utmz68
07/10/2023
အစ္စရေးကို ဟားမတ်စ်အဖွဲ့က ဒုံးကျည်အစင်း (၅၀၀၀) နဲ့ တိုက်ခိုက် ၊ စစ်ပွဲအတွက် အသင့်ပြင်ထားကြောင်း အစ္စရေးကြေညာ
ဂျေရုဆလင်၊ အောက်တိုဘာ-၇-၂၀၂၃
မျိုးဆက်(VOM)
ဂါဇာကမ်းမြှောင်ဒေသမှာရှိတဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေက အစ္စရေးဘက်ကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ပြီးနောက် စစ်သွေးကြွတွေရဲ့ ပစ်မှတ်တွေကို တိုက်ခိုက်နေကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်လိုက်ပါတယ်။
ဒုံးကျည်တွေ ပစ်ခတ်မှုကြောင့် အစ္စရေးတောင်ပိုင်းတခွင်နဲ့ မြို့တော် တဲလ်အဗစ်တို့မှာ လေကြောင်းရန် သတိပေးချက်တွေ ထုတ်ပြန်ခဲ့ကြောင်း တာဝန်ရှိသူတွေကဆိုပါတယ်။
ဒီလိုတိုက်ခိုက်ခံရပြီးနောက် စစ်ပွဲအတွက် အသင့်ပြင်ထားကြောင်း အစ္စရေးစစ်တပ်က ကြေညာထားပါတယ်။
ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း ပါလက်စတိုင်းစစ်သွေးကြွ ဟားမတ်စ်အဖွဲ့က ဆိုပါတယ်။ မိနစ် ၂၀ အတွင်း ဒုံးကျည်အစင်းပေါင်း ၅၀၀၀နဲ့တိုက်ခိုက်ခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
တိုက်ခိုက်မှုကြောင့် အမျိုးသမီးတယောက် သေဆုံးသွားပြီး အခြား ၁၅ ယောက်ဒဏ်ရာရရှိကာ တယောက်မှာ အခြေအနေစိုးရိမ်ရကြောင်း ကူညီရေးအဖွဲ့တွေကဆိုပါတယ်။
ဒုံးကျည်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီါ် လုံခြုံရေးဆိုင်ရာ အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
အကြမ်းဖက်သမားအများအပြားဟာ ဂါဇာကမ်းမြှောင်ဒေသကနေ အစ္စရေးပိုက်နက်နယ်မြေအတွင်းသို့ စိမ့်ဝင်မှုတွေရှိနေကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref:BBC
-of-rockets -from-Gaza -Israel
Click here to claim your Sponsored Listing.
Category
Website
Address
9th Street
Yangon