MM Digital Page

MM Digital Page

Share

29/11/2019

ဈေးဝယ်သူများမှ လုပ်ဆောင်နိုင်သော လုပ်ဆောင်ချက်များအသေးစိတ်အချက်လက်များ

✅Admin Over View
👉ရောင်းချရန်တင်ထားသော ပစ္စည်းအရေအတွက်စုစုပေါင်းကြည့်နိုင်ခြင်း
👉အမျိုးအစားဂရုခွဲထားသော အရေအတွက် ကြည့်နိုင်ခြင်း

✅View Product(ကုန်ပစ္စည်းများ ကြည့်ရှု့ခြင်း)
👉အသစ်ရောက်ကုန်ပစ္စည်းများ ကြည့်ရှု့ခြင်း
👉ရောင်းအားအကောင်းဆုံးပစ္စည်းများကြည့်ရှု့ခြင်း
👉လူကြိုက်များသောကုန်ပစ္စည်းမျးကြည့်ခြင်း
👉Category အမျိုးအစားတစ်ခုချင်း ပစ္စည်းများကြည့်ခြင်း
👉Review နှင့် FeedBack များ ကြည့်နိုင်ခြင်း

✅Detail About Product( ကုန်ပစ္စည်းအကြောင်းအသေးစိတ်ကြည့်ခြင်း)
👉ကုန်ပစ္စည်းအတွက် Instock/PreOrder ကြည့်နိုင်ခြင်း
👉ကုန်ပစ္စည်းအတွက် Retail/ Whole Sale(လက်လီဈေး/လက်ကားဈေး)ကြည့်နိုင်ခြင်း
👉ကြိုက်နှစ်သက်သော Size/ Color စသဖြင့် ရွေးချယ်စရာများ ပြုလုပ်နိုင်ခြင်း
👉ကုန်ပစ္စည်းအသေးစိတ်ဖော်ပြချက်ကြည့်နိုင်ခြင်း
👉ကုန်ပစ္စည်းတစ်ခုအတွက် Comment နှင့် Feedback Review ပေးနိုင်ခြင်း
👉Product Code ဖြင့် ကြည့်နိုင်ခြင်း ၊ ရှာဖွေနိုင်ခြင်း
👉ဆက်စပ်ကုန်ပစ္စည်းများကြည့်နိုင်ခြင်း

✅Order Product (ကုန်ပစ္စည်းတစ်ခုအား မှာယူခြင်း)
👉ဝယ်ယူလိုသောပစ္စည်းများအား Add To Cart(ခြင်းတောင်းထဲ့သို့)ထည့်ထားပီး တစ်ပြိုင်တည် Order မှာယူနိုင်ခြင်း
👉အော်ဒါမှာပြီးပါက အော်ဒါနံပါတ်ဖော်ပြထားခြင်း(၎င်းနံပါတ်ဖြင့် မိမိ၏ မှာယူထားသည့်ပစ္စည်းများကို ပြန်ကြည့်နိုင်ခြင်း)
👉အော်ဒါမှာပြီးပါက ငွေလွှဲရန် အကောင့်နံပါတ်ဖော်ပြထားခြင်း

✅Send Proof
👉အော်ဒါနံပါတ်ကိုသုံးပြီး ငွေလွှဲပီးကြောင်း Screen Shoot များ ပေးပို့နိုင်ခြင်း
👉မက်ဆေ့များပေးပို့ခြင်း

✅Contact (ဆက်သွယ်ခြင်း)
👉အီးမေးဖြင့်ဆက်သွယ်ခြင်း
👉ဖုန်းနံပါတ်ဖြင့် တိုက်ရိုက်ဆက်သွယ်ခြင်း
👉page သို့ စာပို့ဆက်သွယ်ခြင်း
👉Messenger သို့ တိုက်ရိုက်စာပို့ဆက်သွယ်ခြင်း

