D SHOP

D SHOP

Share

11/12/2024

Share လုပ်ပြီးကုသိုလ်ယူမယ် ❤️

ပြည့်ဝမနက်စာတစ်နပ်မျှဝေကြမယ်။ 💝

နေ့စဉ်အစားအစာ စားသုံးမှုမှာ အာဟာရပြည့်၀ဖို့ အရေးကြီးပြီး မနက်စာအတွက် အာဟာရပြည့်၀ဖို့က ပိုလို့အရေးကြီးတယ် မဟုတ်လား။

အာဟာရပြည့်၀တဲ့မနက်စာဟာ ကျန်းမာရေးအတွက် အထူးလိုအပ်ပြီး တစ်နေ့တာလုံး အားအင်အပြည့်နဲ့ လှုပ်ရှားသွားလာနိုင်လို့ လုပ်ငန်းဆောင်
တာတွေလုပ်ကိုင်တဲ့နေရာမှာလည်း မြန်မြန် ပြီးမြောက်စေပါတယ်။

သို့သော်

မြန်မာနိုင်ငံတစ်ဝန်း အထူးသဖြင့် မြို့ပြနဲ့အလှမ်းဝေး တဲ့ ကျေးလက်ဒေသနဲ့ Peri urban လို့ခေါ်တဲ့ ဆင်ခြေဖုံးနေရာတွေမှာ နေထိုင်သူအချို့အတွက် ဒီလို ပြည့်၀မနက်စာ ရရှိနိုင်ဖို့ အလှမ်း
ဝေးနေဆဲပါ။

ဒါကြောင့် ကျွန်မတို့ စားသောက်ကုန် လုပ်ငန်းများမှ စုစည်းပြီး လိုအပ်နေသူများ နဲ့ မျှဝေပေးလိုသူများအကြားချိတ်ဆက်ပေးနိုင်မဲ့

❤️ "အာဟာရမျှဝေကြမယ်" ❤️

ဆိုတဲ့ Campaign လေးတစ်ခုစီစဉ်ဖြစ်ခဲ့ပါတယ်။

ဒီအစီအစဥ်အတွက်

ပရိုတင်းပြည့်ဝသော ပြောင်းဆန်ကို ကြက်ပေါင်းရည်ကျကျနဲ့ ပေါင်းစပ်ထားတဲ့ မနက်စာကို ချက်ပြုတ်ပေးပို့ မျှဝေမှာဖြစ်ပါတယ်။

ဒီမနက်စာဟာ တစ်ပွဲ ၁၀၀၀ကျော် ဝန်းကျင်ကျပ်သာ ကျသင့်ပြီး မျှဝေနိုင်ကြောင်း ဖိတ်ပါရစေ။

ဒီအစီအစဥ်အတွက် ပံ့ပိုးဖို့ဆိုရင်

🏦 KBZ Pay - 09950903968သို့ ထည့်ဝင်နိုင်ပါကြောင်းအသိပေးအပ်ပါတယ်။

KBZ Pay No. ကို လှူဒါန်းပါက
"အာဟာရ မျှဝေကြမယ် " ဆိုတဲ့ Notes လေးရေးပြီး screen shot record ပြပေးကြဖို့လည်း သတိပေးပါရစေနော်။

ပံ့ပိုး၊ လှူဒါန်းမှုအလှူငွေကို
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ၁၅
ရပ်ကွက်သို့ မနက်စာ ပေးပို့မျှဝေမှုပြုလုပ်ဖို့ရည်ရွယ်ထားပါတယ်။

Campaign အကြောင်းသိသွားအောင်
မိတ်ဆွေ၊ သူငယ်ချင်းတို့လည်းဒီမူရင်း Post လေးကို Like & Share နဲ့ ပြန်လည်မျှဝေပေးဖို့ပန်ကြားပါရစေနော်။

ဒီ Campaignလေးမှာပါဝင်ကြဖို့ ဖိတ်ရင်း Welcome for အာဟာရမျှဝေကြဖို့နိုုးဆော်အပ်ပါတယ်။






