Beauty Village
23/02/2026
ကိုယ်ကြုံတွေ့ခဲ့ရတာလေးကိုပြန်လည်မျှဝေပေးတာပါ။အရိပ်တကြည့်ကြည့် နဲ့ကြည့်ပြီးမွေးလာတဲ့ကလေးလေး
ပါ။တော်ရုံဆို FB ပေါ်ကိုတင်လေ့မရှိပါဘူး အခုက တိကုတွေရဲ့စကားကိုယုံမိလို့ ကလေးလေးက ခံစားလာရတာ ၂နှစ်ခွဲတောင်ပါ။ ၆ လအရွယ်ကတည်းက ပေါင်နားမှာရှိတဲ့ဝမ်းဗိုက်လေးက နည်းနည်းဖောင်းလာတာကိုသတိထားမိလို့ ဆေးခန်းကိုပြခဲ့ပါတယ်။ အူကျွံတာလားပေါ့ အဲ့တုန်းကဆရာဝန်လေးကတော်ပါတယ် သူလက်နဲ့စမ်းသပ်ပြီး အူကျွံတယ်လို့ထင်တယ်သေချာသွားအောင် X-ray ရိုက်ပါလို့ပြောလို့ရိုက်ခဲ့ပါတယ်။ အဲ့တုန်းက X-ray သွားရိုက်ခဲ့ပေမဲ့ဘာမှမဖြစ်ဘူးဆိုပြီးပဲအဖြေရခဲ့ပါတယ်။
ကိုယ်လည်းအော် ဒါဆိုတော်သေးတယ်ပေါ့။
နောက်ပိုင်းကလေးလေးရဲ့အလုံးလေးကကြီးလာပါတယ်
ကြီးလာလို့ဆေးခန်းစုစုပေါင်း ၃ ခန်းကိုအကြိမ်ကြိမ်ပြခဲ့ပါတယ်။ အဆီဖုပါစိုးရိမ်စရာမရှိဘူးဆိုတာနဲ့ပဲဇာတ်သိမ်းခဲ့တာပါ။ကလေးကလည်းအရမ်းကြီးဒီအပေါ်မှာနာကျင်တဲ့အရိပ်အယောင်မပြခဲ့ပါဘူး။ အဆီဖုဆိုလည်း ဗိုက်မှာဖြစ်နေတော့ခွဲမယ်ပေါ့ ကလေး လေးနေရတာပေါ့ပါးအောင် လို့ ဆရာဝန်ကိုပြောတော့ ခွဲဖို့မလိုကြောင်းခွဲပြီးမှရောဂါပိုးဝင်ရင်ပိုဆိုးမှာဖြစ်ကြောင်းပြောတော့မခွဲဖြစ်ခဲ့ပါဘူး။ဒီလိုနဲ့နေလာတာ ပြီးခဲ့ရက် တစ်ပတ်ကျော်မှာကလေးလေးက မအီမသာဖြစ်လာပြီး တစ်ခုခုကြောင့်အရမ်းနာကျင်နေသလိုဖြစ်ပြီးတစ်ကိုယ်လုံးလည်းတုန်လာလို့ဆေးခန်းကိုသွားပြခဲ့ပါတယ်။ ဆရာဝန်ကစမ်းသပ်ပြီး ဘာမှမဖြစ်ကြောင်းနဲ့ တုန်တာကလည်း တခုခုကိုကြောက်လို့နေမှာဆိုတာမျိုးကိုပြန်ပြောပါတယ်။ကိုယ်လည်းရှင်းပြတယ် ပုံမှန်ဆိုအခုလိုမဟုတ်ကြောင်းအခုကနာကျင်နေပြီအပေါ်ကနေအောက်ကိုဆင်းတာ(အရမ်းမမြင့်ပါ)တောင်အော်သံလေးထွက်လာကြောင်းပြောတော့ အဆင်းမတော်လို့ ခြေ/လက်ခေါက်သွားလို့ဖြစ်မှာပါဆိုပြီးပြောတယ် စောင့်ကြည့်လို့အ ခြေအနေမကောင်းမှပြန်လာပါတဲ့ ကိုယ်က ဒီဝမ်းဗိုက်ကအဖုလေးကြောင့်ဖြစ်တာလား မေးတော့မဟုတ်ပါဘူးတဲ့ဒါရိုးရိုးအဆီဖုပါတဲ့ ကွယ်။က လေးကိုအဖျားပဲ တိုင်း