WE Connect 997

WE Connect 997

Share

19/10/2024

တိချစ်သူတိုင်း၊ တိရစ္ဆာန်များနှင့်ထိတွေ့လုပ်ကိုင်သူတိုင်း သိထားသင့်တဲ့ လူကို ကူးစက်စေနိုင်တဲ့ မျိုးပွါးလမ်းကြောင်းဆိုင်ရာ သာလျှောရောဂါနှင့် သတိပြုဆင်ခြင်ရမည့် အချက်များ
—————————————————————————

အားလုံးသိထားသင့်တဲ့ မျိုးပွါးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ တစ်မျိုးဖြစ်တဲ့ လူကို ကူးစက်စေနိုင်တဲ့ Brucellosis လို့ခေါ်တဲ့ သာလျှောရောဂါ အကြောင်းကို တိလေးများအား ကိုင်တွယ်တဲ့အခါ သတိထားဆင်ခြင်နိုင်စေရန် ရည်ရွယ်ပြီး ရေးသားဖော်ပြထားပါတယ်။

ဒီသားလျှောရောဂါဟာ အိမ်မွေးခွေးလေးများတင်သာမက ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက် အစရှိတဲ့ တိရစ္ဆာန်တွေမှာပါ တွေ့ရပါတယ်။

လူ့သားတွေအတွက် အရေးကြီးသလို စီးပွားရေးအရလည်း ဆုံးရှုံးနိုင်တဲ့ မဖြစ်မနေ သိထားသင့်တဲ့ ရောဂါတစ်မျိုးဆိုလည်း မမှားပါဘူး။ ဒါကြောင့်မို့ ကူးစက်နိုင်တဲ့ နည်းလမ်းလေးတွေကို အရင်ဆုံးပြောပြပေးပါမယ်။

တိအချင်းချင်း ရောဂါပိုး ကူးစက်နိုင်သော နည်းလမ်းများ
———————————————————————

** ရောဂါပိုးရှိနေတဲ့ အထီးရဲ့ သုတ်ပိုးရည် (semen) သို့မဟုတ် အမအင်္ဂါရည် (Vaginal discharge) နဲ့ ထိတွေ့ခြင်း

** ရောဂါပိုးရှိနေတဲ့ တိရစ္ဆာန် ရဲ့ခန္ဓာကိုယ်မှ ထွက်သမျှအရည်(ဆီး၊ တံတွေး၊သွေး၊ မျက်ရည်၊ နှာရည်) တို့နှင့် ထိတွေ့ခြင်း

** ရောဂါပိုးကူးစက်ခံထားရတဲ့ အမဆီကနေ သာလျှောပြီး ထွက်လာတဲ့ ကလေးတွေ၊ အချင်းတွေနဲ့ ထိတွေ့ခြင်းတို့မှ တဆင့် တိအချင်းချင်း ကူးစက်ခြင်း

** လေမှတဆင့် ကူးစက်ခြင်း

** ရောဂါပိုးရှိနေသော အထီး သို့မဟုတ် အမ နှင့် သားတင်သားစပ်ခြင်းမှ အဓိက ကူးစက်ခြင်းတို့ဖြစ်တဲ့အတွက် သားတင်သားစပ်လုပ်တဲ့ မွေးမြူရေးသမားများအနေနဲ့ အထူးသတိထားရန် လိုအပ်ပါသည်။

တိရစ္ဆာန်များမှ လူကို ကူးစက်စေနိုင်သော နည်းလမ်းများ
——————————————————————————-

** ရောဂါပိုးရှိနေတဲ့ တိရစ္ဆာန်ရဲ့ ပိုးမသတ်ထားတဲ့ နို့၊ ထောပတ်၊ Cheese များ စားသုံးမိခြင်း

** ချက်ပြုတ်မထားရသေးတဲ့ အသားများမှတဆင့် ကူးစက်ခြင်း

** ရောဂါပိုးကူးစက်ခံထားရတဲ့ တိရစ္ဆာန်ရဲ့Brucella ရောဂါပိုးဟာ လူရဲ့ထိခိုက်ဒဏ်ရာများမှကူးစက်ခြင်း

** လေမှတဆင့် ကူးစက်ခြင်း

တိရစ္ဆာန်များတွင် Brucella ရောဂါပိုး ကူးစက်
ခံထားရကြောင်း သိရှိနိုင်မည့် ရောဂါလက္ခဏာများ
————————————————————————