✅User Accouont
👉အီးမေးဖြင့်အကောင့်ပြုလုပ်နိုင်ခြင်း
👉Facebook ဖြင့် အကောင့်ပြုလုပ်နိုင်ခြင်း
👉အော်ဒါမှာယူရာတွင် ပို၍အဆင်ပြေစေမည့် အမည် ၊ ဖုန်းနံပါတ် ၊ လိပ်စာများ နှင့် ဓါတ်ပုံများ ထည့်သွင်းနိုင်ခြင်း
👉အကောင့် လျှို့ဝှတ်နံပါတ် ပြောင်းလဲနိုင်ခြင်း
👉မိမိမှာယူခဲ့ဖူးသော အော်ဒါနှင့် ပစ္စည်းများ ပြန်လည်ကြည့်ရှု့နိုင်ခြင်း
👉အော်ဒါတစ်ခု၏ Delivery ပေးပို့ပီး ဟုတ်မဟုတ်ကြည့်နိုင်ခြင်း

29/11/2019

What is Webmail ?
လုပ်ငန်းလုပ်ကိုင်နေပြီဆိုရင် Webmailကိုအသုံးပြုမှ ပိုအဆင်ပြေနိုင်ပါမယ် ။

👉Gmail နဲ့ Webmail ရဲ့ ကွာခြားချက်ကတော့ Gmail ဆိုတာ (ဥပမာ ---.com)ဒီလို ပုံစံရှိပြီး Webmailဆိုတာ (ဥပမာ-----.com)ဒီလို ပုံစံရှိပါတယ်။
👉Webmail ကို ဘာကြောင့်သုံးသင့်လဲဆိုရင် free ရတဲ့ gmail ဆိုတာ လူတိုင်းသုံးလို့ရနေတဲ့ အရာပါ။ Webmail ဆိုတာ ကိုယ့်ကုမ္ပဏီရဲ့ နာမည်ပါတာကြောင့် ဆင်တူယိုးမှားဖွင့်ပြီးသုံးလို့မရပါဘူး။ 📧Webmail ကိုအသုံးပြုပြီး ကုမ္ပဏီနာမည်နဲ့ မေးလ်ပို့တဲ့အခါ တစ်ဖက်က Client ရဲ့အသိအမှတ်ပြုခြင်းနဲ့ ကုမ္ပဏီကိုပါ တစ်ခါတည်း ကြော်ငြာပြီးသားဖြစ်သွားပါမယ်။

29/11/2019

ဝဘ်ဆိုက်ရှိခြင်းရင် ဘာထူးသွားစေလဲ?

👉ယနေ့ခေတ်မှာ Website ကမရှိလဲ ဘာမှမဖြစ်ပါဘူးလို့ ထင်နေတဲ့သူတွေ ရှိနေတယ်ဆိုရင်တော့ အဲ့ဒီ့လူကို သင့်ရဲ့ပြိုင်ဘက်စီးပွားရေး လုပ်ငန်းများက အထူးပဲကျေးဇူးတင်မှာဖြစ်ပါတယ်။
ဘာလို့လဲဆိုတော့ ယနေ့ခေတ်Digital ခေတ်ကြီးမှာ Customers တွေကိုရယူနိုင်ဖို့၊ ဆွဲဆောင်နိုင်ဖို့ ၊ မိမိလုပ်ငန်းကို ပြသနိုင်ဖို့ website ဟာ အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်နေတယ် ဆိုတာကို နိုင်ငံတကာစီးပွားရေးပညာရှင်တော်တော် များများက နားလည်ပြီးသားဖြစ်မှာပါ။

👉ဈေးကွက် ချဲ့ထွင်ခြင်း
အင်တာနက်သည် အကြီးမားဆုံး အတားအဆီး ဖြစ်သော နယ်မြေ ကွာခြားမှုကို ကျော်လွန်နိုင်ပြီး လူကြီးမင်း၏ ဝယ်ယူသူများသည် မည်သည့်နိုင်ငံကမဆို အင်တာနက်ရှိပါက လူကြီးမင်း၏ ကုန်ပစ္စည်းများကို ဝင်ရောက် လေ့လာနိုင်မည် ဖြစ်သောကြောင့် ဤနည်းအားဖြင့် ဈေးကွက် ချဲ့ထွင်နိုင်ပါသည်။

👉 ဝဘ်ဆိုက် ရှိခြင်းဖြင့် လူကြီးမင်း၏ လုပ်ငန်းသည် ပိတ်ချိန်မရှိ ၂၄ နာရီ တစ်ပတ် ၃၆၅ ရက် လုံးလုံး လည်ပတ်နေနိုင်မည် ဖြစ်သည်။ မိမိ၏ ဝဘ်ဆိုက်လိပ်စာကို ထည့်ပေးခြင်းဖြင့် လူကြီးမင်း၏ လုပ်ငန်းမှာ အချိန်ပြည့် လည်ပတ်နိုင်မည်ဖြစ်ပြီး၊ ဝယ်ယူသူများကို ဆုံးရှုံးခြင်းမှလည်း ကင်းဝေးစေပါသည်။

