KOSS

KOSS

Share

07/02/2025

ထိုင်းကို စွတ်လော် စွတ်အော်နေတဲ့ သူတွေစကားနားယောင်ပီး ကို့ငွေနဲ့ကို အနှိမ်ခံ အပြောခံရတဲ့ထိုင်းထက်စာရင် လူကို လူလို့ မြင်တဲ့နိုင်ငံ သဘာ၀အလှတွေနဲ့ ချစ်စရာ ဗီယက်နမ်နိုင်ငံ ကိုသွားကြဖို့ အကြံပြုပါတယ်

လက်ရှိအချိန်မှာ ဗီယက်နမ်ကိုသွားဖို့အကောင်းဆုံး ဗီဇာကတော့ e visa ပါပဲ။နေထိုင်ခွင့် သုံးလရပါတယ်။ဗီဇာကြေးကလဲသက်သာပါတယ်။ single entry - $25 or multiple entry - $50 ပါပဲ။online ကနေအလွယ်တကူလျှောက်လို့ရပါတယ်။ဗီဇာရရင် ဗီဇာစာရွက်လေးကို color print ထုတ်ပြီး ဗီယက်နမ်ကိုကောက်ထွက်သွားလိုက်ရုံပါပဲ။သုံးလပြည့်လို့ ဆက်နေချင်ရင်တော့ ပွဲစားနဲ့ Laos or Cambodia ဘက်ကို ‌နေ့ချင်းပြန် ဗီဇာrun လို့ရပါတယ်။အပြီးအစီး $100 - $120 ခန့်ကျပါတယ်။အဲလိုဆိုနောက်ထပ်သုံးလရပါတယ်။ အဲလိုပဲ အကြိမ်ကြိမ်တိုးရင်းနှစ်ရှည်နေလို့ရပါတယ်။

https://evisa.immigration.gov.vn ဒီကနေတဆင့်ချင်းဝင်လျှောက်လို့ရပါတယ်။online ကနေငွေချေရပါတယ်။ငွေချေပြီးရင် Registration Code ကို ကိုယ့်ရဲ့အီးမေးဆီပို့ပေးပါတယ်။email နဲ့ registration code ကိုသုံးပြီး ဗီဇာ status ကို online ကနေ check လို့ရပါတယ်။Approve ဖြစ်ရင် တခါတည်း download ဆွဲတဲ့ လင့်ပါချပေးပါတယ်။approve ဖြစ်ဖို့ အချိန်ကတော့ တပတ်ဆယ်ရက်ခန့်တော့စောင့်ရပါတယ်။

အက်မင်ကတော့ ဗီယက်နမ်နိင်ငံ ဒါနန်းမြို့မှာနေခဲ့တာမို့ ဒါနန်းမြို့ကိုဦးတည်ပြီးတော့ပဲရေးပါမယ်။ဒါနန်းမြို့လေးက တော်တော်လေးအေးချမ်းပြီးတော့ ဟိုချီမင်း တို့
ဟနွိုင်းမြို့ တို့ထက်လဲ နေထိုင်စရိတ်ပိုသက်သာပါတယ်။

*** သွားရေးလာရေး

ဒါနန်းမှာနေရင်ဆိုင်ကယ်လေးတစီးတော့ရှိမှအဆင်ပြေမှာပါ။အက်မင်ကတော့ Vietnam Made ဆိုင်ကယ်အဟောင်းလေးတစီးဝယ်ဖြစ်ခဲ့ပါတယ်။VND 4 millions ( မြန်မာငွေ ခုနှစ်သိန်းခန့် ) ကျခဲ့ပါတယ်။ဆိုင်ကယ်ဝယ်ရင် owner card အပြာရောင်လေးတောင်းခဲ့ဖို့တော့မမေ့ပါနဲ့။ဆိုင်ကယ်မဝယ်ရသေးခင် သွားရေးလာရေးအတွက် grab လဲငှားလို့ရသလို ဆိုင်ကယ်တရက်ချင်းစီငှားတဲ့ဆိုင်လေးတွေလဲရှိပါတယ် VND 100k ပေးရပါတယ် တရက်ကို။ဒါနန်းမြို့လေးက tourist တွေအများဆုံးလာတဲ့မြို့မလို့ ယာဥ်ထိန်းရဲဘာညာ မတင်းကျပ်ပါဘူး။ထိုင်းရဲတွေလို တွေ့သမျှဆိုင်ကယ်တားတာမျိုးမရှိပါဘူး။ဦးထုတ်မဆောင်းတာ တို့ မီးနီဖြတ်တာမျိုးတော့ လုံးဝမလုပ်ဖို့လိုပါတယ်။ဖမ်းမိရင်ဒဏ်ကြေးတော်တော်ကြီးပါတယ်။ဆိုင်ကယ် ဝယ်ရောင်း gp တချို့ share ပေးလိုက်ပါတယ်။ဒါနန်းရောက်လို့ ဆိုင်ကယ်ရှာမတွေ့ရင်တော့ အက်မင်ဝယ်ခဲ့တဲ့ ဆိုင်ကယ်ဆိုင်ကဦးလေးကြီးရဲ့ contact ကို cb မှာလာတောင်းပါ။

https://www.facebook.com/groups/1572057839534856
https://www.facebook.com/groups/648179632218252