အထီးတွေမှာ Brucella ရောဂါပိုး ကူးစက်ခံရပါက

** ဝှေးစေ့များရောင်ရမ်းခြင်း

** အထီးတန်ဆာ၏အရေပြားများ ပွန်းပဲ့ပြဲခြင်း

** ပိုးဝင်ချိန်ကြာသွားပြီဆိုပါက အထီးတန်ဆာများသိမ်သွားခြင်း သို့ ကျုံ့သွားခြင်း စတဲ့ လက္ခဏာများတွေ့နိုင်ပါတယ်။

အမတွေမှာဆိုလျှင်

** သားမအောင်ဖြစ်ခြင်း

** ကိုယ်ဝန်ဆောင်ကာလ၏ နောက်ဆုံးအပတ်တွေမှာသားလျှောခြင်း

** သားလျှောပြီးပါက အမတန်ဆာမှ ၄ ပတ်မှ ၆ ပတ်ထိ အရည်အကျိအချွဲများ ဆက်တိုက် ဆင်းခြင်း

** မွေးဖွားခဲ့လျှင်လည်း ကလေးအသေလေးများမွေးခြင်း

** အားအင်ချိနဲ့သော သောကလေးများမွေးခြင်း

** မွေးပြီးရက်အနည်းငယ်အတွင်း ကလေးများသေခြင်း

အထက်ပါ ရောဂါလက္ခဏာပြတိုင်း သားလျှောရောဂါဟု အမည်တပ်မရပါ။ သို့သော် ထိုလက္ခဏာများတွေ့ပါက နီးစပ်ရာ တိရစ္ဆာန်ဆေးကုခန်းများတွင် လွယ်ကူလျှင်မြန်သော Test kit များဖြင့် သားလျှောရောဂါပိုး ဟုတ် မဟုတ် သွားရောက် စစ်ဆေးသင့်ပါသည်။

လူတွေမှာ တွေ့ရတဲ့ ရောဂါလက္ခဏာများ
————————————————————

** အဖျားတက်ခြင်း

** ချမ်းတုန်ခြင်း

** ချွေးထွက်များပြီး အားနည်းခြင်း

** ခေါင်းကိုက်ခြင်း

** အဆစ်အမြစ်နှင့်ကြွက်သားများ နာခြင်း စတဲ့ ရာသီတုပ်ကွေးနဲ့ဆင်တူရိုးမှား လဏ္ခဏာများ ဖြစ်တက်ပါတယ်။

** ကိုယ်ဝန်ဆောင်မိခင်တွေ ဒီရောဂါပိုး ကူးစက်ခံရပါက ကိုယ်ဝန်ပျက်ကျနိုင်တာမို့ မိမိတို့အိမ်မှာ အိမ်မွေးခွေးလေးများရှိပါက သတိထားနေထိုင်ရန် လိုအပ်ပါတယ်။

~~ အိမ်မွေးတိရစ္ဆာန်များတွင် Brucella ရောဂါပိုး ကူးစက်ပါက သားကြောဖြတ်ခြင်း၊ သင်းကွပ်ခြင်းများလုပ်ဆောင်ခြင်းဖြင့် လူနှင့်တိအချင်းချင်း ကူးစက်နှုန်းကို လျှော့ချစေနိုင်မှာ ဖြစ်ပါတယ်။

~~ဒါပေမယ့် ဒီရောဂါပိုးဟာ တစ်ခါ ကူးစက်ခံရပြီးပါက ကူးစက်ခံရသူရဲ့ ခန္ဓာကိုယ်ထဲမှာ Career အနေနဲ့ ရောဂါပိုးကို သယ်ဆောင်ထားလို့ အချိန်မရွေး သူ့ရဲ့ပတ်ဝန်းကျင်ကို ဒီရောဂါပိုးက ကူးစက်စေနိုင်ပါတယ်။

မိမိတို့ တိကျန်းမာရေးနှင့်ပတ်သက်သမျှ မေးမြန်းဆွေးနွေးလိုပါက WE Connect 997 ၏ Fb messenger တွင် အခမဲ့ မေးမြန်းဆွေးနွေးလို့ရပါသည်။ အပတ်စဥ် တနင်္ဂနွေ၊ တနင်္လာ၊ အင်္ဂါ၊ ဗုဒ္ဓဟူးနေ့များတွင် ည 11 နာရီမှ 12 နာရီအတွင်း တစ်ရက်လျှင် (5) ယောက်နှုန်းဖြင့်သာ ဆွေးနွေးပေးပါတယ်။

တစ်ယောက်တည်း ဖြေကြားပေးနေရတာ ဖြစ်လို့ ဝင်လာသမျှ Message တွေ မဖြေပေးနိုင်တာကို နားလည်ပေးစေချင်ပါတယ်။

ဆေးခန်းလိပ်စာများနှင့်ပတ်သက်ပြီး Pin Post မှာ ရှာဖွေနိုင်ပါတယ်။

နိုင်ငံခြားကို ပြောင်းရွှေ့နေထိုင်လို့ပဲ ဖြစ်ဖြစ်၊ ပြည်တွင်းမှာ နေရင်း ရင်ဆိုင်နေရတဲ့အခက်ခဲတွေကြောင့်ပဲ ဖြစ်ဖြစ် ခွေးကြောင်လေးများ မွေးစားမိဘရှာချင်ပါက Page Messenger မှာ လာပြောနိုင်ပါတယ်။ အပတ်စဥ် စနေနေ့တိုင်း Adopt Me Program ကနေ တဆင့် မွေးစားမိဘကူရှာပေးပါ့မယ်။

ထပ်မံအသိပေးချင်တာလေးက WE Connect 997 Page သည် အပြင်တိရစ္ဆာန်ဆေးကုခန်း မဟုတ်ပါ။

ဆေးခန်းလမ်းညွှန်နှင့် တိလေးများရဲ့ကျန်းမာရေးဗဟုသုတများ မျှဝေပေးရန်သာ ရည်ရွယ်ပါသည်။

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Category

Website

Address


Yangon