ASW Accounting
The Accounting Cycle ( 1 )
------------------------------------------
Accounting cycle ဆိုတာ company တစ်ခုရဲ့ Financial transactions တွေကို စာရင်းရေးသွင်းရတဲ့ လုပ်ငန်းစဥ်ပါ
transaction တစ်ခုကနေစပြီး Financial statement တွေထွက်ပြီး account တွေ ပိတ်တဲ့အထိ လုပ်ဆောင်ရမဲ့ လုပ်ဆောင်ချက်တွေ အားလုံး ပါဝင်ပါတယ်
cycle ဆိုတဲ့ အတိုင်း အစ ကနေ အဆုံး ပြီးရင် ပြန်စ အဲဒီအတိုင်း လုပ်ငန်း တည်ရှိနေသရွေ့ လည်ပတ်နေမှာပါ 😇
Step in accounting cycle
---------------------------------------
Accounting cycle မှာ အဆင့် ( 8 ) ခုရှိပါတယ် 👇
1.Transactions
2.Journal entries
3.Posting to the General Ledger
4.Trial balance
5.Worksheet
6.Adjusting entries
7.Financial statement
8.Closing
------------------------------------
1.Transactions
ပထမဆုံး အဆင့်အနေနဲ့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ transactions တွေ စုဆောင်းရပါမယ်
ဝယ်တာ ရောင်းတာ assets တွေဝယ်တာ အကြွေးပေးတာ ရေဖိုး မီးဖိုး ကားခ ဘာညာ expense တွေပေးတာ ငွေဝင်တာ စသဖြင့် အားလုံး ပါဝင်ပါတယ် 👍
2.Journal entries
ဒီအဆင့် မှာ transactions တွေကို debit, credit column ခွဲပြီး နေ့ရက်အလိုက် အစီအစဥ်တကျ စာရင်းမှတ် ပါပြီ
expense တွေဆိုရင် 1 ရက်နေ့ က ဘာသုံးတာ 2 ရက် 3 ရက် ဘာ ဘယ်လောက်
expense မို့ ဘာ expense ဆိုပြီး debit မှာမှတ် ေငွထွက်သွားလို့ cash or bank account ဆိုပြီး credit မှတ်
Income ဆိုရင်လဲ ဘယ်နေ့မှာ ဘယ်ကရတာ ပိုင်ရှင်ဆီကရတာ ကုန်ပစ္စည်းတွေ ေရာင်းလို့ရတာ
Income မို့ ဘာ income ဆိုပြီး credit မှာမှတ်
ေငွဝင်လို့ cash or bank ဆိုပြီး debit မှတ်
ငွေမဝင်ရင်လဲ သက်ဆိုင်ရာ ဘယ်သူဘယ်ဝါ ရရန်ရှိဆိုပြီး debit မှတ်ပေါ့
ကိုယ်က ပေးရမှာဆိုရင်လဲ ဘယ်သူဘယ်ဝါ ပေးရန်ရှိ ပေါ့
စသဖြင့် မှတ်ရတာပေါ့
debit, credit တော့ညီနေဖို့ လိုပါတယ် 😉
3.Posting to the General Ledger
Journal entries မှတ်ပြီးတဲ့အခါ transactions တွေကို အကြောင်းအရာအလိုက် General ledger စာရင်းခေါင်းစဥ် တစ်ခုချင်းစီ အောက် မှာ စုပြီးရေးသွင်းရပါတယ်
General Ledger မှာ Assets ဆိုရင် asset နဲ့ ပက်သက်တဲ့ land and building account ,cash or bank account,Inventory account, receivable account တို့ , Liability ဆိုရင် bank loan account တို့ payable to supplies ဘယ်သူဘယ်ဝါတို့ , Income ဆိုရင်လဲ sales income account, other income account , expense ဆိုရင်လဲ salary expense account, Transportation expense account တို့ , capital account တို့ စသဖြင့် စာရင်းခေါင်းစဥ်တွေ စာရင်းအမျိုးအစားတွေ ခွဲထားတဲ့ account တွေပါဝင်ပြီး
ဒီ account တွေထဲ စာရင်းရေးသွင်းရပါတယ် 😊
ဆက်ရန်----😊😊😊
Click here to claim your Sponsored Listing.
Category
Website
Address
Yangon