👉Website ဟာ သင့် စီးပွာရေးလုပ်ငန်းတွေရဲ့ဒုတိယ မျက်နှာစာ ဖြစ်နေပါပြီ
Website ရှိထားရုံနဲ့ မိမိဝန်ဆောင်မှုများ၊ product များအကြောင်း၊ Information အစုံအလင်များ၊ သတိပေးတားမြစ်ချက်များ၊ အစရှိသဖြင့်မိမိ စီးပွားရေးလုပ်ငန်းရှိ အချက်အလက်များကို လူအများအလွယ်တစ်ကူ ဝင်ရောက်လေ့လာနိုင်အောင် စီစဉ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး အရောင်းအဝယ်၊ order လက်ခံခြင်း၊ online booking၊ product show စသဖြင့် လိုအပ်ရင်လိုအပ်သလို စီမံရေးသားထားလို့လဲ ရပါသေးတယ်။

👉ကြော်ငြာခ များစွာ ဈေးနှုန်း သက်သာခြင်း
အင်တာနက်တွင် ဝဘ်ဆိုက် ပြုလုပ်ခြင်းဖြင့် လူကြီးမင်း၏ လုပ်ငန်းကို ဈေးနှုန်းသက်သာပြီး အချိန်ကြာမြင့်စွာ ကြော်ငြာနိုင်ပါသည်။ မိမိ ဝဘ်ဆိုက် အတွင်းရှိ အကြောင်းအရာများကိုလည်း မိမိကိုယ်တိုင် ပြင်နိုင်၊ ပြောင်းလဲနိုင်ပါသည်။ ကိုယ်ပိုင် ဝဘ်ဆိုက် ရှိသည့်အတွက် လူကြီးမင်း၏ ကုန်ပစ္စည်းကို ကြည့်ရှုသူ များပြားလာစေပါသည်။

👉ယုံကြည်မှု တိုးမြင့်စေခြင်း
ဝဘ်ဆိုက် တစ်ခုသည် လူကြီးမင်း၏ အကြောင်းနှင့် လူကြီးမင်းသည် ဝယ်ယူသူများ၏ ယုံကြည်မှု၊ စိတ်ချမှု တို့နှင့် ထိုက်တန်ကြောင်း ဖော်ပြခွင့်ကို ပေးပါသည်။

👉ဝဘ်ဆိုက် ရှိခြင်းအားဖြင့် လူကြီးမင်း၏ ဝဘ်ဆိုက်ပေါ်တွင် လမ်းနံပါတ်များနှင့် အမှတ်အသားများ ပါသော လမ်းညွှန်မြေပုံ ထည့်သွင်းပေးထားခြင်းဖြင့် ဝယ်ယူသူများမှ ရုံးသို့လာရောက်သည့်အခါ ထိုမြေပုံကို စာရွက်ပေါ်တွင် print ထုတ်၍ ရှာဖွေနိုင်သောကြောင့် လူကြီးမင်း၏ ရုံးခန်းကို အလွယ်တကူ ရှာတွေ့စေနိုင်ပါသည်။

👉လူကြီးမင်း၏ ဝဘ်ဆိုက်ကို ကြည့်ခြင်းအားဖြင့် လူကြီးမင်း၏ ကုမ္ပဏီ အကြောင်း၊ ကုမ္ပဏီ၏ အောင်မြင်မှုများနှင့် အနာဂတ်တွင် ရရှိနိုင်သော အောင်မြင်မှု များကို သိရှိနိုင်သည့်အတွက် အကျိုးတူ ပူးပေါင်း လုပ်ကိုင်လိုသူများကိုလည်း ဖိတ်ခေါ်ရာရောက်ပါသည်။ ထို့ကြောင့် ကုမ္ပဏီ ကြီးထွားရန် အခွင့်အလမ်းများ ကိုလည်း ရရှိစေနိုင်ပါသည်။

Want your business to be the top-listed Computer & Electronics Service in Yangon?
Click here to claim your Sponsored Listing.

Address


No. 302, First Floor, Zay Street, Thanlyin Tsp
Yangon
11291