*** နေရေးထိုင်ရေး

ဒါနန်းမှာ အခန်းရှာရတာ တော်တော်လွယ်ပြီး ရွေးစရာလဲတော်တော်များပါတယ်။ ပုံမှန် VND 3.5 millions - 4 millions လောက်ဆိုအဆင်ပြေတဲ့အခန်းရပါတယ်။deposit တလစာပေးရပါတယ်။အက်မင်တုန်းကတော့ 3.5 millions နဲ့ ကမ်းခြေနားက ဟိုတယ်တခုမှာ အခန်းရပါတယ်။အိမ်ငှား group တွေကို share ပေးထားပါတယ်။အဲဒီ group ကပို့စ်တင်တဲ့သူအများစုက ပွဲစားတွေပါ။အဲထဲက တယောက်ယောက်နဲ့ချိတ်လိုက်ပြီး ကိုယ်စိတ်တိုင်းကျ နေရာနဲ့ ဘက်ဂျက်ကိုပြောပြပြီး ရှာခိုင်းလို့ရပါတယ်။တချို့အခန်းတွေက ချက်ဖို့ပြုတ်ဖို့ အိုးခွက် တွေပါထားထားပေးတတ်ပါတယ်။ကမ်းခြေနားတဝိုက်ငှားတာကတော့ ပိုမိုက်ပါတယ်။ညနေဘက်ဆို အေးဆေးလမ်းလျှောက်ထွက်ရုံပါပဲ။စျေးဆစ်လို့ရပါတယ်။ အက်မင်တုန်းက အခန်းစျေး 3.8millions ကို 3.5 နဲ့ဆစ်ခဲ့တာပါ။အိမ်ငှား group တချို့ကို share ပေးလိုက်ပါတယ်။အခန်းရှာဖို့ခက်နေရင် အက်မင်ငှားခဲ့တဲ့ ပွဲစားရဲ့ contact ကို cb မှာလာတောင်းပါ။

အိမ်လခက တလချင်းစီပေးလို့ရပါတယ်။

https://www.facebook.com/groups/366245597210651
https://www.facebook.com/groups/203559903815711
https://www.facebook.com/groups/danangproperty4rent
https://www.facebook.com/groups/532465900543759

ဗီယက်နမ်မှာ e visa နဲ့ဘဏ်အကောင့်ဖွင့်လို့ရပါတယ်။အက်မင်ကတော့ BIDV မှာဖွင့်ခဲ့ပါတယ်။

လက်ရှိပေါက်ဈေးအရ ဗီယက်နမ်ငွေကို 0.18 နဲ့မြှောက်ရင် မြန်မာငွေဈေးရပါတယ်။

စားစရိတ်ကတော့ ကိုယ်တိုင်ချက်စားရင်တော်တော်လေးသက်သာသလို ဝယ်စားရင်လဲ ပုံမှန်ထမင်းတနပ်ကို VND 25k ကနေ 60K အတွင်းပဲကျပါတယ်။ဆိုင်ကယ်ဆီတခါထည့်ရင်တော့ 50k လောက်ကျပါတယ်။ဗီယက်နမ်တွေနဲ့ ဘယ်လို communicate လုပ်လဲဆိုရင်တော့ google translate သုံးပါတယ်။ သူတို့လဲကောင်းကောင်းသုံးတတ်ပါတယ်။

ဗီယက်နမ်အကြောင်းမေးဖို့မြန်းဖို့ မြန်မာ group တချို့ကိုလဲ share ပေးလိုက်ပါတယ်။

https://www.facebook.com/groups/810700423583859
https://www.facebook.com/groups/766061501068193
https://www.facebook.com/groups/995964085332202

အားလုံးပဲအဆင်ပြေကြပါစေ။

KOSS Traveller's Guide.

04/02/2025

ဗီယက်နမ် က ထိုင်း ထက်

ဖော်ရွေတယ်
ဆက်ဆံရလွယ်တယ်
ဘာသာစကားအဆင်ပြေတယ်
စရိတ်ချိုတယ်

28/01/2025

Happy Chinese New Year 2025

Khit Oo Soe San Co.,ltd မှ မိတ်ဆွေများအားလုံးပျော်ရွှင်ဖွယ်ကောင်းသော ကျန်းမာချမ်းသာပီး လိုတိုင်းတ ရစေသော မြွေနှစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်

Want your business to be the top-listed Travel Agency in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


U Lin Street
Yangon
11031