#ရွှေလှည်း
#ရွှေတောင်ညိုကြီး
#ရွှေဇေယျာ
#ရွှေအောက်ချင်း
#ဒွေးလေးယု
#ဖောင်းလေး

11/09/2024

နေပြည်တော် ရေကြီးနေသော နေရာများအတွက်
အထောက်ကူဖြစ်ကြပါစေ

09420722222 (ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း)
09423671702 (ရွှေပြည်တော်သို့ဆုံမှတ်ပရဟိတအသင်း)
0673404666(လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
0673404777 (လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)
09972755311
09420771405(မိုးစေတနာ)
09404590001(မိုးစေတနာ)
09677080162(တပ်ကုန်းမီးသတ်)
09677080126(တပ်ကုန်းမီးသတ်)
လူမှုကရုဏာရှင်အဖွဲ့
09681000095
09797604667
09775207713
09972755311
0943106850(တပ်ကုန်းရေဘေး)
095044564(ပုဗ္ဗတွဲလက်များ)
09448535275 (နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)
09420714432 (နေပြည်တော်ကြက်ခြေနီသူနာပြုတပ်ဖွဲ့)
0943106859
ဒို့လယ်​ေ၀းပရဟိတလူငယ်များအသင်း

09404050511 (မြတ်ပါရမီလူမှုကူညီရေးအသင်း)
09429319960 (မြတ်ပါရမီလူမှုကူညီရေးအသင်း)
09420104504(စိုးမိုးသူလူမှုကူညီရေးအသင်း)
09253095834(စိုးမိုးသူလူမှုကူညီရေးအသင်း)
09254080946 (စိုးမိုးသူလူမှုကူညီရေးအသင်း)
09445599676(ပုညကာရီလူမှုကယ်ဆယ်ရေး)
095402616 (ပုညကာရီလူမှုကယ်ဆယ်ရေး)
09771151505(စေတနာလူမှုကူညီရေးအသင်း)
09420720713(စေတနာလူမှုကူညီရေးအသင်း)
09797905232 (စေတနာလူမှုကူညီရေးအသင်း)
09797712335(ကရုဏာရှင်ပရဟိတအသင်း)
09786545509(ကရုဏာရှင်ပရဟိတအသင်း)
09254448800 (ကရုဏာရှင်ပရဟိတအသင်း)
09420942455(သုခဒါနပရဟိတအသင်း)
09773592699 (သုခဒါနပရဟိတအသင်း)

Crd;

17/08/2024

ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးသရေစာအနေနဲ့ စားကြတဲ့ အာလူးကြော်ဆိုတာ စိတ်ပေါက်ပေါက်နဲ့ ရွဲ့ပြီး လုပ်ပေးလိုက်ရာကနေ ဖြစ်လာတာပါတဲ့။ ဇာတ်လမ်းအစက ဒီလိုပါ။ ၁၈၅၃ ခုနှစ်တုန်းက နယူးယောက်ပြည်နယ်၊ ဆာရာတိုဂါစပရင်းမြို့က Moon's Lake House ဆိုတဲ့ စားသောက်ဆိုင်မှာ အာဖရိကန်နဲ့ ဌာနေအင်ဒီးယန်းနွယ်ဖွား လက်ရာကောင်းတဲ့ စာဖိုမှူးတယောက်ရှိပါတယ်။ သူ့နာမည်က (ဂျော့ခရမ်) George Crum လို့ခေါ်ပါတယ်။ ဟင်းချက်လက်စွမ်းကြောင့် နာမည်ရနေတဲ့သူပေါ့။
တရက်မှာ ဖြစ်ချင်တော့ တော်တော်လေး ချေးများတဲ့ ဖောက်သည်တယောက်က သူကြော်ထားတဲ့ အာလူးတွေက ထူပိန်းပြီး ပျော့နေတာပဲဆိုပြီး ကွန်ပလိန်းတက်တယ်။ အဲဒါနဲ့ ဒီလူ့ကိုတော့ ပညာပေးမှရမယ်လို့ ဆုံးဖြတ်ပြီး ဂျော့ခရမ်က အာလူးတွေကို စက္ကူရွက်လောက် ပါးပါးလေးတွေလှီးပြီး ကြွပ်ရွနေအောင် ကြော်တဲ့အပြင် ဆားနိုင်းချင်း ထည့်လိုက်သေးတယ်။ ဒါပေမဲ့ အဲဒီအာလူးကြော်ကို ခုနက ချေးများတဲ့ ဖောက်သည်က ကြိုက်သွားတော့ သူလည်း အံ့ဩသွားတယ်။ သိပ်မကြာပါဘူး။ လူတိုင်းက "ဆာရာတိုဂါအာလူးကြော်" ကို မြည်းစမ်းဖူးချင်လာကြတယ်။
လူတော်တော်များများ မသိကြတာက ဂျော့ခရမ်ဟာ သူ့ရဲ့တီထွင်မှုကို လုံးဝမှတ်ပုံမတင်ခဲ့သလို ဒီကနေလည်း ဘာအကျိုးအမြတ်မှ မရယူခဲ့ဖူး ဆိုတာပါပဲ။ နောက်ပိုင်း သူ့ရဲ့အာလူးကြော်ဟာ ပြည်နယ်ရဲ့အဓိက အစားအစာလိုဖြစ်လာပြီး နယူးယောက်ပြည်နယ်ပြင်ပအထိကို ကျော်လွန်ပြီး ကျနော်တို့ အခုခေတ် ကျနော်တို့ သိကြတဲ့ လူတိုင်းစားတဲ့ သရေစာဖြစ်လာခဲ့ပါတယ်။ ဒီလိုမျိုး ဖြစ်လာပေမဲ့ ဂျော့ခရမ်ဟာ Moon's Lake House စားသောက်ဆိုင်မှာ ဆက်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ခဲ့ပါတယ်။ သူ့ဆိုင်ကို လူကုံထံတွေနဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေ လာပြီး သူ့ရဲ့အာလူးကြော်ကို နှစ်ခြိုက်စွာ စားသုံးကြပါတယ်။
နောက်ပိုင်း အာလူးကြော်ဝါးတဲ့အခါ ကတ်စ်တန်မာကွန်ပလိန့်ကို ကမ္ဘာကျော်တီထွင်စားစရာအဖြစ် ပြောင်းလဲနိုင်ခဲ့တဲ့ စားဖိုမှူးကို အမှတ်ရကြပေါ့နော်။ အခုဆိုရင် သူတီထွင်ခဲ့တဲ့အာလူးကြော်ကို နှစ်ပေါင်း ၁၇၀ ကျော်တဲ့အထိ ကမ္ဘာတဝန်းမှာ နှစ်ခြိုက်စွာ စားသုံးနေကြတုန်းပဲဖြစ်ပါတယ်။
ပုံမှာ ၁၈၅၃ ခုက ဂျော့ခရမ်နဲ့ ဇနီးဖြစ်ပါတယ်။
ဘာသာပြန် - စည်သူထွန်း
#ဘာသာပြန်လေ့လာခြင်း - ၁၇
(စာကြွင်း - ဂျော့ခရမ်အကြောင်း ပိုသိချင်ရင် ဝီကီပီးဒီးယားမှာ ရှာဖတ်လို့ရပါတယ်။ သူ့ကို George Speck လို့လည်း သိကြပါတယ်။)
Did you know the world’s most popular snack, the potato chip, was born out of frustration? The tale begins in 1853 in Saratoga Springs, New York, at the Moon's Lake House, where George Crum, a brilliant chef of African American and Native American descent, was making a name for himself with his culinary skills.
One fateful day, a particularly picky customer complained that Crum's fried potatoes were too thick and soggy. Determined to teach this guest a lesson, Crum sliced the potatoes paper-thin, fried them to a crisp, and heavily salted them. To his surprise, the customer loved them, and soon, everyone wanted a taste of Crum's "Saratoga Chips."
What many don't know is that George Crum never patented his creation, nor did he make a fortune from it. Instead, the potato chip became a local sensation, spreading beyond New York, and evolving into the snack we know today. Despite this, Crum continued to work at Moon's Lake House, eventually opening his own restaurant, where the rich and famous would come to enjoy his chips.
The next time you crunch into a potato chip, remember the ingenious chef who turned a complaint into an iconic creation that’s still loved worldwide, over 170 years later.
𝗣𝗼𝗿𝘁𝗿𝗮𝗶𝘁 𝗼𝗳 𝗚𝗲𝗼𝗿𝗴𝗲 𝗖𝗿𝘂𝗺 (𝘄𝗶𝘁𝗵 𝗵𝗶𝘀 𝘄𝗶𝗳𝗲),𝘁𝗵𝗲 𝗶𝗻𝘃𝗲𝗻𝘁𝗼𝗿 𝗼𝗳 𝘁𝗵𝗲 𝗣𝗼𝘁𝗮𝘁𝗼 𝗖𝗵𝗶𝗽 𝗶𝗻 1853

Si Thu Tun ( ဘာသာပြန် သူ )

Want your business to be the top-listed Beauty Salon in Yangon?
Click here to claim your Sponsored Listing.

Telephone

Address


Yangon