BIB - Beyond Infinity Books

BIB - Beyond Infinity Books

Share

23/01/2021

စာရေးဆရာ ဆရာချစ်ဝင်းမောင် ရဲ့ "ဟိမဝန္တာခရီးသည်" စာအုပ်ကို လာမယ့်အပတ်အတွင်း စာအုပ်ဆိုင်တွေပေါ်မှာ ဝယ်ယူရရှိနိုင်တော့မှာဖြစ်ပါတယ်။
ကြိုတင်မှာကြားထားသူတွေနဲ့ B.I.B စာအုပ်တိုက်ကနေ တိုက်ရိုက်မှာယူသူတွေဟာ စာရေးဆရာ ဆရာချစ်ဝင်းမောင် ရဲ့ လက်မှတ်ပါရှိမှာဖြစ်ပါတယ်။

B.I.B (Beyond Infinity Books) စာအုပ်တိုက်နေ တိုက်ရိုက်မှာယူမယ်ဆိုရင်
စာအုပ်ဈေးနှုန်း ၄၅၀၀ ကျပ်နှင့် ပို့ဆောင်ခ ၅၀၀ စုစုပေါင်း ၅၀၀၀ ကျပ် ကျသင့်မှာဖြစ်ပြီး B.I.B စာအုပ်တိုက်၏ Message Box မှတဆင့်
အမည်၊ ဖုန်းနံပါတ်၊ အိမ်အမှတ်၊ လမ်းအမည်
ရပ်ကွက်အမည်၊ မြို့အမည် တို့ကို ပြည့်စုံစွာရေးသားပေးပို့မှာယူနိုင်ပါတယ်။

06/01/2021

B.I.B စာအုပ်တိုက်၏ စာဖတ်ပရိသတ်များအား တောင်းပန်အပ်ပါသည်။

B.I.B စာအုပ်တိုက်ကထုတ်ဝေသည့် စာအုပ်များသည် စာဖတ်သူများ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကျိုးများစေမည့် စာကောင်းပေမွန်များကိုရွေးချယ်ပြီး ဆန်းသစ်ကောင်းမွန်သည့် အရည်အသွေးဖြင့် ဂုဏ်သိက္ခာရှိစွာ ထုတ်ဝေနေသည့် စာအုပ်တိုက်ဖြစ်ပါသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်တွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ကြောင့် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဝန်ထမ်းများနေအိမ်တွင်အလုပ်လုပ်ကိုင်ရခြင်းနှင့် စာအုပ်အရောင်းဆိုင်အများအပြားပိတ်ထားခဲ့ရခြင်းတို့ကြောင့် B.I.B စာအုပ်တိုက်မှ ၂၀၂၀ ခုနှစ်အတွင်း ထုတ်ဝေမည့်စာအုပ်များအားလုံးကို ရပ်နားထားခဲ့ရပါသည်။

ယခု ၂၀၂၁ ခုနှစ် နှစ်သစ်တွင် စာအုပ်ထုတ်ဝေရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် အခွင့်သာလာပြီဖြစ်သောကြောင့် ဆရာသန့်ဇင်အောင် ရေးသားထားသည့် မောင်နှင့်မိုးရဲ့ချစ်သူ့စာများ စာအုပ်ကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ရိုက်နိုပ်နေသည့်အားလျှော်စွာ ကြိုတင်အမှာစာများကိုလည်း ကောက်ခံလျှက်ရှိပါသည်။

သို့ရာတွင် စာရေးသူ ဆရာသန့်ဇင်အောင် ဘက်မှ မောင်နဲ့မိုးရဲ့ချစ်သူ့စာများ စာအုပ်ကို B.I.B စာအုပ်နှင့်ထုတ်ဝေရန် ဖျက်သိမ်းကြောင်း ၆.၁.၂၀၂၁ ရက်နေ့တွင် အကြောင်းကြားလာခဲ့ပါသည်။

B.I.B စာအုပ်တိုက်သည် စာရေးသားသူ ဆရာသန့်ဇင်အောင်၏ သဘောဆန္ဒအတိုင်း မောင်နဲ့မိုးရဲ့ချစ်သူ့စာများ စာအုပ်ကို B.I.B စာအုပ်တိုက်အနေဖြင့် ထုတ်ဝေမည်အစီအစဉ်ကို ရပ်ဆိုင်းလိုက်ရပါကြောင်း ကြိုတင်အမှာစာပေးပို့ထားသူ B.I.B စာအုပ်၏ စာဖတ်ပရိသတ် အားလုံးကို လေးစားတောင်းပန်အသိပေးအပ်ပါသည်။

B.I.B စာအုပ်တိုက်အယ်ဒီတာအဖွဲ့

Want your business to be the top-listed Shop in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No 101, First Floor, Room (6), Kan Street, Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 21:00