ပေးခဲ့တယ်ကိုယ့်မှာ ကလေးလေးကိုချီပြီးအိမ်ပြန်လာခဲ့ရတယ်။အဲ့ညတစ်ညလုံးကလေးလေးကအရမ်းနာပြီးမအိပ်နိုင်ပဲတစ်ညလုံး ကိုယ့်ပုခုံးပေါ်ကိုပဲအတင်းတက်ပြီးသူနာကျင်နေကြောင်းကို ပြတော့ ကိုယ့်မှာတစ်ညလုံးမအိပ်နိုင်ပဲ သူ့နာကျင်နေတာကိုသက်သာအောင် နှစ်သိမ့်ပေးပြီးပွေ့ချီထားခဲ့ရတယ်။မနက်မိုးလင်းတာနဲ့အရင်ကလေး လေး ၆ လတုန်းကပြခဲ့ဆေးခန်းကိုသတိရပြီး ပြန်ပြဖို့သွားတော့မှ အဲ့ကဆရာက Aung ဆိုတဲ့ဆေးခန်းမှာ X-ray သွားရိုက်ခိုင်းလို့သွားရိုက်တော့ ကလေးက အရေးပေါ် ခွဲစိတ်ဖို့လိုအပ်နေကြောင်းကိုသိလိုက်ရတယ် ဒီ့ထက်နည်းနည်းသာနောက်ကျသွားရင် ကလေးရဲ့အသက်အန္တရာယ် စိုးရိမ်ရကြောင်းကိုသိခဲ့ရတော့ အရမ်းကိုရှော့ရသွားခဲ့ရတယ်။ ကလေးလေးမှာက အူကျွံပြီးသားအိမ်ကိုသွားဖိနေကြောင်းနဲ့သားအိမ်မှာလည်းအရည်တွေပြည့်နေကြောင်းသိလိုက်ရတော့ စိတ်ထဲမှာအရမ်းဝမ်းနည်းသွားတယ် အဲ့ဒါငါမကောင်းလို့ဖြစ်ရတာ သူများစကားကိုယုံလို့ငါ့ကလေးလေးဖြစ်ရတာဆိုတဲ့အပြစ်တင်စိတ်တွေကတော်တော့်ကိုကြီးထွားလာခဲ့တယ်ငိုလည်းငိုပေါ့။ အဖြေရရချင်းခွဲစိတ်ဖို့စီစဉ်ပြီးဆရာ့ဆီကရက်ချိန်းရတာနဲ့ ကလေးလေးကိုခွဲစိတ်ရတယ်။
အဲ့အချိန်အိမ်ကိုလည်းပြန်ပြီး ပြုပြင်နေတဲ့အချိန်ပါ။အလုပ်တွေလည်းအရမ်းရှုပ်နေတဲ့အချိန်ပေါ့ဒါပေမဲ့ကလေးလေးကိုပဲဦးစားပေးပြီးခွဲစိတ်ဖို့အတွက်ပြင်ဆင်ခဲ့ပါတယ်။ ပြီးတော့ ခွဲစိတ်နေတုန်းမှာလည်း အထဲကဖြစ်နေတဲ့အခြေအနေကမျှော်လင့်ထားသလိုမဟုတ်ပဲဆိုးနေကြောင်းနဲ့သားအိမ်လေးပါထုတ်ဖြစ်ရမယ်သားအိမ် လေးကအပြင်ပါရောက်နေတယ်ဆိုပြီးခွဲစိတ် ပေးတဲ့ဆရာကပြောလာတော့ကိုယ့်မှာ ကလေးအဆင်ပြေဖို့ကိုပဲတွေးတဲ့အတွက် အကောင်းဆုံးလုပ်ပေးဖို့ကိုပဲပြောနိုင်ခဲ့တယ်ကိုယ်ဘာမှမလုပ်တတ်တော့ ထိုင်စောင့်နေရုံပေါ့။
