငံရဲ့ အကြီးဆုံးဘဏ်တွေထဲမှာ အဆင့် ၁၆ ဖြစ်လာခဲ့တယ်။

Silicon Valley နဲ့ ကမ္ဘာအနှံ့က နည်းပညာကုမ္ပဏီတွေဟာ ဝန်ထမ်းလခပေးဖို့၊ လုပ်ငန်းသုံးငွေကြေးတွေအတွက် SVB မှာ ငွေတွေ အပ်နှံထားကြတယ်။ အပ်နှံတဲ့ ငွေတွေ အရမ်းများလာတော့ SVB ဟာ အပ်နှံထားငွေထဲက အတော်များများကို တခြားမှာ ရင်းနှီးမြှုပ်နှံလိုက်တယ်။ သူ အဓိကရင်းနှီးမြှုပ်နှံတာက အစိုးရက ထုတ်ဝေရောင်းချတဲ့ နှစ်ရှည်ငွေချေးစာချုပ် (long-dated US government bonds) တွေကို ဝယ်ယူလိုက်ခြင်းပါ။ (ငွေချေးစာချုပ်ဆိုတာ တစ်နည်းအားဖြင့် အတိုးနဲ့ အစိုးရကို ငွေချေးပေးခြင်းပါ။ ဒါပေမဲ့ အတိုးကို လစဉ်ရတာမျိုးမဟုတ်ဘဲ ငွေချေးကာလပြည့်မှ ချေးငွေနဲ့ အတိုးကို ရပါတယ်)။ ငွေချေးကာလပြည့်ရင် အစိုးရဆီက အတိုးရောအရင်းပါ သေချာပေါက် ပြန်ရတာမို့ ဘယ်လိုမှ မရှုံးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုပါ။

လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်းမှာ အစိုးရက ငွေကြေးဖောင်းပွနှုန်းကို ထိန်းချုပ်ချင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ဆီက (အစိုးရဆီက) ငွေချေးယူရင် ပေးရမယ့် အတိုးနှုန်းကို ၀.၂၅ ရာခိုင်နှုန်းတိုးမြှင့်လိုက်တယ်။ အကျိုးဆက်အဖြစ် ဘဏ်တွေရဲ့အတိုးနှုန်းလည်း လိုက်မြှင့်တက်လာတယ်။ ငွေကြေးသဘောတရားမှာ ငွေချေးစာချုပ်တွေရဲ့တန်ဖိုးဟာ ဘဏ်အတိုးနှုန်းနဲ့ ပြောင်းပြန်အချိုးကျတယ်ဆိုတာရှိပါတယ်။ အဓိပ္ပာယ်က ဘဏ်အတိုးနှုန်းတက်ရင် ငွေချေးစာချုပ်တန်ဖိုးကျတယ်။ (ငွေချေးစာချုပ်ဟာ ပုံသေအတိုးပဲရတာမို့ ဘဏ်အတိုးနှုန်းတက်ရင် ငွေချေးစာချုပ်တန်ဖိုးကျခြင်းဖြစ်ပါတယ်)။ ဒါကြောင့်မို့ SVB ဝယ်ထားတဲ့ ငွေချေးစာချုပ်တွေဟာ တန်ဖိုးကျသွားတယ်။ တကယ်လို့ SVB ဟာ အဲဒီငွေချေးစာချုပ်တွေကို ငွေချေးကာလပြည့်တဲ့အထိ ထုတ်မရောင်းဘဲ ထိန်းထားမယ်ဆိုရင်တော့ အစိုးရကို ချေးထားတဲ့ အရင်းနဲ့အတိုးရလို့ သေချာပေါက်မြတ်မှာ ဖြစ်ပါတယ်။

ဖြစ်ချင်တော့ ပြီးခဲ့တဲ့နှစ်အတွင်းက စီးပွားရေးမကောင်းလို့ ငွေလိုတာနဲ့ ကုမ္ပဏီတွေဟာ SVB ဘဏ်ကနေ အပ်ထားငွေတွေ ပြန်ထုတ်ကြတယ်။ SVB ဘဏ်မှာ ပြန်ထုတ်သူတိုင်းကို သူတို့လိုသလောက်ပေးဖို့ ငွေမရှိဘူး။ ငွေလိုတဲ့အတွက် ဝယ်ထားတဲ့ အစိုးရငွေချေးစာချုပ်တွေကို အရှုံးခံပြန်ရောင်းရတယ်။ ငွေချေးစာချုပ်ကို မရောင်းဘဲထားရင် ပြဿနာမရှိပေမယ့် အရှုံးနဲ့ ရောင်းလိုက်တဲ့အတွက် ကုမ္ပဏီရဲ့ ငွေစာရင်းမှာ အရှုံးပြလာတယ်။ ဘဏ်ရဲ့ရှယ်ယာတန်ဖိုး ထိုးကျသွားတယ်။ ဒီသတင်းတွေကြားတာနဲ့ ငွေအပ်ထားတဲ့ ကုမ္ပဏီတွေ၊ လူတွေဟာ SVB ဘဏ်ကို အပြေးအလွှားသွားပြီး ငွေတွေထုတ်ကြတယ်။ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့တစ်ရက်ထဲမှာတင် SVB က အမေရိကန်ဒေါ်လာ ၄၂ ဘီလီယံထုတ်သွားကြတယ်။ တစ်ပတ်အကြာ SVB မှာ ငွေမရှိတော့လို့ ဘဏ်ကို ပိတ်လိုက်ရတယ်။ ဒေါ်လာ ဘီလီယံ ၂၀၀ တန်ကြေးရှိတဲ့ SVB ဟာ တစ်ပတ်အတွင်း ပြိုလဲသွားတယ်။

နောက်ဆက်တွဲ အဖြစ်အပျက်တွေကို ကြုံရင် ရေးပြပါမယ်။

ဗန်းမော်သိန်းဖေ
၁၈-၀၃-၂၀၂၃

17/03/2023

📖 နိုင်ငံတော်လုပ်ကြံမှု
✍️ ဒေါက်တာမောင်မောင်
တန်ဖိုး ၁၂၀၀၀ ကျပ် ၊ စာ ၃၂၀ ၊ အုပ်ရေ ၁၀၀၀ ၊
အဌမအကြိမ် မတ်လ ၂၀၂၃ ၊

#သူရိယစာပေမှထုတ်ဝေသည်။

17/03/2023

📖 အလေ့အကျင့်၏ ပါဝါစွမ်းအား
✍️ ကြည်ရွှန်း
တန်ဖိုး ၅၀၀၀ ကျပ် ၊ စာ ၁၄၂ ၊ အုပ်ရေ ၅၀၀ ၊

17/03/2023

✅ အဝေးကြည့်မှန်ပြောင်းနှင့် အခြားဝတ္ထုတိုများ
✅ ဂျူး
✅ တန်ဖိုး ၂၅၀၀ ကျပ် ၊ စာ ၇၃ ၊ အုပ်ရေ ၅၀၀ ၊
ဒုတိယအကြိမ် မတ်လ ၂၀၂၃ ၊

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon