Safe Property

Safe Property

Share

www.safeproperty.com 04/10/2025

🏡✨ သီတင်းကျွတ် အိမ်သစ် လက်ဆောင် ✨🏡

သီတင်းလဲကျွတ်ပြီဆိုတော့ အိမ်သစ်လေးနဲ့ ဘဝသစ်တစ်ခု စတင်ချင်သူတွေ၊ အကျိုးအမြတ်များမယ့် နေရာကောင်းမှာ ရင်းနှီးမြှုပ်နှံချင်သူတွေအတွက် အထူးသတင်းကောင်း လာပါပြီ။ 📣

တောင်ဥက္ကလာပ၊ ပါရမီလမ်းမကြီးပေါ်(Innocity ရှေ့)က အရှုပ်အရှင်းကင်းပြီး BCC ကျပြီးသား မီနီကွန်ဒို အခန်းသန့်သန့်လေးတစ်ခန်းကို ရှယ် Promotion စျေးနှုန်းနဲ့ ရောင်းချပေးချင်ပါတယ်။

💯 ဝယ်သူအတွက် အကျိုးကျေးဇူးတွေကတော့...
✅ ကိုယ်တိုင်နေမလား? စိတ်တိုင်းကျ အခန်းဖွဲ့ပြီး အိမ်မက်ထဲကအတိုင်း ပြင်ဆင်နိုင်မယ်။
✅ ရင်းနှီးမြှုပ်နှံမလား? နေရာကောင်း၊ အချက်အချာကျလို့ အငှားသမား အမြဲရှိပြီး ဝင်ငွေမှန်စေမယ်။ အခုချိန်မှာ ဘယ်မှာမှ မရနိုင်တဲ့စျေးနဲ့ ရစေရမယ်။
✅ တရားဝင် BCC ကျပြီးသား ဘာအရှုပ်အရှင်းမှ မရှိဘဲ စိတ်ချမ်းသာစွာ ဝယ်ယူနိုင်မှာပါ။

ဒီအခန်းလေးက သူ့ရဲ့ ဖူးစာဖက်အစစ်အမှန်ကို စောင့်မျှော်နေပါတယ်... 🥰

💎 အခန်းရဲ့ အသေးစိတ်အချက်အလက်များ 💎

📍 တည်နေရာ
အမှတ် (၁၄၈/ခ)၊ ၈လွှာ၊ ပါရမီလမ်းမကြီးပေါ်၊ (၄)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

📏 အကျယ်အဝန်း

မြေအကျယ် - 24' x 55'

အခန်းအကျယ် - 20' x 52' (အလွန်ကျယ်ဝန်း)

🎨 အခန်းအမျိုးအစား

(မိမိစိတ်ကြိုက် အခန်းဖွဲ့နိုင်သည်)

🏗️ တည်ဆောက်မှု

Pile Foundation ဖြင့် ခိုင်ခံ့စွာ တည်ဆောက်ထားသည်။

✨ ပါဝင်သော Facilities များ

ဓာတ်လှေကား (Elevator) 🛗

အရံမီးစက် (Backup Generator) 💡

🚌 ပတ်ဝန်းကျင်

Bus ကားဂိတ် အနီး။

ပါရမီကားဝင်း (Innocity) ရှေ့မှာမို့ သွားရေးလာရေး အထူးအဆင်ပြေ။

💰 အထူးစျေးနှုန်း
သိန်း ၃,၂၀၀ (သုံးထောင့်နှစ်ရာ)

🤩 တကယ်စိတ်ဝင်စားပြီး အဝယ်ကောင်းရင် ကောင်းသလို ရှယ်စျေးလေးနဲ့ ညှိနှိုင်းပေးမှာမို့ အမြန်ဆုံးသာ ဆက်သွယ်လိုက်ပါနော်။

စိတ်ဝင်စားလို့ အခန်းလေးကို လာကြည့်ချင်တယ်ဆိုရင်...

ဆက်သွယ်ရန်
☎️ 09767776778
☎️ 0943888881

www.safeproperty.com

20/07/2024

🙏🙏🙏 ဝါဆိုလပြည့်နေ့ 🙏🙏🙏

🙏 ဝါဆိုလပြည့်နေ့ကား သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဆိုသည့်အတိုင်း ဂေါတမမြတ်စွာဘုရားရှင် ပဋိသန္ဓေ နေတော်မူခြင်း။ တောထွက်တော်မူခြင်း။ တရားဦးဓမ္မစကြာကို ဟောကြားတော်မူခြင်း။ ရေအစုံ မီးအစုံ တန်ခိုးပြာဋိဟာကို ပြသတော်မူခြင်းဟူသော ထူးခြားသည့် ဘာသာရေးမှတ်တိုင်ကြီးများကို စိုက်ထူခဲ့သောနေ့ ဖြစ်သည်။ ထို့ပြင် ဝါဆိုလပြည့်နေ့သည် ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့လည်း ဖြစ်သည်။ တရားရတနာ စတင်ပေါ်ပေါက်ရာနေ့လည်း ဖြစ်သည်။ သံဃာရတနာ စတင်ပေါ်ထွန်းသောနေ့လည်း ဖြစ်သည်။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်ကူးပြောင်းခွင့် ကြုံသောနေ့လည်း ဖြစ်သည်။ ဧဟိ ဘိက္ခု ဟူသော စကားကို စတင်ကြားရသော နေ့လည်း ဖြစ်သည်။ ထိုမျှသာမက သံဃာတော်များသည် ဝါဆိုလပြည့်ကျော် ၁-ရက်မှစ၍ ဝါတွင်းသုံးလ ကာလပတ်လုံး ဝါဆိုဝါကပ်သော အခါထူး အခါမြတ်လည်း ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် စားနပ်ရိက္ခာအတွက် လယ်ယာလုပ်ငန်းကို ကြိုးစားလုပ်ကိုင်ရင်း တဖက်ကလည်း ဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းများ ပြုကြသည်။ ဝါတွင်းသုံးလတွင် အခြားကာလများထက်ပို၍ အလှူဒါနများ ပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားဘာဝနာများ ကျင့်ကြံအားထုတ်ခြင်းလည်း ပြုကြသည်။

🙏 ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများအဖို့ ဝါဆိုလပြည့်နေ့သည် အယူဝါဒရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်ပေသည်။ ထူးခြားပုံမှာ ဂေါတမမြတ်စွာဘုရား အလောင်းတော်သည် အထက် တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်သောနေ့၊ သူအို၊ သူနာ၊ သူသေ ရဟန်းဟူသော နိမိတ်ကြီးလေးပါးကို နတ်များဖန်ဆင်းပြရာတွင် သံဝေဂရ၍ တောထွက်တော်မူသောနေ့၊ ဘုရားအဖြစ်သို့ရောက်ပြီး နောက် ဓမ္မစကြာတရားဦး ဟောတော်မူသောနေ့၊ သာဝတ္ထိပြည် သရက်ဖြူ ပင်ရင်း၌ တိတ္တိသင်းကိုနှိမ်နင်း၍ တန်းခိုးပြာဋိဟာ ပြသောနေ့တို့ ဖြစ်သော ကြောင့်တည်း။

🙏 ဂေါတမမြတ်စွာဘုရားသည် ဘုရားအဖြစ်သို့ ရောက်တော်မှုပြီး နောက် ရှေးဦးစွာဖြစ်သော ဓမ္မစကြာဒေသနာတော်ကို ပဉ္စဝဂ္ဂီငါးဦးတို့အား ဝါဆိုလပြည့်နေ့တွင် မိဂဒါဝုန်တော၌ ဟောကြားတော်မူသည်။ ထို့ကြောင့် ဝါဆိုလပြည့်ကို ဓမ္မစကြာအခါတော်နေ့ဟူ၍ နိုင်ငံအစိုးရတို့က သတ်မှတ်ထားသည် ။

🙏 ဘုရားရှင်သာသနာတော်ရှိ ရဟန်းတို့သည် ဤဝါဆိုလပြည့်နေ့တွင် ဝါတွင်းသုံးလပတ်လုံး မိမိတို့၏ ကျောင်းအာရမ်အတွင်းမှ အရပ် တစ်ပါးသို့ ရွှေ့ပြောင်းသွားလာခြင်း မပြုပါဟူသော ပဋိညာဉ်ဖြင့် ဝါဆို ဝါကပ်မှုများကိုပြုကြသည်။

🙏 ထိုကဲ့သို့ ရဟန်းသံဃာတော်တို့သည် ဝါတွင်းသုံးလပတ်လုံး ငြိမ်သက်စွာ တရားအားထုတ်လျက်ရှိစဉ် လူတို့သည်လည်း ထိုဝါတွင်းသုံးလတွင် ရဟန်းတို့၏ သိက္ခာပုဒ်တော်များကို ကြည်ညိုခြင်းဖြစ်လျက် ရှစ်ရက် လပြည့်လကွယ်နေ့များတွင် သီတင်းသီလဆောက်တည်၍ သူတော်ကောင်း တရား ပွားများအားထုတ်ကြခြင်း၊ ကုသိုလ်ဒါနမှုများကို ပြုကြခြင်းဖြင့် ဝါကပ်သော ရဟန်းတို့အား ချမ်းမြေ့စေရန် ထောက်ပံ့ကြ၏။ ဤသို့ ရဟန်းရှင်လူတို့ သုံးလပတ်လုံး ဒါန၊ သီလ ၊ ဘာဝနာ အစရှိသော သူတော်ကောင်းတရားများကို ငြိမ်သက်စွာအားထုတ်ရန် အစပြုသော ဝါဆိုလပြည့်နေ့များတွင် လူတို့သည် ဝါကပ်ခြင်းအမှုကို ပြုကြကုန်သော ရဟန်း သံဃာတို့အား ပန်း၊ ဆီမီးတို့ဖြင့် ပူဇော်ကြကုန်သည်။ ဝါဆို ဝါကပ်ကို အစွဲပြု၍ ဝါဆိုပန်း၊ ဝါဆိုဖယောင်းတိုင် စသည့်ဝေါဟာရများ ပေါ်ပေါက်လာသည်။

🙏 မြန်မာမင်းများ လက်ထက်တော်တွင် တစ်လလျှင် ပွဲတော်တစ်မျိုးကျ ကျင်းပလေ့ရှိရာ ဤဝါဆိုလအခါတွင် ပဉ္စင်းတော်ခံပွဲများ ကျင်းပမြဲဖြစ် ၏။ ပဉ္စင်းတော်ခံပွဲမှာ ရဟန်းအဖြစ်သို့ ဝင်ခွင့်ရှိ၍ ဝင်လိုသူ ရှင်လူရဟန်း လောင်းတို့အား ရဟန်းဘောင်သို့အခမ်းအနားနှင့် သွတ်သွင်းချီးမြှင့်ခြင်းပင် ဖြစ်လေရာ ဘုရင်မင်းများကိုယ်တော်တိုင် အလေးအမြတ်ပြုလျက် ကျင်းပသောပွဲတော်ဖြစ်လေသည်။

Credit : Wiki


#ဝါဆိုလပြည့်နေ့
#ဓမ္မစကြာအခါတော်နေ့

18/06/2024

🕌 အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဘာသာရေးဆိုင်ရာ နေ့ထူးနေ့မြတ်ဖြစ်သော အစ်နေ့အား Safe Property မိသားစုမှ ပျော်ရွှင်စရာအစ်နေ့ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။



#အစ်နေ့

Want your business to be the top-listed Realtor/realty Service in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


(5th) Floor, Mingalar Mon Market, Set Yone Road, Mingalar Taung Nyunt Tsp
Yangon
11221

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:30