ကံအကြီးကြီးကောင်းသွားတာက ကိုယ့်ကလေးလေးအသက် ၃ နှစ်ကျော်တဲ့အထိ ကိုတစ်ခါမှ ကလေးမွေးဖို့အတွက်သားမစပ်ခဲ့တာပါပဲ။သားသာစပ်ခဲ့မယ်ဆိုအဲ့မှာကတည်းက ကလေးကဒုက္ခအကြီးကြီးရောက်သွားခဲ့မှာ။ က လေးမွေးရင်နာကျင်ရမှာစိုးရိမ်ခဲ့လို့မစပ်ခဲ့တာပါ။ ကလေးလေးရဲ့ခွဲစိတ်ချိန်ကလိုအပ်တာထက်ပိုပြီးကြာသွားခဲ့ပါတယ်နှစ် နေရာခွဲ ခဲ့ရတဲ့အတွက် ကြောင့်ပါအူကျွံတဲ့နေရာလေးရယ် သားအိမ်နေရာလေးရယ်ပါ။ ခွဲစိတ်ပေးတဲ့ဆရာလေးကတော်တော့ ကလေးလေးကိုအောင်မြင်စွာခွဲစိတ်နိုင်ခဲ့ပါတယ်။ ချုပ်ရတာအားလုံးပေါင်း ၁၇ ချက်ပါ။ ကလေး လေးကထွက်လာတော့ မေ့ဆေးကြောင့်တစ်ကိုယ်လုံးတုန်နေပြီးကိုယ့်ကိုပဲအားကိုးတကြီးရှာ နေတာမြင် တော့ ဒီအမေရင်တွေကွဲပြီပေါ့ ။ သူတို့ လေးတွေက စကားလည်းမပြောတတ်ပဲကိုယ်တွေကိုပဲအားကိုးနေနေရတာဆို တော့ကိုယ်မှဂရုမစိုက်ရင်ဘယ်သူကလာပြီး ဂရုစိုက်မှာလည်း မွေးထားတာဆို တော့တာဝန်ယူရမယ် လေ အလုပ်တွေအကုန်ပစ်ထားပြီးက လေးလေးကိုပဲ ဂရုစိုက်ခဲ့တယ် ။ အခုတော့ဂရုစိုက်ရကျိုးနပ်ပါပြီ ကလေးလေးနေပြန်ကောင်းလာခဲ့ပြီရှင့်။ ကိုယ့်ရဲ့အခုဖြစ်စဉ်ကိုပြောပြတယ်ဆိုတာကလည်း ကလေးလေးတွေရဲ့ဖေဖေမေမေတွေအနေနဲ့ သတိထားရအောင်ပါ ။ ကလေးလေးတွေကစကားမပြောတတ်လို့သူတို့ရဲ့အရိပ်အခြေလေးတွေကို ဂရုစိုက်စောင့်ကြည့်ပြီး လိုအပ်တာလေးတွေကိုအချိန်မှီလုပ်ပေးနိုင်ဖို့အရေကြီးပါတယ်။ တစ်ချို့တိကုဆရာတွေရဲ့စကားကိုဇွတ်မယုံဖို့နဲ့ တစ်ခုခုဆိုရင်ကိုယ့်က လေးလေးနဲ့ကိုယ်ပဲခံစားရမှာဆိုတာကိုသတိချပ် စေချင်တာပါ။ ကလေးလေးကိုခွဲပေးတဲ့ဆရာက ရွှေပြည်သာ ပုလဲလမ်းဆုံက ထာဝရတိအထူးကုဆေးခန်းကပါ။ ပြခဲ့ဖူးတဲ့ဆေးခန်းတွေကိုတော့နာမည်နဲ့တစ်ကွမတင်ချင်တော့လို့မတင်တော့ပါဘူး။
ပုံလေးကတော့ကလေးလေးခွဲစိတ်ပြီးအခြေအနေလေးပါ။
#တိချစ်သူများ
ချစ်သော Customer များမင်မင်ဒီနေ့တစ်ရက်တော့ စာပြန်တာလေးတွေနောက်ကျပါမယ်ရှင့်။ မင်မင့်ရဲ့အသဲကျော်ပဲလှော်လေး ခွဲခန်းဝင်ရမှာမလို့ပါ။ မှာယူချင်တာရှိရင်စာပို့ထားပါနော်ရှင့်။ မင်မင်ပြီးတာနဲ့စာပြန်ပေးပါ့မယ်။CB မှာစာချက်ခြင်းမပြန်လို့စိတ်မဆိုးကြပါနဲ့ရှင့်။နားလည်ပေးမှု့အတွက်ကျေးဇူးတင်ပါတယ်။ ❣️❣️
အားလုံးပိတ်ရက်လေးမှာပျော်ရွှင်ကြပါစေ 🌴🏝️🏝️
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
15/SPT
Yangon
11411